စာစဉ်(2) အပိုင်း(26) uni&zgi

Background color
Font
Font size
Line height

Lengends of spring goddness

အပိုင်း(26) ချစ်ရေးဆိုမယ်

"ပိုင်ချင်း.....ပိုင်ချင်း"

သူချစ်တဲ့မိန်းကလေးဆီကနေ တခြားယောကျာ်းတစ်ယောက်ရဲ့နာမည်ကိုကြားလိုက်ရတော့ တုကူးရှန်းစိတ်ရှုပ်ထွေးသွားခဲ့တယ်

မျက်မှောင်ကြီးကလဲကျုတ်လိုပေါ့

ဒါပေမဲ့လဲ သူသိတယ် ဒီမိန်းကလေးခေါ်နေတဲ့နာမည်ပိုင်ရှင်က ဒီလောကထဲမှာမရှိတော့ဘူးဆိုတာကိုပေါ့

"ကျန်းရှဲ့ ပိုင်ချင်းဆိုတာဘယ်သူတုန်း"

သိချင်စိတ်နဲ့မေးလိုက်တော့ ဟွာကျန်းရှဲ့က ဘေးမှာစိတ်မကောင်းတဲ့မျက်နှာနဲ့လူသေလိုထိုင်နေတာကိုတွေ့လိုက်ရတယ်

အတန်ကြာမှ သက်ပြင်းချပြီး

"အင်း အရှင်မက တော်တော်မေတ္တာတရားကြီးမားတာပဲ စိတ်မကောင်းစရာက အမျက်လဲကြီးမားလို့ ဒီလိုတွေအထိပါဖြစ်လာခဲ့ရတာဖြစ်မယ် ကံစီမံရာပဲ တကယ်ကိုကံစီမံရာပဲ"

အဲ့စကားကိုကြားတော့ တုကူးရှန်းပိုလို့စိတ်ရှုပ်ထွေးသွားတော့တယ်

တကယ်လို့ အဲ့လိုသာဆိုရင် သူမနှလုံးသားမှာလူတစ်ယောက်ရှိနေပြီးတော့ သူ့အတွက်အခွင့်အရေးလုံးဝမရှိဘူးလို့ဆိုလိုတာပဲမဟုတ်လား

"အရှင်စစ်ထူပိုင်ချင်းက ရေနတ်ဘုရားတပါးပါ ဘယ်လိုပတ်သတ်မူ့တွေရှိလဲဆိုတာ ကျွန်တော်မျိုးမသိပေမဲ့ အရှင်ရယ် အရှင်မရယ် အရှင်စစ်ထူပိုင်ချင်းတို့မှာရှုပ်ထွေးတဲ့ပတ်သတ်မူ့တခုရှိတယ် "

အဲ့လိုမှမဟုတ်ရင် ရေနတ်ဘုရားတပါးက အလကားနေရင်း လွယ်လွယ်ကူကူနတ်သက်ကြွေသွားပါ့မလား

ဒါအပြင် အရှင်မကလဲ အရှင်စစ်ထူပိုင်ချင်းကြောင့် ဒီလောက်ထိခရီးဝေးကိုလျှောက်လှမ်းလာစရာလိုပါ့မလား

တကယ်ပဲ နတ်ဘုရားသုံးပါးကြားဘာတွေများဖြစ်ပျက်သွားကြပါလိမ့်

ဟွာကျန်းရှဲ့အတွေးပေါင်းများစွာရှိနေပေမဲ့ ထုတ်မပြောလိုက်ဘူး

သိသင့်တာထက်ပိုသိနေရင် အန္တရာယ်ကြီးကြီးမားမားဖြစ်လာတတ်တယ်

ဒါအပြင် ဒီကျူးလစ်ဆိုတဲ့မိန်းကလေးက အရှင်မအာဟာရဖြည့်တင်းဖို့သာတည်ဆောက်ထားတဲ့အခွံသက်သက်ဆိုတာကိုသိရင်‌ တုကူးရှန်းဘယ်လိုလုပ်လာဦးမလဲဆိုတာမသိဘူးလေ

သူရဲ့အစီအစဉ်ကိုဖျက်ဆီးပစ်လိုက်တာမျိုးရှိလာနိုင်သလို သူ့ဆီကနေ အရှင်မကိုပြန်ဖွက်သွားတာမျိုးလဲရှိနိုင်တယ်

ဒါဆိုရင်တော့ အရှင်ပေးထားတဲ့တာဝန်ကို‌မကျေပွန်တဲ့အပြင် အရှင်မလဲပြန်နိုးထလာနိုင်မှာမဟုတ်ဘူး

သစ်ပင်အသေကြီးလိုပဲ အသက်ရှင်နေတဲ့လက္ခဏာမရှိပဲ ဒီအတိုင်းလျဲလျှောင်းနေပေမဲ့ ကယောင်ကတမ်းပြောနေတဲ့ကျုးလစ်ကိုကြည့်ကာ တုကူးရှန်းစိုးရိမ်လာတယ်

"အရှင် အပြင်မှာ ကျူးရှီရဲ့တပည့်လို့ပြောတဲ့ ရန်ကျင်းဆိုတဲ့သူရောက်နေပါတယ် "

"ရန်ကျင်း?"

ပြိုင်တူပြောလိုက်ကြတဲ့နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း တခါမှမကြားဖူးတဲ့နာမည်ဆိုတာကိုပါသိလိုက်ကြတယ်

"သူ့တပည့် ....?"

"အာ ကိုယ်ဝောာ်သိသလောက်တော့ ကျူးမိန်းကလေးမှာ ရန်ကျင်းဆိုတဲ့တပည့်မရှိဘူးလားလို့ ရန်ကျင်းကဘယ်မိသားစုထဲကတဲ့လဲ"

သတင်းလာပေးတဲ့ရဲမက်ကိုမေးလိုက်တော့ ရန်ကျင်းက ဒီအတိုင်း သူမဘေးမှာအမြဲရှိတဲ့အနီးကပ်တပည့်တစ်ယောက်တဲ့

အဲ့လိုဆိုမှ သူမှတ်မိသွားခဲ့တယ်

သူမနဲ့စတွေ့တော့ သူမဘေးမှာရှိနေတဲ့ ရိုရိုကျိုးကျိုးလေးနဲ့တစ်ယောက်များလား

"အထဲခေါ်လိုက်"

ရဲမက်လေးပြန်ထွက်သွားတော့ သူတကယ်ကြီး အဲ့ကောင်လေးကိုမေ့နေခဲ့တယ်ဆိုတာကိုသတိရသွားခဲ့တယ်

ခနဆိုတဲ့အချိန်အတွင်းမှာ ချောမောလှပပြီး ငယ်ရွယ်တဲ့ကောင်လေးတစ်ယောက်က ရဲမက်လေးရဲ့အနောက်မှာရိုရိုကျိုးကျိုးလေးပါလာခဲ့တယ်

တုကူးရှန်း နတ်ဘုရားအာရုံနဲ့ဆေးကြည့်လိုက်တော့ ‌အခြေခိုင်မာအဆင့်ပဲရှိသေးတယ်

ဒါပေမဲ့လဲ အပြောထက်တော့ပိုပြီးအရည်အချင်းရှိတဲ့ပုံပေါ်တယ် ဘယ်လောက်ပဲကြည့်ကြည့် ဒီကောင်လေးပိုင်ထားတာ ဘာစွမ်းအင်လဲဆိုတာကိုမသိဘူး

ကျူးလစ်တုန်းကလိုပဲ သူဘာသာထုတ်ပြောမှသိရမဲ့ပုံပဲ

"ရန်ကျင်းဟုတ်လား"

"ဟုတ်ကဲ့ပါအရှင်"

"ကျူးမိန်းကလေးရဲ့ တပည့်ဟုတ်လား"

"အမှန်တော့ ဆက်ခံသူတပည့်ပါအရှင်"

"ဆက်ခံသူ?"

ဆက်ခံသူ ....? ဟွာကျန်းရှဲ့နဲ့တုကူးရှန်း အံဩသွားကြတယ်

ဒီကလေးကဆက်ခံသူဆိုတဲ့စကားရဲ့အဓိပ္ပါယ်ကိုသိရောသိရဲ့လား

ဒါမှမဟုတ် ကျူးလစ်ကပဲ အလွယ်တွေးနေတာလားလို့ပေါ့

သူတို့ကိုယ်စီအတွေးရှိတဲ့အချိန်မှာ ရန်ကျင်းဆိုတဲ့ကောင်လေးကဒူးထောက်ပြီးတောင်းဆိုလာတဲ့စကားကြောင့် သူတို့ထပ်မံအံဩရပြန်တယ်

"အရှင် .....အရှင်မကိုကုသဖို့သက်တန့်စံအိမ်တော်ကိုပြန်လည်ခေါ်ဆောင်သွားပါရစေ အရှင်မ ထန်းယွမ်းကျောင်းတော်ကိုမသွားခင်ကမှာထားခဲ့တဲ့စကားရှိပါတယ် အဲ့ဒါက အရှင်မတခုခုဖြစ်ခဲ့ရင် သက်တန့်စံအိမ်တော်ကိုပ်န်လည်ခေါ်ဆောင်လာပြီးတော့ အရှင်မရဲ့ကုသရာနေရာကိုပို့ပေးဖို့ပါပဲ ဒါကြောင့် ဒီငယ်သားက အတင့်ရဲစွာနဲ့အရှင်မကိုပြန်လည်ခေါ်ဆောင်သွားပါရစေလို့တောင်းဆိုပါရစေ"

"မင်းဆိုလိုတာက ဒီလာလိုင်းနန်းတော်က ကျူးမိန်းကလေးကိုမကုသနိုင်ဘူးလို့လား လာနောက်နေတာလား"

တုကူးရှန်းဒေါသထွက်စွာနဲ့ စားပွဲခုံကိုရိုက်ပစ်လိုက်တာကြောင့် ဘာအပြစ်မှမရှိတဲ့စားပွဲခုံခမျာ အပိုင်းပိုင်းအစိတ်စိတ်ဖြစ်သွားရတော့တယ်

ဒူးထောက်နေတဲ့ရန်ကျင်းကလဲ တုန်တက်သွားတော့တာပေါ့ 

အရှင်တုကူးရှန်းစိတ်ဆိုးသွားမှာစိုးလို့ သူခမျာကပျာကယာလျောက်တင်ပြန်ရဝော့ာတယ်

"စိတ်မဆိုးပါနဲ့အရှင် အရှင်မ‌ပြောခဲ့တာလေးတွေပဲပြန်လည်ပြောပြရခြင်းပါ အရှင်မက ပြောခဲ့ပါသေးတယ် တကယ်လို့သူမဒဏ်ရာရခဲ့ရင် တခြားအရာတွေနဲ့ကုလို့မပျောက်ပါဘူးတဲ့ အရှင်စဉ်းစားကြည့်ပါဦး အခုပဲသုံးရက်ရှိပါပြီ အရှင်မနိုးမလာသေးဘူးလေ အဲ့ဒါဆိုဘာကြောင့် အရှင်မကိုပြန်မထည့်ပေးလိုက်ရတာလဲ တကယ်လို့အရှင်တို့စိတ်မချဘူးဆိုရင်လဲ သက်တန့်စံအိမ်ကိုလိုက်ခဲ့လို့ရပါတယ်အရှင်"

"ဒါက "

တုကူးရှန်းလဲဘာပြောရမှန်းမသိစွံ့အသွားခဲ့တယ်

အဲ့တော့ ကြားထဲကမနေနိုင်တဲ့ဟွာကျန်းရှဲ့ကပဲဝင်ပြောရတော့တာပေါ့

"အရှင် ‌အရှင်မကိုကောင်းစေချင်တာသိပါတယ် ဒီမှာထားလဲ မသက်သာတဲ့အတူတူ ဒီကလေးပြောသလိုလုပ်ကြည်ြကြရင်ရော နိုးမလာမှ အစီအစဉ်တမျိုးပြောင်းလဲ ရပါသေးတယ်အရှင်"

တုကူးရှန်း သလွန်ပေါ်မှာမေ့မျောနေတဲ့ ကျူးလစ်ကိုကြည့်လိုက်တယ်

သုံးရက်ရှိပြီ သူမနိုးမလာသေးဘူး

သူမရဲ့စွမ်းအင်တွေကိုအလွန်အကျွံသုံးမိလို့ သူမရဲ့ဒန်ထျန်ကခြောက်ကပ်သွားတာ

ဒီထက်ပိုပြီးရက်ကြာနေရင် သူမအန္တရာယ်ရှိလာမှာကိုစိုးမိတယ်

"ကောင်းပြီ သူမကိုခေါ်သွားလိုက် အဲ့ဒီအစား ပန်းဝမ်(ငါကိုယ်တော်)လဲ လိုက်ခဲ့ရလိမ့်မယ်"

တုကူးရှန်းရယ် ဟွာကျန်းရှဲ့ရယ် ရန်ကျင်းရယ် သက်တန့်စံအိမ်တော်ကို ပျံသန်းခြင်းသားရဲစီးပြီးသွားလိုက်ကြတယ်

သက်တန့်စံအိမ်တော်

တကယ့်ကိုပဲ သစ်ပင်များစွာပန်းပေါင်းများစွာနဲ့ဆေးပင်များစွာရှိနေတယ်

အဲ့ဒါကိုမြင်လိုက်တဲ့တုကူးရှန်းက အံဩသွားပေမဲ့ ဟွာကျန်းရှဲ့ကတော့ နားလည်တယ် ဒိလိုပဲဖြစ်သင့်တယ်လို့တွေးတယ်

နွေဦးအရှင်မရှိတဲ့နေရာက ဒိလိုပဲ နွေဦးပန်းတွေပွင့်လန်းနေကြလေ

လေ့ကျင့်နေကြတဲ့လူငယ်တချို့ကိုလဲသူတွေ့ရပြီး အိမ်တော်တွင်းမှာဟိုဟိုသည်သည်သွားလာနေတဲ့အစေခံမိန်းကလေးတချို့ကိုလဲမြင်တွေ့ရတယ်

တုကူးရှန်းကတော့ သူမနိုးလာတာနဲ့ချစ်ရေးဆိုမှပဲရတော့မယ်လို့ တွေးလိုက်တော့တယ်

မိသားစုလက်အောက်ကထွက်လာပြီး‌တာတောင် ဒီလိုထက်မြက်နေသေးတဲ့မိနး်ကလေးကိုမှသူမဆွဲထားရင်နောက်တနှစ်အတွင်းမှာပဲ သူတော့ထားရစ်ခံရနောက်ကောက်ကျခံရတော့မယ်လို့ရုတ်တရက်ကြ္ီးသူတွေးမိသွားတာကိုး

ရန်ကျင်းက အိမ်တော်ရဲ့အနောက်မှာရှိတဲ့ရေကန်ထဲကိုခေါ်ဆောင်သွားခဲ့တယ်

ဟွာကျန်းရှဲ့နဲ့တုကူးရှန်း နှစ်ယောက်သားလဲအံဩသွားကြပြီး စိတ်ရှုပ်ထွေးသွားကြပြန်တယ်

အဲ့တာတွေကိုဂရုမစိုက်အားတဲ့ရန်ကျင်းက ကျူးလစ်ရဲ့မေ့မျောနေတဲ့ကိုယ်ကို သယ်ဆောင်ကာ ရေကန်ထဲထည့်ဖို့လုပ်နေလေရဲ့

ဒါပေမဲ့လဲလမ်းတဝက်မှာ ဟန့်တားခံလိုက်ရတယ်

"မင်းဘာလုပ်တာလဲ သူမကိုသတ်ဖို့ကြိုးစားနေတာလား"

....🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌱🌱

Alinkar nang

Lengends of spring goddness

အပိုင္း(26) ခ်စ္ေရးဆိုမယ္

"ပိုင္ခ်င္း.....ပိုင္ခ်င္း"

သူခ်စ္တဲ့မိန္းကေလးဆီကေန တျခားေယာက်ာ္းတစ္ေယာက္ရဲ့နာမည္ကိုၾကားလိုက္ရေတာ့ တုကူးရွန္းစိတ္ရွုပ္ေထြးသြားခဲ့တယ္

မ်က္ေမွာင္ႀကီးကလဲက်ဳတ္လိုေပါ့

ဒါေပမဲ့လဲ သူသိတယ္ ဒီမိန္းကေလးေခၚေနတဲ့နာမည္ပိုင္ရွင္က ဒီေလာကထဲမွာမရွိေတာ့ဘူးဆိုတာကိုေပါ့

"က်န္းရွဲ႕ ပိုင္ခ်င္းဆိုတာဘယ္သူတုန္း"

သိခ်င္စိတ္နဲ႔ေမးလိုက္ေတာ့ ဟြာက်န္းရွဲ႕က ေဘးမွာစိတ္မေကာင္းတဲ့မ်က္ႏွာနဲ႔လူေသလိုထိုင္ေနတာကိုေတြ႕လိုက္ရတယ္

အတန္ၾကာမွ သက္ျပင္းခ်ၿပီး

"အင္း အရွင္မက ေတာ္ေတာ္ေမတၱာတရားႀကီးမားတာပဲ စိတ္မေကာင္းစရာက အမ်က္လဲႀကီးမားလို့ ဒီလိုေတြအထိပါျဖစ္လာခဲ့ရတာျဖစ္မယ္ ကံစီမံရာပဲ တကယ္ကိုကံစီမံရာပဲ"

အဲ့စကားကိုၾကားေတာ့ တုကူးရွန္းပိုလို့စိတ္ရွုပ္ေထြးသြားေတာ့တယ္

တကယ္လို့ အဲ့လိုသာဆိုရင္ သူမႏွလုံးသားမွာလူတစ္ေယာက္ရွိေနၿပီးေတာ့ သူ႔အတြက္အခြင့္အေရးလုံးဝမရွိဘူးလို့ဆိုလိုတာပဲမဟုတ္လား

"အရွင္စစ္ထူပိုင္ခ်င္းက ေရနတ္ဘုရားတပါးပါ ဘယ္လိုပတ္သတ္မူ႔ေတြရွိလဲဆိုတာ ကၽြန္ေတာ္မ်ိဳးမသိေပမဲ့ အရွင္ရယ္ အရွင္မရယ္ အရွင္စစ္ထူပိုင္ခ်င္းတို့မွာရွုပ္ေထြးတဲ့ပတ္သတ္မူ႔တခုရွိတယ္ "

အဲ့လိုမွမဟုတ္ရင္ ေရနတ္ဘုရားတပါးက အလကားေနရင္း လြယ္လြယ္ကူကူနတ္သက္ေႂကြသြားပါ့မလား

ဒါအျပင္ အရွင္မကလဲ အရွင္စစ္ထူပိုင္ခ်င္းေၾကာင့္ ဒီေလာက္ထိခရီးေဝးကိုေလၽွာက္လွမ္းလာစရာလိုပါ့မလား

တကယ္ပဲ နတ္ဘုရားသုံးပါးၾကားဘာေတြမ်ားျဖစ္ပ်က္သြားၾကပါလိမ့္

ဟြာက်န္းရွဲ႕အေတြးေပါင္းမ်ားစြာရွိေနေပမဲ့ ထုတ္မေျပာလိုက္ဘူး

သိသင့္တာထက္ပိုသိေနရင္ အႏၲရာယ္ႀကီးႀကီးမားမားျဖစ္လာတတ္တယ္

ဒါအျပင္ ဒီက်ဴးလစ္ဆိုတဲ့မိန္းကေလးက အရွင္မအာဟာရျဖည့္တင္းဖို့သာတည္ေဆာက္ထားတဲ့အခြံသက္သက္ဆိုတာကိုသိရင္‌ တုကူးရွန္းဘယ္လိုလုပ္လာဦးမလဲဆိုတာမသိဘူးေလ

သူရဲ့အစီအစဥ္ကိုဖ်က္ဆီးပစ္လိုက္တာမ်ိဳးရွိလာနိုင္သလို သူ႔ဆီကေန အရွင္မကိုျပန္ဖြက္သြားတာမ်ိဳးလဲရွိနိုင္တယ္

ဒါဆိုရင္ေတာ့ အရွင္ေပးထားတဲ့တာဝန္ကို‌မေက်ပြန္တဲ့အျပင္ အရွင္မလဲျပန္နိုးထလာနိုင္မွာမဟုတ္ဘူး

သစ္ပင္အေသႀကီးလိုပဲ အသက္ရွင္ေနတဲ့လကၡဏာမရွိပဲ ဒီအတိုင္းလ်ဲေလၽွာင္းေနေပမဲ့ ကေယာင္ကတမ္းေျပာေနတဲ့က်ဳးလစ္ကိုၾကည့္ကာ တုကူးရွန္းစိုးရိမ္လာတယ္

"အရွင္ အျပင္မွာ က်ဴးရွီရဲ့တပည့္လို့ေျပာတဲ့ ရန္က်င္းဆိုတဲ့သူေရာက္ေနပါတယ္ "

"ရန္က်င္း?"

ၿပိဳင္တူေျပာလိုက္ၾကတဲ့ႏွစ္ေယာက္သား တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရင္း တခါမွမၾကားဖူးတဲ့နာမည္ဆိုတာကိုပါသိလိုက္ၾကတယ္

"သူ႔တပည့္ ....?"

"အာ ကိုယ္ေဝာာ္သိသေလာက္ေတာ့ က်ဴးမိန္းကေလးမွာ ရန္က်င္းဆိုတဲ့တပည့္မရွိဘူးလားလို့ ရန္က်င္းကဘယ္မိသားစုထဲကတဲ့လဲ"

သတင္းလာေပးတဲ့ရဲမက္ကိုေမးလိုက္ေတာ့ ရန္က်င္းက ဒီအတိုင္း သူမေဘးမွာအျမဲရွိတဲ့အနီးကပ္တပည့္တစ္ေယာက္တဲ့

အဲ့လိုဆိုမွ သူမွတ္မိသြားခဲ့တယ္

သူမနဲ႔စေတြ႕ေတာ့ သူမေဘးမွာရွိေနတဲ့ ရိုရိုက်ိဳးက်ိဳးေလးနဲ႔တစ္ေယာက္မ်ားလား

"အထဲေခၚလိုက္"

ရဲမက္ေလးျပန္ထြက္သြားေတာ့ သူတကယ္ႀကီး အဲ့ေကာင္ေလးကိုေမ့ေနခဲ့တယ္ဆိုတာကိုသတိရသြားခဲ့တယ္

ခနဆိုတဲ့အခ်ိန္အတြင္းမွာ ေခ်ာေမာလွပၿပီး ငယ္ရြယ္တဲ့ေကာင္ေလးတစ္ေယာက္က ရဲမက္ေလးရဲ့အေနာက္မွာရိုရိုက်ိဳးက်ိဳးေလးပါလာခဲ့တယ္

တုကူးရွန္း နတ္ဘုရားအာ႐ုံနဲ႔ေဆးၾကည့္လိုက္ေတာ့ ‌အေျခခိုင္မာအဆင့္ပဲရွိေသးတယ္

ဒါေပမဲ့လဲ အေျပာထက္ေတာ့ပိုၿပီးအရည္အခ်င္းရွိတဲ့ပုံေပၚတယ္ ဘယ္ေလာက္ပဲၾကည့္ၾကည့္ ဒီေကာင္ေလးပိုင္ထားတာ ဘာစြမ္းအင္လဲဆိုတာကိုမသိဘူး

က်ဴးလစ္တုန္းကလိုပဲ သူဘာသာထုတ္ေျပာမွသိရမဲ့ပုံပဲ

"ရန္က်င္းဟုတ္လား"

"ဟုတ္ကဲ့ပါအရွင္"

"က်ဴးမိန္းကေလးရဲ့ တပည့္ဟုတ္လား"

"အမွန္ေတာ့ ဆက္ခံသူတပည့္ပါအရွင္"

"ဆက္ခံသူ?"

ဆက္ခံသူ ....? ဟြာက်န္းရွဲ႕နဲ႔တုကူးရွန္း အံဩသြားၾကတယ္

ဒီကေလးကဆက္ခံသူဆိုတဲ့စကားရဲ့အဓိပၸါယ္ကိုသိေရာသိရဲ့လား

ဒါမွမဟုတ္ က်ဴးလစ္ကပဲ အလြယ္ေတြးေနတာလားလို့ေပါ့

သူတို့ကိုယ္စီအေတြးရွိတဲ့အခ်ိန္မွာ ရန္က်င္းဆိုတဲ့ေကာင္ေလးကဒူးေထာက္ၿပီးေတာင္းဆိုလာတဲ့စကားေၾကာင့္ သူတို့ထပ္မံအံဩရျပန္တယ္

"အရွင္ .....အရွင္မကိုကုသဖို့သက္တန႔္စံအိမ္ေတာ္ကိုျပန္လည္ေခၚေဆာင္သြားပါရေစ အရွင္မ ထန္းယြမ္းေက်ာင္းေတာ္ကိုမသြားခင္ကမွာထားခဲ့တဲ့စကားရွိပါတယ္ အဲ့ဒါက အရွင္မတခုခုျဖစ္ခဲ့ရင္ သက္တန႔္စံအိမ္ေတာ္ကိုပ္န္လည္ေခၚေဆာင္လာၿပီးေတာ့ အရွင္မရဲ့ကုသရာေနရာကိုပို့ေပးဖို့ပါပဲ ဒါေၾကာင့္ ဒီငယ္သားက အတင့္ရဲစြာနဲ႔အရွင္မကိုျပန္လည္ေခၚေဆာင္သြားပါရေစလို့ေတာင္းဆိုပါရေစ"

"မင္းဆိုလိုတာက ဒီလာလိုင္းနန္းေတာ္က က်ဴးမိန္းကေလးကိုမကုသနိုင္ဘူးလို့လား လာေနာက္ေနတာလား"

တုကူးရွန္းေဒါသထြက္စြာနဲ႔ စားပြဲခုံကိုရိုက္ပစ္လိုက္တာေၾကာင့္ ဘာအျပစ္မွမရွိတဲ့စားပြဲခုံခမ်ာ အပိုင္းပိုင္းအစိတ္စိတ္ျဖစ္သြားရေတာ့တယ္

ဒူးေထာက္ေနတဲ့ရန္က်င္းကလဲ တုန္တက္သြားေတာ့တာေပါ့ 

အရွင္တုကူးရွန္းစိတ္ဆိုးသြားမွာစိုးလို့ သူခမ်ာကပ်ာကယာေလ်ာက္တင္ျပန္ရေဝာ့ာတယ္

"စိတ္မဆိုးပါနဲ႔အရွင္ အရွင္မ‌ေျပာခဲ့တာေလးေတြပဲျပန္လည္ေျပာျပရျခင္းပါ အရွင္မက ေျပာခဲ့ပါေသးတယ္ တကယ္လို့သူမဒဏ္ရာရခဲ့ရင္ တျခားအရာေတြနဲ႔ကုလို့မေပ်ာက္ပါဘူးတဲ့ အရွင္စဥ္းစားၾကည့္ပါဦး အခုပဲသုံးရက္ရွိပါၿပီ အရွင္မနိုးမလာေသးဘူးေလ အဲ့ဒါဆိုဘာေၾကာင့္ အရွင္မကိုျပန္မထည့္ေပးလိုက္ရတာလဲ တကယ္လို့အရွင္တို့စိတ္မခ်ဘူးဆိုရင္လဲ သက္တန႔္စံအိမ္ကိုလိုက္ခဲ့လို့ရပါတယ္အရွင္"

"ဒါက "

တုကူးရွန္းလဲဘာေျပာရမွန္းမသိစြံ့အသြားခဲ့တယ္

အဲ့ေတာ့ ၾကားထဲကမေနနိုင္တဲ့ဟြာက်န္းရွဲ႕ကပဲဝင္ေျပာရေတာ့တာေပါ့

"အရွင္ ‌အရွင္မကိုေကာင္းေစခ်င္တာသိပါတယ္ ဒီမွာထားလဲ မသက္သာတဲ့အတူတူ ဒီကေလးေျပာသလိုလုပ္ၾကည္ျၾကရင္ေရာ နိုးမလာမွ အစီအစဥ္တမ်ိဳးေျပာင္းလဲ ရပါေသးတယ္အရွင္"

တုကူးရွန္း သလြန္ေပၚမွာေမ့ေမ်ာေနတဲ့ က်ဴးလစ္ကိုၾကည့္လိုက္တယ္

သုံးရက္ရွိၿပီ သူမနိုးမလာေသးဘူး

သူမရဲ့စြမ္းအင္ေတြကိုအလြန္အကၽြံသုံးမိလို့ သူမရဲ့ဒန္ထ်န္ကေျခာက္ကပ္သြားတာ

ဒီထက္ပိုၿပီးရက္ၾကာေနရင္ သူမအႏၲရာယ္ရွိလာမွာကိုစိုးမိတယ္

"ေကာင္းၿပီ သူမကိုေခၚသြားလိုက္ အဲ့ဒီအစား ပန္းဝမ္(ငါကိုယ္ေတာ္)လဲ လိုက္ခဲ့ရလိမ့္မယ္"

တုကူးရွန္းရယ္ ဟြာက်န္းရွဲ႕ရယ္ ရန္က်င္းရယ္ သက္တန႔္စံအိမ္ေတာ္ကို ပ်ံသန္းျခင္းသားရဲစီးၿပီးသြားလိုက္ၾကတယ္

သက္တန႔္စံအိမ္ေတာ္

တကယ့္ကိုပဲ သစ္ပင္မ်ားစြာပန္းေပါင္းမ်ားစြာနဲ႔ေဆးပင္မ်ားစြာရွိေနတယ္

အဲ့ဒါကိုျမင္လိုက္တဲ့တုကူးရွန္းက အံဩသြားေပမဲ့ ဟြာက်န္းရွဲ႕ကေတာ့ နားလည္တယ္ ဒိလိုပဲျဖစ္သင့္တယ္လို့ေတြးတယ္

ေႏြဦးအရွင္မရွိတဲ့ေနရာက ဒိလိုပဲ ေႏြဦးပန္းေတြပြင့္လန္းေနၾကေလ

ေလ့က်င့္ေနၾကတဲ့လူငယ္တခ်ိဳ့ကိုလဲသူေတြ႕ရၿပီး အိမ္ေတာ္တြင္းမွာဟိုဟိုသည္သည္သြားလာေနတဲ့အေစခံမိန္းကေလးတခ်ိဳ့ကိုလဲျမင္ေတြ႕ရတယ္

တုကူးရွန္းကေတာ့ သူမနိုးလာတာနဲ႔ခ်စ္ေရးဆိုမွပဲရေတာ့မယ္လို့ ေတြးလိုက္ေတာ့တယ္

မိသားစုလက္ေအာက္ကထြက္လာၿပီး‌တာေတာင္ ဒီလိုထက္ျမက္ေနေသးတဲ့မိနး္ကေလးကိုမွသူမဆြဲထားရင္ေနာက္တႏွစ္အတြင္းမွာပဲ သူေတာ့ထားရစ္ခံရေနာက္ေကာက္က်ခံရေတာ့မယ္လို့႐ုတ္တရက္ၾက္ီးသူေတြးမိသြားတာကိုး

ရန္က်င္းက အိမ္ေတာ္ရဲ့အေနာက္မွာရွိတဲ့ေရကန္ထဲကိုေခၚေဆာင္သြားခဲ့တယ္

ဟြာက်န္းရွဲ႕နဲ႔တုကူးရွန္း ႏွစ္ေယာက္သားလဲအံဩသြားၾကၿပီး စိတ္ရွုပ္ေထြးသြားၾကျပန္တယ္

အဲ့တာေတြကိုဂ႐ုမစိုက္အားတဲ့ရန္က်င္းက က်ဴးလစ္ရဲ့ေမ့ေမ်ာေနတဲ့ကိုယ္ကို သယ္ေဆာင္ကာ ေရကန္ထဲထည့္ဖို့လုပ္ေနေလရဲ့

ဒါေပမဲ့လဲလမ္းတဝက္မွာ ဟန႔္တားခံလိုက္ရတယ္

"မင္းဘာလုပ္တာလဲ သူမကိုသတ္ဖို့ႀကိဳးစားေနတာလား"

....🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌱🌱

Alinkar nang

You are reading the story above: TeenFic.Net