စာစဉ်(2) အပိုင်း(29) uni&zgi

Background color
Font
Font size
Line height


Lengends of spring goddness

အပိုင်း(29) ချွေးမအဖြစ်ကမ်းလှမ်းခြင်းမှငြင်းပယ်

မယ်တော်ကြီးက သူ့သားတော်ကိုဂရုတစိုက်နဲ့လေ့လာနေတယ်

သူမမြေးချီချင်နေပြီဆိုပေမဲ့ ကံမကောင်းစွာ သားတော်နှစ်ယောက်လုံးက သိုင်းပညာကိုလိုက်စားကြပြီး ကျင့်ကြံခြင်းလမ်းမပေါ်မှာ ကံဆုံတဲ့မိန်းက‌လေးတစ်ယောက်မှရှိမလာခဲ့

အခု ကြည့်ရ‌တာတော့ ဒိမိန်းကလေးကို သူမသားကကြိုက်နှစ်သက်နေတဲ့ပုံရတယ်

မိန်းကလေးကိုကြည့်လိုက်တော့လဲ ယဉ်ယဉ်ကျေိးကျေးလှလှပပလေး

ပြည့်စုံတဲ့အပြင် ကျင့်ကြံခြင်းလမ်းပေါ်မှာလဲရှိတယ်

နောက်ဆုံးတော့မနေနိုင်တော့တဲ့ဒိီအဖွားကြီးပဲ ထပြောရတော့တယ်

"စိတ်မရှိဘူးဆိုရင် မိန်ကလေးကို တခုလောက်မေးလို့ရမလား "

ကျူးလစ်မျက်ခုံးပင့်လိုက်မိပေမဲ့ ယဉ်ယဉ်ကျေးကျေးပဲခေါင်းညိတ်လိုက်တယ်

"အမ်း မိန်းကလေးစုံမက်တဲ့သူများရှိနေပြီလား "

"........."

ကျုးလစ် အံဩသွားပြီး ကြောင်တောင်တောင်လေး‌ဖြစ်သွားလို့ သူမရဲ့စွမ်းအင်နဲ့ကုသပေးမူ့မှာဖောက်ပြန်တော့မလိုတောင်ဖြစ်သွားတယ်

ရောဂါနဲ့ပတ်သတ်တာကိုမမေးပဲ ထူးထူးဆန်းဆန်းမေးလာထဲက သူမဘာပြန်ပြောလိုက်ရမှန်းမသိဘူး

နောက်တခုက မယ်တော်ကြီးကသူမကို‌ပစ္စည်းတခုလိုမျိုးကြည့်လိုက်ခေါင်းငြိတ်လိုက်ကျေနပ်လိုက်တွေဖြစ်နေတာ

အဲ့တော့ တုကူးရှနး်ကိုပဲ မျက်လုံးနဲ့အကူအညီတောင်းရတော့တယ်

"်‌မယ်တော်ကလဲ "

သူမဒီထက်ကြာရင်သီးခံနိုင်မယ်မထင်ဘူး

"မယ်တော်ကြီး စိတ်လှုပ်ရှားမူ့များရင် ရောဂါပြန်ထတတ်ပါတယ် "

သူမပြောချင်တာကတော့ စကားပြောရပ်လိုက်ပါတော့လို့ပေါ့

ဒါပေမဲ့လဲ

"မိန်းကလေး ဒီကသားတော်လေးကိုဘယ်လိုမြင်လဲ သားတော်လေးကလဲ မိန်းကလေးကိုစုံမက်နေတယ်ဆိုတာကြည့်လိုက်တာနဲ့သိနိုင်တာပဲ အမ်..... ဒီမယ်တော်ကြီးရဲ့ချွေးမ‌
တော်လုပ်မလား "

"အဟွတ် အဟွတ် "

ကျုးလစ်မျက်လုံးပြူးရပြီ ချွေးမတော်?

"အာ တုကူးရှန်း ဆေးညွန်းယူဖို့သက်တံစံအိမ်ကိုလိုက်ခဲ့ပါ ဟို... မယ်တော်ကြီး ခွင့်ပြုပါဦး"

ကျူးလစ်လဲ အဲ့နေရာမှာဆက်နေရင် ရှက်လွန်းလို့အငွေ့ပျံတော့မယ်လို့ထင်တာကြောင့် အသိုက်ကရိုက်ထွက်ပြေးလာတော့တယ်

"ဟားဟားဟားးးးးးးး ရှက်သွားပြီပဲ သွားသွား သံဆိုတာပူတုန်းထုရတယ်တဲ့ အဖြေသွားတောင်းချည် "

"အာ မယ်တော်ကလဲ"

သူမအလျှင်အမြန်ထွက်လာခဲ့ပေမဲ့ နောက်ကစကားသံတွေကိုကြားဖြစ်အောင်ကြားလိုက်ရသေးတယ်

တုကူးရှန်း........

သူမမှာ ဖြေရှင်းစရာကိစ္စတွေရော အဖြေမပေါ်သေးတဲ့ကိစ္စတွေရော လျို့ဝှက်ဆန်းကြယ်မူ့တွေရော အများကြီးရှိသေးတာကြောင့် အချစ်ရေးမှာအချိန်မဖြုန်းလိုခဲ့တာ

သူမဘာကြောင့်ဒီကိုကူးပြောင်းလာတာလဲ

ဘာကြောင့် သူမရဲ့ဒန်ထျန်ကသူများတွေနဲ့မတူရတာလဲ

ချွေချွန်းဟွားနဲ့သူမ ဘယ်လိုပတ်သတ်နေတာလဲ

အဲ့လိုဖြေရှင်းစရာတွေ

သူမကိုယ်ထဲက သစ်ပင်ကဘာလဲ

သူမရဲ့ကိုယ်ထဲမှာကိန်းအောင်းနေတဲ့အမျိုးသမီးကဘယ်သူလဲ

နတ်ဘုရားအဆင့်လက်နက်တွေ

အဲ့ဒီလိုအဖြေမပေါ်သေးတဲ့အရာတွေနဲ့

သူမရဲ့မျက်ဝန်းတွေအမြဲအရောင်ပြောင်းနေတာလိုမျိုး

သူမရဲ့ခေါင်းမှာပန်းတွေရှိနေတာလိုမျိုး

နောက်ဆုံးတခုက သူမနဲ့အိမ်မက်ရဲ့ ပတ်သတ်ဆက်နွယ်မူ့

အဲ့ဒီလိုဆန်းကြယ်တဲ့အရာတွေ

ဖြေရှင်းပြီးမှဆိုရင် တုကူးရှန်းက သူမဘေးမှာရှိနိုင်ဦးမှာတဲ့လား

ဘယ်လိုဖြစ်နိုင်မှာလဲ

သူမရဲ့သီအိုရီအရတော့ ယောကျာ်းတွေက လိုချင်တာတခုခုကိုကြာရှည်စွာစောင့်ဆိုင်းဖို့စိတ်မရှည်တတ်ကြဘူး

ဟောဟောဒိုင်းဒိုင်းနဲ့ရယူပြီး ငြီးငွေ့သွားရင်လဲ တုန့်ဆိုင်းမူ့မရှိပဲ လွင့်ပစ်တတ်ကြတယ်

နောက်ဆုံးတော့ သူတို့အလိုကိုလိုက်ပေးခဲ့ကြရတဲ့မိန်းကလေးတွေသာအရူးတွေဖြစ်ကုန်ရော

အဲ့လိုအဖြစ်မျိုးနဲ့လဲမကြုံချင်ဘူး

တုကူးရှန်းကိုလဲဘေးမှာအကြာကြီးမထားချင်ဘူး

သူမချစ်မိသွားရင် အားလုံးကိုဥပက္ခာပြုပြီးသားဖြစ်သွားလိမ့်မယ်

အချစ်ရဲ့အရသာက ပင်လယ်ရေလိုပဲတဲ့ သောက်လေသောက်လေငတ်မပြေဘူးတဲ့

အဲ့နွံထဲသာသူမရောက်သွားခဲ့ရင် ကြောက်မိတာက သူမရဲ့ဆုံးဖြတ်ချက်‌ေတွ လုပ်ဆောင်ချက်တွေအားလုံးယိုင်နဲ့သွားလိမ့်မယ်

နောက်တခုက တုကူးရှန်းကိုယ်တိုင်ကလဲ ဘာအကြောင်းမှမရှိပဲ သူမဘေးမှာအကြာကြီးရှိနေနိုင်ပါ့မလားဆိုတဲ့အချက်ပဲ

"ဘယ်သူလဲ?"

ကျူးလစ်တွေးချင်ရာတွေးနေတာနဲ့ သတိလွတ်သွားလိုက်မိတယ်

အနားကပ်လာမှရတဲ့အန္တရာယ်ကိုခုန်ရှောင်လိုက်ပြီး သူမထိုင်တဲ့နေရာတခုလုံးလဲစုတ်ပြတ်သွားခဲ့တယ်

သူမထိုင်ခဲ့နေရာမှာ ရှိနေတာက

"ရေတွေလား ? "

ဟုတ်တာပေါ့ ချွေမိသားစုပဲပေါ့

သူမလွတ်ပေးထားလို့ကမ်းတက်နေတဲ့သူတွေပေါ့

"ဒေါ်လေး ရောက်လာပြီးရင်လဲ သူခိုးလိုပုန်းမနေပါနဲ့လား "

သူမအဖေရဲ့ကိုယ်လုပ်တော်....

"ကောင်းပြီ ဒီနေ့ ငါ့သားနှစ်ယောက်နဲ့ငါ့သမီးနှစ်ယောက်အတွက် နင့်အသက်ကိုလာယူတာ အားလုံးပဲ တိုက်ကြ အဲ့ကောင်မရဲ့အသားတစတောင်မမြင်ချင်ဘူး"

ပြောပြီးတာနဲ့ အမှောင်ထဲက ရေစွမ်းအားရှင်ဆယ်ယောက်ခန့် ထွက်ပေါ်လာပြီးသူမကို သတ်ဖို့ကြိုးစားကြတော့တယ်

"မဟုတ်သေးဘူး တခုခုမှားနေတယ်"

သူမကိုဝိုင်းတိုက်ကြတဲ့သူတွေအားလုံးက ကောင်းကင်အဆင့်စွမ်းအားရှင်တွေချည်းပဲ

သို့သော်

သူတို့ရဲ့ စွမ်းအားကပိတ်ပင်ခံထားရသလို အနဲငယ်ယုတ်လျှော့နေတယ်

"ယားးး "

သူမဆီပစ်လွင့်လာတဲ့ရေစက်တွေကို ‌တပတ်ကျွမ်းပစ်ကာရှောင်လိုက်ပြီး အဲ့ဒိအားနဲ့အမြင့်ကိုဆက်ခုန်သွားလိုက်တယ်

တခုခုတော့မှားနေတာ

သူမ လူဆယ်ယောက်ကိုအပေါ်စီးကနေ နတ်ဘုရားအားရုံကိုအသုံးပြုကာ ရှာဖွေလိုက်တယ်

"ဟွန့် ငါ့ကိုများ ‌လှည့်စားချင်သေးတယ် အိမ်မက်မက်နေလိုက်"

သူမတွေ့ခဲ့တယ်

အဲ့ဒါက လူဆယ်ယောက်လုံးရဲ့ဒန်ထျန်ဟာရေနဲ့ဖွဲ့စည်းထားတာမဟုတ်ပဲ ‌နှင်းတွေဖြစ်နေခဲ့တာပဲ

ဆိုလိုတာကတော့ ဒိလူဆယ်ယောက်ဟာ ကောင်းကင်စွမ်းအားရှင်တွေဖြစ်ပြီးတော့ နှင်းကိုအဓိကအသုံးပြုတာဖြစ်လောက်တယ်

ဒါပေမဲ့ သူတို့ရဲ့သရုပ်မှန်ကိုရှာတွေ့သွားမှာစိုးလို့ ရေစက်အဖြစ်နဲ့ပဲအသုံးပြုနိုင်တယ်

ဒါကြောင့် သူတို့ရဲ့အစွမ်းတွေကိုအကုန်အစင်အသုံးမပြုနိုင်တာပဲ

ရေခဲနဲ့ရေတောင်မှပဲ ကွာခြားချက်အရမ်းများတာကြောင့် ရေခဲအဖြစ်ထုတ်မသုံးရဲပဲ ရေစက်တွေကိုသာအသုံးပြုနိုင်တာကပဲသူတို့ကိုခြေချုပ်မိသွားစေတာ

သူမလဲရေစွမ်းအားရှင်ဆိုတော့ သူမရဲ့အဆောင်ဟာ တခနအတွင်းမှာ စုတ်ပြတ်လို့သွားလေတယ်

ကျူးလစ် သူမဆီပစ်လွင့်လာတဲ့ရေစက်တွေကိုဖမ်းယူလိုက်ပြီးပြန်လည်ပစ်လိုက်တယ်

ဟိုဘက်က ဆယ်ယောက် သူမကတစ်ယောက်

အပြတ်ရှင်းဖို့လာတယ်ဆိုတာပြောနေစရာတောင်မလိုဘူး

လေကိုအသုံးပြုရင်းသူမရှောင်တိမ်းဖို့နဲ့ တခါတရံပြန်လည်တိုက်ခိုက်တာလောက်ပဲလုပ်နိုင်တယ်

သူမလက်ကိုအပြင်ဖက်ညွန်လိုက်တယ် သစ်ရွက်ပေါင်းများစွာဟာသူမလက်ထဲရောက်လာပြီး လက်ညိုးနဲ့လလက်ခလယ်ကိုအသုံးပြုကာ သူမနားရောက်လာသမျှသစ်ရွက်တွေကိုဖမ်းယူကာ လက်နက်ပုန်းပစ်သလိုဆက်တိုက်ပစ်နေရတယ်

သူမတို့တိုက်ခိုက်မူ့ကထွက်လာတဲ့ဆူညံသံက ရန်ကျန်းနဲ့အခြားတပည့်အားလံုးကိုနိုးသွားစေပြီး သူမဘက်အားဖြည့်လာတာကြောင့် သူမတို့တိုက်ပွဲကပိုပြင်းထန်လာခဲ့တယ်

ဟိုဖက်အဖွဲ့ကလဲ သူတို့အခြေအနေမဟန်တာကိုသိလိုက်တာနဲ့ သူတို့စွမ်းအားတွေကိုဆက်မဖွက်ထားတော့ပဲအလုံးစုံထုတ်သုံးလာတော့တယ်

အခန်းထဲမှာ နှင်းပွင့်ချပ်တွေနဲ့သစ်ရွက်တွေဟာ ပွစိထိုးနေပြီး လူတိုင်းဟာ တိုက်ခိုက်နေကြသလို သေဆုံးပြီးသားအလောင်းတွေပါရှိလာတော့တယ်

..........🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾

Alinkar nang

Lengends of spring goddness







နောက်ဆုံးတော့မနေနိုင်တော့တဲ့ဒီအဖွားကြီးပဲ ထပြောရတော့တယ်




"........."




အဲ့တော့ တုကူးရှန်းကိုပဲ မျက်လုံးနဲ့အကူအညီတောင်းရတော့တယ်

"်‌မယ်တော်ကလဲ "




ဒါပေမဲ့လဲ

တော်လုပ်မလား "

"အဟွတ် အဟွတ် "





"အာ မယ်တော်ကလဲ"


တုကူးရှန်း........























အဲ့နွံထဲသာသူမရောက်သွားခဲ့ရင် ကြောက်မိတာက သူမရဲ့ဆုံးဖြတ်ချက်‌တွေ လုပ်ဆောင်ချက်တွေအားလုံးယိုင်နဲ့သွားလိမ့်မယ်


"ဘယ်သူလဲ?"




"ရေတွေလား ? "









သို့သော်


"ယားးး "


တခုခုတော့မှားနေတာ



သူမတွေ့ခဲ့တယ်












သူမတို့တိုက်ခိုက်မူ့ကထွက်လာတဲ့ဆူညံသံက ရန်ကျန်းနဲ့အခြားတပည့်အားလုံးကိုနိုးသွားစေပြီး သူမဘက်အားဖြည့်လာတာကြောင့် သူမတို့တိုက်ပွဲကပိုပြင်းထန်လာခဲ့တယ်



..........🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾

Alinkar nang

You are reading the story above: TeenFic.Net