စာစဉ်(2) အပိုင်း(18)uni&zgi

Background color
Font
Font size
Line height

Uni

Lengend of spring goddness

အပိုင်း(18) သူမတပည့်ဖြစ်ထိုက်သူတစ်ဦးကသာသူမရဲ့ပညာအကုန်သင်ယူနိုင်လိမ့်မယ်

"ကဲ အားလုံးသစ်ရွက်တွေထုတ်ပြီးအရှေ့မှာချထားကြပါ"

အခန်းထဲဝင်လာတာနဲ့ ကျူးလစ်သူမတပည့်တွေရဲ့မျက်နှာထားကိုလေ့လာကာ ပြောလိုက်တယ်

သိပ်တော့အခြေအအနေကောင်းပုံမရကြဘူး

ရှုံ့မဲ့နေကြတဲ့လူငယ်တသိုက်ဟာ စိတ်ပျက်လက်ပျက်နဲ့သူတို့ရဲ့သိုလှောင်လက်စွပ်တွေထဲကသစ်ရွက်တွေကိုစားပွဲခုံတွေပေါ်တင်လိုက်ကြတယ်

သူတို့စိတ်ထဲမှာတော့ သူတို့ရဲ့လောင်ရှီး(ဆရာ)ဖြစ်သူက သိပ်မတရားဘူးလို့ထင်တယ်

သူတို့ကငယ်စဉ်ထဲက တစ်မျိုးသုံးစွမ်းအင်တွေကိုသာလေ့လာလေ့ကျင့်ခဲ့ကြတာမို့

အသက်ရွယ်ကြီးကြီးမှ သူတို့နဲ့မကျွမ်းဝင်တဲ့စွမ်းအင်မျိုးထပ်လေ့ကျင့်ရတယ်ဆိုတော့ သူတို့ဘယ်လိုကောင်းကောင်းလုပ်နိုင်မှာတဲ့လဲ

အားလုံးရှုံမဲ့နေကြပေမဲ့ သူတို့ထုတ်မပြောရဲကြဘူး

အကြောင်းက သူတို့လောင်ရှီးရဲ့‌ေပြးမလွတ်တဲ့ကြောက်စရာပြစ်ဒဏ်တွေကြောင့်ပဲ

ရှုံ့မဲ့နေတဲ့ ကျောင်းသားတွေအားလုံး စိုးရိမ်နေတဲစိတ်တွေနဲ့သူတို့ရဲ့လောင်ရှီးကိုကြည့်နေကြတယ်

ကျုးလစ်ကတော့ ဘာကိုမှမသိတဲ့ပုံဖမ်းပြီး တစ်ယောက်ချင်းစီရဲ့သစ်ရွက်လေးများကိုစစ်ဆေးလို့နေတယ်

သူမသက်ပြင်းချလိုက်တယ်

သူမကြည့်သလောက်တော့အလားအလာရှိတာ တစ်ယောက်ပဲရှိတယ်

"ကောင်းပြီ နောက်တခါကြိုးစားကြည့်ကြပါဦး"

ကျူးလစ်လူတိုင်းရဲ့လက်ထဲကိုသစ်ရွက်တွေထပ်ဝေပေးလိုက်တယ်

"ဒီတခါတေ့ာ နှစ်ရက်နဲ့မညိုးအောင် လုပ်ကြည့်ကြပါ"

"လောင်ရှီး ကြင်နာမူ့နဲ့တခါလောက်လုပ်ပြပေးပါလား ဒါဆို ကျွန်တော်တို့အလင်းပေါက်ချင်ပေါက်သွားမှာပေါ့"

"မင်းနာမည်ဘယ်လိုခေါ်လဲ "

"ရဲ့နန်ပါ "

ရဲ့မျိုးရိုး

ဒါဆို မီးစွမ်းအားရှင်ပေါ့

သူမသတိထားမိတယ်

ဒီတယောက်ရဲ့သစ်ရွက်ကရှုံ့တွနေပြီးပြာကျလုနီးပါးဖြစ်နေပြီ

မီးစွမ်းအားနဲ့သစ်သားစွမ်းအားတို့က ပုံမှန်ဆိုရင်ဆန့်ကျင်ဘက်စွမ်းအားအမျိုးအစား‌ေတွပေါ့

ဒါကြောင့် အစပိုင်းမှာတော့ ဘယ်လိုမှသဟဇာတဖြစ်မှာမဟုတ်ဘူး

အောင်မြင်သွားရင်တော့ ဒိလိုစွမ်းအားရှင်တွေကျော်ကြားတတ်ကြတယ်

ကျူးလစ်လဲ သူမကိုယ်သူမပုံမှန်မဟုတ်ဘူးလို့ထင်တယ်

သူမဟာ သော့အထပ်ထပ်နဲ့ရစ်ပတ်ပြိးခတ်ခံထားရတဲ့‌ေလှာင်အိမ်ထဲကကြောင်လေးလိုပဲ

သူမကိုယ်သူမအပြည့်မသိသေးဘူး

ပြီးတော့ ဘာဗဟုသုတမှမရှိပဲ သူမခေါင်းထဲမှာ စာအုပ်တွေ အစီအရီရှိနေသလို အားလုံးကိုသ‌ဘောပေါက်လို့နေတယ်

သူမ မသိပဲလုပ်လိုက်တဲ့အမူအယာတွေကအစ

သူမသိသိရက်နဲ့သုံးလိုက်တဲ့စွမ်းအားတွေကအဆုံး

အားလုံးသူမရဲ့ဒျန်ထျန်ထဲမှာစွမ်းအားကြိးမားတဲ့တခုခုကိမ်းဝပ်နေသလိုခံစားချက်မျိုးပဲ

အဲ့ဒီစွမ်းအားတွေအဆုံးစွန်ထိ‌ပွင့်ထွက်လာဖို့ ခရီးအရှည်ကြီးကျန်သေးသလိုခံစားရပြီး
တွန်းအားတခုလိုတယ်လို့လဲခံစားရတယ်

သူမရဲ့သလင်းကျောက်ပုံပေါ်နေတဲ့အရောင်ငါးမျိုးရှိကျောက်တုံးများကလဲသူမစိတ်ကိုရှုပ်ထွေ‌းစေတယ်

ထားလိုက်ပါတော့

အနာဂတ်မှာ သူမသိရဖို့ကြိုးစားလို့ရ‌ပါသေးတယ်

အချိန‌်တွေအများကြီးကျန်သေးတာပဲ

သူမရဲ့အတွေးတွေကိုရပ်တန့်ထားလိုက်ပြီး
လက်တွေ့ဘဝကိုပြန်ဆွဲခေါ်လိုက်တယ်

"ကဲ တခါပဲလုပ်ပြမှာနော် သေချာကြည့်ထားကြ"

အခန်းထဲဘွန်ဆိုင်းပင်လေးဆီကသစ်ရွက်အချို့ကိုသူမစွမ်းအားနဲ့ညင်သာစွာချွေယူလိုက်ပြီး သူမရှေ့မှာစည်းချက်ကျကျလွင့်မျောထားစေလိုက်တယ်

သူမရဲ့သေးငယ်တဲ့အပြအမူတခုဆီကအစ မလွတ်‌သွားရလေအောင် တွေအားလုံးအသက်တောင်မရှူဝံ့ပဲမျက်တောင်မခတ်စောင့်ကြည့်နေကြတယ်

ကျုးလစ် သူမရဲ့လက်များကိုဆန့်တန်းကာ ဒန်ထျန်ထဲကရေစွမ်းအားမျင်မျင်လေးကိုထုတ်ယူကာသစ်ရွက်လေးဆီဖြည့်ညင်းစွာပို့လွတ်လိုက်တယ်

သစ်ရွက်လေးဆီ‌တဖြေးဖြေးလျော့ကျသွားတဲ့ရေစွမ်းအားမျှင်လေးများဟာ သစ်ရွက်လေးရဲ့ကိုယ်ထည်ကိုတောင့်တင်းခိုင်မာစေပြီး ပိုလြိုမာကျောလာစေတယ်

အားလုံးရဲ့အရှေ့မှာပဲ သစ်ရွက်လေးရဲ့ချွေယူခံထားရတဲ့ရွက်ညှာလေးမှာအတက်သေးသေးသေးလေးပေါက်လာပြီးခနအတွင်းကြီးထွားလာကာ သစ်ပင်အသေးလေးအဖြစ်ပုံပေါ်လာတော့တယ်

"သစ်ရွက်က မညိုးသွားပဲ ဆက်လက်ကြီးထွားပြီးအပင်သစ်တပင်ကိုတောင်မွေးထုတ်ပေးလိုက်သေးတယ် "

"ဝါးးး ငါတို့လောင်ရှီးကိုအပြစ်ပြုလို့မရဘူး "

"ဘယ်လိုဖြစ်နိုင်မှာလဲ"

အခနး်ထဲကလူတွေပင့်သက်ရှိုက်သွားကြပြီး အဆန်းတကြယ်ဖြစ်သွားကြတယ်

ဒီကုန်းမြေမှာ သစ်သားစွမ်းအားရှင်တွေပျောက်ဆုံးကုန်ဝာာနှစ်အတော်ကြာခဲ့ပြီမို့ဒီလိုမြင်ကွင်းမျိုးကြည့်ရှု့ခွင့်ရတာအရမ်းအဖိုးတန်တယ်ဆိုတာသူတို့အားလုံးသိကြတယ်

တနေ့ သူတို့လောင်ရှီးလိုစမတ်ကျကျနဲ့သစ်သားစွမ်းအားကိုကျွမ်းကျင်စွာအသုံးပြုလို့ရအောင်ကြိုးစားကြမယ်လို့တွေးမိလိုက်ကြပြီး စိတ်ဓာတ်တွေတက်လာကြတယ်

"အစပိုင်းမှာတော့မင်းတို့ခက်လိမ့်မယ် ရေစွမ်းအားရှင်တွေအတွက်လွယ်ကူကောင်းလွယ်ကူနိူင်တယ် ဒါပေမဲ့ မီးစွမ်းအားရှင်တွေအတွက်ကနဲနဲခက်ခဲနိုင်တယ် စိတ်မပူပါနဲ့ မင်းတို့ပိုင်ဆိုင်တဲ့စွမ်းအားကိုပဲချိန်ဆပြီးဟန်ချက်ထိန်းကြည့်ကြပါ မနည်းလွန်းမများလွန်းအခြေအနေမှာ သေချာထိန်းချုပ်ကြရမယ် ဒီသင်ခနး်စာက ဘာကိုရည်ညွန်းလဲဆိုရင် သစ်ရွက်လေးရဲ့သေခြင်းရှင်ခြင်းမဟုတ်ပဲ မင်းတို့ရဲ့အတွေးထိန်းချုပ်ခြင်းအပေါ်မှာပဲမူတည်တယ်ဆိုတာသဘောပေါက်ကြပါ ကဲကြိုးစားလိုက်ကြဦး"

သူမစကားအနည်းငယ်ပြောပြ္ီး အားလုံးကိုနှုတ်ဆက်ကာ သူမရဲ့မြို့တော်ထဲကသက်တန့်စံအိမ်ဆီပြန်သွားခဲ့တယ်

သူမ မသိလိုက်တာက သူမရဲ့အခန်းထဲကတပည့်တွေဟာ သူမချန်ရစ်ခဲ့တဲ့အတိုင်းသာရှိနေခဲ့ကြပြီး သူမရှင်းပြခဲ့တဲ့လုပ်ငန်းစဉ်မှာအာရုံနစ်ဝင်သွားကြတယ်ဆိုတာကိုပဲ

ထမင်းစားခနး်မှာထမင်းလာမစားကြတဲ့အခနး်(3)ရဲ့ထူးခြားမူ့ဟာ ထန်းယွမ်ကျောင်းတခုလုံးကိုပျံ့သွားခဲ့ပြီး ကျောင်းသားတွေသာမက ဆရာတွေအကြီးအကဲတွေကိုပါ ပါးစပ်ဟောင်းလောင်းဖြစ်စေခဲ့တယ်ဆိုတာကိုပေါ့

သူမကတော့အိမ်တော်ကိုပြန်ရောက်တော့ ရန်ကျင်းရဲ့တိုးတက်မူ့ကိုစစ်ဆေးပေးကာ မြို့တော်ဈေးထဲရောက်နေခဲ့တယ်လေ

ဒါကြောင့် သူမရဲ့ကျော်ကြားမူ့ဘယ်လောက်မြင့်တက်သွာစတယ်ဆိုတာကိုမသိပဲ အေးဆေးဈေးဝယ်ထွက်နေလေရဲ့

ချွေအိမ်တော်ကပါလာတဲ့ရွှေတုံးတွေကလဲကုန်သလောက်နီးပါးဖြစ်နေပြီ

လေလံအိမ်ကလဲပြီးသလောက်နီးပါးရှိနေပြီဆိုတော့ နောက်ဆိုသူမရဲ့အိတ်ထဲငွေရွင်နေမယ်လို့တော့ထင်ရတာပဲ

သူမစာအုပ်တွေရောင်းတဲ့နေရာဆီလျောက်သွားလိုက်ပြီး မျက်ဝန်းထဲတန်းခနဲဝင်လာတဲ့ ကျင့်စဉ်တခုကိုလက်လှမ်းယူလိုက်ပေမဲ့

သူမနဲ့အတူအခြားလက်တခုကလဲ စာအုပ်အစွန်းကိုလွတ်မပေးပဲဆုပ်ကိုင်ထားခဲ့တယ

"အာ ချွန်းဟွားမိန်းကလေးပဲ ကျွန်တော်တို့ရေစက်ဆုံတယ်နော် ထပ်တွေ့ကြပြန်ပြီ"

သူမမော့ကြည့်လိုက်တော့ ဟိုတခါစားသောက်ဆိုင်မှာသူမကိုကြည့်ဖို့ရွှေတုံးငါးသောင်းပေးခဲ့တဲ့အရူး ရဲ့မျိုးနွယ် ဖြစ်နေတာကိုတွေ့လိုက်ရတယ်

ထုံးစံအတိုင်း ထောင်ထောင်မောင်းမောင်းလူထွားကြီးတွေကလဲ နောက်မှာစီတန်းရပ်နေကြတယ်

ဒါပေမဲ့ ဒိတခါတော့ သူတို့ရဲ့မျက်နှာထားတွေကရိုကျိုးလိုပဲ

ကြည့်ရတာလုံလောက်တဲ့သင်ခန်းစာပေးခံထားရပုံပေါ်တယ်

အဲ့ဒီအရူးရဲ့မျိုးနွယ်ကိုလျစ်လျူရှု့လိုက်ပြီး သူ့လက်ထဲကစာအုပ်ကိုဆွဲယူကာ ငွေချေပြီးထွက်လာခဲ့လိုက်တယ်

ဒါပေမဲ့ဟိုအရူးက သူမ‌ေနာက်ကိုမကြောက်မရွံ့ဆက်လိုက်လာသေးတယ်လေ

"ဘာဖြစ်ချင်နေတာလဲ"

သူမအေးစက်စွာမေးလိုက်တယ်

"အာ ကျွန်တော်က ဒိအတိုင်း ချွန်းဟွားမိန်းကလေးနဲ့ခင်ချင်ရုံပါ "

"ကျွန်မ မခင်ချင်ဘူး"

"ရဲ့အကြီးအကဲကိုထောက်ထားတဲ့မျက်နှာသာမရှိရင် ဒီကောင်ကိုသူမရိုက်သတ်ပစ်တာကြာပြီ

ယားနေတဲ့လက်ကိုအသာဝှက်ရင်း သတိပေးတဲ့အကြည့်နဲ့ကြည့်လိုက်ကာ ဆက်လိုက်မလာဖို့သတိပေးလိုက်ပေမဲ့ အဲ့ရဲ့မျိုးနွယ်ရဲ့မျက်နှာပြောင်တိုက်မူ့ကိုသူမလျော့တွက်မိခဲ့တယ်

သူမဘေးမှာကျောကော့ရင်ကော့ပြီးလျောက်နေသေးတဲ့ရဲ့မျိုးနွယ်ကိုသည်းခံစိတ်ကုန်ဆုံးသွားတာမို့ သူမကိုယ်ကိုမြောက်ကာ တိုက်ခိုက်လိုက်တော့တယ်

........✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️

Alinkar nang

Zgi

Lengend of spring goddness

အပိုင္း(18) သူမတပည့္ျဖစ္ထိုက္သူတစ္ဦးကသာသူမရဲ့ပညာအကုန္သင္ယူနိုင္လိမ့္မယ္

"ကဲ အားလုံးသစ္ရြက္ေတြထုတ္ၿပီးအေရွ႕မွာခ်ထားၾကပါ"

အခန္းထဲဝင္လာတာနဲ႔ က်ဴးလစ္သူမတပည့္ေတြရဲ့မ်က္ႏွာထားကိုေလ့လာကာ ေျပာလိုက္တယ္

သိပ္ေတာ့အေျခအအေနေကာင္းပုံမရၾကဘူး

ရွုံ႔မဲ့ေနၾကတဲ့လူငယ္တသိုက္ဟာ စိတ္ပ်က္လက္ပ်က္နဲ႔သူတို့ရဲ့သိုေလွာင္လက္စြပ္ေတြထဲကသစ္ရြက္ေတြကိုစားပြဲခုံေတြေပၚတင္လိုက္ၾကတယ္

သူတို့စိတ္ထဲမွာေတာ့ သူတို့ရဲ့ေလာင္ရွီး(ဆရာ)ျဖစ္သူက သိပ္မတရားဘူးလို့ထင္တယ္

သူတို့ကငယ္စဥ္ထဲက တစ္မ်ိဳးသုံးစြမ္းအင္ေတြကိုသာေလ့လာေလ့က်င့္ခဲ့ၾကတာမို့

အသက္ရြယ္ႀကီးႀကီးမွ သူတို့နဲ႔မကၽြမ္းဝင္တဲ့စြမ္းအင္မ်ိဳးထပ္ေလ့က်င့္ရတယ္ဆိုေတာ့ သူတို့ဘယ္လိုေကာင္းေကာင္းလုပ္နိုင္မွာတဲ့လဲ

အားလုံးရွုံမဲ့ေနၾကေပမဲ့ သူတို့ထုတ္မေျပာရဲၾကဘူး

အေၾကာင္းက သူတို့ေလာင္ရွီးရဲ့‌ေျပးမလြတ္တဲ့ေၾကာက္စရာျပစ္ဒဏ္ေတြေၾကာင့္ပဲ

ရွုံ႔မဲ့ေနတဲ့ ေက်ာင္းသားေတြအားလုံး စိုးရိမ္ေနတဲစိတ္ေတြနဲ႔သူတို့ရဲ့ေလာင္ရွီးကိုၾကည့္ေနၾကတယ္

က်ဳးလစ္ကေတာ့ ဘာကိုမွမသိတဲ့ပုံဖမ္းၿပီး တစ္ေယာက္ခ်င္းစီရဲ့သစ္ရြက္ေလးမ်ားကိုစစ္ေဆးလို့ေနတယ္

သူမသက္ျပင္းခ်လိုက္တယ္

သူမၾကည့္သေလာက္ေတာ့အလားအလာရွိတာ တစ္ေယာက္ပဲရွိတယ္

"ေကာင္းၿပီ ေနာက္တခါႀကိဳးစားၾကည့္ၾကပါဦး"

က်ဴးလစ္လူတိုင္းရဲ့လက္ထဲကိုသစ္ရြက္ေတြထပ္ေဝေပးလိုက္တယ္

"ဒီတခါေတ့ာ ႏွစ္ရက္နဲ႔မညိဳးေအာင္ လုပ္ၾကည့္ၾကပါ"

"ေလာင္ရွီး ၾကင္နာမူ႔နဲ႔တခါေလာက္လုပ္ျပေပးပါလား ဒါဆို ကၽြန္ေတာ္တို့အလင္းေပါက္ခ်င္ေပါက္သြားမွာေပါ့"

"မင္းနာမည္ဘယ္လိုေခၚလဲ "

"ရဲ့နန္ပါ "

ရဲ့မ်ိဳးရိုး

ဒါဆို မီးစြမ္းအားရွင္ေပါ့

သူမသတိထားမိတယ္

ဒီတေယာက္ရဲ့သစ္ရြက္ကရွုံ႔တြေနၿပီးျပာက်လုနီးပါးျဖစ္ေနၿပီ

မီးစြမ္းအားနဲ႔သစ္သားစြမ္းအားတို့က ပုံမွန္ဆိုရင္ဆန႔္က်င္ဘက္စြမ္းအားအမ်ိဳးအစား‌ေတြေပါ့

ဒါေၾကာင့္ အစပိုင္းမွာေတာ့ ဘယ္လိုမွသဟဇာတျဖစ္မွာမဟုတ္ဘူး

ေအာင္ျမင္သြားရင္ေတာ့ ဒိလိုစြမ္းအားရွင္ေတြေက်ာ္ၾကားတတ္ၾကတယ္

က်ဴးလစ္လဲ သူမကိုယ္သူမပုံမွန္မဟုတ္ဘူးလို့ထင္တယ္

သူမဟာ ေသာ့အထပ္ထပ္နဲ႔ရစ္ပတ္ၿပိးခတ္ခံထားရတဲ့‌ေလွာင္အိမ္ထဲကေၾကာင္ေလးလိုပဲ

သူမကိုယ္သူမအျပည့္မသိေသးဘူး

ၿပီးေတာ့ ဘာဗဟုသုတမွမရွိပဲ သူမေခါင္းထဲမွာ စာအုပ္ေတြ အစီအရီရွိေနသလို အားလုံးကိုသ‌ေဘာေပါက္လို့ေနတယ္

သူမ မသိပဲလုပ္လိုက္တဲ့အမူအယာေတြကအစ

သူမသိသိရက္နဲ႔သုံးလိုက္တဲ့စြမ္းအားေတြကအဆုံး

အားလုံးသူမရဲ့ဒ်န္ထ်န္ထဲမွာစြမ္းအားႀကိးမားတဲ့တခုခုကိမ္းဝပ္ေနသလိုခံစားခ်က္မ်ိဳးပဲ

အဲ့ဒီစြမ္းအားေတြအဆုံးစြန္ထိ‌ပြင့္ထြက္လာဖို့ ခရီးအရွည္ႀကီးက်န္ေသးသလိုခံစားရၿပီး
တြန္းအားတခုလိုတယ္လို့လဲခံစားရတယ္

သူမရဲ့သလင္းေက်ာက္ပုံေပၚေနတဲ့အေရာင္ငါးမ်ိဳးရွိေက်ာက္တုံးမ်ားကလဲသူမစိတ္ကိုရွုပ္ေထြ‌းေစတယ္

ထားလိုက္ပါေတာ့

အနာဂတ္မွာ သူမသိရဖို့ႀကိဳးစားလို့ရ‌ပါေသးတယ္

အခ်ိန‌္ေတြအမ်ားႀကီးက်န္ေသးတာပဲ

သူမရဲ့အေတြးေတြကိုရပ္တန႔္ထားလိုက္ၿပီး
လက္ေတြ႕ဘဝကိုျပန္ဆြဲေခၚလိုက္တယ္

"ကဲ တခါပဲလုပ္ျပမွာေနာ္ ေသခ်ာၾကည့္ထားၾက"

အခန္းထဲဘြန္ဆိုင္းပင္ေလးဆီကသစ္ရြက္အခ်ိဳ့ကိုသူမစြမ္းအားနဲ႔ညင္သာစြာေခၽြယူလိုက္ၿပီး သူမေရွ႕မွာစည္းခ်က္က်က်လြင့္ေမ်ာထားေစလိုက္တယ္

သူမရဲ့ေသးငယ္တဲ့အျပအမူတခုဆီကအစ မလြတ္‌သြားရေလေအာင္ ေတြအားလုံးအသက္ေတာင္မရွူဝံ့ပဲမ်က္ေတာင္မခတ္ေစာင့္ၾကည့္ေနၾကတယ္

က်ဳးလစ္ သူမရဲ့လက္မ်ားကိုဆန႔္တန္းကာ ဒန္ထ်န္ထဲကေရစြမ္းအားမ်င္မ်င္ေလးကိုထုတ္ယူကာသစ္ရြက္ေလးဆီျဖည့္ညင္းစြာပို့လြတ္လိုက္တယ္

သစ္ရြက္ေလးဆီ‌တေျဖးေျဖးေလ်ာ့က်သြားတဲ့ေရစြမ္းအားမၽွင္ေလးမ်ားဟာ သစ္ရြက္ေလးရဲ့ကိုယ္ထည္ကိုေတာင့္တင္းခိုင္မာေစၿပီး ပိုႀလိဳမာေက်ာလာေစတယ္

အားလုံးရဲ့အေရွ႕မွာပဲ သစ္ရြက္ေလးရဲ့ေခၽြယူခံထားရတဲ့ရြက္ညႇာေလးမွာအတက္ေသးေသးေသးေလးေပါက္လာၿပီးခနအတြင္းႀကီးထြားလာကာ သစ္ပင္အေသးေလးအျဖစ္ပုံေပၚလာေတာ့တယ္

"သစ္ရြက္က မညိဳးသြားပဲ ဆက္လက္ႀကီးထြားၿပီးအပင္သစ္တပင္ကိုေတာင္ေမြးထုတ္ေပးလိုက္ေသးတယ္ "

"ဝါးးး ငါတို့ေလာင္ရွီးကိုအျပစ္ျပဳလို့မရဘူး "

"ဘယ္လိုျဖစ္နိုင္မွာလဲ"

အခနး္ထဲကလူေတြပင့္သက္ရွိုက္သြားၾကၿပီး အဆန္းတၾကယ္ျဖစ္သြားၾကတယ္

ဒီကုန္းေျမမွာ သစ္သားစြမ္းအားရွင္ေတြေပ်ာက္ဆုံးကုန္ဝာာႏွစ္အေတာ္ၾကာခဲ့ၿပီမို့ဒီလိုျမင္ကြင္းမ်ိဳးၾကည့္ရွု့ခြင့္ရတာအရမ္းအဖိုးတန္တယ္ဆိုတာသူတို့အားလုံးသိၾကတယ္

တေန႔ သူတို့ေလာင္ရွီးလိုစမတ္က်က်နဲ႔သစ္သားစြမ္းအားကိုကၽြမ္းက်င္စြာအသုံးျပဳလို့ရေအာင္ႀကိဳးစားၾကမယ္လို့ေတြးမိလိုက္ၾကၿပီး စိတ္ဓာတ္ေတြတက္လာၾကတယ္

"အစပိုင္းမွာေတာ့မင္းတို့ခက္လိမ့္မယ္ ေရစြမ္းအားရွင္ေတြအတြက္လြယ္ကူေကာင္းလြယ္ကူနိူင္တယ္ ဒါေပမဲ့ မီးစြမ္းအားရွင္ေတြအတြက္ကနဲနဲခက္ခဲနိုင္တယ္ စိတ္မပူပါနဲ႔ မင္းတို့ပိုင္ဆိုင္တဲ့စြမ္းအားကိုပဲခ်ိန္ဆၿပီးဟန္ခ်က္ထိန္းၾကည့္ၾကပါ မနည္းလြန္းမမ်ားလြန္းအေျခအေနမွာ ေသခ်ာထိန္းခ်ဳပ္ၾကရမယ္ ဒီသင္ခနး္စာက ဘာကိုရည္ညြန္းလဲဆိုရင္ သစ္ရြက္ေလးရဲ့ေသျခင္းရွင္ျခင္းမဟုတ္ပဲ မင္းတို့ရဲ့အေတြးထိန္းခ်ဳပ္ျခင္းအေပၚမွာပဲမူတည္တယ္ဆိုတာသေဘာေပါက္ၾကပါ ကဲႀကိဳးစားလိုက္ၾကဦး"

သူမစကားအနည္းငယ္ေျပာျပ္ီး အားလုံးကိုႏွုတ္ဆက္ကာ သူမရဲ့ၿမိဳ့ေတာ္ထဲကသက္တန႔္စံအိမ္ဆီျပန္သြားခဲ့တယ္

သူမ မသိလိုက္တာက သူမရဲ့အခန္းထဲကတပည့္ေတြဟာ သူမခ်န္ရစ္ခဲ့တဲ့အတိုင္းသာရွိေနခဲ့ၾကၿပီး သူမရွင္းျပခဲ့တဲ့လုပ္ငန္းစဥ္မွာအာ႐ုံနစ္ဝင္သြားၾကတယ္ဆိုတာကိုပဲ

ထမင္းစားခနး္မွာထမင္းလာမစားၾကတဲ့အခနး္(3)ရဲ့ထူးျခားမူ႔ဟာ ထန္းယြမ္ေက်ာင္းတခုလုံးကိုပ်ံ႕သြားခဲ့ၿပီး ေက်ာင္းသားေတြသာမက ဆရာေတြအႀကီးအကဲေတြကိုပါ ပါးစပ္ေဟာင္းေလာင္းျဖစ္ေစခဲ့တယ္ဆိုတာကိုေပါ့

သူမကေတာ့အိမ္ေတာ္ကိုျပန္ေရာက္ေတာ့ ရန္က်င္းရဲ့တိုးတက္မူ႔ကိုစစ္ေဆးေပးကာ ၿမိဳ့ေတာ္ေဈးထဲေရာက္ေနခဲ့တယ္ေလ

ဒါေၾကာင့္ သူမရဲ့ေက်ာ္ၾကားမူ႔ဘယ္ေလာက္ျမင့္တက္သြာစတယ္ဆိုတာကိုမသိပဲ ေအးေဆးေဈးဝယ္ထြက္ေနေလရဲ့

ေခၽြအိမ္ေတာ္ကပါလာတဲ့ေရႊတုံးေတြကလဲကုန္သေလာက္နီးပါးျဖစ္ေနၿပီ

ေလလံအိမ္ကလဲၿပီးသေလာက္နီးပါးရွိေနၿပီဆိုေတာ့ ေနာက္ဆိုသူမရဲ့အိတ္ထဲေငြရြင္ေနမယ္လို့ေတာ့ထင္ရတာပဲ

သူမစာအုပ္ေတြေရာင္းတဲ့ေနရာဆီေလ်ာက္သြားလိုက္ၿပီး မ်က္ဝန္းထဲတန္းခနဲဝင္လာတဲ့ က်င့္စဥ္တခုကိုလက္လွမ္းယူလိုက္ေပမဲ့

သူမနဲ႔အတူအျခားလက္တခုကလဲ စာအုပ္အစြန္းကိုလြတ္မေပးပဲဆုပ္ကိုင္ထားခဲ့တယ

"အာ ခၽြန္းဟြားမိန္းကေလးပဲ ကၽြန္ေတာ္တို့ေရစက္ဆုံတယ္ေနာ္ ထပ္ေတြ႕ၾကျပန္ၿပီ"

သူမေမာ့ၾကည့္လိုက္ေတာ့ ဟိုတခါစားေသာက္ဆိုင္မွာသူမကိုၾကည့္ဖို့ေရႊတုံးငါးေသာင္းေပးခဲ့တဲ့အ႐ူး ရဲ့မ်ိဳးႏြယ္ ျဖစ္ေနတာကိုေတြ႕လိုက္ရတယ္

ထုံးစံအတိုင္း ေထာင္ေထာင္ေမာင္းေမာင္းလူထြားႀကီးေတြကလဲ ေနာက္မွာစီတန္းရပ္ေနၾကတယ္

ဒါေပမဲ့ ဒိတခါေတာ့ သူတို့ရဲ့မ်က္ႏွာထားေတြကရိုက်ိဳးလိုပဲ

ၾကည့္ရတာလုံေလာက္တဲ့သင္ခန္းစာေပးခံထားရပုံေပၚတယ္

အဲ့ဒီအ႐ူးရဲ့မ်ိဳးႏြယ္ကိုလ်စ္လ်ဴရွု့လိုက္ၿပီး သူ႔လက္ထဲကစာအုပ္ကိုဆြဲယူကာ ေငြေခ်ၿပီးထြက္လာခဲ့လိုက္တယ္

ဒါေပမဲ့ဟိုအ႐ူးက သူမ‌ေနာက္ကိုမေၾကာက္မရြံ့ဆက္လိုက္လာေသးတယ္ေလ

"ဘာျဖစ္ခ်င္ေနတာလဲ"

သူမေအးစက္စြာေမးလိုက္တယ္

"အာ ကၽြန္ေတာ္က ဒိအတိုင္း ခၽြန္းဟြားမိန္းကေလးနဲ႔ခင္ခ်င္႐ုံပါ "

"ကၽြန္မ မခင္ခ်င္ဘူး"

"ရဲ့အႀကီးအကဲကိုေထာက္ထားတဲ့မ်က္ႏွာသာမရွိရင္ ဒီေကာင္ကိုသူမရိုက္သတ္ပစ္တာၾကာၿပီ

ယားေနတဲ့လက္ကိုအသာဝွက္ရင္း သတိေပးတဲ့အၾကည့္နဲ႔ၾကည့္လိုက္ကာ ဆက္လိုက္မလာဖို့သတိေပးလိုက္ေပမဲ့ အဲ့ရဲ့မ်ိဳးႏြယ္ရဲ့မ်က္ႏွာေျပာင္တိုက္မူ႔ကိုသူမေလ်ာ့တြက္မိခဲ့တယ္

သူမေဘးမွာေက်ာေကာ့ရင္ေကာ့ၿပီးေလ်ာက္ေနေသးတဲ့ရဲ့မ်ိဳးႏြယ္ကိုသည္းခံစိတ္ကုန္ဆုံးသြားတာမို့ သူမကိုယ္ကိုေျမာက္ကာ တိုက္ခိုက္လိုက္ေတာ့တယ္

........✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️

Alinkar nang

You are reading the story above: TeenFic.Net