စာစဉ်(3) အပိုင်း(35) uni&zgi

Background color
Font
Font size
Line height

Lengends of spring goddness

အပိုင်း(35) လက်ဖြင့်သပ်၍ပန်းအရောင်ခြယ်

ကျုးလစ်ရဲ့အပြောကြောင့်
တီးဖို့ပြင်နေတဲ့ ရန်ကျင်းရော

အကောင်အကြီးကြီးလုပ်ကာ ကယ်ထုတ်ဖို့လုပ်နေတဲ့ရှောင်ရှောင်ရော

သူမကို နားမလည်တဲ့ပုံနဲ့တပြိုင်နက်မော့ကြည့်‌လာကြတယ်

သူမကိုခက်ခက်ခဲခဲနဲ့ဖမ်းဖို့ပြင်နေကြတဲ့ ရဲမက်တွေရောပေါ့

အစထဲက ဒီတည်းခိုခနး်းထဲဝင်လာထဲက အဲ့ဒီဆင်တူဝတ်ထားတဲ့လူတွေကိုသူမသတိပြုမိပြီးသား

အေးအေးဆေးဆေးလေးနဲ့ပိပိပြားပြားသေသေသပ်သပ်လေးနေပါမယ်ဆို

သူတို့ကရန်လာရှာတော့လဲသူမကငွေစအကုန်မခံပဲ‌နဲ့မြို့တော်ရောက်ရချည်သေးရဲ့

သူမဝင်လာထဲက ဒီနေရာကလူတွေဟာ အရောင်တောက်တွေမဝတ်ပဲ အရောက်မှိုင်းတွေပဲဝတ်တယ်ဆိုတာကိုသူမသတိထားမိခဲ့တယ်

အခုမှသူမသိတာကတော့ သူတို့ကနှစ်သက်လို့ဝတ်တာမဟုတ်ပဲဝတ်စရာမရှိလို့ ဒိလိုတောဆန်တဲ့အရောင်တွေကိုဝတ်တာပဲလို့သူမသိလိုက်တယ်

တကယ့်ကိုပဲ လူတွေကလဲအဖြူရောင် ဆံပင်တွေကလဲအဖြူရောင် အဝတ်အစားတွေပါ ဒိလိုအရောင်တွေပဲဆိုတော့ နန်းတော်ကပန်းချုပ်သည်ဆိုတဲ့စက်ချုပ်တတ်တဲ့ အရောင်ဆိုးတတ်တဲ့ ပန်းထိုးတတ်တဲ့ ဝတ်ရုံမှာပန်းချ္ီဆွဲတတ်တဲ့ လက်မူ့ပညာသည်တွေကိုဖမ်းနေတာက မထူးဆန်းတော့ဘူး

သူမကတော့ စီးပွားရေးအကွက်တွေမြင်နေပြီ

တနေ့ဒီကထွက်ခွာသွားရင်တောင် စီးပွားရေးလုပ်ငန်းတွေကိုထားခဲ့မှ

ဒါဆိုရင် ဘယ်မှာမဆိုသူမငွေကြေးကိစ္စပူစရာမလိုတော့ဘူးပေါ့

"ဟီးဟီး "

ငွေအကြောင်းစဉ်းစားလိုက်ရင် လာလိုင်းနန်းမြို့တော်မှာကျန်ခဲ့တဲ့ လေလံအိမ်နဲ့သက်တံစံအိမ်အကြောင်းတွေးမိသွားပြီး သွေး‌ေတာင်တိုးချင်လာတယ်

ထားလိုက်ပါတော့ သူမရဲ့လက်အောက်ငယ်သားတွေစီမံပြှီး တုကူးရှန်းကလဲ ကြည့်ပေးတယ်ဆိုရင် သိပ်တော့ပြသနာမရှိလောက်ပါဘူး

"ဒါဆိုလဲ မိန်းကလေး ကျေးဇူးပြုပြီးကြွပါ"

အနဲငယ်ရာထူးကြီးမားပုံရတဲ့လူကထွက်လာပြီး သူမကိုအပြင်ညွန်ပြတယ်

အပြင်မှာက လေစိမ်းတွေတိုက် နှင်းတွေကလဲကျနေတာ

မြင်လေရာအဖြူရောင်တွေချည်းကို

ဘယ်သွားခိုင်းနေတာလဲ

သူမ မယုံနိုင်သလို ပြန်ကြည့်ပေးလိုက်တယ်ဆိုရင်ပဲ

"ရွီးးးးး"

လက်ခေါက်မှုတ်သံထွက်လာပြီး အဖြူရောင်မြင်းပျံများက ကောင်းကင်ပေါ်မှ ဆင်းသက်လာကြပြီး နှင်းထုကြီးရှေ့ ကျက်သရေရှိစွာပေါ်လာခဲ့တယ်

ဝိုးးးး

အဖြူရောင်မြင်း

အဖြူရောင်လှည်းနဲ့

အိမ်မက်တိုင်းပြည်ကိုအလည်ခေါ်တဲ့မင်းသားလေးရဲ့ဖိတ်ခေါ်မူ့ကိုလက်ခံလိုက်သလိုပဲ

သူမလဲ လှည်းကိုကြည့်ပြီး စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်တယ်

သူမရဲ့အတွင်းအားဒန်ထျန်က အခုနေအခါမှာ သိပ်အဆင်ပြေမနေဘူး

ဒိနှင်းပွင့်ကုန်းမြေကလူတွေအတွက်တော့မသိပေမဲ့ သူမလို ‌ေြမပြန့်ကလာတဲ့သူ‌ေတွအဖို့ကတော့ ဒန်ထျန်ကိုဓားနဲ့တချိန်လုံးခုတ်ပိုင်းနေသလိုပဲ

မျက်နှာမပျက်နေနိုင်တယ်ဆိုပေမဲ့လဲ ချီပတ်လမ်းကြောင်းကသိသိသာသာအေးခဲလာနေပြီ

ကံကောင်းတာက သူမက ရေစွမ်းအားပါလေ့ကျင့်တဲ့သူမို့ခံနိုင်ရည်ရှိပြီး ရန်ကျင်းကတော့ အသက်စွမ်းအားပေးနိုင်တဲ့သစ်သားစွမ်းအားရှင်ဖြစ်နေပေလို့ပဲ

ဒါပေါ့

သူမကလဲ သစ်သားစွမး်အားလေ့ကျင့်တယ်ဆိုပေမဲ့ အဲ့ဟာတင်မဟုတ်ပဲ တခြားအရာတွေပါလေ့ကျင့်ရသေးတာမို့ ဒန်ထျန်ထဲမှာရှိတဲ့ဝဲကန်တော့လေးတွေဟာ တဖြေ‌းဖြေး ခဲလိုက်လာတော့တာ

ထားပါတော့ လှည်းထဲရောက်သွားရင်တော့ နဂိုအခြေအနေရပြီး ပုံမှန်ပြန်ဖြစ်ရင်ဖြစ်သွားမှ‌ာပေါ့

သူမလဲ ရန်ကျင်းကိုအဓိပ္ပါယ်ရှိရှိကြည့်ကာ လှည်းရဲ့ခနး်စီးစကိုမပြီး အထဲဝင်သွားလိုက်တော့တယ်

လှည်းကအတွင်းမှာ‌လုံပြီးနွေးတယ်

လှတပတ‌ေလးဖြစ်‌ေအာင်အလှဆင်ထားပြီး မုန့်တွေဘာတွေတောင်ချထားလိုက်သေး

တခုပဲ

အဲ့ဒါကတော့ အခန်းထောင့်မှာထိုင်နေတဲ့နှင်းလူသားကြီးကြောင့်ပဲ

နေပါဦး

အဲ့ဒါက လူသားရောဟုတ်ရဲ့လား ရုပ်ထုကြိးမဟုတ်ဘူးလား

တော်တော်လက်ရာမြောက်ပြီး တော်တော်လှတဲ့ရုပ်ထု

အဖြူရောင်ဝတ်ရုံပေါ်မှာနှင်းပွင့်ပုံလေးထိုးထားတဲ့အပေါ်ထပ်ကိုဝတ်ထားပြီး အောက်ကအစိမ်းဖျော့လေးကိုခံဝတ်ထားတယ်

လက်‌တဖက်ကိုနားထင်မှာထောက်ထားပြီး နောက်တဖက်က ပေါင်ပေါ်မှာတင်ထားတယ်

အနဲငယ်စောင်းနေ‌ေပမဲ့ပြီးပြည့်စုံတဲ့ကိုယ်ဟန်က မိန်းကလေးတွေအကြိုက်ပဲဆိုတာသေချာတယ်

သူမလက်ထဲက ရှောင်ရှောင်လေးကိုအသာပွတ်သပ်ရင်း လှည်းထောင့်မှာ အဲ့ရုပ်ထုကိုလျစ်လျူရှူ့ကာထိုင်နေလိုက်တော့တယ်

ငြိမ့်ခနဲဖြစ်သွားတာနဲ့ သူမတို့လေပေါ်ရောက်နေပြီဆိုတာကိုသိလိုက်ရတယ်

နွေးထွေးပြီး ဇိမ်ရှိတာမို့ သူမလဲအနာဂတ်မှာဒီလိုတခုလောက်တော့ဝယ်ရမယ်လို့တွေးနေတုန်း

"ဟပ်ချိုး"

ရုတ်တရက်ကြီး ဟပ်ခ‌ျိုးထချေပြီး

အမဲရောင်ကော့နေတဲ့မျက်တောင်စိပ်စိပ်‌ေလးတွေကာရံထားတဲ့အပြာရောင်မျက်ဝန်းတစုံက ပွင့်ဟလာခဲ့တော့တယ်

နှုတ်ခမ်းကရဲနေပြီးတင်းတင်းစေ့ထားပေမဲ့ အခုတော့ ဟပ်ချိုးမပြတ်ချေနေလို့ သွယ်လျှလှပလွန်းတဲ့လက်ချောင်းရှည်လေးတွေနဲ့ပိတ်ထားတယ်

"မင်း အဲ့ကောင်ကိုပစ်လိုက်"

"ညောင် !!!"

ပစ်ထုတ်လိုက်လို့ပြောလို့ ဒေါသထွက်နေတဲ့ရှောင်ရှောင်လေးကိုအသာပွတ်ပေးလိုက်ရင်း သူမရှေ့ကကိုလူချောကိုစတင်မိတ်ဆက်လိုက်တယ်

"ရှင်ဆက်ဟန်မဆောင်တော့ဘူးလား"

"မင်းသိနေတာလား ဘယ်လိုလုပ်ပြီး မဟုတ်သေးပါဘူး ကိုယ့်ရဲ့အသက်ရှူသံတွေကိုတောင်သေချာထိန်းသိမ်းထားတာပါ ကိုယ်ဒိလိုသိုင်းသုံးလိုက်ရင် ဘယ်သူမှ ကိုယ့်ကိုရှင်နေတယ်လို့ကိုမထင်တော့ဘူး မင်းကဘယ်လိုလုပ်သိနေတာလဲ "

သူမလဲ ‌အငွေ့ထွက်နေတဲ့အခါးရည်ခွက်ကိုမေးထိုးပြလိုက်တယ်

"ဪ ဒါကြောင့်ကိုး မင်းက အသစ်ဖမ်းလာတဲ့ပန်းချုပ်သည်လား "

"ဟေ့ ရှင့်စကားကြည့်ပြော ဖမ်းလာတာမဟုတ်ဘူးလိုက်လာတာ"

"အဟွန်း မင်းရဲ့အရည်အချင်းကိုတော့ယုံကြည်မူ့ရှိတဲ့ပုံပဲ ကိုယ့်ခမည်းတော်ကသဘောကျမှာသေချာတယ်"

"ခမည်းတော် ဒါဆိုရှင်ကမင်းသားလား "

"အင်းပေါ့ ထင်မထားဘူးလား"

"နဲနဲပေါ့"

"ဒါဆိုမင်းက ဘာလုပ်တတ်တာလဲ"

"ရှင့်ကိုလက‌်တွေ့ပြစေချင်လား"

"ဒီမှာလား"

"အင်း"

"သဘောလေ"

ကျူးလစ်လက်ကိုဝှေ့ရမ်းလိုက်ကာ အဲ့လူရဲ့အပေါ်ဝတ်ရုံပေါ်မှာ ပန်းလေးတွေလွမ်းခြုံပေးလိုက်တယ်

သူမရဲ့ဒန်ထျန်မှာသစ်ပင်ပေါက်နေပြီး အဲ့ကအစွမ်းတွေကိုသူမကယူသုံးလိုက်ရုံပဲ

ဘာမှမခက်ဘူး

ခက်တာက သူမရဲ့ချီ‌ေတွက ဒီနေရာမှာကုန်တာမြန်လွန်းတယ်

နည်းလမး်တခုခုတော့ရှာမှ

မဟုတ်ရင်

သူမ ဆယ်ရက်ထက်ပိုအသက်မရှင်နိုင်မှာပဲဆိုးမိတယ်

လေထဲမှာပါလာတဲ့အအေးဓာတ်တွေက သူမရဲ့ဒန်ထျန်ကိုလေသင်တုန်းဓားလေးတွေလိုလာတိုက်ခိုက်နေပြိး အဲ့ဒါတွေကသူမကိုအန္တရာယ်မဖြစ်နိုင်အောင် သူမကိုယ်သူမကာကွယ်ဖို့ချီတွေကလဲကုန်သေးတယ်

‌ေလာလောဆယ်တော့ သူမရှေ့ကပန်းလူသားကြီးကိုကြည့်ပြီး ရယ်ချင်စိတ်နဲ့ပြုံးစိစိဖြစ်လာတာပဲ

ရောက်စတုန်းက သတိထားထားတဲ့သူမရဲ့စိတ်ကိုလဲတထစ်လျှော့လိုက်မိတယ်

ထူးထူးဆန်းဆန်း ဒီလူက တုကူးရှန်းလို ရင်းနှီးကျွမ်းဝင်မူ့ကို ခံစားရတယ်

"ကိုယ့်နာမည်က ပိုင်ချင်း မင်းကရော ဖြူစင်မူ့ရဲ့ပိုင် နဲ့ အစိမ်းရောင်ရဲ့ချင်း "

"ကျူးလစ် ပန်းနာမည်ပါ"

" လှတယ် နာမည်က"

"ရှင့်နာမည်ကထူးဆန်းတယ် ဘယ်လိုတောင်မှဲ့ထားတာလဲ "

"အင်း အစိမ်းရောင်လေးရဲ့ဖြူစင်မူ့ပေါ့ ဟားဟား ကိုယ့်အမေကဒိအတိုင်းဘောင်မဝင်တဲ့မိဘုရားလေးတပါးမို့ ဒိနာမည်မှည့်ထားတာလားကိုယ်လဲသေချာတော့မသိဘူး "

"........."

ဘာဆိုင်လို့လဲ သူ့အမေက ဖောက်ပြန်ပြီးမွေးထားလို့ ဒီနာမည်ကိုပေးထားတာလား

ဘာလား

ဒီထူးဆန်းတဲ့နာမည်နဲ့လူက လူလိမ်မဟုတ်ဘူးဆိုတာသေချာရဲ့လား

မင်းသားတပါးဆိုတာရော တကယ်သေချာရဲ့လား

ကြည့်ရတာ လူလိမ်နဲ့ပိုတူနေတယ်

"........"

.......🌵🌴🌵🌴🌵🌴🌵🌴🌵🌴🌵🌴🌵🌴🌵🌴🌵🌴🌴🌴

Alinkar nang

Lengends of spring goddness

အပိုင္း(35) လက္ျဖင့္သပ္၍ပန္းအေရာင္ျခယ္

က်ဳးလစ္ရဲ့အေျပာေၾကာင့္
တီးဖို့ျပင္ေနတဲ့ ရန္က်င္းေရာ

အေကာင္အႀကီးႀကီးလုပ္ကာ ကယ္ထုတ္ဖို့လုပ္ေနတဲ့ေရွာင္ေရွာင္ေရာ

သူမကို နားမလည္တဲ့ပုံနဲ႔တၿပိဳင္နက္ေမာ့ၾကည့္‌လာၾကတယ္

သူမကိုခက္ခက္ခဲခဲနဲ႔ဖမ္းဖို့ျပင္ေနၾကတဲ့ ရဲမက္ေတြေရာေပါ့

အစထဲက ဒီတည္းခိုခနး္းထဲဝင္လာထဲက အဲ့ဒီဆင္တူဝတ္ထားတဲ့လူေတြကိုသူမသတိျပဳမိၿပီးသား

ေအးေအးေဆးေဆးေလးနဲ႔ပိပိျပားျပားေသေသသပ္သပ္ေလးေနပါမယ္ဆို

သူတို့ကရန္လာရွာေတာ့လဲသူမကေငြစအကုန္မခံပဲ‌နဲ႔ၿမိဳ့ေတာ္ေရာက္ရခ်ည္ေသးရဲ့

သူမဝင္လာထဲက ဒီေနရာကလူေတြဟာ အေရာင္ေတာက္ေတြမဝတ္ပဲ အေရာက္မွိုင္းေတြပဲဝတ္တယ္ဆိုတာကိုသူမသတိထားမိခဲ့တယ္

အခုမွသူမသိတာကေတာ့ သူတို့ကႏွစ္သက္လို့ဝတ္တာမဟုတ္ပဲဝတ္စရာမရွိလို့ ဒိလိုေတာဆန္တဲ့အေရာင္ေတြကိုဝတ္တာပဲလို့သူမသိလိုက္တယ္

တကယ့္ကိုပဲ လူေတြကလဲအျဖဴေရာင္ ဆံပင္ေတြကလဲအျဖဴေရာင္ အဝတ္အစားေတြပါ ဒိလိုအေရာင္ေတြပဲဆိုေတာ့ နန္းေတာ္ကပန္းခ်ဳပ္သည္ဆိုတဲ့စက္ခ်ဳပ္တတ္တဲ့ အေရာင္ဆိုးတတ္တဲ့ ပန္းထိုးတတ္တဲ့ ဝတ္႐ုံမွာပန္းခ်္ီဆြဲတတ္တဲ့ လက္မူ႔ပညာသည္ေတြကိုဖမ္းေနတာက မထူးဆန္းေတာ့ဘူး

သူမကေတာ့ စီးပြားေရးအကြက္ေတြျမင္ေနၿပီ

တေန႔ဒီကထြက္ခြာသြားရင္ေတာင္ စီးပြားေရးလုပ္ငန္းေတြကိုထားခဲ့မွ

ဒါဆိုရင္ ဘယ္မွာမဆိုသူမေငြေၾကးကိစၥပူစရာမလိုေတာ့ဘူးေပါ့

"ဟီးဟီး "

ေငြအေၾကာင္းစဥ္းစားလိုက္ရင္ လာလိုင္းနန္းၿမိဳ့ေတာ္မွာက်န္ခဲ့တဲ့ ေလလံအိမ္နဲ႔သက္တံစံအိမ္အေၾကာင္းေတြးမိသြားၿပီး ေသြး‌ေတာင္တိုးခ်င္လာတယ္

ထားလိုက္ပါေတာ့ သူမရဲ့လက္ေအာက္ငယ္သားေတြစီမံျပႇီး တုကူးရွန္းကလဲ ၾကည့္ေပးတယ္ဆိုရင္ သိပ္ေတာ့ျပသနာမရွိေလာက္ပါဘူး

"ဒါဆိုလဲ မိန္းကေလး ေက်းဇူးျပဳၿပီးႂကြပါ"

အနဲငယ္ရာထူးႀကီးမားပုံရတဲ့လူကထြက္လာၿပီး သူမကိုအျပင္ညြန္ျပတယ္

အျပင္မွာက ေလစိမ္းေတြတိုက္ ႏွင္းေတြကလဲက်ေနတာ

ျမင္ေလရာအျဖဴေရာင္ေတြခ်ည္းကို

ဘယ္သြားခိုင္းေနတာလဲ

သူမ မယုံနိုင္သလို ျပန္ၾကည့္ေပးလိုက္တယ္ဆိုရင္ပဲ

"ရွီးးးးး"

လက္ေခါက္မွုတ္သံထြက္လာၿပီး အျဖဴေရာင္ျမင္းပ်ံမ်ားက ေကာင္းကင္ေပၚမွ ဆင္းသက္လာၾကၿပီး ႏွင္းထုႀကီးေရွ႕ က်က္သေရရွိစြာေပၚလာခဲ့တယ္

ဝိုးးးး

အျဖဴေရာင္ျမင္း

အျဖဴေရာင္လွည္းနဲ႔

အိမ္မက္တိုင္းျပည္ကိုအလည္ေခၚတဲ့မင္းသားေလးရဲ့ဖိတ္ေခၚမူ႔ကိုလက္ခံလိုက္သလိုပဲ

သူမလဲ လွည္းကိုၾကည့္ၿပီး စိတ္ေက်နပ္စြာေခါင္းညိတ္လိုက္တယ္

သူမရဲ့အတြင္းအားဒန္ထ်န္က အခုေနအခါမွာ သိပ္အဆင္ေျပမေနဘူး

ဒိႏွင္းပြင့္ကုန္းေျမကလူေတြအတြက္ေတာ့မသိေပမဲ့ သူမလို ‌ေျမျပန႔္ကလာတဲ့သူ‌ေတြအဖို့ကေတာ့ ဒန္ထ်န္ကိုဓားနဲ႔တခ်ိန္လုံးခုတ္ပိုင္းေနသလိုပဲ

မ်က္ႏွာမပ်က္ေနနိုင္တယ္ဆိုေပမဲ့လဲ ခ်ီပတ္လမ္းေၾကာင္းကသိသိသာသာေအးခဲလာေနၿပီ

ကံေကာင္းတာက သူမက ေရစြမ္းအားပါေလ့က်င့္တဲ့သူမို့ခံနိုင္ရည္ရွိၿပီး ရန္က်င္းကေတာ့ အသက္စြမ္းအားေပးနိုင္တဲ့သစ္သားစြမ္းအားရွင္ျဖစ္ေနေပလို့ပဲ

ဒါေပါ့

သူမကလဲ သစ္သားစြမး္အားေလ့က်င့္တယ္ဆိုေပမဲ့ အဲ့ဟာတင္မဟုတ္ပဲ တျခားအရာေတြပါေလ့က်င့္ရေသးတာမို့ ဒန္ထ်န္ထဲမွာရွိတဲ့ဝဲကန္ေတာ့ေလးေတြဟာ တေျဖ‌းေျဖး ခဲလိုက္လာေတာ့တာ

ထားပါေတာ့ လွည္းထဲေရာက္သြားရင္ေတာ့ နဂိုအေျခအေနရၿပီး ပုံမွန္ျပန္ျဖစ္ရင္ျဖစ္သြားမွ‌ာေပါ့

သူမလဲ ရန္က်င္းကိုအဓိပၸါယ္ရွိရွိၾကည့္ကာ လွည္းရဲ့ခနး္စီးစကိုမၿပီး အထဲဝင္သြားလိုက္ေတာ့တယ္

လွည္းကအတြင္းမွာ‌လုံၿပီးေႏြးတယ္

လွတပတ‌ေလးျဖစ္‌ေအာင္အလွဆင္ထားၿပီး မုန႔္ေတြဘာေတြေတာင္ခ်ထားလိုက္ေသး

တခုပဲ

အဲ့ဒါကေတာ့ အခန္းေထာင့္မွာထိုင္ေနတဲ့ႏွင္းလူသားႀကီးေၾကာင့္ပဲ

နေပါဦး

အဲ့ဒါက လူသားေရာဟုတ္ရဲ့လား ႐ုပ္ထုႀကိးမဟုတ္ဘူးလား

ေတာ္ေတာ္လက္ရာေျမာက္ၿပီး ေတာ္ေတာ္လွတဲ့႐ုပ္ထု

အျဖဴေရာင္ဝတ္႐ုံေပၚမွာႏွင္းပြင့္ပုံေလးထိုးထားတဲ့အေပၚထပ္ကိုဝတ္ထားၿပီး ေအာက္ကအစိမ္းေဖ်ာ့ေလးကိုခံဝတ္ထားတယ္

လက္‌တဖက္ကိုနားထင္မွာေထာက္ထားၿပီး ေနာက္တဖက္က ေပါင္ေပၚမွာတင္ထားတယ္

အနဲငယ္ေစာင္းေန‌ေပမဲ့ၿပီးျပည့္စုံတဲ့ကိုယ္ဟန္က မိန္းကေလးေတြအႀကိဳက္ပဲဆိုတာေသခ်ာတယ္

သူမလက္ထဲက ေရွာင္ေရွာင္ေလးကိုအသာပြတ္သပ္ရင္း လွည္းေထာင့္မွာ အဲ့႐ုပ္ထုကိုလ်စ္လ်ဴရွူ႔ကာထိုင္ေနလိုက္ေတာ့တယ္

ၿငိမ့္ခနဲျဖစ္သြားတာနဲ႔ သူမတို့ေလေပၚေရာက္ေနၿပီဆိုတာကိုသိလိုက္ရတယ္

ေႏြးေထြးၿပီး ဇိမ္ရွိတာမို့ သူမလဲအနာဂတ္မွာဒီလိုတခုေလာက္ေတာ့ဝယ္ရမယ္လို့ေတြးေနတုန္း

"ဟပ္ခ်ိဳး"

႐ုတ္တရက္ႀကီး ဟပ္ခ‌်ိဳးထေခ်ၿပီး

အမဲေရာင္ေကာ့ေနတဲ့မ်က္ေတာင္စိပ္စိပ္‌ေလးေတြကာရံထားတဲ့အျပာေရာင္မ်က္ဝန္းတစုံက ပြင့္ဟလာခဲ့ေတာ့တယ္

ႏွုတ္ခမ္းကရဲေနၿပီးတင္းတင္းေစ့ထားေပမဲ့ အခုေတာ့ ဟပ္ခ်ိဳးမျပတ္ေခ်ေနလို့ သြယ္လၽွလွပလြန္းတဲ့လက္ေခ်ာင္းရွည္ေလးေတြနဲ႔ပိတ္ထားတယ္

"မင္း အဲ့ေကာင္ကိုပစ္လိုက္"

"ေညာင္ !!!"

ပစ္ထုတ္လိုက္လို့ေျပာလို့ ေဒါသထြက္ေနတဲ့ေရွာင္ေရွာင္ေလးကိုအသာပြတ္ေပးလိုက္ရင္း သူမေရွ႕ကကိုလူေခ်ာကိုစတင္မိတ္ဆက္လိုက္တယ္

"ရွင္ဆက္ဟန္မေဆာင္ေတာ့ဘူးလား"

"မင္းသိေနတာလား ဘယ္လိုလုပ္ၿပီး မဟုတ္ေသးပါဘူး ကိုယ့္ရဲ့အသက္ရွူသံေတြကိုေတာင္ေသခ်ာထိန္းသိမ္းထားတာပါ ကိုယ္ဒိလိုသိုင္းသုံးလိုက္ရင္ ဘယ္သူမွ ကိုယ့္ကိုရွင္ေနတယ္လို့ကိုမထင္ေတာ့ဘူး မင္းကဘယ္လိုလုပ္သိေနတာလဲ "

သူမလဲ ‌အေငြ႕ထြက္ေနတဲ့အခါးရည္ခြက္ကိုေမးထိုးျပလိုက္တယ္

"ဪ ဒါေၾကာင့္ကိုး မင္းက အသစ္ဖမ္းလာတဲ့ပန္းခ်ဳပ္သည္လား "

"ေဟ့ ရွင့္စကားၾကည့္ေျပာ ဖမ္းလာတာမဟုတ္ဘူးလိုက္လာတာ"

"အဟြန္း မင္းရဲ့အရည္အခ်င္းကိုေတာ့ယုံၾကည္မူ႔ရွိတဲ့ပုံပဲ ကိုယ့္ခမည္းေတာ္ကသေဘာက်မွာေသခ်ာတယ္"

"ခမည္းေတာ္ ဒါဆိုရွင္ကမင္းသားလား "

"အင္းေပါ့ ထင္မထားဘူးလား"

"နဲနဲေပါ့"

"ဒါဆိုမင္းက ဘာလုပ္တတ္တာလဲ"

"ရွင့္ကိုလက‌္ေတြ႕ျပေစခ်င္လား"

"ဒီမွာလား"

"အင္း"

"သေဘာေလ"

က်ဴးလစ္လက္ကိုေဝွ႕ရမ္းလိုက္ကာ အဲ့လူရဲ့အေပၚဝတ္႐ုံေပၚမွာ ပန္းေလးေတြလြမ္းျခဳံေပးလိုက္တယ္

သူမရဲ့ဒန္ထ်န္မွာသစ္ပင္ေပါက္ေနၿပီး အဲ့ကအစြမ္းေတြကိုသူမကယူသုံးလိုက္႐ုံပဲ

ဘာမွမခက္ဘူး

ခက္တာက သူမရဲ့ခ်ီ‌ေတြက ဒီေနရာမွာကုန္တာျမန္လြန္းတယ္

နည္းလမး္တခုခုေတာ့ရွာမွ

မဟုတ္ရင္

သူမ ဆယ္ရက္ထက္ပိုအသက္မရွင္နိုင္မွာပဲဆိုးမိတယ္

ေလထဲမွာပါလာတဲ့အေအးဓာတ္ေတြက သူမရဲ့ဒန္ထ်န္ကိုေလသင္တုန္းဓားေလးေတြလိုလာတိုက္ခိုက္ေနၿပိး အဲ့ဒါေတြကသူမကိုအႏၲရာယ္မျဖစ္နိုင္ေအာင္ သူမကိုယ္သူမကာကြယ္ဖို့ခ်ီေတြကလဲကုန္ေသးတယ္

‌ေလာေလာဆယ္ေတာ့ သူမေရွ႕ကပန္းလူသားႀကီးကိုၾကည့္ၿပီး ရယ္ခ်င္စိတ္နဲ႔ျပဳံးစိစိျဖစ္လာတာပဲ

ေရာက္စတုန္းက သတိထားထားတဲ့သူမရဲ့စိတ္ကိုလဲတထစ္ေလၽွာ့လိုက္မိတယ္

ထူးထူးဆန္းဆန္း ဒီလူက တုကူးရွန္းလို ရင္းႏွီးကၽြမ္းဝင္မူ႔ကို ခံစားရတယ္

"ကိုယ့္နာမည္က ပိုင္ခ်င္း မင္းကေရာ ျဖဴစင္မူ႔ရဲ့ပိုင္ နဲ႔ အစိမ္းေရာင္ရဲ့ခ်င္း "

"က်ဴးလစ္ ပန္းနာမည္ပါ"

" လွတယ္ နာမည္က"

"ရွင့္နာမည္ကထူးဆန္းတယ္ ဘယ္လိုေတာင္မွဲ႕ထားတာလဲ "

"အင္း အစိမ္းေရာင္ေလးရဲ့ျဖဴစင္မူ႔ေပါ့ ဟားဟား ကိုယ့္အေမကဒိအတိုင္းေဘာင္မဝင္တဲ့မိဘုရားေလးတပါးမို့ ဒိနာမည္မွည့္ထားတာလားကိုယ္လဲေသခ်ာေတာ့မသိဘူး "

"........."

ဘာဆိုင္လို့လဲ သူ႔အေမက ေဖာက္ျပန္ၿပီးေမြးထားလို့ ဒီနာမည္ကိုေပးထားတာလား

ဘာလား

ဒီထူးဆန္းတဲ့နာမည္နဲ႔လူက လူလိမ္မဟုတ္ဘူးဆိုတာေသခ်ာရဲ့လား

မင္းသားတပါးဆိုတာေရာ တကယ္ေသခ်ာရဲ့လား

ၾကည့္ရတာ လူလိမ္နဲ႔ပိုတူေနတယ္

"........"

.......🌵🌴🌵🌴🌵🌴🌵🌴🌵🌴🌵🌴🌵🌴🌵🌴🌵🌴🌴🌴

Alinkar nang

You are reading the story above: TeenFic.Net