စာစဉ်(2) အပိုင်း(23) uni&zgi

Background color
Font
Font size
Line height

Legend of spring goddess

အပိုင်း(23) တည်စေမြဲစေ

ဒီနေ့အခန်းသုံးရဲ့အခြေအနေက နဲနဲထူးဆန်းနေတယ်ပြောရမယ်

အခန်းသုံးမှာရှိတဲ့ကျောင်းသားအားလုံးရဲ့မျက်လုံးအောက်မှာအမဲဝိုင်းကြီးတွေနဲ့လှပနေကြတယ်

ဒါပေမဲ့ သူတို့ရဲ့မျက်ဝန်းတွေကတော့ တောက်ပနေကြပြီး တချို့ဆို အားမာန်အပြည့်နဲ့ဖြစ်နေကြလေရဲ့

ဒီအခြေအနေဟာ တပတ်တိုင်တိုင်ဖြစ်ပျက်ခဲ့တယ်

အခုတော့ သူတို့ရဲ့ကြိုးစားအားထုတ်မူ့ကြောင့် သူတို့လက်ထဲသစ်ရွက်လေးဟာ အပင်အသစ်မပေါက်သည့်တိုင် မညိုးနွမ်းအောင်ထိန်းသိမ်းထားနိုင်ပြီမို့

သူတို့ရဲ့ကျုးရှီအလာကို မျော်လင့်ခြင်းကြီးမားစွာစောင့်နေကြလေရဲ့

"ကျူးရှီကိုနှုတ်ဆက်ပါတယ်"

ကျူးလစ်အခန်းထဲဝင်လိုက်တာနဲ့ ထူးဆန်းပေမဲ့တက်ကြွနေတဲ့လေထုကြီးကိုသတိထားမိသွား‌ခဲ့လေတယ်

နောက်တော့သူမရဲ့အကြည့်တွေက သူတို့လေးတွေကိုင်ထားတဲ့သစ်ရွက်လေးတွေဆီရောက်သွားခဲ့လေရဲ့

"မဆိုးဘူး မဆိုးဘူး မင်းတို့တွေတော်ကြတယ် "

"ဟေးးးးးးးး "

ကလေးတွေအားလုံးဆီက ပျော်ရွင်တဲ့အသံတွေထွက်လာကြလေတယ်

"ဒီနေ့ကတော့ သစ်ရွက်တရွက်ဆီမှာပါဝင်တဲ့ရေပမာဏကို တစက်မှမလျော့ပဲထုတ်ယူနိုင်ဖို့ပဲ "

ကျုးလစ် သူမရဲ့လက်ထဲကသစ်ရွက်ကို လေပေါ်ပင့်တင်လိုက်ပြီး နောက်ထပ်လက်တဖက်နဲ့ ကြာပွင့်ပုံလုပ်ကာ ‌သစ်ရွက်ထဲရှိ‌ေရများကိုထုတ်ယူပြလိုက်တယ်

သစ်ရွက်ကရှုံတွသွားပြီး ရေလုံးသေးသေးကလေပေါ်မှာလွင့်မျောလို့နေတယ်

"အာ.........."

"မအာနဲ့လေ သစ်ရွက်တရွက်စီကရေထုတ်ယူဖို့ဆိုတာ အလွန်လွယ်တဲ့အရာပဲ မင်းတို့အားလုံးကြိုးစားကြ မသိတာရှိရင်လာမေးနိုင်တယ် ပြီးတော့ နားနားနေနေလုပ်ကြ ကျင့်ကြံခြင်းမှာလဲအာရုံစိုက်ကြဦး"

သူမအတန်းထဲကိုဝေ့ဝိုက်ကြည့်လိုက်တော့ အားလုံးက အနဲငယ်စိတ်ဓာတ်ကျနေကြတဲ့အသွင်လိုဖြစ်နေကြတယ်

သူတို့တွေးတာ ဒီသင်ခန်းစာကအရမ်းခက်တယ်လို့ပေါ့

ပထမသင်ခန်းစာပြီးစီးဖို့ သူတို့တပတ်နီးပါးကြာမြင့်ခဲ့ကြတာ

အခုတခါဆိုရင် တနှစ်တစ်လများကြာသွားမလား

ကျုးလစ်ကလဲ ဒီအခြေအနေကိုခန့်မှန်းမိလိုက်တယ်

အစွမ်းထက်တဲ့တကွက်လောက်ပြထားမှ သူမတပည့်အားလုံးကိုဆွဲဆောင်နိုင်မှာပေါ့

ရုတ်တရက်သူမလက်ကို ချီစွမ်းအင်နဲ့ ဖြတ်တောက်ပစ်လိုက်တယ်

"ကျူးရှီ !!!"

ကလေးတွေအားလုံးလန့်သွားကြလေရဲ့

သူမရဲ့လက်တဖက်ဟာ ကြမ်းပြင်ပေါ် ကျသွားပြီးကြောက်လန့်စရာကောင်းစွာအနဲငယ်လှုတ်နေသေးတယ်

ဒါပေမဲ့ သူမက သူမရဲ့လက်တဖက်ကိုပြန်လည်ကောက်ယူလိုက်ကာ သူမရဲ့လက်ကောက်ဝတ်မှာပြန်လည်တပ်ဆင်လိုက်တယ်

ခနချင်းမှာ သူမလက်ကောက်ဝတ်ဆီက အစိမ်းရောင်အလင်းတန်းတွေထွက်လာပြီး ချက်ချင်းသူမရဲ့လက်တခုလုံးကိုဖုံးလွှမ်းသွားခဲ့တယ်

သိပ်မကြာပါဘူး

အစိမ်းရောင်အလင်းတန်းပျောက်ကွယ်သွားပြီး အမာရွတ်တခုလေးတောင်မကျန်ပဲအကောင်းအတိုင်းရှိနေတဲ့ ကျူးလစ်ရဲ့လက်တဖက်ကိုတွေ့လိုက်ကြရတယ်ဆိုရင်ပဲ အားလုံးမျက်လုံးပြူးသွားလေရဲ့

ဒီလောက်ထိတောင်စွမ်းတဲ့သစ်သားစွမ်းအင်ကတိမ်မြုတ်နေတာ အရမ်းနှမြောဖို့ကောင်းမနေဘူးလား

ကုသရေးစွမ်းအင်........

ကုသရေးစွမ်းအင်သာ သူတို့ပိုင်ဆိုင်လိုက်ပြီဆိုရင် တိုက်ပွဲတွေမှာ နိုင်ချေတော်တော်မြင့်လာမှာ

"ဒေါက်ဒေါက် "

ကျောင်းသားဆူညံစွာဆွေးနွေးနေကြတဲ့အချိန် အခန်းဝမှာ အကြီးအကဲရဲ့ဟန်ထွက်ပေါ်လာခဲ့တယ်

"ရဲ့ရှီကိုနှုတ်ဆက်ပါတယ် "

အကြီးအကဲရဲ့ဟန်က အခနး်သုံးဆီရောက်လာတယ်

"ကျူးရှီ ... ထန်းယွမ်ကျောင်းမှာပြိုင်ပွဲတခုရှိတယ် တတန်းကိုဆရာတစ်ယောက်ဦးစီးပြီးတော့ ကုသရေးဌာနကလိုတဲ့ ရှာဖွေခြင်းဂမုနး်ကိုရှာပေးကြရမယ် အုပ်စုလိုက်လုပ်ဆောင်ချက်နဲ့ အရေအတွက်အပေါ်မူတည်ပြီး ဆုချီးမြင့်မှာပါ ပထမဆု ပျံသန်းခြင်းသားရဲ ဒုတိယဆု ကောင်းကင်အဆင့်တက်လှမ်းခြင်းဆေးလုံး တတိယဆုက စိတ်ဝိဉာဉ်ကျောက်တုံးငါးဆယ်တို့ဖြစ်ပါတယ် တပတ်အတွင်း နန်းတောင‌်းတောင်တန်းကိုအရောက်သွားကြရမှာပါ"

"ကျေိးဇူးပါအကြီးအကဲရဲ့ဟန်"

နန်းတောင်းတောင်တန်းမှာဆို သူမလဲပိုပြီးကျင့်ကြံလို့ရတယ် ကလေးတွေကိုလဲပိုပြီးသင်ပြလို့ရတယ်

ဘာဆုမှမရခဲ့ရင်တောင် အရှုံးမရှိပဲ အမြတ်ချည်းမို့ သူမခေါင်းညိတ်လိုက်တယ်

ကလေးတွေကတော့ ပျော်နေကြတာပေါ့

အဲ့ဒီလိုနဲ့ ‌နန်းတောင်းတောင်တန်းကိုသွားရမဲ့ရက်ရောက်လာကြတယ်

ကျူးလစ်အဖို့လဲ တခြားအတန်းကဆရာတွေနဲ့အခုမှဆုံတာမို့ အနဲငယ်စိတ်ဝင်စားနေလေတယ်

အခုရက်ပိုင်း သူမရဲ့အဆင့်ကရပ်တန့်နေတယ်ဆိုပေမဲ့လဲ တဖြေးဖြေးသိပ်သည်းလာကာ ချီစွမ်းအင်တွေက ပိုမိုများပြားလာခဲ့တယ်

ဒါအပြင် သူမကသက်တန့်ရောင်လေးနဲ့ချီလင်အကောင်နဲ့လဲချိတ်‌ဆက်နေပြှီး အချိန်‌မ‌ရွေးထုတ်သုံးလို့ရနိုင်တဲ့အခြေအနေမို့ သူမစိတ်ကောင်းဝင်နေတာပေါ့

"နာမည်စာရင်းစစ်မယ် "

"ဟုတ်"

"ချွေကျွမ်း"

"ရှိ"

"ချွေကျင်း"

"ရှိ"

"ဖုန့်ဟန်"

သူမနာမည်စာရင်းစစ်လိုက်တော့ ဆယ့်ငါးယောက်အပြည့်ပဲ ဒါကြောင့် သူမငါးယောက်တစ်ဖွဲ့ခွဲပြီး အဖွဲ့သုံးဖွဲ့ဖွဲ့ပေးလိုက်တယ်

"အဖွဲ့ (1) က စူးရှနွမ် ခေါင်းဆောင်လိုက် အဖွဲ့(2) ကရဲ့နန် အဖွဲ့(3) က ရဲ့နန်ခေါင်းဆောင်လိုက် ကိုယ့်အဖွဲ့နဲ့ကိုယ်လှုပ်ရှားကြမယ်နော် ဂရုစိုက်ကြ အဖွဲ့တဖွဲ့ဆီကိုမီးပြောင်း နှစ်ခုစီပေးထားတယ် အနီရောင်က အကူအညီတောင်းဖို့ အဝါရောင်က စစ်ကူတောင်းဖို့ မမေ့ကြနဲ့နော် "

"ဟုတ်"

ကျူးလစ်မှာစရာရှိတာတွေမှာပြီး သူမကလေးတွေဘေးမှာ မျက်လုံးမှိတ်ပြီးကျင့်ကြံနေလိုက်တယ်

သူမလုပ်ရမှာက တုကူးရှန်းကိုစောင့်ဖို့

ပျံသန်းခြင်းသားရဲနဲ့ ထန်းယွမ်ကျောင်းသားတွေကို နန်းတောင်းတောင်တန်းကိုသွားကြရမှာဖြစ်တယ်

သူမကလေး‌တွေလဲ အစတုန်းကတော့ ကျွက်စီကျွက်စီနဲ့စကားပြောနေကြတာ သူမကိုလဲကွက်ကြည့်ကွက်ကြည့်နဲ့ပေါ့

နောက်တော့ ဘာစိတ်ကူးပေါက်တယ်မသိဘူး

တစ်ယောက်နဲ့တစ်ယောက်လက်တို့ကာ သူမဘေးမှာအစီအရီဝိုင်းပြီး ကျင့်ကြံ‌ေနကြတော့တယ်

တခြားကလေးတွေကတော့ စူးစမ်းတဲ့အကြည့်နဲ့ကြည့်နေကြပြီး တချို့ဆရာတွေကလဲ နှာခေါင်းရှုံ့ကြတယ်

သိပ်မကြာခင်မှာပဲ ပျံသန်းခြင်းသားရဲငါးကောင်က ထန်းယွမ်ကျောင်းဝင်းထဲရောက်ရှိလာပြီး ကျောင်းသားများကိုသယ်ဆောင်ကာ နန်းတောင်းတောင်တန်းဆီခေါ်ဆောင်သွားခဲ့တော့တယ်

နန်းတောင်းတောင်တန်းဟာ ကြီးမာရှည်လျားပြီး နဂါးတစ်ကောင်အိပ်နေဟန်ရှိလေတယ်

လာလိုင်းနန်းတော်ရဲ့မြောက်ဘက်မှာတည်ရှိပြီး မိုးကြိုးကျက်‌သရေကုန်းမြေရဲ့အားကိုးရာအရင်းအမြစ်တခုလဲဖြစ်တယ်

ကျောင်းသားအများစုက အခုမှ ထန်းယွမ်ကျောင်းကိုဝင်လာကြတဲ့သူတွေမို့ အောက်ကအစက်အပျောက်လိုသာကျန်ရှိနေတဲ့လာလိုင်းမြို့တော်ကိုကြည့်နေကြကာ တက်ကြွလို့နေကြတယ်

တုကူးရှန်းနဲ့သူမကတော့ ကျောင်းသားတွေ လေမတိုး ပြုတ်မကျရလေအောင် ချီစွမ်းအင်နဲ့အကာအကွယ်ပြုထားပေးပြီး ‌စကားပြောလို့နေကြတယ်

စကားစုကိုတုကူးရှန်းကသာပြောတာဖြစ်ပြီး ကျူးလစ်ကတော့ အင်းအဲလုပ်ရုံသာ အဲ့ဒီလိုလုပ်တာကပဲ လူအားလုံးကိုအံဩသင့်စေဖို့လုံလောက်တယ်

လာလိုင်းနန်းတော်ရဲ့ဘုရင်ဖြစ်သူက စကားနည်းပြီးကျော်ကြားတဲ့အပြင် လူတိုင်းကကြောက်ကြရတယ်

ကျူးလစ်တစ်ယောက်သာ ခပ်ချေချေနဲ့ဆက်ဆံပြီး လျစ်လျုရှူ့ထားတာလေ

ဒီနေ့တော့ ကျူးလစ်က အပန်းရောင်ဝတ်စုံလေးကိုဝတ်ထားပြီး အဲ့ဒီဝတ်စုံဟာသေချာကြည့်ရင်နွေဦးပန်းကလေးတွေပါနေတာကိုတွေ့ရလိမ့်မယ်

တုကူးရှန်းကလျင်တဲ့သူဖြစ်တော့ ချက်ချင်းပဲ အဲ့ဒါကိုသတိပြုမိသွားလေတယ်

ဝတ်ရုံပေါ်က ပန်းကလေးတွေကအသက်ရှိသလို ကြီးထွာူနေကြပြီး အဲ့ဒါကပဲ ကျူးလစ်ရဲ့အလှတရားကိုပိုထောက်‌ပံ့ပေးတယ်

ဒါပေါ့ တုကူးရှန်းမသိပေမဲ့
အဲ့ဒီပန်းကလေးတွေကတကယ်ပြအသက်ဝင်နေကြတာလေ

လွန်ခဲ့တြဲရက်တွေက သူမရဲ့ဒန်ထျန်မှာသစ်ပင်တစ်ပင်ပေါက်နေတာကိုတွေ့လိုက်ရပြီး သူမခေါင်းပေါ်မှာလဲပန်းပွင့်တွေဝေဝေဆာဆာဖူးပွင့်နေကြတာကိုသူမထိတ်လန့်စွာတွေ့လိုက်ရတယ်

ဆွဲနှုတ်ဖို့ကြိုးစားလိုက်ပေမဲ့ သူမရဲ့အသားကိုထိလိုက်ရသလိုပဲ နာကျင်ရတာမို့လက်လျော့ထားလိုက်ရတယ်

ဒါပေမဲ့ ‌တစ်ခေါင်းလုံးပန်းတွေဝေဝေဆာဆာနဲ့လျှောက်သွားနေရင်သိပ်မဟုတ်သေးဘူးလေ

အကြံထုတ်ရင်း သူမသိလိုက်ရတာက အဲ့ဒိပန်းတွေကိုနေရာရွေ့ပြောင်းလို့ရတယ်ဆိုတာပဲ

အဲ့ဒ‌ါကြောင့် အဲ့ဒီပန်းတွေကိုသူမဝတ်ရုံများကြားအစဖျောက်ထားလိုက်တော့တယ်

အဲ့ဒီအကြောင်းဘယ်သူ့ကိုမှသူမ‌ မပြောသလို ဘယ်သူကမှလဲမရိပ်မိခဲ့ဘူး

ပန်းပုံရိပ်တွေပါတဲ့ဝတ်ရုံတွေဟာ မြို့တော်ကမိန်းကလေးကျင့်ကြံသူတွေကြားမှာကျော်ကြားတာမို့ ဘယ်သူကမှလဲအထူးအဆန်းမဖြစ်ခဲ့ကြဘူးလေ

သူမကိုအရိပ်တကြည့်ကြည့်ဖြစ်နေတဲ့ တုကူးရှန်းတစ်ယောက်ကလွဲလို့ပေါ့

.......💮💮💮💮💮💮💮💮💮💮💮💮💮💮💮💮💮

Alinkar nang

Zgi

Legend of spring goddess

အပိုင်း(23) တည်စေမြဲစေ











"ဟေးးးးးးးး "



ကျုးလစ် သူမရဲ့လက်ထဲကသစ်ရွက်ကို လေပေါ်ပင့်တင်လိုက်ပြီး နောက်ထပ်လက်တဖက်နဲ့ ကြာပွင့်ပုံလုပ်ကာ ‌သစ်ရွက်ထဲရှိ‌ရေများကိုထုတ်ယူပြလိုက်တယ်


"အာ.........."









"ကျူးရှီ !!!"





သိပ်မကြာပါဘူး



ကုသရေးစွမ်းအင်........


"ဒေါက်ဒေါက် "



အကြီးအကဲရဲ့ဟန်က အခန်းသုံးဆီရောက်လာတယ်

"ကျူးရှီ ... ထန်းယွမ်ကျောင်းမှာပြိုင်ပွဲတခုရှိတယ် တတန်းကိုဆရာတစ်ယောက်ဦးစီးပြီးတော့ ကုသရေးဌာနကလိုတဲ့ ရှာဖွေခြင်းဂမုန်းကိုရှာပေးကြရမယ် အုပ်စုလိုက်လုပ်ဆောင်ချက်နဲ့ အရေအတွက်အပေါ်မူတည်ပြီး ဆုချီးမြင့်မှာပါ ပထမဆု ပျံသန်းခြင်းသားရဲ ဒုတိယဆု ကောင်းကင်အဆင့်တက်လှမ်းခြင်းဆေးလုံး တတိယဆုက စိတ်ဝိဉာဉ်ကျောက်တုံးငါးဆယ်တို့ဖြစ်ပါတယ် တပတ်အတွင်း နန်းတောင်းတောင်တန်းကိုအရောက်သွားကြရမှာပါ"









"နာမည်စာရင်းစစ်မယ် "

"ဟုတ်"

"ချွေကျွမ်း"

"ရှိ"

"ချွေကျင်း"

"ရှိ"

"ဖုန့်ဟန်"



"ဟုတ်"






တစ်ယောက်နဲ့တစ်ယောက်လက်တို့ကာ သူမဘေးမှာအစီအရီဝိုင်းပြီး ကျင့်ကြံ‌နေကြတော့တယ်






















.......💮💮💮💮💮💮💮💮💮💮💮💮💮💮💮💮💮

Alinkar nang

You are reading the story above: TeenFic.Net