Lengends of spring goddness
အပိုင်း(27) သူမကကုသသူလား
ရန်ကျင်းလဲ အနဲငယ်ဒေါသထွက်သွားခဲ့တယ်
ဒီလူကဘာလဲ
လာလိုင်းမြို့တော်ရဲ့အရှင်ဖြစ်တိုင်း စွက်ဖက်ချင်တိုင်းစွက်ဖက်လို့ရလို့လား
ဒါပေမဲ့လဲ အရှင်မယုံကြည်တဲ့သူဆိုတာရှားပါးတယ်
ပြီးတော့ အရှင်မကိုသုံးရက်ဝာာစောင့်ရှောက်ပေးထားတာကြောင့်ရော
ထောက်ထားစရာတွေများတာကြောင့် ဦးညွတ်ပြီး ပြန်လည်ဖြေရှင်းပြရတော့တယ်
"အရှင် .....အရှင်မ ကုသသူပါ အရှင်မ အင်အားတိုးဖို့အတွက်ရော ဒဏ်ရာတွေကုသဖို့အတွက်ပါဒီရေကန်ထဲမှာပဲလုပ်ဆောင်လေ့ရှိပါတယ်
ဒါကြောင့် ကျွန်တော်မျိုးကိုမယုံကြည်ရင်နေပါ အရှင်မကိုတော့ယုံကြည်သင့်ပါတယ် ကွျန်ေတာ်မျိုးကလဲ အရှင်မအန္တရာယ်ရှိမဲ့အရာလုံးဝမလုပ်ဘူးဆိုတာတော့ယုံထားလို့ရပါတယ်အရှင်"
"ကောင်းပြီ"
ရန်ကျင်းရဲ့တည်တည်ကြည်ကြည်မျက်နှာထားကိုကြည့်လိုက်ကာ တုကူးရှနး်တားဆီးဖို့ လက်လျှော့လိုက်တယ်
ပြီးတော့ သူမကဘာကြောင့်ရန်ကျင်းကိုဆက်ခံသူအဖြစ်ရွေးချယ်ထားသလဲဆိုဝာာကိုပါသိလိုက်ရသလိုပဲမို့ သူနှလု့းသားတခုလုံးဟာ ဘာအကြောင်းအရင်းမှမရှိပဲချဉ်စူးသွားခဲ့လေရဲ့
ရန်ကျင်းက တုကူးရှနး်ရဲ့တားဆီးမဲ့ပုံမရှိတော့တာကိုတွေ့မှ သက်ပြင်းခိုးချလိုက်ကာ သူ့အရှင်မကိုရေကန်အလယ်လွင့်မျောစေလိုက်တယ်
အဲ့ဒီအချိန်မှာ ရေကန်နားမှာအစီအရီပေါက်နေတဲ့ သစ်ပင်တွေညွတ်ကိုင်းလာပြီးအိပ်ရာသဖွယ်ပြန့်ကားလာပြီး ကျူးလစ်ကိုလက်ခံယူလိုက်ပြီးတာနဲ့ ရေအောက်ငုတ်လျိုးသွားခဲ့လေရဲ့
အဲ့မြင်ကွင်းကို ရန်ကျင်းကမြင်ဖူးပြီးသားမို့မထူးဆန်းတော့ပေမဲ့ တုကူးရှန်းကတော့ အထူးအဆန်းဖြစ်သွားတယ်
ဟွာကျန်းရှဲ့ကတော့စိုးရိမ်သွားလေရဲ့
ဒီကျူးမိန်းကလေးရဲ့ကိုယ်ဟာ သူထင်သလောက်မရိုးရှင်းဘူးဆိုတာနဲ့ နွေဦးအရှင်မဟာ ဒီကိုယ်ကိုအပိုင်စီးနိုင်ပါ့မလားဆိုတာကိုပါတွေးမိသွားခဲ့တယ်
ရေကကြည်လင်တယ် ဒါကြောင့် သူမအထဲမှာဘယ်လိုရှိလဲဆိုတာအကုန်မြင်နေရတယ်
အစတုန်းကတော့ တုကူးရှန်းတွေးမိတာ သူမခံနိုင်ပါ့မလားပေါ့
ရန်ကျင်းကိုကြည့်လိုက်တော့လဲ ရေကန်ကိုသာစိုက်ကြည့်နေပေမဲ့ စိုးရိမ်နေတဲ့မျက်နှာမဟုတ်တာကိုတွေ့လိုက်ရတယ်
အဲ့တော့မှ တုကူးရှနး်လဲ အခြေအနေကိုစောင့်ကြည့်ဖို့သာဆုံးဖြတ်လိုက်လေရဲ့
နေ့တဝက်လောက်ကြာပြီးတဲ့နောက် သူတို့ရဲ့ပတ်ဝန်းကျင်ဟာမသိမသာပြောင်းလဲလို့လာတယ်
အစိမ်းအမှုန်လေးတွေက နေရာအနှံ့အပြားကနေထွက်လာပြီး ရေကန်အောက်ခြေမှာရှိနေတဲ့သူမရဲ့ကိုယ်ထဲကိုစိမ့်နေကြတယ်
အစိမ်းအမှုန်လေးတွေက သစ်သားစွမ်းအင်ဖြစ်လို့ သူတို့ဒိအတိုင်းပဲကြည့်နေကြတာ
ရုတ်တရက်ကြီး အရောင်ပေါင်းစုံရှိတဲ့အလင်းအမှုန်လေးတွေဟာ ဝဲကန်တော့သဖွယ်စုစည်းပြီး သူမရဲ့ဒန်ထျန်ထဲကိုအရူးအမူးတိုးဝင်နေကြတာကိုတွေ့တော့ သူတို့အားလုံးလှုပ်လှုပ်ရှားရှားဖြစ်လာကြတယ်
အဖြူရောင် မီးခိုးရောင် အထိ သူတို့တောင့်ခံနိုင်ပေမဲ့ အနီရောင် အဝါရောင် အညိုရောင် စတဲ့အမှုန်လေးတွေကပါသူမကိုယ်ထဲတိုးဝင်နေတာေတွ့ရတော့ သူတို့မျက်နှာဟာအံဩခြင်းကြီးစွာနဲ့တုန်လှုပ်လာကြတယ်
ဟွာကျန်းရှဲ့ကတော့ စိုးရိမ်သထက်စိုးရိမ်နေပြီ
ဒီအကြောင်းကို သူ့အရှင်ဆီကိုပြန်တင်ပြလိုက်ရမလားလို့တောင်တွေးမိတဲ့အထိပဲ
သူလဲဒီအခြေအနေကိုမကိုင်တွယ်နိုင်တော့ဘူးလေ
တကယ်လို့ဒီပုံစ့အတိုင်းဆိုရင် နွေဦးအရှင်မကဒီကိုယ်ကိုပိုင်ဆိုင်ရမယ်ဆိုတာမဖြစ်နိုင်သလောက်ပဲ
အတင်းအပိုင်စီးမယ်ဆို ကျူးမိန်းကလေးကသာအနိုင်ရသွားပြီး အားနည်းနေတဲ့နွေဦးနတ်ဘုရားမရဲ့စိတ်ဝိဉာဉ်အပိုင်းအစလေးဟာ ပျောက်ကွယ်သွားနိုင်တယ်
ေနွနှောင်းအရှင်ကတော့ ဒီအခြေအနေကိုမကြိုက်လောက်ဘူး
ဟွာကျန်းရှဲ့ကြည့်လိုက်တော့ ယခင်ကထက်အခြေအနေပိုကောင်းလာတဲ့ကျူးလစ်ကိုတွေ့လိုက်ရတယ်
သူလဲဘာလုပ်ရမှန်းမသိဖြစ်နေတယ်
တကယ်လို့သူသတင်းပို့လိုက်ရင်လဲ ကျူးမိန်းကလေးကိုဖြိုခွဲပစ်လိုက်မှာကသေချာသလောက်ရှိတယ်
ပြီးမှ နောက်ထပ်ဝင်စားလာတဲ့ နွေဉီးနတ်ဘုရားမရဲ့အရှိန်အဝါပါတဲ့ကိုယ်ကိုလိုက်ရှာပြီး အရမ်းထက်မြက်မလာခင်တားစီးထားပြီးအရှင်မကိုပြန်ဝင်စီးစေမှာပဲ
အဲ့လိုသာဆိုရင် နောက်ထပ်နှစ်ပေါင်းဘယ်လောက်ထိထပ်စောင့်ရဦးလဲမသိတော့ဘူး
နှစ်တရာလား နှစ်တစ်ထောင်လား
ဖြစ်နိုင်တာကနောက်ထပ်နှစ်တစ်သောင်းလဲဖြစ်နိုင်တာပဲ
အဲ့အချိန်မှာ အားနည်းနေတဲ့နွေဦးနတ်ဘုရားမရဲ့စိတ်ဝိဉာဉ်ကလဲ ပျောက်ကွယ်ခါနီးဖြစ်နေလောက်ပြီ
ဒါဆိုရင် အခုလိုအခြေအနေမျိုးနဲ့ထပ်ဆုံလာရင်ရော နွေဦးနတ်ဘုရားမအနိုင်ရပါ့မလား
စိတ်ရှုပ်ထွေးလွန်းလို့ သူရူးသွပ်လုနီးပါးပဲ
တကယ်လို့ ဒီအကြောင်းအရာကို နွေဦးနတ်ဘုရားမသိရင်လဲ သူအပြစ်ပေးခံရဦးမယ်
နွေနှောင်းနတ်ဘုရားဆီကိုပြန်တင်မပြရင်လဲ သူပဲအပြစ်ဒဏ်ခံရဉီးမှာပဲ
သူ့မှာ စုပ်လဲစူးဦးမယ် စားလဲရူးဦးမယ်
"ကျန်းရှဲ့အဆင်ပြေရဲ့လား"
"အာ ကျွန်တော်မျိုး နန်းတော်ကိုပြန်ပါတော့မယ် အရှင်မရဲ့အခြေအနေလဲကောင်းလာပြီဆိုတော့ စိတ်ချသွားပါပြီ "
ဟွာကျန်းရှဲ့ပျံသန်းထွက်ခွာသွားတာကိုကြည့်ရင်း တုကူးရှန်းထူးဆန်းနေသလိုခံစားရတယ်
စိတ်မအေးတဲ့ခံစားချက်မျိုးပဲ
သူအာရံတွေလွင့်ပြီး စိတ်ရှုပ်ထွေးသွားပေမဲ့ အနဲငယ်လှုတ်ခတ်သွားတဲ့လှိုင်းတွေကိုသတိထားမိသွားခဲ့တာနဲ့ သူ့ရဲ့အာရုံဟာ ကျူးလစ်ဆီပြန်ရောက်သွားတော့တယ်
အစောကသူစဉ်းစားနေခဲ့တဲ့အကြောင်းအရာကလဲ အလိုလိုပျောက်ကွယ်သွားတော့တာပေါ့
လက်ရှိမှာတော့ ကျူးလစ်ရှိနေတဲ့ရေပြင်ဟာ အရှိန်အဟုန်နဲ့တိုးဝင်လာတဲ့စွမ်းအင်တွေကိုမခံနိုင်လို့ ဘောင်ဘင်ခတ်နေတယ်
သူမကိုသယ်ပိုးထားပြီးအိပ်ရာသဖွယ်တောင့်တင့်ခိုင်မာခဲ့တဲ့သစ်ပင်တွေကလဲ အနဲငယ်ခြောက်သွေ့အားနည်းလာခဲ့တယ်
သူမကတော့ ဒီအတိုင်းရှိနေပြီးနိုးထမလာသေးဘူး
ရန်ကျင်းလဲဒီထက်ပိုမတည်ငြိမ်နိုင်တော့ပဲ စိုးရိမ်စပြုလာခဲ့တယ်
ဒါကြောင့် ရေကန်ကိုတိတ်တခိုးစောင့်ကြပ်ပေးနေတဲ့အစောင့်တစ်ယောက်ကို သက်တန့်စံအိမ်ထဲက ကျင့်ကြံသူတွေအားလုံးကိုခေါ်ခိုင်းလိုက်ပြီး သူကိုယ်တိုင်ကလဲ သစ်ပင်ဆီကိုသွားကာ အစိမ်းရောင်စွမ်းအင်နဲ့ထောက်ပံပေးလိုက်တယ်
"လာ စွမ်းအင်တွေထုတ်ပြီး အရှင်မကိုကာကွယ်ကြ"
ရောက်လာကြတဲ့သူတွေကလဲ ဘာဖြစ်သလဲဆိုတာမေးဖို့အချိန်ကောင်းမဟုတ်တာရယ်
သူတို့ကရန်ကျင်းရဲ့အမိန့်နာခဲရတာအသားကျနေကြတာရယ်
ပြီးတော့ သူတို့ကိုလူရာဝင်အောင်လုပ်ပေးတာကလဲအရှင်မမို့
အသက်ကိုရင်းပြီးတာဝန်ကျေချင်တဲ့စိတ်တွေရယ်ကြောင့်
အားလုံးထိုင်ချလိုက်ကြပြီး သူတို့ရဲ့ကျင့်ကြံစွမ်းအားတွေကို သစ်ပင်တွေဆီလွဲပြောင်းပေးလိုက်ကြတယ်
တခနတွင်းမှာပဲ ဗြောင်းဆန်နေတဲ့နေရာက ပြန်လည်ငြိမ်သက်သွားလေရဲ့
သူတို့ရဲ့စွမ်းအင်တွေကို သူမက ဘယ်လောက်တောင်ယူလိုက်လဲမသိ အားလုံးကတော့ဖြူဖျော့ပြီး လူသေတွေလိုပဲမလှုပ်နိုင်ကြဘူး
ရန်ကျင်းလဲ ဒိနေရာကို တုကူးရှန်းနဲ့အပ်ခဲ့ပြီး သူကိုယ်တိုင်တောင်အနိုင်နိုင်သယ်နေရတဲ့ကိုယ်နဲ့တခြားသူတွေကိုသက်တန့်စံအိမ်တော်ကိုပြန်ပို့နေလေရဲ့
တုကူးရှန်းက မိုးကြိုးစွမ်းအင်သုံးတာမို့ လုပ်ပေးနိုင်တာဘာမှမရှိပေမဲ့ မနေနိင်တော့ကြောင့် သူ့စွမး်အင်ကိုအသုံးပြုကာ အားလုံးကိုသက်တန့်စံအိမ်တော်ဆီပြန်ပို့ပေးလိုက်တယ်
အားလုံးရဲ့စွမ်းအင်ကိုလက်ခံပြီးတာတောင်မှ နိုးမလာသေးတဲ့သူမကိုကြည့်ကာ နန်းတောင်းတောင်တန်းကမိုင်နှစ်ရာဝန်းကျင်ကသစ်ပင်တွေအားလုံး ညိုးနွမ်းသွားတာကိုပြန်မြင်ယောင်လိုက်ပြီးကျောတွန့်သွားခဲ့တယ်
ရှေ့လျောက်ဒီထက်ပိုကြိုးစားရတော့မယ်လို့လဲသူတွေးမိနေပြီ
သူမနဲ့စတွေ့တုန်းက သူကျင့်ကြံဆင့်ကသူမထက်ပိုမြင့်တယ် သိပ်မကြာတဲ့အတောအတွင်းမှာပဲ သူမကသူနဲ့ကျင့်ကြံဆင့်တူသွားလေရဲ့
အခုတော့ သူမကသူ့ထက်ပိုသန်မာလာမယ်လို့ခံစားနေရပြီး
သိပ်မကြာတဲ့အချိန်မှာသူမကသူ့ကိုကျော်သွားတော့မယ်
အဲ့လိုသာဆိုရင် သူမဘေးမှာရင်ဘောင်တန်းရပ်ဖို့အခွင့်အရေးကရှိပါဦးမလား
သူအတွေးနဲ့ရှုပ်ထွေးနေတဲ့အချိန်မှာ ရေထဲကကျူးလစ်ရဲ့မျက်ဝန်းတို့ပွင့်လာပြီး လေပေါ်လွင့်မျောနေကာ သူမရဲ့မျက်ဆံတို့ဟာလဲ နီလိုက်စိမ်းလိုက်ဝါလိုက်ညိုလိုက်နဲ့တလှည့်စီအရောင်ပြောင်းလို့နေတယ်
သူမရဲ့လက်တဖက်နဲ့အရာတခုခုကိုဆုပ်ကိုင်ဟန်ပြုလိုက်ရင်ပဲ သူမအောက်ကရေကန်ဟာ ဖျတ်ခနဲပျောက်ကွယ်သွားပြီး သူမနဖူးပေါ်တိုးဝင်သွားခဲ့လေရဲ့
တုကူးရှန်းကတော့ ဒီနေ့အဖို့အံဩဖို့ရာမကုန်နိုင်တော့သလိုမျိုး ခံစားလိုက်ရတယ်
ဒီတော့ သူမကကုသသူလား
သူမနဲ့စတွေ့တုန်းက ကုသတတ်တာသိပေမဲ့ သစ်သားစွမ်းအားရှင်မို့ကုသနိုင်တယ်လို့ထင်ခဲ့တာ
တကယ်တော့ သူမကကုသူဖြစ်နေခဲ့တာပဲ
သူ့ကိုကုသေပေးခဲ့သေးတာကိုသူဘယ်လိုသတိမမူမိပါလိမ့်
စောစောသိခဲ့ရမှာကို ......
အခုဝော့ာမယ်ဝောာ်အတွက်မျော်လင့်ချက်ရှိလာပြီလား
......🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾
alinkar nang
Lengends of spring goddness
အပိုင္း(27) သူမကကုသသူလား
ရန္က်င္းလဲ အနဲငယ္ေဒါသထြက္သြားခဲ့တယ္
ဒီလူကဘာလဲ
လာလိုင္းၿမိဳ့ေတာ္ရဲ့အရွင္ျဖစ္တိုင္း စြက္ဖက္ခ်င္တိုင္းစြက္ဖက္လို့ရလို့လား
ဒါေပမဲ့လဲ အရွင္မယုံၾကည္တဲ့သူဆိုတာရွားပါးတယ္
ၿပီးေတာ့ အရွင္မကိုသုံးရက္ဝာာေစာင့္ေရွာက္ေပးထားတာေၾကာင့္ေရာ
ေထာက္ထားစရာေတြမ်ားတာေၾကာင့္ ဦးညြတ္ၿပီး ျပန္လည္ေျဖရွင္းျပရေတာ့တယ္
"အရွင္ .....အရွင္မ ကုသသူပါ အရွင္မ အင္အားတိုးဖို့အတြက္ေရာ ဒဏ္ရာေတြကုသဖို့အတြက္ပါဒီေရကန္ထဲမွာပဲလုပ္ေဆာင္ေလ့ရွိပါတယ္
ဒါေၾကာင့္ ကၽြန္ေတာ္မ်ိဳးကိုမယုံၾကည္ရင္ေနပါ အရွင္မကိုေတာ့ယုံၾကည္သင့္ပါတယ္ ကြ်န္ေတာ္မ်ိဳးကလဲ အရွင္မအႏၲရာယ္ရွိမဲ့အရာလုံးဝမလုပ္ဘူးဆိုတာေတာ့ယုံထားလို့ရပါတယ္အရွင္"
"ေကာင္းၿပီ"
ရန္က်င္းရဲ့တည္တည္ၾကည္ၾကည္မ်က္ႏွာထားကိုၾကည့္လိုက္ကာ တုကူးရွနး္တားဆီးဖို့ လက္ေလၽွာ့လိုက္တယ္
ၿပီးေတာ့ သူမကဘာေၾကာင့္ရန္က်င္းကိုဆက္ခံသူအျဖစ္ေရြးခ်ယ္ထားသလဲဆိုဝာာကိုပါသိလိုက္ရသလိုပဲမို့ သူႏွလု့းသားတခုလုံးဟာ ဘာအေၾကာင္းအရင္းမွမရွိပဲခ်ဥ္စူးသြားခဲ့ေလရဲ့
ရန္က်င္းက တုကူးရွနး္ရဲ့တားဆီးမဲ့ပုံမရွိေတာ့တာကိုေတြ႕မွ သက္ျပင္းခိုးခ်လိုက္ကာ သူ႔အရွင္မကိုေရကန္အလယ္လြင့္ေမ်ာေစလိုက္တယ္
အဲ့ဒီအခ်ိန္မွာ ေရကန္နားမွာအစီအရီေပါက္ေနတဲ့ သစ္ပင္ေတြညြတ္ကိုင္းလာၿပီးအိပ္ရာသဖြယ္ျပန႔္ကားလာၿပီး က်ဴးလစ္ကိုလက္ခံယူလိုက္ၿပီးတာနဲ႔ ေရေအာက္ငုတ္လ်ိဳးသြားခဲ့ေလရဲ့
အဲ့ျမင္ကြင္းကို ရန္က်င္းကျမင္ဖူးၿပီးသားမို့မထူးဆန္းေတာ့ေပမဲ့ တုကူးရွန္းကေတာ့ အထူးအဆန္းျဖစ္သြားတယ္
ဟြာက်န္းရွဲ႕ကေတာ့စိုးရိမ္သြားေလရဲ့
ဒီက်ဴးမိန္းကေလးရဲ့ကိုယ္ဟာ သူထင္သေလာက္မရိုးရွင္းဘူးဆိုတာနဲ႔ ေႏြဦးအရွင္မဟာ ဒီကိုယ္ကိုအပိုင္စီးနိုင္ပါ့မလားဆိုတာကိုပါေတြးမိသြားခဲ့တယ္
ေရကၾကည္လင္တယ္ ဒါေၾကာင့္ သူမအထဲမွာဘယ္လိုရွိလဲဆိုတာအကုန္ျမင္ေနရတယ္
အစတုန္းကေတာ့ တုကူးရွန္းေတြးမိတာ သူမခံနိုင္ပါ့မလားေပါ့
ရန္က်င္းကိုၾကည့္လိုက္ေတာ့လဲ ေရကန္ကိုသာစိုက္ၾကည့္ေနေပမဲ့ စိုးရိမ္ေနတဲ့မ်က္ႏွာမဟုတ္တာကိုေတြ႕လိုက္ရတယ္
အဲ့ေတာ့မွ တုကူးရွနး္လဲ အေျခအေနကိုေစာင့္ၾကည့္ဖို့သာဆုံးျဖတ္လိုက္ေလရဲ့
ေန႔တဝက္ေလာက္ၾကာၿပီးတဲ့ေနာက္ သူတို့ရဲ့ပတ္ဝန္းက်င္ဟာမသိမသာေျပာင္းလဲလို့လာတယ္
အစိမ္းအမွုန္ေလးေတြက ေနရာအႏွံ့အျပားကေနထြက္လာၿပီး ေရကန္ေအာက္ေျခမွာရွိေနတဲ့သူမရဲ့ကိုယ္ထဲကိုစိမ့္ေနၾကတယ္
အစိမ္းအမွုန္ေလးေတြက သစ္သားစြမ္းအင္ျဖစ္လို့ သူတို့ဒိအတိုင္းပဲၾကည့္ေနၾကတာ
႐ုတ္တရက္ႀကီး အေရာင္ေပါင္းစုံရွိတဲ့အလင္းအမွုန္ေလးေတြဟာ ဝဲကန္ေတာ့သဖြယ္စုစည္းၿပီး သူမရဲ့ဒန္ထ်န္ထဲကိုအ႐ူးအမူးတိုးဝင္ေနၾကတာကိုေတြ႕ေတာ့ သူတို့အားလုံးလွုပ္လွုပ္ရွားရွားျဖစ္လာၾကတယ္
အျဖဴေရာင္ မီးခိုးေရာင္ အထိ သူတို့ေတာင့္ခံနိုင္ေပမဲ့ အနီေရာင္ အဝါေရာင္ အညိဳေရာင္ စတဲ့အမွုန္ေလးေတြကပါသူမကိုယ္ထဲတိုးဝင္ေနတာေတြ႕ရေတာ့ သူတို့မ်က္ႏွာဟာအံဩျခင္းႀကီးစြာနဲ႔တုန္လွုပ္လာၾကတယ္
ဟြာက်န္းရွဲ႕ကေတာ့ စိုးရိမ္သထက္စိုးရိမ္ေနၿပီ
ဒီအေၾကာင္းကို သူ႔အရွင္ဆီကိုျပန္တင္ျပလိုက္ရမလားလို့ေတာင္ေတြးမိတဲ့အထိပဲ
သူလဲဒီအေျခအေနကိုမကိုင္တြယ္နိုင္ေတာ့ဘူးေလ
တကယ္လို့ဒီပုံစ့အတိုင္းဆိုရင္ ေႏြဦးအရွင္မကဒီကိုယ္ကိုပိုင္ဆိုင္ရမယ္ဆိုတာမျဖစ္နိုင္သေလာက္ပဲ
အတင္းအပိုင္စီးမယ္ဆို က်ဴးမိန္းကေလးကသာအနိုင္ရသြားၿပီး အားနည္းေနတဲ့ေႏြဦးနတ္ဘုရားမရဲ့စိတ္ဝိဉာဥ္အပိုင္းအစေလးဟာ ေပ်ာက္ကြယ္သြားနိုင္တယ္
ေႏြေႏွာင္းအရွင္ကေတာ့ ဒီအေျခအေနကိုမႀကိဳက္ေလာက္ဘူး
ဟြာက်န္းရွဲ႕ၾကည့္လိုက္ေတာ့ ယခင္ကထက္အေျခအေနပိုေကာင္းလာတဲ့က်ဴးလစ္ကိုေတြ႕လိုက္ရတယ္
သူလဲဘာလုပ္ရမွန္းမသိျဖစ္ေနတယ္
တကယ္လို့သူသတင္းပို့လိုက္ရင္လဲ က်ဴးမိန္းကေလးကိုၿဖိဳခြဲပစ္လိုက္မွာကေသခ်ာသေလာက္ရွိတယ္
ၿပီးမွ ေနာက္ထပ္ဝင္စားလာတဲ့ ေႏြဉီးနတ္ဘုရားမရဲ့အရွိန္အဝါပါတဲ့ကိုယ္ကိုလိုက္ရွာၿပီး အရမ္းထက္ျမက္မလာခင္တားစီးထားၿပီးအရွင္မကိုျပန္ဝင္စီးေစမွာပဲ
အဲ့လိုသာဆိုရင္ ေနာက္ထပ္ႏွစ္ေပါင္းဘယ္ေလာက္ထိထပ္ေစာင့္ရဦးလဲမသိေတာ့ဘူး
ႏွစ္တရာလား ႏွစ္တစ္ေထာင္လား
ျဖစ္နိုင္တာကေနာက္ထပ္ႏွစ္တစ္ေသာင္းလဲျဖစ္နိုင္တာပဲ
အဲ့အခ်ိန္မွာ အားနည္းေနတဲ့ေႏြဦးနတ္ဘုရားမရဲ့စိတ္ဝိဉာဥ္ကလဲ ေပ်ာက္ကြယ္ခါနီးျဖစ္ေနေလာက္ၿပီ
ဒါဆိုရင္ အခုလိုအေျခအေနမ်ိဳးနဲ႔ထပ္ဆုံလာရင္ေရာ ေႏြဦးနတ္ဘုရားမအနိုင္ရပါ့မလား
စိတ္ရွုပ္ေထြးလြန္းလို့ သူ႐ူးသြပ္လုနီးပါးပဲ
တကယ္လို့ ဒီအေၾကာင္းအရာကို ေႏြဦးနတ္ဘုရားမသိရင္လဲ သူအျပစ္ေပးခံရဦးမယ္
ေႏြေႏွာင္းနတ္ဘုရားဆီကိုျပန္တင္မျပရင္လဲ သူပဲအျပစ္ဒဏ္ခံရဉီးမွာပဲ
သူ႔မွာ စုပ္လဲစူးဦးမယ္ စားလဲ႐ူးဦးမယ္
"က်န္းရွဲ႕အဆင္ေျပရဲ့လား"
"အာ ကၽြန္ေတာ္မ်ိဳး နန္းေတာ္ကိုျပန္ပါေတာ့မယ္ အရွင္မရဲ့အေျခအေနလဲေကာင္းလာၿပီဆိုေတာ့ စိတ္ခ်သြားပါၿပီ "
ဟြာက်န္းရွဲ႕ပ်ံသန္းထြက္ခြာသြားတာကိုၾကည့္ရင္း တုကူးရွန္းထူးဆန္းေနသလိုခံစားရတယ္
စိတ္မေအးတဲ့ခံစားခ်က္မ်ိဳးပဲ
သူအာရံေတြလြင့္ၿပီး စိတ္ရွုပ္ေထြးသြားေပမဲ့ အနဲငယ္လွုတ္ခတ္သြားတဲ့လွိုင္းေတြကိုသတိထားမိသြားခဲ့တာနဲ႔ သူ႔ရဲ့အာ႐ုံဟာ က်ဴးလစ္ဆီျပန္ေရာက္သြားေတာ့တယ္
အေစာကသူစဥ္းစားေနခဲ့တဲ့အေၾကာင္းအရာကလဲ အလိုလိုေပ်ာက္ကြယ္သြားေတာ့တာေပါ့
လက္ရွိမွာေတာ့ က်ဴးလစ္ရွိေနတဲ့ေရျပင္ဟာ အရွိန္အဟုန္နဲ႔တိုးဝင္လာတဲ့စြမ္းအင္ေတြကိုမခံနိုင္လို့ ေဘာင္ဘင္ခတ္ေနတယ္
သူမကိုသယ္ပိုးထားၿပီးအိပ္ရာသဖြယ္ေတာင့္တင့္ခိုင္မာခဲ့တဲ့သစ္ပင္ေတြကလဲ အနဲငယ္ေျခာက္ေသြ႕အားနည္းလာခဲ့တယ္
သူမကေတာ့ ဒီအတိုင္းရွိေနၿပီးနိုးထမလာေသးဘူး
ရန္က်င္းလဲဒီထက္ပိုမတည္ၿငိမ္နိုင္ေတာ့ပဲ စိုးရိမ္စျပဳလာခဲ့တယ္
ဒါေၾကာင့္ ေရကန္ကိုတိတ္တခိုးေစာင့္ၾကပ္ေပးေနတဲ့အေစာင့္တစ္ေယာက္ကို သက္တန႔္စံအိမ္ထဲက က်င့္ႀကံသူေတြအားလုံးကိုေခၚခိုင္းလိုက္ၿပီး သူကိုယ္တိုင္ကလဲ သစ္ပင္ဆီကိုသြားကာ အစိမ္းေရာင္စြမ္းအင္နဲ႔ေထာက္ပံေပးလိုက္တယ္
"လာ စြမ္းအင္ေတြထုတ္ၿပီး အရွင္မကိုကာကြယ္ၾက"
ေရာက္လာၾကတဲ့သူေတြကလဲ ဘာျဖစ္သလဲဆိုတာေမးဖို့အခ်ိန္ေကာင္းမဟုတ္တာရယ္
သူတို့ကရန္က်င္းရဲ့အမိန႔္နာခဲရတာအသားက်ေနၾကတာရယ္
ၿပီးေတာ့ သူတို့ကိုလူရာဝင္ေအာင္လုပ္ေပးတာကလဲအရွင္မမို့
အသက္ကိုရင္းၿပီးတာဝန္ေက်ခ်င္တဲ့စိတ္ေတြရယ္ေၾကာင့္
အားလုံးထိုင္ခ်လိုက္ၾကၿပီး သူတို့ရဲ့က်င့္ႀကံစြမ္းအားေတြကို သစ္ပင္ေတြဆီလြဲေျပာင္းေပးလိုက္ၾကတယ္
တခနတြင္းမွာပဲ ေျဗာင္းဆန္ေနတဲ့ေနရာက ျပန္လည္ၿငိမ္သက္သြားေလရဲ့
သူတို့ရဲ့စြမ္းအင္ေတြကို သူမက ဘယ္ေလာက္ေတာင္ယူလိုက္လဲမသိ အားလုံးကေတာ့ျဖဴေဖ်ာ့ၿပီး လူေသေတြလိုပဲမလွုပ္နိုင္ၾကဘူး
ရန္က်င္းလဲ ဒိေနရာကို တုကူးရွန္းနဲ႔အပ္ခဲ့ၿပီး သူကိုယ္တိုင္ေတာင္အနိုင္နိုင္သယ္ေနရတဲ့ကိုယ္နဲ႔တျခားသူေတြကိုသက္တန႔္စံအိမ္ေတာ္ကိုျပန္ပို့ေနေလရဲ့
တုကူးရွန္းက မိုးႀကိဳးစြမ္းအင္သုံးတာမို့ လုပ္ေပးနိုင္တာဘာမွမရွိေပမဲ့ မေနနိင္ေတာ့ေၾကာင့္ သူ႔စြမး္အင္ကိုအသုံးျပဳကာ အားလုံးကိုသက္တန႔္စံအိမ္ေတာ္ဆီျပန္ပို့ေပးလိုက္တယ္
အားလုံးရဲ့စြမ္းအင္ကိုလက္ခံၿပီးတာေတာင္မွ နိုးမလာေသးတဲ့သူမကိုၾကည့္ကာ နန္းေတာင္းေတာင္တန္းကမိုင္ႏွစ္ရာဝန္းက်င္ကသစ္ပင္ေတြအားလုံး ညိဳးႏြမ္းသြားတာကိုျပန္ျမင္ေယာင္လိုက္ၿပီးေက်ာတြန႔္သြားခဲ့တယ္
ေရွ႕ေလ်ာက္ဒီထက္ပိုႀကိဳးစားရေတာ့မယ္လို့လဲသူေတြးမိေနၿပီ
သူမနဲ႔စေတြ႕တုန္းက သူက်င့္ႀကံဆင့္ကသူမထက္ပိုျမင့္တယ္ သိပ္မၾကာတဲ့အေတာအတြင္းမွာပဲ သူမကသူနဲ႔က်င့္ႀကံဆင့္တူသြားေလရဲ့
အခုေတာ့ သူမကသူ႔ထက္ပိုသန္မာလာမယ္လို့ခံစားေနရၿပီး
သိပ္မၾကာတဲ့အခ်ိန္မွာသူမကသူ႔ကိုေက်ာ္သြားေတာ့မယ္
အဲ့လိုသာဆိုရင္ သူမေဘးမွာရင္ေဘာင္တန္းရပ္ဖို့အခြင့္အေရးကရွိပါဦးမလား
သူအေတြးနဲ႔ရွုပ္ေထြးေနတဲ့အခ်ိန္မွာ ေရထဲကက်ဴးလစ္ရဲ့မ်က္ဝန္းတို့ပြင့္လာၿပီး ေလေပၚလြင့္ေမ်ာေနကာ သူမရဲ့မ်က္ဆံတို့ဟာလဲ နီလိုက္စိမ္းလိုက္ဝါလိုက္ညိဳလိုက္နဲ႔တလွည့္စီအေရာင္ေျပာင္းလို့ေနတယ္
သူမရဲ့လက္တဖက္နဲ႔အရာတခုခုကိုဆုပ္ကိုင္ဟန္ျပဳလိုက္ရင္ပဲ သူမေအာက္ကေရကန္ဟာ ဖ်တ္ခနဲေပ်ာက္ကြယ္သြားၿပီး သူမနဖူးေပၚတိုးဝင္သြားခဲ့ေလရဲ့
တုကူးရွန္းကေတာ့ ဒီေန႔အဖို့အံဩဖို့ရာမကုန္နိုင္ေတာ့သလိုမ်ိဳး ခံစားလိုက္ရတယ္
ဒီေတာ့ သူမကကုသသူလား
သူမနဲ႔စေတြ႕တုန္းက ကုသတတ္တာသိေပမဲ့ သစ္သားစြမ္းအားရွင္မို့ကုသနိုင္တယ္လို့ထင္ခဲ့တာ
တကယ္ေတာ့ သူမကကုသူျဖစ္ေနခဲ့တာပဲ
သူ႔ကိုကုေသေပးခဲ့ေသးတာကိုသူဘယ္လိုသတိမမူမိပါလိမ့္
ေစာေစာသိခဲ့ရမွာကို ......
အခုေဝာ့ာမယ္ေဝာာ္အတြက္ေမ်ာ္လင့္ခ်က္ရွိလာၿပီလား
......🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾
alinkar nang
You are reading the story above: TeenFic.Net