lengends of spring goddness
အပိုင်း(49) သူ့ရဲ့ငယ်ချစ်ဦး
"ရှန်းရှန်း! ဟုတ်လား?"
ပြန်လည့်လာတဲ့တုကူရှန်းရဲ့မျက်နှာက မဲမေှာင်အေးစက်လို့နေတယ်
"ဘယ်ကအခွင့်နဲ့အဲ့လိုခေါ်တာလဲ ဘယ်သူကပေးခေါ်တာလဲ ရှန်းရှန်းဟုတ်လား ရဲတင်းလိုက်တာ!"
တုကူးရှန်းရဲ့မျက်နှာဟာ ဒေါသအဟုန်နဲ့နီရဲလို့နေတယ်
သူ့ရဲ့ဒေါသဘယ်လောက်ပြင်းလဲဆို ဘေးပတ်ဝန်းကျင်မှာတောင်မှ အေးခဲမှတ်ထိရောက်သွားခဲ့လေရဲ့
အောက်ကမိဘုရားဆိုတာကလဲ မေးစိနဲ့သွား ရိုက်မိနေတဲ့အသံတောင်ထွက်နေတယ်
လက်ကလဲအလိုအလျောက်လွတ်ချမိသွားခဲ့လေရဲ့
ဘာလို့လဲဆိုတော့ သူမကတုကူးရှန်းရဲ့လူသတ်လိုစိတ်ကို ခံစားမိလိုက်လို့ပါပဲ
"ဒီကိုယ်တော်ရဲ့ငယ်ချစ်ဦးတဲ့လား !ဟမ်! တော်တော်အတင့်ရဲနေပါ့လား နောက်ဒီစကားထွက်လာရင်လျှာဖြတ်ပစ်မယ် ကြားလား"
"အ...အမိန့်...အတိုင်းပါ..အရှင်"
တုကူးရှန်း သူ့ရဲ့ဝတ်ရုံစကိုခါရမ်းလိုက်တယ်
သူခါရမ်းလိုက်တဲ့အခါ ဝတ်ရုံအနားစက မိဘုရားရဲ့ပါးပေါ်ခတ်မိသွားခဲ့လေတယ်
တမင်လား မတော်တဆလား
ဘယ်သူမှမသိလိုက်ကြပေမဲ့
သေချာတာကတော့ တုကူးရှန်းကအဲ့ဒါကိုဂရုတောင်မစိုက်ဘူး
ဒါကို မိဘုရားလဲသိတယ်
နောက်ကလိုက်ဝင်လာတဲ့ပိုင်ချင်းကလဲသိလိုက်တယ်
ပိုင်ချင်းရဲ့မျက်ဝန်းတို့ကတော့ မကောင်းဆိုးရွားအကြည့်ေတွနဲ့တဖျတ်ဖျတ်လတ်သွားခဲ့လေရဲ့
သူခပ်လှောင်လှောင်ပြုံးလိုက်တယ်
ပြီးတော့ မိဘုရားဆီကိုတိုက်ရိုက်သွားလိုက်တော့တာပဲ
"ကျွတ်စ် ကျွတ်စ် ခမည်းတော်တောင်မရုန်းနိုင်လောက်အောင်လှတဲ့မိဘုရားက ဘုရင်ငယ်လေးရှေ့မှာတော့ ခြသေင့်္
ကိုခစားနေတဲ့မြေခွေးလိုပါပဲလား တချက်လေးတောင်မလှုပ်ရဲဘူး ရောက်စထဲကတချက်လေးတောင်မညိုဖူးမငိုဖူးတဲ့ဒီမျက်နှာမှာလဲ မျက်ရည်တွေနဲ့ပါလား နှလုံးသားကဟိုဖက်မှာကျန်ခဲ့ပြီး လူကတော့ဒီရောက်နေတာကိုး သနားစရာ သနားစရာကောင်းလိုက်တာ "
"ဒီကိုလာတာ လှောင်ဖို့သက်သက်ပဲဆိုရင်ထွက်သွားပါ တူတူနဲ့နူနူပဲ ဘယ်သူကမှမသာဘူး ဘယ်သူကသနားစရာပိုကောင်းလဲဆိုတာ လာပြောမနေနဲ့"
မိဘုရားရဲ့မျက်နှာဟာ ရုတ်ချည်း မာထန်သွားတယ်
ပိုင်ချင်းကတော့ သူ့ခမည်းတော်ရဲ့မိန်းမဖြစ်လို့လဲငဲ့ညှာမနေဘူး
အနားကပ်သွားလိုက်ကာ ခပ်တိုးတိုးပြောလိုက်တယ်
"သားတော်က ကျုးလစ်ကိုလိုချင်တယ် မိဘုရားက ဘုရင်လေးကိုလိုချင်တယ် သူလိုရာသူရောက်အောင် အချင်းချင်းပူးပေါင်းလိုက်ကြရင်ရော ?"
"ကောင်းပြီ အနောက်ေဆာင်ကိုသီးသန့်လာတွေ့ပါ"
"ကောင်းပါပြီ မိဘုရား"
မိဘုရားကနွဲနှောင်းစွာနဲ့ခပ်ဖြေးဖြေးလျောက်သွားတယ်
ပိုင်ချင်းကတော့ မိဘုရားရဲ့ကျောပြင်ကိုကြည့်ပြိးအမည်မဖော်လိုတဲ့အပြုံးတခုပြုံးလိုက်လေရဲ့
သိပ်ကို မိုက်ကန်းလှတဲ့အပြုံး
သိပ်ကိုအေးစက်လှတဲ့အပြုံးပေါ့
.......
"ဟေ့ ကောင်လေး ဘာလို့ငိုနေတာလဲဟင်? "
"ငါ့ဘာသာငါဘာလို့ငိုငိုနင့်အပူလားထွက်သွား"
နန်းတော်ရဲ့ဥယျာဉ်တော်အတွင်းမှာ
အပွင့်ဖြူတွေပွင့်တတ်ပြီးအရမး်မွေးတဲ့သုံးရာသီပန်းပွင့်နေတဲ့ခြုံလိုအပင်ကြိးတပင်ရှိတယ်
အဲ့အပင်ဟာ အခက်အလက်တွေဝေဆာပြီးဖြာထွက်နေလွန်းလို့
လူနှစ်ယောက်လောက်ကတော့ အေးဆေးပုန်းခိုလို့ရတယ်
အခုလဲအဲ့နေရာမှာကောင်ငယ်လေးတယောက်က ပုန်းခိုငိုရှိုက်နေပြီး အဲ့ပန်းရုံရဲ့အပြင်မှာတော့ အပြာရောင်ဝတ်ရုံဝတ်ထားတဲ့မိန်းမငယ်လေးတယောက်က အတွင်းထဲကကောင်ငယ်လေးကို အပြင်ထွက်လာအောင် အငိုတိတ်သွားအောင်ချော့မော့လို့နေတယ်
"မငိုတော့နဲ့နော် ကျဲမှာပါလာတဲ့မုန့်တွေကျွေးမယ်လေ မငိုတော့နဲ့ နင်ငိုတော့ငါလဲငိုချင်လာပြီဟာ ဟင့်?"
ပြောရင်းနဲ့ ရှိုက်လာတဲ့ကောင်မလေးကြောင့် အတွင်းထဲက ဒူးနှစ်ဖက်ပေါ်ခေါင်းတင်ငိုရှိုက်နေရာမှ တိတ်ဆိတ်သွားခဲ့တယ်
အပြင်ကကောင်မလေးကတော့ တကယ်ကြီးငိုလေနေပြီ
"အထဲလာခဲ့"
"ဟမ်? "
"အထဲဝင်လာခဲ့ပါဆို"
မိန်းမငယ်လေးက အကိုင်းအခက်တချို့ကိုလက်နဲ့ဖယ်ရှားပြီး အထဲကိုဝင်သွားခဲ့တယ်
အထဲမှာတော့ ဆယ်ပေပတ်လည် နေရာလေးရှိပြီး ထိုင်စရာလဲနှစ်ခုရှိတယ်
မိန်းမငယ်လေးရဲ့မျက်ဝန်းမှာ လဲမျက်ရည်ဥေတွဝေ့သီလို့
နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ရယ်မိကြတယ်
"နင်ကဘာလို့ငိုနေတာလဲ"
"ခမည်းတော်ဆူလို့ "
"ဟုတ်လား"
"နင်ကရော ငါငိုတိုင်းလိုက်ငိုရအောင်အရူးလား"
"သိဘူးဟာ ငါ့ဘာသာဆိုမငိုဘူး နင်လုပ်လို့ငိုတာ"
ကောင်ငယ်လေးမှာပြောရင်းဝမ်းနည်းပြီးငိုပြန်တယ်
မိန်းမငယ်လေးကလဲ ကောင်ငယ်လေးငိုလို့လိုက်ငိုပြန်တယ်
နောက်တော့ သူတို့ငိုရှိုက်တဲ့ပုံက ပေပွနေတာမို့ တစ်ယောက်ကိုတယောက်ကြည့်ရင်း အော်ရယ်ကြပြန်တယ်
"နင်နာမည်ဘယ်လိုခေါ်လဲ "
"င့ါကိုရှန်းရှန်းလို့ပဲခေါ် နင်ကရော "
"ငါ့ကိုဟွားဟွားလို့ခေါ်"
"နင်ငါ့ရဲ့မိန်းမလုပ်မလား"
"အင်း လုပ်မယ်"
"ရော့ နင်ဒီကျောက်စိမ်းပြားလေးကိုယူသွား ကြီးလာရင် ဒီကျောက်စိမ်းပြားလေးကိုပြန်ယူရင်းနင့်ကိုငါ့မိန်းမလုပ်ခိုင်းမယ်နော် "
"ဒါပေမဲ့ ငါ့ကျောက်စိမ်းပြားကပါမလာဘူး"
"ရတယ် ငါနင့်ကိုလာရှာမယ်"
"အင်း"
သူတို့ဂတိတ္အပြန်ပြန်အလှန်လှန်ထားလိုက်ကြပြီးနောက် စကားတွေအကြာကြီးပြောဖြစ်ကြတယ်
ဒါပေမဲ့လဲ
"ဟွားဟွား သခင်မလေး ဟွားဟွား"
အပြင်ကအစေခံတယောက်ရဲ့အော်သံက သူတို့ရဲ့စကားစကိုပြတ်တောက်စေခဲ့ပြီး လမ်းခွဲခဲ့ကြရတော့တယ်
ဘယ်သူထင်မိမလဲ
မိန်းမငယ်လေးရဲ့ခါးမှာပတ်ထားတဲ့ ကျောက်စိမ်းပြာလေးဟာ တစုံတယောက်ကဝင်တိုက်သလိုနဲ့ခိုးခံလိုက်ရမယ်ဆိုတာပေ့ါ
ဝင်တိုက်သွားတဲ့အစေခံမလေးက အဲ့ကျောက်စိမ်းပြားကိုသူ့သခင်မလေးထံပြန်အပ်ခဲ့တယ်
အဲ့ဒီသခင်မလေးကတော့ အခုကလက်ရှိ မိဘုရားပါပဲ
မိဘုရားက သူ့လက်ထဲက ကျောက်စိမ်းပြားကိုအသာအယာပွတ်သပ်ရင်းပြုံးနေခဲ့တယ်
"သူ ဒီကျောက်စိမ်းပြားကိုမမြင်သေးလို့နေမယ် မတွေ့သေးလို့နေမယ် ဟုတ်တယ် ဒီကျောက်စိမ်းပြားလေးကိုသာမြင်ရင် စိတ်ပြန်လည်လာမှာပဲ ဟုတ်တယ်မလားဟင်"
သူ့သခင်ရဲ့အားကိုးတကြီးအမူအယာကိုမြင်တော့ အစေခံမလေးဟာလဲ ခေါင်းမခါရက်တော့ဘူးလေ
အဲ့တော့ နှစ်သိမ့်စကားနဲနဲပြောလိုက်ပြီး စက်ရာဝင်ခိုင်းရတော့တယ်
ဒီဖက်မှာတော့ အခြေအနေကတင်းမာနေတာပေါ့
အဆိပ်ကပြင်းတယ်
ဒါပေမဲ့ တမြေ့မြေ့လှိုက်စားပြီး သုံးရက်လောက်အကြာမှာမှ ရုတ်တရက်သေဆုံးသွားမှာမျိုး
ဒိလိုအဆိပ်မျိုးဟာ ဘယ်ကုန်းမြေမှာပဲဖြစ်ဖြစ် ခေတ်စားတယ်
ဘာလို့လဲဆိုတော့ သုံးရက်ဆိုတဲ့အတောအတွင်းမှာ အဆိပ်ခတ်သူဟာ ပြေးလွားချိန်ရလို့ပါပဲ
အဆိပ်မိတဲ့သူအတွက်လဲ ဖြေဆေးရှာ သမားတော်ပင့်နဲ့ ရှုပ်ထွေးနေချိန်မှာပဲ သုံးရက်ကြာသွားတဲ့အခါ ရုတ်တရက်အမောဖောက်ေသွးအန်ပြီးသေဆုံးရတယ်
"အခုတော့ ကျွန်မက အဲ့အဆိပ်တွေကိုယာယီထိန်းထားပေးပါတယ် ဒါပေမဲ့ ဘုရင်ကြီးက ဆယ်ရက်ကြာတဲ့အထိဖြေဆေးမရရင် နှစ်ဆတိုးပြီး အဲ့နေ့မှာပဲနတ်ရွာစံနိုင်ပါတယ် "
"ဒါဆို ဖြေဆေးကိုဘယ်လိုရှာရမလဲ "
"အဆိပ်ခတ်တဲ့သူဆီမှာပဲရမှာပါ ဘာလို့လဲဆိုတော့ ဒီသုံးရက်ကြာမြွေပွေးအဆိပ်က တခါဖော်စပ်ရင် ဖြေဆေးကလဲတခုပဲရလို့ပဲ ရှင်တို့ခပ်မြန်မြန်လှုပ်ရှားဖို့လိုမယ်"
"ကောင်းပါပြီ ကျေးဇူးတင်ပါတယ်ကျူးမိန်းကလေး "
ပိုင်ချင်းရဲ့အပြောကို ကျူးလစ်က သာမန်ပဲတုန့်ပြန်လိုက်တယ်
"ကျွန်မအလုပ်ပါပဲ ဟိုဖက်အဖွဲ့အစည်းမှာမနေပဲ ဒီလိုဘုရင့်မိသားစုဘက်ကနေရပ်တည်လိုက်ပြီဆိုမှတော့ ကျွန်မလဲအသုံးဝင်တဲ့နေရာ တနေရာလောက်တော့ရှိမှရမှာပေါ့ အားနာမနေပါနဲ့"
.........🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷
Alinkar nang
You are reading the story above: TeenFic.Net