🍷🍷Lengends of spring goddness
အပိုင်း(50) နှင်းပွင့်စံအိမ်တော်မှဖိတ်ကြားချက်
"ကျွန်မအလုပ်ပါပဲ ဟိုဖက်အဖွဲ့အစည်းမှာမနေပဲ ဒီလိုဘုရင့်မိသားစုဘက်ကနေရပ်တည်လိုက်ပြီဆိုမှတော့ ကျွန်မလဲအသုံးဝင်တဲ့နေရာ တနေရာလောက်တော့ရှိမှရမှာပေါ့ အားနာမနေပါနဲ့"
ကျူးလစ်ရဲ့အပြောက နှိမ့်ချတာလဲမဟုတ် ဘဝင်မြင့်နေတာလဲမဟုတ်ဘူး
သူမရောက်လာထဲက အခြေအနေတခွန်းနှစ်ခွန်းမေးမြန်းပြီးတာနဲ့ လုပ်စရာရှိတာကိုသာလုပ်နေခဲ့တယ်
သမားတော်အားလုံးကလဲလက်လျှော့ထားကြပြီ
စိတ်ပျက်အားလျော့စွာနဲ့ ဘေးမှာရပ်နေကြကာ သူမရဲ့မကြာခင်လက်လျှော့တော့မဲ့ပုံကိုစောင့်စားနေကြတယ်
ဒါပေမဲ့လဲ ထင်သလိုတော့ဖြစ်မလာခဲ့
အချိန်အတော်ကြာတဲ့အထိ သူမရဲ့လုပ်ရပ်တွေကသေသပ်ပြီးတိကျနေဆဲပဲ
အလျင်လိုလဲမရှိသလို ပျာယာလဲခတ်မနေဘူး
လေးလံနှေးကွေးနေတာလဲမဟုတ်သလို အချိန်ဆွဲနေတာလဲမဟုတ်ဘူး
အဲ့လိုအပြုအမူတခုချင်းစီက သမားတော်တိုင်းရဲ့အာရုံကိုဖမ်းဆွဲသွားနိုင်ပြီး သူတို့ရဲ့လေးစားမူ့ကိုရရှိသွားတော့တယ်
သူမက သူမရဲ့လက်ကိုဘုရင်ကြိးရဲ့ရင်ဘတ်ပေါ်ဖိကပ်ထားကာ အစိမ်းရောင်သစ်သားစွမ်းအင်ချီတွေကို အဆိပ်တွေစီးဆင်းခြင်းမှပိတ်ဆို့သွားအောင်ပြုလုပ်နေခဲ့တယ်
နှလုံးကအဓိကပဲမို့ သူမက သစ်သားစွမ်းအင်ကို ရင်ဘတ်ထဲပို့လွတ်ပြီး အသက်ရှူနှုန်းအဆင်ပြေအောင် ပို့လွတ်ကာကွယ်ပေးထားတယ်
အဲ့လိုနဲ့ နှလုံးကိုကာကွယ်ပြီးမှ သွေးကြောတွေဆီကိုအဆင့်ဆင့်ကုသဖြတ်သန်းသွားတယ်
အစောတုန်းကတော့ ဘုရင်ကြီးရဲ့ကိုယ်ဟာအနက်ရောင်ချီတွေနဲ့ပြည့်နေပြီး တတိတိတိုက်စားနေခဲ့တာ
အဲ့ဒီချီတွေကိုကျုးလစ်က ခပ်ဖြေးဖြေးချင်းအချိန်ယူကာ ဖြေရှင်းပေးသွားတယ်
အဲ့လိုနဲ့ နဂိုကသေလုမျောပါးဖြစ်နေလေတဲ့ဘုရင်ကြီးဟာ ပုံမှန်အခြေအနေကို ခပ်ဖြေးဖြေးချင်းပြန်ရောက်လာတော့တယ်
အဲ့ဒါတွေအားလုံးဟာ နှစ်ရက်နဲ့နှစ်ညသာကြာပေမဲ့ ကျူးလစ်အတွက်တော့မလွယ်ကူခဲ့ပါဘူး
မျက်နှာသေးသေးလေးဟာဖြူဖျော့နေပြီး ချွေးလေးတွေပါစို့နေပုံက မြင်သူတကာကို အသနားပိုစေကာနှစ်သက်စေနိုင်တယ်
သူမခေါင်းပေါ်မှာရှိနေတဲ့ပန်းလေးေတွတောင်မှ သိပ်မလန်းဆန်းနိုင်တော့သလိုရယ်
အဲ့လိုမြင်ကွင်းလေးဟာ ယုန်ဖြူလေးစိတ်ဓာတ်ကျလို့နားရွက်လေးတွေငိုက်စိုက်ငိုက်စိုက်ဖြစ်နေသလိုရယ်
ဆွဲဆောင်မူ့ရှိပြီး တချိန်ထဲမှာလဲ သတိလက်လွတ်ငေးမောမိစေတယ်
တုကူးရှန်းကလဲ အဲ့ဒါကိုသတိထားမိတယ်
သူမကအရမ်းလှလာတယ် ပိုပြီးဆွဲဆောင်မူ့ရှိလာတယ်
ဇာမဏိလိုမျက်ဝန်းလေးတွေအသာထားဦး မက်မွန်ပန်းပွင့်လေးလိုလှပရက်နိုင်လွန်းတဲ့နှုတ်ခမ်းနီရဲရဲလေးနဲ့ သူမရဲ့သေးသွယ်ကျစ်လစ်တဲ့ခန္ဒာကိုယ်လေးကိုပါထည့်တွက်ရင် ကျုးလစ်ဆိုတာ လူတိုင်းလိုချင်လောက်တဲ့ပန်းလေးတပွင့်ပါပဲ
ကာယံကံရှင်ဖြစ်တဲ့ကျုးလစ်ကတေ့ာ ဘာမှမသိ တည်ငြိမ်စွာနဲ့ သူတို့ကိုစကားဆက်ပြောနေခဲ့တယ်
"အဲ့တော့ ဆယ်ရက်အတွင်းမှာ ဖြေဆေးရအောင်ရှာပါ ဘုရင်ကြီးရဲ့ဈာပနကိုလဲစီစဉ်ထားလိုက် ဒါမှ ရန်သူေတွသတိလက်လွတ်ဖြစ်နေတဲ့အချိန်ကိုအသုံးချရမယ် "
သူမက အပိတ်စကားပြောပြီး အားလုံးကိုဝေ့ကြည့်လိုက်တယ်
သူမကြည့်တာခံလိုက်ရတဲ့သူတိုင်း စိတ်ထဲမှာပန်းလေးတွေပွင့်သွားသလိုမျိုးခံစားလိုက်ရတယ်
အဲ့လိုနဲ့သူတို့တော်တော်နဲ့ပြန်မဖြေဖြစ်ကြဘူး
သူတို့အဖြေကိုစောင့်နေတဲ့သူမရဲ့မျက်နှာလဲ တဖြေးဖြေးမဲေမှာင်လာပြီး
"ဘုန်းးးးးး "
စားပွဲကိုအားပြင်းပြင်းနဲ့ထုလိုက်မှ သူမရဲ့မိုးကြိုးပစ်လုနီးပါးဆိုးရွားေနတဲ့စိတ်အခြေအနေကို မြင်လိုက်ကြရတော့တာပဲ
"ပြီးပြီ"
သူမစားပွဲထုတုနး်က သူတို့လန့်သွားကြရတယ်ဆိုရင်
အခုတော့ သူတို့ကြောက်လန့်သွားကြရပါပြီ
ပိုင်ချင်းက ထွက်သွားတဲ့သူမနောက်ကို အပြေးတပိုင်းလိုက်သွားပြီး အသေးစိတ်အစီအစဉ်ကိုဆက်လက်ေဆွးနွေးကြတယ်
တုကူးရှန်းကတော့ ဥယျာဉ်ထဲမှာစောင့်နေတာပေါ့
ညနေစောင်းအချိန်မှာမှ သက်တံ့ရောင်ခြယ်စံအိမ်တော်ကိုပြန်ရောက်လာကြတယ်
ရေမိုးချိုးပြီး အနားယူမလို့ပဲရှိသေးတယ်
မကြိုဆိုထားတဲ့ဧည့်သည်ကရောက်လာပြန်တယ်
"သခင် ဧည့်သည်ရောက်နေပါတယ် နှင်းပွင့်စံအိမ်တော်ကလို့ပြောပါတယ် "
ရန်ကျင်းရဲ့သတင်းပို့ပေးချက်ကိုကြားတော့ ကျုးလစ်နှုတ်ခမ်းတို့တချက်တွန့်သွားတယ်
"ကောင်းပြီ ငါလာခဲ့မယ်လို့ပြောလိုက်"
ရန်ကျင်းထွက်သွားပြီးနောက် သူမနဲနဲပါးပါးပြင်ဆင်လိုက်ပြီးထွက်လာခဲ့တယ်
"ဟားဟားဟား ဒီနှင်းပွင့်ကုန်းမြေပေါ်မှာ အရင်က မိနး်မလှလေးတွေရှိခဲ့ပေမဲ့ အခုမှပဲ
တကယ့်အလှလေးကိုမြင်ရတော့တယ် နေရာတိုင်းမှာအဖြူေရာင်တွေချည်းပဲမြင်နေရတာလေ အခုလို အရောင်စုံတဲ့မိန်းမလှလေးတယောက်က ကုနး်မြေတခုလုံးကိုအမှန်တကယ်ဆွဲဆောင်နိုင်တာပဲ"
ကျူးလစ်ကရေချိုးထားပြီး ပန်းရနံ့တမျိုးဟာသူမဆီမှတဆင့်ပတ်ဝန်းကျင်ကိုပျံ့လွင့်နေတယ်
အစိမ်းရောင်ဝတ်ရုံလေးနဲ့ သူမရဲ့ပါးပြင်တို့ဟာ ပန်းရောင်သန်းနေပြီး မျက်ဝန်းများကလဲကြယ်တစင်းလိုတလက်လက်တောက်ပနေတယ်
အဲ့အချိန်လူတိုင်းတွေးမိကြမှာပဲ
နတ်ဘုံနတ်နန်းကအလှမျိုးလို့ပေါ့
တကယ်လဲ မူလပိုင်ရှင်ချွန်းဟွားရဲ့ရုပ်ရည်က သာမန်ထက်နဲနဲပဲပိုလှတာပါ
ဒါပေမဲ့ ကျုးလစ်ရဲ့ကူးပြောင်းလာပြီးနောက်ပိုင်းရုပ်သွင်က တဖြေးဖြေးနဲ့ပြောင်းလဲလာခဲ့ပါတယ်
အသားအရေပိုဖြူလာတာမျိုး
မျက်ဝန်းအိမ်ပိုကျယ်လာတာမျိုး
ပြီးတော့ အရပ်ပိုရှည်လာကာ အဆမတန်ချောမောလို့လာတာမျိုးပေါ့
ဒါေပမဲ့ ရုပ်ရည်ကသာမာန်လှပရင်တော်ပြီအရည်အချင်းသာအဓိကလို့ေတွးထားတဲ့ကျုးလစ်က
"လိုရင်းေပြာပါ မဟုတ်ရင်ဧည့်ပြန်ပို့ခိုင်းလိုက်တော့မယ် ကိုယ့်သဘောနဲ့ကိုယ်ခြေထောက်နဲ့ကိုယ် သက်တ့့ံေရာင်ခြယ်စံအိမ်တော်ထဲဝင်ရောက်လာပေမဲ့ အပြန်ကျရင်တော့ လမ်းလျှောက်စရာမလိုပဲစရိတ်ငြိမ်းပို့ပေးပါမယ် အိုး ရှင့်ခြေထောက်တွေကိုတော့ဒိမှာထားခဲ့ရမှာပေါ့"
ကျူးလစ်ကပြောရင်းနဲ့ ပျင်းရိပျင်းတွဲဝင်ထိုင်လိုက်တယ်
သူမဆီကိုလာတာ လူလတ်ပိုင်း ထက်မြက်ဟန်ရှိတဲ့လူတယောက်ပါ
ဘယ်အဆင့်လဲခန့်မှန်းလို့မရတော့ ကျူးလစ်က သူမရဲ့စွမ်းအင်ကိုတိတ်တိတ်လေးစုစည်းထားလိုက်တယ်
့"မိနး်ကလေးအထင်မလွဲပါနဲ့ ဒီအညတရလူအိုကြီးက စံအိမ်သခင်ရဲ့လက်ဝဲရံပါ စံအိမ်သခင်ကိုယ်တိုင်လာချင်ပေမဲ့ အရေးကြီးကိစ္စတချို့ကြောင့် မအားလပ်တာနဲ့ ဒီလူအိုကြီးပဲရောက်လာပါတယ် စိတ်မရှိပါနဲ့"
ဟိုကနှိမ့်ချတဲ့အသွင်ပြောင်းသွားပေမဲ့ ကျုးလစ်ကတော့ ဒီအတိုင်းမာထန်နေဆဲဖြစ်ကာ စိတ်မရှည်တော့တဲ့ဟန်ပန်တချို့တောင်ဖြစ်ပေါလာခဲ့တယ်
"လိုရင်း!"
"ဒိလိုပါ နန်းတော်အတွင်းကသတင်းအပြင်ထုတ်ပေးလာနိုင်မလားလို့ပါ ကမ်းလှမး်ချက်ကတော့ မိနး်ကလေးကြိုက်ရာတောင်းဆိုပါ ကျုပ်တို့စံအိမ်သခင်ဖြည့်စည်းပေးပါလိမ့်မယ်"
"အပေးအယူပေါ့ ဒါဆို ရှင့်သခင်ရဲ့အသက်ယူချင်တယ်ဆိုရင်ရောပေးမှာလား"
"မင်း! "
"ဘာမင်းလဲ ကျွန်မက မိုးကြိုးလျှပ်စီးကုနး်မြေကဆိုတာသိတယ်မဟုတ်လား အဲ့ကနေဘာလို့ဒီလိုမျိုးပျင်းစရာကောင်းတဲ့နေရာကိုရောက်လာရတယ်လို့ထင်လဲ "
"ဘာဖြစ်လို့လဲ"
"နှင်းပွင့်စံအိမ်ကလူတွေလိုက်သတ်တာခံရလို့ဒီကိုရောက်လာတာလေ အဲ့တော့ ကျွန်မရှင်တို့ရဲ့အပေးအယူကိုလက်ခံပြီး သယ်ဆောင်သူလုပ်ပေးဖို့စိတ်ဝင်စားမယ်ထင်လား ထွက်သွား ရန်ကျင်း !ဧည့်သည်ကိုပြန်ပို့ပေးလိုက်!"
ပြောပြီးတာနဲ့ သူမလှည့်ထွက်သွားတော့တယ်
အစမှအဆုံးထိ သူမကတခြားလူတစ်ယောက်ရဲ့ဇတ်လမ်းလိုမျိုးပြောပြခဲ့ေပမဲ့
ထိုလူခမျာ သူတို့စံအိမ်တော်ကလူတွေဒီကိုလာတိုင်းဘာလို့သေနေကြရတယ်ဆိုတာကိုသိသွားတော့တယ်
သူမက နှင်းပွင့်စံအိမ်တော်ကိုမုန်းနေတာပဲ
၊။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Alinkar nang
You are reading the story above: TeenFic.Net