စာစဉ်(4) အပိုင်း(37) uni&zgi

Background color
Font
Font size
Line height

Lengends of spring goddness

အပိုင်း(37) ဘုရင်နှင့်တွေ့ဆုံခြင်း

ကျုးလစ်သလွန်ပေါ်မှာ ထိုင်နေတယ်

သလွန်ပေါ်မှာတောင်မှ အေးစိမ့်နေတုန်းပဲ

သူမရဲ့သလင်းကျောက်တွေထဲက အပြာရောင်ရေစက်ပုံစံသလင်းကျောက်ကို အပြင်ထုတ်ကာ သူမအနားမှာဝဲလွင့်စေလိုက်တယ်

ရေစက်ပုံစံရိှတဲ့ အပြာရောင် သလင်းကျောက် ?

အစတုန်းကတော့ သူမက ရေနဲ့သစ်သားစွမ်းအားရှင်ပဲ

နောက်တော့ မီးနဲ့ လေ စွမ်းအားကိုလဲရလာပြီး

အခုဆို သူမဒျန်ထျန်ထဲမှာ သလင်းကျောက်လေးတွေငါးခုတောင်ရှိတယ်

အဲ့တော့ သူမ ဒီနှင်းပွင့်ကုန်းမြေကိုအမှီပြုပြီး နောက်ထပ်သလင်းကျောက်လေးရလာမလားလို့ စဉ်းစားမိသွားတယ်

သူမရဲ့ဒန်ထျန်က ပြုလွယ်ပြင်လွယ်သဘောရှိတာများလား

သူမရဲ့စိတ်ကိုဒျန်ထျန်ထဲလွတ်လိုက်တယ်

သစ်ပင်ကြီးကငြိမ်သက်နေပြီး သူ့ဘေးမှာ ကောင်းကင်အဆင့်ရတနာဖြစ်တဲ့လေးနဲ့မြှားကလဲရှိနေတယ် ဒါအပြင် နဂါးကလဲရှိနေတယ်

ရုတ်တရက် သူမနားလည်သွားတယ် သစ်ပင်ကြီးက သူမအလိုရှိရာကို ပြု‌လုပ်ပေးနိုင်ပြီး လေးနဲ့မြှားက သစ်ပင်ကိုစောင့်ရှောက်ပြီး

နဂါးကတော့ သူမဒန်ထျန်ကိုစောင့်ရှောက်ပေးတယ်

ပြောပြရမယ်ဆို သူမရဲ့ဒန်ထျန်ထဲကချီ‌ေတွဟာရေကန်ကြီးသဖွယ်ဖြစ်ပြီး သစ်ပင်ကြီးကတော့ အစောင့်သဖွယ်ပေါ့ အဲ့တော့ သစ်ပင်ကိုမှီပြီး သူမအလိုရှိတဲ့စွမ်းအားကိုကျင့်ကြံနိုင်တယ်

သလင်းကျောက်လေးတွေကတော့ ရေကန်ထဲအလှဆင်ထားတဲ့ပန်းလေးတွေပေါ့

သူမအလင်းပွင့်သွားခဲ့တယ်

ဒါကြောင့် သူမရဲ့လက်အစုံကိုမြောက်လိုက်ပြီး မြေကြီးအောက်ကရေအနံ့ကိုခံကာ ဆွဲခေါ်ထုတ်လာခဲ့တယ်

နောက်တော့ အဲ့ဒီရေကိုခဲအောင်သူမကြိုးစားတော့တယ်

အကြိမ်ဖန်များစွာသူမကြိုးစားတယ် မရဘူး

ခနခနကျရှူံးတယ်

သူမကို်ယ့်ဘာသာကိုယ်ပြောနေမိတယ်

ရေကနေ ရေခဲဖြစ်လာတယ်

ရေခဲက ဖိအားအရမ်းများလာရင် နှင်းပွင့်ဖြစ်လာတယ်

နှင်းပွင့်တွေကိုအပူတခါပြန်ပေးလိုက်ရင် ရေပြန်ဖြစ်သွားတယ်

ဖိအား သူမလိုနေတာဖိအားပဲ

ရေကိုရေခဲဖြစ်အောင်လုပ်ဖို့ ဖိအားလိုတယ်

အဲ့လိုပဲ ရေခဲကနေနှင်းပွင့်ဖြစ်ချင်ရင်လဲ ဖိအားလိုတယ်

နှင်းပွင့်ကနေ ရေပြန်ဖြစ်အောင်လုပ်ချင်ရင်လဲဖိအားလိုတယ်

အဲ့တော့ သူမလိုနေတာက ဖိအားပဲ

သူမလက်ထဲကရေတွေကို လုံးဝန်းစေလိုက်ပြီး သူမဒန်ထျန်ထဲက ချီတွေဝန်းရံစေလိုက်ကာ ရေခဲဖြစ်ဖို့ဖိအားပေးလိုက်တယ်

အချိန်တွေကြာသွားတယ် သူမ ကျရှုံးနေ‌ဆဲပဲ

ဒါပေမဲ့ တခါထက်တခါ အတွေ့အကြုံပိုရှိလာလို့ သူမရဲ့လက်အားဟာပိုမြန်လာတယ်

အခါတရာလောက်ကြိုးစားပြီးနောက်တော့ တကယ်ကြီးသူမအောင်မြင်သွားခဲ့တယ်

သူမရဲ့ချီတွေနဲ့ဝန်းရံထားတဲ့ ရေတွေက ရေခဲအဖြစ်ကိုရောက်သွားပြီး လေထုထဲမှာမျောလွင့်နေတယ်

အဲ့အချိန်မှာပဲ သူမရဲ့ဒန်ထျန်ထဲရှိ သလင်းကျောက်လေးများဟာ စက်ဝိုင်းတခုလိုလျှင်မြန်စွာလည်ပတ်လာပြီး တခုခုကိုမွေးထုတ်ပေးချင်နေခဲ့တယ်

အပြင်လောကရဲ့နှင်းတောတွေထဲသိပ်သည်းလှတဲ့စွမ်းအားတွေက သူမဆီကိုစီးဝင်လာကြတယ်

သူမကိုယ်ကိုဖြတ်ပြီး ဒန်ထျန်ထဲ လေပွေသဖွယ်မွေ့ပတ်နေတဲ့စက်ဝိုင်းသေ‌းသေးလေးထဲ စီးဝင်သွားကြတယ်

နောက်တော့ ရေခဲလေး‌တခဲဖြစ်လာခဲ့တယ်

အဲ့ခနမှာ သူမလဲ ရင်ထဲပိတ်ဆို့နေတာတွေပွင့်သွားပြီး သူမရဲ့အနက်ရောင်ဆံနွယ်တစုဟယလဲဖြူဆွတ်သွားတော့တယ်

အဲ့ဒါက နှင်းပွင့်ကုန်းမြေရဲ့အမှတ်အသားပဲ

ဒါပေမဲ့ သူမကတော့ စွမး်အားတမျိုးထက်မကသူမို့ အဲ့စွမ်းအားရဲ့တန်ပြန်နှုန်းကို ဆံနွယ်လက်တစုပ်စာလောက်သာ ပေးဆပ်လိုက်ရတာဖြစ်လေတယ်

ဒီကုန်းမြေကိုရောက်လာစထဲက သူမ အသက်ရှူကျပ်နေတာ အခုတော့ သူမရဲ့စွမ်းအားတွေလဲအပြည့်ဖြစ်လာပြီး ပေါ့ပါးလန်းဆန်းသွားတော့တယ်

ဒါပေမဲ့ ဒီအဆင့်လောက်တင်သူမကျေနပ်လို့ရမလား

သူမ ထပ်ပြီးတော့ ရေခဲလုံးလေးကိုဖိအားထပ်ပေးလိုက်တယ်

အဲ့လိုနဲ့ သူမလေ့ကျင့်နေတာ လေးငါးရက်မကကြာသွားတော့တယ်

တပတ်ကြာသွားတော့ သူမလေ့ကျင့်ရာမှထွက်လာခဲ့တယ်

သူမထွက်လာတာနဲ့

"အရှင်မ ပိုင်ချင်းသခင်လေးက ခနခနလာမေးနေပါတယ် "

"ဟုတ်လား"

"အိုးး ထွက်လာပြီလား။ဝိူးး အသားရောင် ဆံပင် မျက်ဝန်း အားလုံးပြောင်းလဲသွားတယ်နော် "

ဟုတ်တယ်

သူမဆံနွယ်လက်တစုပ်စာက အဖြူရောင်ဖြစ်နေပြီး သူမရဲ့မျက်ဝန်းတွေထဲမှာ နှင်းပွင့်ချပ်တချပ်စီရှိတယ်

သူမရဲ့အသားက ပိုဖြူလာပြီး အရှိန်အဝါကလဲ နွေးထွေးတဲ့ဘက်ကနေ အနဲငယ်အေးစက်ဘက်ကိုရောက်သွားတယ်

ပြုံးတော့ပြုံးနေတာပါပဲ ဒါပေမဲ့ သူမပြုံးနေတာကိုက အရှိန်အဝါတခုခုထုတ်လွင့်နေသလိုမျိုး

"အင်း အဆင့်နဲနဲတက်သွားလို့ ဒါနဲ့ ဘုရင်ကြီးနဲ့တွေ့ဖို့ခေါ်သွားမယ်ဆို"

ရောက်စကထက် ကြည့်ရတာ နဲနဲပိုအဆင်ပြေလာတဲ့ ပိုင်ချင်းဆိုတဲ့လူကို သူမထပ်ကြည့်လိုက်တယ်

ဒီနေ့လဲ မရိုးနိုင်တဲ့အဖြူရောင်ဝတ်စုံပဲထပ်ပြိးဝတ်လာပြန်‌တယ်

အဲ့‌တော့ သူမလဲမနေနိုင်ပဲထပ်မေးလိုက်မိတယ်

"ရှင့်အဖေက ဘာလို့ပန်းချုပ်သည်တွေကိုလိုတာလဲ"

"ထုံစံအတိုင်း မိဘုရားအတွက်ပဲပေါ့ မိဘုရားက တခြားတိုင်းပြည်ကဆိုတော့ အရောင်စုံဝတ်ရတာသဘောကျတယ်
ဒါကြောင့်ပန်းချုပ်သည်တွေက နန်း‌တွင်းမှာခစားရပြီး နှစ်တိုင်းပန်းချုပ်သည်ပြိုင်ပွဲဆိုတာလဲရှိလာတ‌ာပေါ့ "

"ဒါပေမဲ့ ကျွန်မကြားတာကတော့ ပန်းချုပ်သည်တွေကနန်းတွင်မဝင်ချင်ကြလို့ထွက်ပြေးတယ်ဆို တချို့ဆိုပုန်းတောင်နေကြတယ်တဲ့"

ပိုင်ချင်းမျက်နှာပျက်သွားတယ်

ဒါကိုအကင်းပါးတဲ့ကျူးလစ်ကလဲမြင်လိုက်တယ်

သူမမျက်မှောင်ကြုတ်သွားတာမြင်မှ ပိုင်ချင်းက အသာချောင်းဟန့်လာပြီး

"မိဘုရားက သူသဘောမတွေ့ရင် အပြစ်ဒဏ်ချလိုက်ပြီး သဘောတွေ့လို့ခစားခိုင်းရင်လဲ အစွမး်ကုန်အနိုင်ကျင့်နှိပ်စက်တတ်တယ်လို့ သတင်းထွက်ထားတယ် သိတဲ့သ‌ူ‌ေတွအကုန်သေကုန်တာမို့ အရမ်းမသိသာပေမဲ့ အဲ့ဒါကသတင်းအတိုင်းအမှန်ပဲထင်တယ်"

"ဒါဆိုရှင်က ကျွန်မကိုနန်းတော်ထဲဝင်ပြီးသေခိုင်းတာပေါ့လေ"

"ကျိန်းသေဘယ်ဟုတ်မလဲ ကျွန်တော်ကကွယ်မှာပါ စိတ်ချ ဘယ်လိုအကြောင်းမျိုးပဲရှိရှိ ကျူးမိန်းကလေးဘာမှမဖြစ်စေရဘူး "

သူမ သူ့ကိုမယုံသလိုပြန်ကြည့်လိုက်ကာ

"ရှင့်ကိုယုံခိုင်းနေတာလားအခု "

"ဟုတ်တယ် ကျွန်တော်သေချာပေါက်လုပ်နိုင်တယ် ကျုးမိနး်ကလေးသာ အချိန်ကျရင်စိတ်ပြောင်းမသွားပါနဲ့"

နှာခေါင်းကိုလက်ညိုးနဲ့ကန့်လန့်ဖြတ်ပွတ်နေပြီး သူမကို ကြည့်နေတဲ့သူရဲ့ပုံရိပ်ကိုတခြားနေရာမှာ သူမရင်းရင်းနှ္ီးနှီးမြင်ဖူးနေတယ်

ဒါကထူးဆန်းသလို နွေးထွေးတဲ့ခံစားချက်လဲဖြစ်တယ်

သူမပြုံးလိုက်ပြီး ခေါင်းငြိတ်ပြလိုက်တယ်

နောက်တော့ သူမတို့စတွေ့တုန်းကမြင်းပျံလှည်းနဲ့အတူ နန်းတော်ဆီဝင်ရောက်လာတော့တယ်

"ပိုင်ချင်းမင်းသားရောက်ရှိလာပါပြီ"

ကုန်းကုန်းကအော်လိုက်တာနဲ့

"ဝင်လာခဲ့"

နန်းတော်ကလဲ ပြောစရာမလိုအောင် အဖြူရောင်တွေချည်းပဲ

ဒီကုန်းမြေကိုစဝင်လာထဲက အဖြူရောင်တွေဟာ မကုန်တော့သလို နေရာတကာအဖြူရောင်တွေချည်းပဲ

သူမက‌တော့ ထူးခြားစွာ တောက်ပလို့နေတယ်

ဒီနေ့ မျက်စိအရိုင်းဆုံးဖြစ်တဲ့ အနီရောင်အတွင်းဝတ်ရုံပေါ်မှာ ပန်းတွေအပြည့်ရှိတဲ့ အနက်ရောင်ဇာပါးပါးလေးကိုထပ်ဝတ်ထားပြီး သူမရဲ့အနွေးဝတ်ရုံကတော့ ငွေရောင်ဖြစ်ပေမဲ့ ရောင်စံုပန်းလေးတွေကနေရာယူထားလို့ ပန်းခင်းထဲကျရောက်သွားသလိုခံစားချက်ကိုပေးစွမ်းနိုင်တယ်

အဲ့တော့ သူမဟာအရမ်းထင်းလွန်းနေပြီး အရမး်လှနေတော့ သူမဝင်လာတာနဲ့ ဘုရင့်ရဲ့အာရုံကိုတန်းဆွဲဆောင်မိသွားတော့တာပဲ

................🌴🌵🌴🌵🌴🌴🌴🌵🌴🌴🌴🌵🌴🌵🌴🌵🌴🌴🌵🌴🌵🌵🌴🌵

Alinkar nang

Lengends of spring goddness





ရေစက်ပုံစံရှိတဲ့ အပြာရောင် သလင်းကျောက် ?










ပြောပြရမယ်ဆို သူမရဲ့ဒန်ထျန်ထဲကချီ‌တွေဟာရေကန်ကြီးသဖွယ်ဖြစ်ပြီး သစ်ပင်ကြီးကတော့ အစောင့်သဖွယ်ပေါ့ အဲ့တော့ သစ်ပင်ကိုမှီပြီး သူမအလိုရှိတဲ့စွမ်းအားကိုကျင့်ကြံနိုင်တယ်






ခနခနကျရှူံးတယ်

သူမကိုယ့်ဘာသာကိုယ်ပြောနေမိတယ်

ရေကနေ ရေခဲဖြစ်လာတယ်



















ဒါပေမဲ့ သူမကတော့ စွမ်းအားတမျိုးထက်မကသူမို့ အဲ့စွမ်းအားရဲ့တန်ပြန်နှုန်းကို ဆံနွယ်လက်တစုပ်စာလောက်သာ ပေးဆပ်လိုက်ရတာဖြစ်လေတယ်






သူမထွက်လာတာနဲ့


"ဟုတ်လား"

"အိုးး ထွက်လာပြီလား။ဝိုးး အသားရောင် ဆံပင် မျက်ဝန်း အားလုံးပြောင်းလဲသွားတယ်နော် "

ဟုတ်တယ်














"မိဘုရားက သူသဘောမတွေ့ရင် အပြစ်ဒဏ်ချလိုက်ပြီး သဘောတွေ့လို့ခစားခိုင်းရင်လဲ အစွမ်းကုန်အနိုင်ကျင့်နှိပ်စက်တတ်တယ်လို့ သတင်းထွက်ထားတယ် သိတဲ့သူ‌တွေအကုန်သေကုန်တာမို့ အရမ်းမသိသာပေမဲ့ အဲ့ဒါကသတင်းအတိုင်းအမှန်ပဲထင်တယ်"





"ဟုတ်တယ် ကျွန်တော်သေချာပေါက်လုပ်နိုင်တယ် ကျုးမိန်းကလေးသာ အချိန်ကျရင်စိတ်ပြောင်းမသွားပါနဲ့"

နှာခေါင်းကိုလက်ညိုးနဲ့ကန့်လန့်ဖြတ်ပွတ်နေပြီး သူမကို ကြည့်နေတဲ့သူရဲ့ပုံရိပ်ကိုတခြားနေရာမှာ သူမရင်းရင်းနှ်ီးနှီးမြင်ဖူးနေတယ်






"ဝင်လာခဲ့"




ဒီနေ့ မျက်စိအရိုင်းဆုံးဖြစ်တဲ့ အနီရောင်အတွင်းဝတ်ရုံပေါ်မှာ ပန်းတွေအပြည့်ရှိတဲ့ အနက်ရောင်ဇာပါးပါးလေးကိုထပ်ဝတ်ထားပြီး သူမရဲ့အနွေးဝတ်ရုံကတော့ ငွေရောင်ဖြစ်ပေမဲ့ ရောင်စုံပန်းလေးတွေကနေရာယူထားလို့ ပန်းခင်းထဲကျရောက်သွားသလိုခံစားချက်ကိုပေးစွမ်းနိုင်တယ်

အဲ့တော့ သူမဟာအရမ်းထင်းလွန်းနေပြီး အရမ်းလှနေတော့ သူမဝင်လာတာနဲ့ ဘုရင့်ရဲ့အာရုံကိုတန်းဆွဲဆောင်မိသွားတော့တာပဲ

................🌴🌵🌴🌵🌴🌴🌴🌵🌴🌴🌴🌵🌴🌵🌴🌵🌴🌴🌵🌴🌵🌵🌴🌵

Alinkar nang

You are reading the story above: TeenFic.Net