စာစဉ်(4)အပိုင်း(41) uni&zgi

Background color
Font
Font size
Line height

Lengends of spring goddness

အပိုင်း(41) သူမရဲ့လှပ‌သွယ်လျှတဲ့လက်လေး‌ေတွဝှေ့ရမ်းလိုက်ရုံသာ

ဒါတမင်လုပ်တာလား

ဒါမှမဟုတ်

အနိုင်ရသူကိုရွေးပြီးသားလား

ဒါဆိုလဲငါတို့ကိုဘာလို့ဟန်ဆောင်ဖိတ်နေသေးလဲ ဒီအတိုင်းသာရာထူးတခုပေးပြီးခန့်အပ်လိုက်ပါတော့လား

ကျုးလစ်ရဲ့ဝတ်ရုံကအားလုံးထဲမှာထင်းထွက်နေတာလေ

ဘုရင်‌နဲ့မိဘုရားတွေတောင်မဝတ်ရဲတဲ့အရောင်ကိုဝတ်ထားတော့ တချက်ကြည့်လိုက်တာနဲ့ဖန်တီးထားတယ်ဆိုတာအသိသာကြီး

ကျုးလစ်အဲ့ထိုင်ခုံဆီသွားနေတဲ့တလျှောက်လုံးလူပေါင်းများစွာရဲ့မုန်းတီးတဲ့အကြည့်တွေကိုရလိုက်တယ်

တကယ့်ကို တမင်လုပ်တာပဲ

ရပါတယ်လေ သူမကိုလာရန်စတာက ကျောက်တုံးကိုခေါင်းနဲ့ပြေးတိုက်သလိုပဲဖြစ်မှာ

ဘာလို့လဲဆိုတော့ သူမကိုလာထိရင် သူမကလဲအငြိမ်မနေတတ်တာမို့လေ

ကျုးလစ် ခပ်တည်တည်ပဲ

မိဘုရားကိုတချက်နှုတ်ဆက်လိုက်ကာ ထိုင်ခုံပေါ်သက်‌ေတာင့်သက်သာထိုင်လိုက်တယ်

သူမအမူအယာက အားလုံးကိုပြောနေတယ်

ဂရုကိုမစိုက်ဘူးတဲ့

သူမကိုရိုင်းလိုက်တာလို့ပြောတဲ့သူတွေကပြော

သူမကိုရှုံ့ချတဲ့သူတွေကရှုံ့ချပေါ့

ဘုရင်ကတော့ ဘာမှမပြောပဲ ဒီအတိုင်းပြုံးပြုံးနဲ့ပဲကြည့်နေလေတယ်

မိဘုရားကတော့ သူမရဲ့ဝတ်ရုံတွင်းမှာလက်သီးဆုပ်ထားတာပေါ့

အပြင်ကတော့ သဘောကောင်းယောင်ဆောင်နေရတာ အပြုံးတွေကတောင်ပုံသေဖြစ်နေပြီ

သူမရဲ့နေရာက အဆင့်မြင့်တယ်

တစ်ယောက်ကိုစားပွဲခုံတခုံရတဲ့နေရာပဲ

အဖြူရောင်ဘွန်ဆိုင်းသစ်ပင်ကိုအလှချထားပေးပြီး စားသောက်ဖွယ်ရာကိုလဲအဆင်သင့်တည်ခင်းထားတယ်

သူမကတော့ သင့်တင့်စွာထိုင်လိုက်ကာ ပတ်ဝန်းကျင်ကိုတချက်ဝေ့ကြည့်လိုက်တယ်

တချက်လေးကြည့်ပြီးတာနဲ့သူမတာဝန်ပြီးသွားသလိုမျက်လွှာချသွားတော့တယ်

-ဒီတယောက်ကအရောင်စုံနေရောပဲ ငါလဲ ဘယ်တော့များမှ အရောင်စုံရှိတဲ့သစ်ပင်တွေကြားထဲရောက်မှာလဲ ပြီးတော့ဒီအိုးကငါရဲ့အမြစ်တွေကိုသေစေတယ် ဒီလိုဖြစ်နေမှတော့ငါကဘာကိုစားပြီးဆက်ကြီးရမှာလဲ အားးး ဒီထက်ပိုပြီးသီးမခံနိုင်တော့ဘူး အားးးး သီးမခံနိုင်တော့ဘူးလို့-

အဖြူရောင်ဘွန်ဆိုင်းပင်လေးရဲ့ညီးတွားမူ့ကြောင့် ကျုးလစ်အသာပြုံးမိသွားတယ်

-ငါ့စကားကြောင့်ရယ်သွားတာလား ငါကလူတွေကြားထဲမှာတောင်ဟာသဖြစ်နေပြီလား အားးးးး ငါတော့ရှက်လို့့သေတော့မယ်-

ကျူးလစ်သနားသွားပြန်တယ်

ချုပ်နှောင်ခံထားရတဲ့ခံစားချက်

အဲ့ဒါကဘာနဲ့တူလဲဆိုတော့ ရေကြောက်တဲ့သူကိုရေကန်ထဲထည့်ထားသလိုပဲ

အေးစက်ပြီးကြောက်ဖို့အရမ်းကောင်းတယ်

ပြီးတော့ လူကိုခြောက်ခြားစေတယ်

မော်ဒန်ခေတ်ကသူမလဲဒီလိုပဲ

သူမလက်ဆန့်ကာ သစ်ပင်လေးကိုထိလိုက်တယ်

ပြီးတော့ သူမရဲ့သစ်သားစွမ်းအားကိုအနဲငယ်ထုတ်သုံးလိုက်တယ်

-သစ်ပင်လေး ငါ့ရဲ့စွမ်းအားကမင်းကိုအထောက်အကူပြုလိမ့်မယ်လို့မျှော်လင့်ပါတယ်-

သစ်ပင်ငယ်ကအတန်ကြာဆွံ့အနေပြီးမှ

-ကျေးဇူးတင်ပါတယ်မိန်းကလေး-

-ရပါတယ် ပြောပလောက်တဲ့ကိစ္စမဟုတ်ပါဘူး-

"ဒါနဲ့ ကျူးမိန်းကလေးက အရမ်းတော်တဲ့ပန်းချုပ်သည်လို့ကြားဖူးတယ်ဟုတ်လားမင်းသား"

"အဲ့ဒါကတော့အချိန်တန်ရင်သိရမှာပေါ့"

ပိုင်ချင်းမင်းသား‌ကိုဘေးကချိတ်နေတဲ့မိန်ကလေးတစ်ယောက်ကလောကွတ်သွားချော်တယ်

ဒါပေမဲ့ ပိုင်ချင်းရဲ့ပြောစကားတို့ကြောင့် ပါးစပ်ပိတ်သွားခဲ့လေရဲ့

"ပြိုင်ပွဲဝင်ပန်းချုပ်သည်များ ကိုယ့်နေရာကိုယ်နေပေးကြပါ"

ပွဲကိုကြီးမှူးကျင်းပတဲ့အမတ်တစ်ယောက်ရဲ့အသံကြားတေ့ာ ကျူးလစ်မျက်လွှာပွင့်လာခဲ့တယ်

ပြိုင်ပွဲဝင်အားလုံးကလဲ ပြိုင်ပွဲဝင်နေရာဆီတဖွဲဖွဲနဲ့သွားနေကြတယ်

တချို့ကကြောက်ရွံ့စွာ တချို့ကယုံကြည်မူ့ရှိစွာ တချို့ကတော့ တိတ်ဆိတ်တည်ငြိမ်စွာနဲ့ပေါ့

ကြောက်ရွံ့သွားကြတဲ့သူတွေက ဖမ်းခေါ်လာတဲ့သူတွေဖြစ်မယ်လို့ကျူးလစ်တွေးမိတယ်

ယုံကြည်မူ့ရှိရှိနဲ့သွားကြတဲ့သူတွေကတော့ ရာထူးရှိတဲ့အမတ်ကြီးတွေရဲ့သမီးတွေသားတွေဖြစ်လိမ့်မယ်

တိတ်ဆိတ်တည်ငြိမ်နေကြတဲ့သူတွေကတော့ ပထမတခါအရွေးချယ်ခံရပြီးသားလူတွေပဲ

သူမကတော့တိတ်ဆိတ်တည်ငြိမ်စွာသွားတဲ့သူတွေထဲမှာပါတယ်

‌သက်တောင့်သက်သာနဲ့ဘာအမူအယာမှရှိမနေပဲ သူမအဆင်ပြေလောက်မဲ့နေရာကိုသာရွေူးချယ်လိုက်လေတယ်

"ဒူ။ပြိုင်ပွဲစည်းကမ်း မရှိဘူး အလှဆုံးနဲ့ထောက်ခံမူ့အများဆူံးသူကသာနိုင်မှာဖြစ်တယ်"

ဘယ်လိုတောင်အကျိုးသင့်အ‌ကြောင်းသင့်မရှိတဲ့စည်းကမ်းကြီးတုန်း

မမျှတလိုက်တာ

တစုံတယောက်ကအကောက်ကြံဖို့သိပ်လွယ်တယ်

သူမခေါင်းခါရမ်းလိုက်တယ်

အဲ့ဒီအပြုအမူကိုပိုင်ချင်းကမြင်လိုက်တယ်

သူသက်ပြင်းမိပြန်တယ်

ဟွားဟွားကတော်တော်ပြောင်းလဲသွားတယ်

သူမအရင်က.......

ထားပါလေ သူမကိုပိုင်ဆိုင်ပြီးရင် သူဖြေးဖြေးချင်းပြန်ပြုပြင်ပေးလို့ရပါတယ်

အဲ့အချိန်ကျုးလစ်ကတော့ သူမရှေ့ကိုသယ်လာတဲ့ဝတ်ရြံဖြူကြီးကိုစိတ်ကုန်စွာကြည့်နေလေရဲ့

နေရာတကာအဖြူရောင်တွေချည်းပဲ

ကြာရင် သူမကိုယ်သူမ ကာလာဘလိုင်း(colour blind)ဖြစ်နေတဲ့သူများလားလို့တွေးမိတော့မယ်

အရောင်စပ်ဖို့လဲဘာမှမ‌ေပးဘူး

သူမဘေးကိုကြည့်လိုက်တော့ပန်းချုပ်သည်အားလုံးက ကိုယ့်ပစ္စည်းနဲ့ကိုယ်သုံရတယ်

သေစမ်း

ဒါကြောင့်ပန်းချုပ်သည်တွေအသတ်ခံရတာ

သူတို့ကမျှဝေချင်စိတ်မရှိဘူးပဲ

သူမရန်ကျင်းကိုစိတ်ချင်းဆက်သွယ်ပြီးဆေးတွေကိုပြန်ဖျော်ခိုင်းလိုက်တယ်

သူမ မလိုပေမဲ့လဲ မဟုတ်သော်ရှိဟုတ်သော်ရှိပေါ့

ရန်ကျင်းကလဲ ခေါင်းငြိတ်ပြကာ လူကြားထဲတိုးဝင်‌ပျောက်ကွယ်သွားတယ်

ရန်ကျင်းသူမနောက်မလိုက်ခင်တုန်းက သူက‌အထည်အလိပ်တွေရောင်းတဲ့ဈေးထဲမှာနေလာ‌တာလေ
လေ

ဒါကြောင့်ဆေးဖျော်ဖို့ဆိုတာအလွယ်လေးပဲ

ခက်တာက ဒီမှာပန်းပွင့်တွေမှမရှိတာ

အဲ့တော့ ခြံဝင်းထဲကအစိမ်းရောင်သစ်ပင်အိုကြီးကိုပဲဒုက္ခပေးရတော့မယ်

သူမစိတ်ကိုရှေ့ပြန်ပို့လိုက်တယ်

ပန်းချုပ်သည်တွေကတော့ သူတို့ပြင်ဆင်တာလာတဲ့‌အရောင်တွေထဲဝတ်ရုံတွေကိုနှစ်တဲ့သူကနှစ်ပုံဆွဲတဲ့သူကဆွဲနဲ့အလုပ်ရှုပ်နေကြပြီ

သူမတယောက်ထဲသာအားယားနေတာ

"ဟေ့ဟို‌တယောက်က ဘာမှလဲမပါ ဘာမှလဲမဆွဲဘူး‌"

"ပစ္စည်းတွေတောင်မပါဘူး"

"ဒါကဘာလဲ"

"သူမကပန်းချုပ်သည်ရောဟုတ်ရဲ့လား"

"သူမဝတ်ထားတာကိုပဲကြည့်လိုက်လေ အရမ်းရှားတဲ့ခရမ်းရောင်ကိုဝတ်ထားတယ်မမြင်ဘူးလား"

"ဒါဆို သူမကဘာလို့ဘာမှမလုပ်တာလဲ"

"ဘာလားပဲ"

‌ဒါယောကျာ်းလေးတွေရဲ့စကားဝိုင်းထဲကအသံပဲ

မိန်းကလေးတွေကတော့

"ဘဝင်မြင့်နေလိုက်တာကြည့်ပါဦး"

"ဒီကိုအလကားလာအသေခံတာလား"

"လူကလှသလောက် "

"ဟေ့ သူမကို ပိုင်ချင်းမင်းသားကခေါ်လာတာလို့ကြားတယ်"

"ဒါဆိုဒီပွဲမှာသူမဘာမှမလုပ်ရင်တောင်နိုင်မှာပဲမဟုတ်လား"

ပိုင်ချင်းအပေါ်ထားတဲ့မိန်းကလေးတွေရဲ့သဘောထားကပိုဆိုးလာခဲ့တယ်

အချိန်ကဆက်ရွေ့လျှားနေတယ်

သူမကဘာမှမလုပ်ပဲ ဒီအတိုင်းငေးနေတယ်

အချိန်က‌အမွေးငါးတိုင်ကုန်ဆုံးလောင်ကျွမ်းသွားချိန်အထိပဲ

သူများတွေက အချိန်မလောက်မှာဆိုးလို့ဗျာများနေကြ
တဲ့အချိန် သူမကတော့အေးဆေးပဲဖြစ်နေတယ်

ဒါပေမဲ့ပတ်ဝန်းကျင်ကလူတွေရဲ့ပါးစပ်ကလဲအချိန်နဲ့အမျှပိုလို့ဆိုးဝါးလာတော့တယ်

အဲ့အချိန်မှာ ကျုးလစ်ကသူ့မရဲ့လက်ချောင်းလေးများကိုအသာအယာဝှေ့ရမ်းလိုက်တယ်

အဲ့ခနမှာ သူမဒန်ထျန်ထဲရှိသစ်ပင်ကလှုပ်ရမ်းလာပြီး ပန်းပွင့်ကြွေလေးတွေဟာအတွင်းအားချီနဲ့ပေါင်းစပ်ကာအရောင်လေးတွေအဖြစ်သူမလက်မှတဆင့် ဝတ်ရုံပေါ်ကိုစွန်းပေသွားတယ်

ပြီးတော့ သူမစိတ်တချက်ကူးလိုက်တာနဲ့ပန်းပွင့်လေးတွေပါဖူးပွင့်လာတော့တယ်

အမှန်က သူမဘာမှလုပ်စရာမလိုဘူးလေ

ဒီအတိုင်းလေးပဲ

သူမရဲ့လှပ‌သွယ်လျှတဲ့လက်လေး‌ေတွဝှေ့ရမ်းလိုက်ရုံနဲ့

ပြီးသွားတာပဲမဟုတ်ဘူးလား

...........🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴

Alinkar nang

Lengends of spring goddness

အပိုင္း(41) သူမရဲ့လွပ‌သြယ္လၽွတဲ့လက္ေလး‌ေတြေဝွ႕ရမ္းလိုက္႐ုံသာ

ဒါတမင္လုပ္တာလား

ဒါမွမဟုတ္

အနိုင္ရသူကိုေရြးၿပီးသားလား

ဒါဆိုလဲငါတို့ကိုဘာလို့ဟန္ေဆာင္ဖိတ္ေနေသးလဲ ဒီအတိုင္းသာရာထူးတခုေပးၿပီးခန႔္အပ္လိုက္ပါေတာ့လား

က်ဳးလစ္ရဲ့ဝတ္႐ုံကအားလုံးထဲမွာထင္းထြက္ေနတာေလ

ဘုရင္‌နဲ႔မိဘုရားေတြေတာင္မဝတ္ရဲတဲ့အေရာင္ကိုဝတ္ထားေတာ့ တခ်က္ၾကည့္လိုက္တာနဲ႔ဖန္တီးထားတယ္ဆိုတာအသိသာႀကီး

က်ဳးလစ္အဲ့ထိုင္ခုံဆီသြားေနတဲ့တေလၽွာက္လုံးလူေပါင္းမ်ားစြာရဲ့မုန္းတီးတဲ့အၾကည့္ေတြကိုရလိုက္တယ္

တကယ့္ကို တမင္လုပ္တာပဲ

ရပါတယ္ေလ သူမကိုလာရန္စတာက ေက်ာက္တုံးကိုေခါင္းနဲ႔ေျပးတိုက္သလိုပဲျဖစ္မွာ

ဘာလို့လဲဆိုေတာ့ သူမကိုလာထိရင္ သူမကလဲအၿငိမ္မေနတတ္တာမို့ေလ

က်ဳးလစ္ ခပ္တည္တည္ပဲ

မိဘုရားကိုတခ်က္ႏွုတ္ဆက္လိုက္ကာ ထိုင္ခုံေပၚသက္‌ေတာင့္သက္သာထိုင္လိုက္တယ္

သူမအမူအယာက အားလုံးကိုေျပာေနတယ္

ဂ႐ုကိုမစိုက္ဘူးတဲ့

သူမကိုရိုင္းလိုက္တာလို့ေျပာတဲ့သူေတြကေျပာ

သူမကိုရွုံ႔ခ်တဲ့သူေတြကရွုံ႔ခ်ေပါ့

ဘုရင္ကေတာ့ ဘာမွမေျပာပဲ ဒီအတိုင္းျပဳံးျပဳံးနဲ႔ပဲၾကည့္ေနေလတယ္

မိဘုရားကေတာ့ သူမရဲ့ဝတ္႐ုံတြင္းမွာလက္သီးဆုပ္ထားတာေပါ့

အျပင္ကေတာ့ သေဘာေကာင္းေယာင္ေဆာင္ေနရတာ အျပဳံးေတြကေတာင္ပုံေသျဖစ္ေနၿပီ

သူမရဲ့ေနရာက အဆင့္ျမင့္တယ္

တစ္ေယာက္ကိုစားပြဲခုံတခုံရတဲ့ေနရာပဲ

အျဖဴေရာင္ဘြန္ဆိုင္းသစ္ပင္ကိုအလွခ်ထားေပးၿပီး စားေသာက္ဖြယ္ရာကိုလဲအဆင္သင့္တည္ခင္းထားတယ္

သူမကေတာ့ သင့္တင့္စြာထိုင္လိုက္ကာ ပတ္ဝန္းက်င္ကိုတခ်က္ေဝ့ၾကည့္လိုက္တယ္

တခ်က္ေလးၾကည့္ၿပီးတာနဲ႔သူမတာဝန္ၿပီးသြားသလိုမ်က္လႊာခ်သြားေတာ့တယ္

-ဒီတေယာက္ကအေရာင္စုံေနေရာပဲ ငါလဲ ဘယ္ေတာ့မ်ားမွ အေရာင္စုံရွိတဲ့သစ္ပင္ေတြၾကားထဲေရာက္မွာလဲ ၿပီးေတာ့ဒီအိုးကငါရဲ့အျမစ္ေတြကိုေသေစတယ္ ဒီလိုျဖစ္ေနမွေတာ့ငါကဘာကိုစားၿပီးဆက္ႀကီးရမွာလဲ အားးး ဒီထက္ပိုၿပီးသီးမခံနိုင္ေတာ့ဘူး အားးးး သီးမခံနိုင္ေတာ့ဘူးလို့-

အျဖဴေရာင္ဘြန္ဆိုင္းပင္ေလးရဲ့ညီးတြားမူ႔ေၾကာင့္ က်ဳးလစ္အသာျပဳံးမိသြားတယ္

-ငါ့စကားေၾကာင့္ရယ္သြားတာလား ငါကလူေတြၾကားထဲမွာေတာင္ဟာသျဖစ္ေနၿပီလား အားးးးး ငါေတာ့ရွက္လို့့ေသေတာ့မယ္-

က်ဴးလစ္သနားသြားျပန္တယ္

ခ်ဳပ္ေႏွာင္ခံထားရတဲ့ခံစားခ်က္

အဲ့ဒါကဘာနဲ႔တူလဲဆိုေတာ့ ေရေၾကာက္တဲ့သူကိုေရကန္ထဲထည့္ထားသလိုပဲ

ေအးစက္ၿပီးေၾကာက္ဖို့အရမ္းေကာင္းတယ္

ၿပီးေတာ့ လူကိုေျခာက္ျခားေစတယ္

ေမာ္ဒန္ေခတ္ကသူမလဲဒီလိုပဲ

သူမလက္ဆန႔္ကာ သစ္ပင္ေလးကိုထိလိုက္တယ္

ၿပီးေတာ့ သူမရဲ့သစ္သားစြမ္းအားကိုအနဲငယ္ထုတ္သုံးလိုက္တယ္

-သစ္ပင္ေလး ငါ့ရဲ့စြမ္းအားကမင္းကိုအေထာက္အကူျပဳလိမ့္မယ္လို့ေမၽွာ္လင့္ပါတယ္-

သစ္ပင္ငယ္ကအတန္ၾကာဆြံ့အေနၿပီးမွ

-ေက်းဇူးတင္ပါတယ္မိန္းကေလး-

-ရပါတယ္ ေျပာပေလာက္တဲ့ကိစၥမဟုတ္ပါဘူး-

"ဒါနဲ႔ က်ဴးမိန္းကေလးက အရမ္းေတာ္တဲ့ပန္းခ်ဳပ္သည္လို့ၾကားဖူးတယ္ဟုတ္လားမင္းသား"

"အဲ့ဒါကေတာ့အခ်ိန္တန္ရင္သိရမွာေပါ့"

ပိုင္ခ်င္းမင္းသား‌ကိုေဘးကခ်ိတ္ေနတဲ့မိန္ကေလးတစ္ေယာက္ကေလာကြတ္သြားေခ်ာ္တယ္

ဒါေပမဲ့ ပိုင္ခ်င္းရဲ့ေျပာစကားတို့ေၾကာင့္ ပါးစပ္ပိတ္သြားခဲ့ေလရဲ့

"ၿပိဳင္ပြဲဝင္ပန္းခ်ဳပ္သည္မ်ား ကိုယ့္ေနရာကိုယ္ေနေပးၾကပါ"

ပြဲကိုႀကီးမွူးက်င္းပတဲ့အမတ္တစ္ေယာက္ရဲ့အသံၾကားေတ့ာ က်ဴးလစ္မ်က္လႊာပြင့္လာခဲ့တယ္

ၿပိဳင္ပြဲဝင္အားလုံးကလဲ ၿပိဳင္ပြဲဝင္ေနရာဆီတဖြဲဖြဲနဲ႔သြားေနၾကတယ္

တခ်ိဳ့ကေၾကာက္ရြံ့စြာ တခ်ိဳ့ကယုံၾကည္မူ႔ရွိစြာ တခ်ိဳ့ကေတာ့ တိတ္ဆိတ္တည္ၿငိမ္စြာနဲ႔ေပါ့

ေၾကာက္ရြံ့သြားၾကတဲ့သူေတြက ဖမ္းေခၚလာတဲ့သူေတြျဖစ္မယ္လို့က်ဴးလစ္ေတြးမိတယ္

ယုံၾကည္မူ႔ရွိရွိနဲ႔သြားၾကတဲ့သူေတြကေတာ့ ရာထူးရွိတဲ့အမတ္ႀကီးေတြရဲ့သမီးေတြသားေတြျဖစ္လိမ့္မယ္

တိတ္ဆိတ္တည္ၿငိမ္ေနၾကတဲ့သူေတြကေတာ့ ပထမတခါအေရြးခ်ယ္ခံရၿပီးသားလူေတြပဲ

သူမကေတာ့တိတ္ဆိတ္တည္ၿငိမ္စြာသြားတဲ့သူေတြထဲမွာပါတယ္

‌သက္ေတာင့္သက္သာနဲ႔ဘာအမူအယာမွရွိမေနပဲ သူမအဆင္ေျပေလာက္မဲ့ေနရာကိုသာေရြူးခ်ယ္လိုက္ေလတယ္

"ဒူ။ၿပိဳင္ပြဲစည္းကမ္း မရွိဘူး အလွဆုံးနဲ႔ေထာက္ခံမူ႔အမ်ားဆူံးသူကသာနိုင္မွာျဖစ္တယ္"

ဘယ္လိုေတာင္အက်ိဳးသင့္အ‌ေၾကာင္းသင့္မရွိတဲ့စည္းကမ္းႀကီးတုန္း

မမၽွတလိုက္တာ

တစုံတေယာက္ကအေကာက္ႀကံဖို့သိပ္လြယ္တယ္

သူမေခါင္းခါရမ္းလိုက္တယ္

အဲ့ဒီအျပဳအမူကိုပိုင္ခ်င္းကျမင္လိုက္တယ္

သူသက္ျပင္းမိျပန္တယ္

ဟြားဟြားကေတာ္ေတာ္ေျပာင္းလဲသြားတယ္

သူမအရင္က.......

ထားပါေလ သူမကိုပိုင္ဆိုင္ၿပီးရင္ သူေျဖးေျဖးခ်င္းျပန္ျပဳျပင္ေပးလို့ရပါတယ္

အဲ့အခ်ိန္က်ဳးလစ္ကေတာ့ သူမေရွ႕ကိုသယ္လာတဲ့ဝတ္ၿရံျဖဴႀကီးကိုစိတ္ကုန္စြာၾကည့္ေနေလရဲ့

ေနရာတကာအျဖဴေရာင္ေတြခ်ည္းပဲ

ၾကာရင္ သူမကိုယ္သူမ ကာလာဘလိုင္း(colour blind)ျဖစ္ေနတဲ့သူမ်ားလားလို့ေတြးမိေတာ့မယ္

အေရာင္စပ္ဖို့လဲဘာမွမ‌ေပးဘူး

သူမေဘးကိုၾကည့္လိုက္ေတာ့ပန္းခ်ဳပ္သည္အားလုံးက ကိုယ့္ပစၥည္းနဲ႔ကိုယ္သုံရတယ္

ေသစမ္း

ဒါေၾကာင့္ပန္းခ်ဳပ္သည္ေတြအသတ္ခံရတာ

သူတို့ကမၽွေဝခ်င္စိတ္မရွိဘူးပဲ

သူမရန္က်င္းကိုစိတ္ခ်င္းဆက္သြယ္ၿပီးေဆးေတြကိုျပန္ေဖ်ာ္ခိုင္းလိုက္တယ္

သူမ မလိုေပမဲ့လဲ မဟုတ္ေသာ္ရွိဟုတ္ေသာ္ရွိေပါ့

ရန္က်င္းကလဲ ေခါင္းၿငိတ္ျပကာ လူၾကားထဲတိုးဝင္‌ေပ်ာက္ကြယ္သြားတယ္

ရန္က်င္းသူမေနာက္မလိုက္ခင္တုန္းက သူက‌အထည္အလိပ္ေတြေရာင္းတဲ့ေဈးထဲမွာေနလာ‌တာေလ
ေလ

ဒါေၾကာင့္ေဆးေဖ်ာ္ဖို့ဆိုတာအလြယ္ေလးပဲ

ခက္တာက ဒီမွာပန္းပြင့္ေတြမွမရွိတာ

အဲ့ေတာ့ ၿခံဝင္းထဲကအစိမ္းေရာင္သစ္ပင္အိုႀကီးကိုပဲဒုကၡေပးရေတာ့မယ္

သူမစိတ္ကိုေရွ႕ျပန္ပို့လိုက္တယ္

ပန္းခ်ဳပ္သည္ေတြကေတာ့ သူတို့ျပင္ဆင္တာလာတဲ့‌အေရာင္ေတြထဲဝတ္႐ုံေတြကိုႏွစ္တဲ့သူကႏွစ္ပုံဆြဲတဲ့သူကဆြဲနဲ႔အလုပ္ရွုပ္ေနၾကၿပီ

သူမတေယာက္ထဲသာအားယားေနတာ

"ေဟ့ဟို‌တေယာက္က ဘာမွလဲမပါ ဘာမွလဲမဆြဲဘူး‌"

"ပစၥည္းေတြေတာင္မပါဘူး"

"ဒါကဘာလဲ"

"သူမကပန္းခ်ဳပ္သည္ေရာဟုတ္ရဲ့လား"

"သူမဝတ္ထားတာကိုပဲၾကည့္လိုက္ေလ အရမ္းရွားတဲ့ခရမ္းေရာင္ကိုဝတ္ထားတယ္မျမင္ဘူးလား"

"ဒါဆို သူမကဘာလို့ဘာမွမလုပ္တာလဲ"

"ဘာလားပဲ"

‌ဒါေယာက်ာ္းေလးေတြရဲ့စကားဝိုင္းထဲကအသံပဲ

မိန္းကေလးေတြကေတာ့

"ဘဝင္ျမင့္ေနလိုက္တာၾကည့္ပါဦး"

"ဒီကိုအလကားလာအေသခံတာလား"

"လူကလွသေလာက္ "

"ေဟ့ သူမကို ပိုင္ခ်င္းမင္းသားကေခၚလာတာလို့ၾကားတယ္"

"ဒါဆိုဒီပြဲမွာသူမဘာမွမလုပ္ရင္ေတာင္နိုင္မွာပဲမဟုတ္လား"

ပိုင္ခ်င္းအေပၚထားတဲ့မိန္းကေလးေတြရဲ့သေဘာထားကပိုဆိုးလာခဲ့တယ္

အခ်ိန္ကဆက္ေရြ႕လၽွားေနတယ္

သူမကဘာမွမလုပ္ပဲ ဒီအတိုင္းေငးေနတယ္

အခ်ိန္က‌အေမြးငါးတိုင္ကုန္ဆုံးေလာင္ကၽြမ္းသြားခ်ိန္အထိပဲ

သူမ်ားေတြက အခ်ိန္မေလာက္မွာဆိုးလို့ဗ်ာမ်ားေနၾက
တဲ့အခ်ိန္ သူမကေတာ့ေအးေဆးပဲျဖစ္ေနတယ္

ဒါေပမဲ့ပတ္ဝန္းက်င္ကလူေတြရဲ့ပါးစပ္ကလဲအခ်ိန္နဲ႔အမၽွပိုလို့ဆိုးဝါးလာေတာ့တယ္

အဲ့အခ်ိန္မွာ က်ဳးလစ္ကသူ႔မရဲ့လက္ေခ်ာင္းေလးမ်ားကိုအသာအယာေဝွ႕ရမ္းလိုက္တယ္

အဲ့ခနမွာ သူမဒန္ထ်န္ထဲရွိသစ္ပင္ကလွုပ္ရမ္းလာၿပီး ပန္းပြင့္ေႂကြေလးေတြဟာအတြင္းအားခ်ီနဲ႔ေပါင္းစပ္ကာအေရာင္ေလးေတြအျဖစ္သူမလက္မွတဆင့္ ဝတ္႐ုံေပၚကိုစြန္းေပသြားတယ္

ၿပီးေတာ့ သူမစိတ္တခ်က္ကူးလိုက္တာနဲ႔ပန္းပြင့္ေလးေတြပါဖူးပြင့္လာေတာ့တယ္

အမွန္က သူမဘာမွလုပ္စရာမလိုဘူးေလ

ဒီအတိုင္းေလးပဲ

သူမရဲ့လွပ‌သြယ္လၽွတဲ့လက္ေလး‌ေတြေဝွ႕ရမ္းလိုက္႐ုံနဲ႔

ၿပီးသြားတာပဲမဟုတ္ဘူးလား

...........🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴

Alinkar nang

You are reading the story above: TeenFic.Net