Lengends of spring goddness
အပိုင်း(51)စံအိမ်သခင်နဲ့ နောက်ထပ်အပေးအယူတခု
"နေပါဦး မိန်းကလေး ကျုပ်က စံအိမ်သခင်ရဲ့အမိန့်ကိုသယ်လာဖို့ပါပဲ အဲ့တော့ မိန်းကလေး နောက်ထပ်အပေးအယူတခုဆိုရင်ရော စိတ်ဝင်စားမလား?"
သူမကဘာမှမပြော ဒါပေမဲ့ ရပ်လိုက်ကာ အဲ့ဘိုးတော်ကိုကြည့်လိုက်တယ်
သူမသဘောကတော့ ဆက်ပြောဆိုတဲ့သဘောပေါ့
"မိန်းကလေးက စံအိမ်သခင်နဲ့လိုက်တွေ့ပြီး လိုချင်တာကိုကိုယ်တိုင်ပြောပေးပါလား"
"ရှင့်အမြင်ကဇောက်ထိုးဖြစ်နေတာလား ဈေးဝယ်ချင်ရင်တောင်မှ ဈေးထဲကို ကိုယ်တိုင်သွားရသေးတယ် ရှင်တို့ရဲ့သားနားလှတဲ့စံအိမ်သခင်ကိုကျွန်မကတကယ်ကြီးလိုက်တွေ့ရမယ်ပေါ့ ဟွန်း အချိန်ကုန်လိုက်တာ လူစကားနားမလည်တဲ့အတိုင်းပဲ "
ကျုးလစ် တကယ်စိတ်ဆိုးနေပြီ
"စံအိမ်သခင်ကိုယ်တိုင်ဆိုရင်ရော ဘယ်လိုလဲမိန်းကလေး"
ကျုးလစ်လှည့်ထွက်သွားဖို့ပြင်နေတုန်း ဩရှတဲ့လေသံနဲ့ယောကျာ်းပျိုတယောက်က ဧည့်ဆောင်ထဲရောက်လာခဲ့တယ်
အစကတော့ကျူးလစ်ထင်နေတာ သူမမှားကြားမိတာလားပေါ့
တော်တော်ရင်းရင်းနှီးနှီးဖြစ်နေတဲ့အသံ
သူမရဲ့အရမ်းရင်းနှီးနေတဲ့အသံမို့ ကျုးလစ်မျက်ဝန်းတွေ ခပ်ဝိုင်းဝိုင်းဖြစ်သွားတယ်
အဲ့ဒါဖြစ်နိုင်လား
ကျုးလစ်မော့ပြီးကြည့်လိုက်တော့
"ဘယ်ရီ? "
သူမအသံတိုးပါရဲ့ ဒါပေမဲ့ စံအိမ်သခင်ကလဲကြားသွားပုံရတယ်
မျက်နှာကြိ္ီးတွေနိီရဲပြီး စိတ်ဆိုးဒေါသထွက်လာလိုက်တာများ
"လက်ဝဲရံ ! ဉီးလေးကအိုလာလို့အသုံးမကျတော့တာလား ဘာလို့ဒ္ီလိုကိစ္စတွေကိုကောင်းကောင်းမွန်မွန်မလုပ်နိုင်ရတာလဲ အိမ်ပြန်ပြီး တံခါးပိတ်သုံးသပ်နေ"
"ဒါပေမဲ့ စံအိမ်သခင်! ဒီမိန်းကလေးက ! "
အဘိုးကြီးစကားပြောလို့မပြီးသေးခင်မှာပဲ စံအိမ်သခင်ဆိုသူကမောင်းထုတ်ပစ်လိုက်လေတော့တယ်
"ထွက်သွား ! "
"နားလည်ပါပြီစံအိမ်သခင်"
လက်ဝဲရံထွက်သွားပြီးတော့ တံခါးပိတ်သွားတာနဲ့ စံအိမ်သခင်ရဲ့မျက်နှာထားဟာ ပြီတီတီအနေအထားကိုချက်ချင်းပြောင်းလဲသွားတော့တယ်
"ဘယ်လိုလဲမိန်းမလှလေး ကိုယ့်အချစ်ကသမုဒ္ဒရာကြီးလိုခမ်းနားပြီး ကောင်းကင်ကြီးလိုအပြောကျယ်လှပါတယ် အဲ့လိုအရမ်းချစ်တတ်တဲ့ ကိုယ့်ရဲ့ရင်ခွင်ထဲ အနားယူပါ မင်းလေးကို ကိုယ်ထွေးဖက်ေပးပါရစေ "
ရန်ကျင်း။ ။ "..........."
ပိုးနည်းအသစ်ဟ
ရှောင်ရှောင်။ ။ "............"
မျက်နှာပြောင်လိုက်တာများ လမ်းတက်လျောက်ရင်လျှော်လဲနိုင်တယ်
သစ်ပင်အိုကြီး ။ ။".........."
သွေးထွက်သံယိုတွေကြည့်ရဲဘူး
အစေခံများ။ ။ ".........."
သေဖို့ပြင်ထားပေရော့
...
အခနး်က ဘာအသံမှမထွက်ပဲတိတ်ဆိတ်သွားတယ်
ကျုးလစ်ကလဲ ပိုတိတ်ဆိတ်နေတယ်
အားလုံးတွေးလိုက်ကြတာကတော့ လက်နှစ်ဖက်ဖြန့်ကားပြီး ကြိုဆိုနေတဲ့တကောင်တော့သေပြီလို့
ထင်တဲ့အတိုင်းပဲ ကျူးလစ်ကမျက်နှာသေနဲ့ စံအိမ်သခင်နားတရွေ့ရွေ့တိုးကပ်သွားခဲ့တယ်
နောက်တော့
"Is that you! Berry !"
"Yes I am , how you feel jiulitt ? "
"I ' m not ok "
ဘာတလုံးမှနားမလည်လိုက်တဲ့ကျန်လူများ။ ။ "..........."
ရန်ကျင်း။ ။ ဝိုးးးး ငါ့သခင်ကမိုက်နေရော
ရှောင်ရှောင်။ ။ ညောင်
အဲ့ဒါလူစကားလား
သစ်ပင်အိုကြီး။ ။ လူလိုပြောကြစမ်းပါ
အစေခံများ။ ။ ဘာစကားေတွများပြောနေကြတာလဲ
နောက်တော့ နီးကပ်သွားတဲ့လူနှစ်ယောက်ဟာ
"Ahhhhhhh ! "
"Ahhhhhhh!"
အဲ့လိုရုတ်တရက်အော်ဟစ်ကြပြီး ဖက်တွယ်သွားကြတော့တယ်
ကျန်လူများ။ ။ "............."
ရန်ကျင်း။ ။ ကျေးဇူးပြုပြီးငါ့အမြင်မှားနေတယ်လို့သာပြောလိုက်ကြစမ်းပါ
ရှောင်ရှောင်။ ။ ညောင်
ဘာတွေလဲ ! ဘာတွေလဲ!
ဖရဲသီးနဲ့ကွာစေ့သွားယူဦးမယ်
သစ်ပင်အိုကြီး။ ။ ငါအိုပြီးကန်းသွားတာလား ထင်ယောင်ထင်မှားတွေမြင်နေတယ်
အစေခံများ။ ။ သခင်မလေးက သူမရဲ့ ပင်လယ်ထဲကို နောက်ထပ်ငါးတကောင်ဝင်သွားပြီ
အားးးးး အရမ်းအားကျတာပဲဟယ်
အခနး်ထဲသို့ဝင်လာသောအခါ ဖက်ရက်မြင်ကွင်းကြီးကိုပက်ပင်းကြုံလိုက်ရတဲ့ တုကူးရှန်း။ ။ "..........."
"အဲ့ဒါက ငါ့မိန်းကလေးကွ အီု့ညစ်ပတ်တဲ့လက်ကို လွှတ်စမ်း ရော့ငါကိုယ်တော်ရဲ့ဓားအောက်မှာသေပေတော့"
ဒေါသထွက်ပြီး စိတ်လွတ်သွားတဲ့တုကူးရှနး်က သူ့ရဲ့ဓားကိုထုတ်ကာ စံအိမ်သခင်နားကိုခုန်ဝင်ကာ မနားတမ်းတိုက်ခိုက်တော့တယ်
ကျန်လူများကတော့ ပွဲကြည့်ဖို့ဖရဲသီးသွားခွဲနေကြလေရဲ့
"အားးး ကျူးလေး ငါ့ကိုကူဦးဟ "
ကျူးလစ်ကတော့ စားပွဲခုံတခုံမှာ ဝင်ထိုင်ပြီး ရေနွေးကြမ်းကိုအေးအေးဆေးဆေးသောက်နေလေတယ်
"တိတ်စမ်း အဲ့ညစ်ပတ်တဲ့ပါးစပ်ကနေ ကျုးလေးလို့မခေါ်နဲ့ အတင့်ရဲလိုက်တာ"
"အားးး ကျူးလေး ငါ့ကိုတကယ်သေစေချင်နေတာလား"
"အင်း"
"............."
စံအိမ်သခင်မှာပြောစရာစကားပျောက်ရှသွားတော့တယ်
"အားးး ခုမှပြန်တွေ့ငါ့အချစ်လေးကငါ့ကိုသတ်ဖို့ကြံစည်နေတယ် ပြီးတော့ ဒီတယောက် ! မင်းကဘာလဲ ! ကျူးလေးကငါ့အပိုင်ကွ"
"ပါးစပ်ပိတ်ရင်ပိတ် မပိတ်ရင် အဲ့ပါးစပ်ကိုမရှိအောင်လုပ်ပေးလိုက်ရမလား"
"အားးးး ဆောက်ရူးးးးး "
"မင်း! ငါကိုယ်တော်ကိုကျိန်ဆဲနေတာလား ! "
"ဟုတ်တယ် "
"မင်းကိုသတ်မယ် အရေခွံချွတ်ပြီး မြို့ရိုးမှာ အခြောက်လှမ်းထားမယ်ကွ"
"ဆန္ဒရှိရင်လာလေ "
နှစ်ယောက်သားဟာ အချိန်တော်တော်ကြာကြာ သတ်ဖြတ်နေကြတော့တယ်
အခန်းတခုလုံးကလဲ ရှုပ်ပွကုန်ပြီ
ကောင်းနေတဲ့တနေရာဆိုလို့ ကျုးလစ်ထိုင်နေတဲ့နေရာကလွဲလို့ပေါ့
ရှောင်ရှောင်ကလဲ သူမပေါင်ပေါ်ရောက်နေပြီ
ရန်ကျင်းနဲ့အစေခံတစုကလဲ စပ်စုလိုစိတ်အပြည့်နဲ့ တိုင်လူံးတခုနောက်မှာ ထိုင်ကြည့်နေကြလေရဲ့
အားလုံးကြေမွပြီး ပြိုကွဲပျက်စီးတော့မဲ့အခြေအနေဖြစ်နေပြီ
"အားးးး ကျူးလေး သူ့ငါ့ကို တကယ်သတ်မိတေ့ာမယ်ဟ "
ကျုးလစ် စံအိမ်သခင်ရဲ့အပြောကို နားထောင်လိုက်ကာ နွယ်ကြိုးတွေကိုစေလွတ်ပြီး တုကူးရှန်းကိုတုတ်နှောင်ထားလိုက်တော့တယ်
ဘာလို့ဆို တုကူးရှန်ူကစိတ်လွှတ်နေတဲ့အခြေအနေဖြစ်နေလို့ပါပဲ
သူမတုတ်နှောင်လိုက်တာကိုတောင်သတိမထားမိပဲ သူကဂုန်းကန်တိုက်ခိုက်ချင်နေတုန်း
"ပြောပါဦး ဘယ်လိုဖြစ်တာလဲ "
ိကျူးလစ်က သူမရှေ့က စံအိမ်သခင် တဖြစ်လဲ မော်ဒန်ခေတ်က သူမရဲ့အခင်ဆုံးသူငယ်ချင်းလဲဖြစ်တဲ့ tomboyလေးဘယ်ရီကိုမေးလိုက်တယ်
"ငါနင့်ကိုကယ်ဖို့ လိုက်လာတာ ဒါပေမဲ့ အသားစတွေပွထနေတဲ့နေရာကိုပဲတွေ့ခဲ့ရတယ် ငါကြေကွဲနေခဲ့တာ အဲ့ဒါကြောင့်အဖွဲ့အစည်းကိုပြန်လက်စားချေခဲ့တယ် ဒါပေမဲ့နင်သိတဲ့အတိုင်း ငါသူတို့လက်ချက်နဲ့သေရတာပဲပေါ့ နောက်တော့ဒီကိုရောက်လာတယ် ငါတကယ်မထင်ဘူး နင့်ကိုပြန်တွေ့ရမယ်လို့လေ ဒီလောကကိုရောက်လာတာတခုတော့ကောင်းတယ် အခုတော့ငါ့မှာ တတိယခြေထောက်ရှိလာတယ်လေ ပြီးတော့ မိန်းမတွေငါးယောက်တောင်ဟားဟားဟား"
ဘယ်ရီပြောသလောက် မလွယ်ကူမှန်းသူမသိပါတယ်
ဘယ်ရီကတော့ ပေါ့ပေါ့ပါးပါးပြောဆိုသွားပေမဲ့လဲ အဲ့ဒါကတကယ်ခက်ခဲခဲ့မှာပဲ
လူတိုင်းကလဲသက်ပြင်းချမိကြတယ်
ရုန်းနေကန်နေတဲ့တုကူးရှန်းတောင်မှ ငြိမ်သက်သွားလေရဲ့
ကျုးလစ် သူ့ကိုထဖက်လိုက်တယ်
အနဲငယ်ငြိမ်သွားတဲ့ တုကူးရှန်းဆီက သတ်ဖြတ်ခြင်းအရှိန်အဝါတွေထပ်ထွက်လာပြန်တယ်
"ကောင်းပြီ စံအိမ်သခင်နဲ့နောက်ထပ်အပေးအယူတခုလုပ်လိုက်ကြမလား"
"ကောင်းတာပေါ့ "
........🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷
Alinkar nang
You are reading the story above: TeenFic.Net