စာစဉ်(10) အပိုင်း(100)

Background color
Font
Font size
Line height

Lengends of spring goddness

အပိုင်း(100) အင်အားချဲ့ထွင်ခြင်း

ကျုးလစ် သူမရဲ့အင်းအားကိုချဲ့ထွင်ဖို့အကောင်းဆုံးကြိုးစားခဲ့တယ်

အရင်ကလို မရေမရာရည်ရွယ်ချက်တွေအစား သူမဘေးကလူတွေကိုပဲ တိုက်ရိုက်ဦးတည်ထားခဲ့တယ်

အကုန်လုံးကိုသူမကိုယ်တိုင်ကူညီပေးတယ် ဆေးဖော်ပေးတယ် အစစအရာရာထောက်ပံ့ပေးထားပြီး သူတို့ကိုဂူပိတ်လေ့ကျင့်စေတယ်

"ဒီနေ့ရော ဘာအပင်သွားခူးဦးမှာလဲ"

"နေလပန်း "

"တကယ်ကြီး ? အရမ်းရှားတာကို ဘယ်မှာတွေ့တာလဲ "

နေလပန်း

စိတ်ဝိဉာဉ်‌ေနာက်ဆံုးအဆင့်ကို နတ်ဒေဝါအဆင့်ရောက်အောင်တိုးမြင့်ပေးနိုင်တယ်

တခြားသူတွေကတော့ နေလဆေးကိုသောက်ရဲမှာမဟုတ်ဘူး

စိတ်ဝိဉာဉ်အဆင့်နဲ့ နေလဆေးကိုသောက်လိုက်ရင်သောက်လိုက်တဲ့သူရဲ့ကိုယ်ထဲမှာ ဆေးအာနိသင်အနည်တွေစုပုံသွားရော

အဲ့ဒီစုပုံအနည်ထိုင်မူ့က ‌နောက်တဆင့်တက်ဖို့အတွက်ခက်ခဲသွားမှာစိုးလို့ တော်ရုံသတ္တိနဲ့မသောက်ရဲကြဘူး

ဆိုးကျိုးအနဲငယ်ရှိတယ်ဆိုပေမဲ့
သူမအတွက်ကတော့အဲ့ဆေးအနည်ထိုင်တာပျောက်သွားဖို့ နောက်ထပ်ဆေးတလုံးဖော်လိုက်ရုံသာ

ဒါကြောင့် သူမလူတွေအတွက်ရဲဝံ့စွာဖော်စပ်ပေးရဲတာပဲ

သူမရဲ့ဆေးဖော်စက်မူ့ကလဲ နတ်ဒေဝါအဆင့်ရောက်သွားတာမို့ ဘာအကန့်အသတ်မရှိတော့ဘူး

နတ်ဘုရားတွေအတွက်တောင်‌ အချို့ဆေးတွေကိုဖော်စပ်လို့ရနေပြီ

အဲ့တော့ အရင်နေ့များကလို သူမပျင်း‌မနေတော့ပဲ သူတို့အားထုတ်ကျင့်ကြံနေတဲ့အချိန် သူမက ဖီးနစ်ကုန်းမြေတခုလုံးလျောက်လှည့်ပတ်သွားပြီး ဆေးအမယ်တွေကိုစုလေ့ရှိကာ သူမလိုချင်တဲ့ဆေးပင်တွေရဲ့သတင်းကိုလဲ စုံစမ်းလေ့‌ရှိတယ်

အခုလဲ ဆေးဆိုင်တဆိုင်ကနေ နေလပန်းရဲ့သတင်းစကိုရလာတာပဲ

"သူတို့ပြောတာကတော့ နေလပန်းကိုစောင့်တဲ့စိတ်ဝိဉာဉ်သားရဲတစ်ကောင်ရှိတယ်တဲ့ နတ်ဒေဝါအဆင့်ရဲ့အလယ်ပိုင်း ကြယ်ငါးပွင့်အဆင့်ကိုတောင်ရောက်နေပြီတဲ့ "

"ဒါဆို မင်းကရော "

ကျုးလစ် နှာခေါင်းကိုလက်နဲ့ပွတ်လိုက်ပြီးမှ

"နတ်ဒေဝါအစောပိုင်းအဆင့် ကြယ်ငါးပွင့်"

"မင်းကိုယ့်ဘာသာကိုယ်သတ်သေဖို့လုပ်နေတာမဟုတ်လား မင်းနဲ့အဲ့ကောင်ကြား အဆင့်ကြီးတဆင့်တောင်ကွာတယ်လေ ရူးသွားတာလား ကျုးသခင်လေး"

ဟုတ်ပါတယ် ကျူးလစ်ကသခင်လေးတစ်ယောက်လိုဝတ်စားထားတာပါ‌

ငွေရောင်ဆံနွယ်တွေနဲ့စိမ်းပြာရောင်မျက်ဝန်းတွေရှိတဲ့ ဖီးနစ်ကုန်းမြေကသခင်မလေးသခင်လေးတွေအားလုံးထက်ပိုချောတဲ့သခင်လေးအဖြစ်‌ပြောင်းလဲထားတာပေါ့

"ဒါကတော့ ကြည့်ရမှာပေါ့ အင်အားကြီးတိုင်းလဲ မရှုံးနိုင်ဘူးလို့ပြောလို့မှမရတာ

ကျုးလစ် ခပ်မြူးမြူးလေးပြောလိုက်ပြီး ကြီးမားတဲ့ဆေးဆိုင်တဆိုင်တွေ့လို့ လှမ်းဝင်သွားခဲ့တယ်

ဖုန့်ဟွမ်ကလဲ သူမနဲ့အတူ လျှောက်ဝင်လာခဲ့တယ်

ဆံနွယ်အနီရောင်
အနီရောင်ဝတ်ရုံ အနီမျက်ဆံများနဲ့ ဖုန့်ဟွမ်ဘေးက သူမက အဖြူရောင်ဝတ်ရုံလေးနဲ့ အရမ်းသန့်ရှင်းကာ ထင်းလင်းလို့နေတယ်

သူမကိုတွေ့သမျှ မိန်းမတွေအားလုံးက လိုချင်တက်မက်တဲ့အကြည့်နဲ့ကြည့်ကြပေမဲ့ ဖုန့်ဟွမ်ရဲ့နဖူးက ဖီးနစ်ကုန်းမြေသခင်နဖူးစည်းကြောင့် မနှောင့်ယှက်ရဲကြဘူး

သူမ ဝင်သွားသမျှဆိုင်တိုင်းမှာလဲ အလေးထားပြီးဆက်ဆံခံရတယ်

သူမကတော့ တည်ငြိမ်နေတာပါပဲ

သုံးဘဝစာလောက်ဖြတ်သန်းလာပြီးနောက်ပိုင်း သူမက လုံးဝလူသစ်တစ်ယောက်လိုဖြစ်လာတယ်

နွေဉီးနတ်ဘုရားလို နှလုံးမဲ့သူမဟုတ်ဘူး

‌ချွေချွန်းဟွားလို နုံနုံအအလေးလဲမဟုတ်ဘူး

ကျုးလစ်လို အချစ်ကိုမခံစားတတ်တာလဲ မဟုတ်ဘူး

အဲ့ဒီအစား သူမရဲ့အားနည်းချက်တွေအကုန်ပျောက်ကွယ်သွားပြီး တည်ငြိမ်ရင့်ကျက်တဲ့သူဖြစ်လာတယ်

"ဟေ့ မင်းက ဘယ်သူ့ရဲ့ကိုယ်လုပ်တော်လဲ "

ကျုးလစ် သူမရဲ့စိမ်းပြာရောင်မျက်ဝန်းများကို အဲ့တစ်ယောက်ဆီရွှေ့လိုက်တော့ အဲ့တစ်ယောက်က လည်ပင်းအထိနီရဲနေပြီ

"အာ သခင်လေး ရှင် ကျွန်မရဲ့ကိုယ်လုပ်တော်လုပ်ဖို့ဆန္ဒရှိလားဟင်"

"..........."

သူမ အရင်က ဒီလိုတခါမှ ဖျားယောင်းတာမခံရဖူးဘူး

ဘာဖြစ်တာလဲလို့ ဘေးကိုဝေ့ဝဲကြည့်တော့မှ ဟိုကိုယ်တော်လေးက ဘေးမှာမရှိတော့ဘူးကိုး

သူမကလဲ ရိုးရိုးအဖြူရောင်ဝတ်စုံကိုပဲဝတ်ထားတာ ဒါကြောင့် သူမကိုလာစကားဦးသန်းရဲတာပဲ

သူမရဲ့တောက်ပတဲ့မျက်ဝန်းလေးတွေက တလက်လက်ထသွားပြီး မျက်တောင်ကော့ကော့ရှည်ရှည်တွေကတော့ တဖျတ်ဖျတ်ခတ်မိသွားတယ်

သူမ တချက်ပြုံးလိုက်တော့ အဲ့ကောင်မလေးခမျာ မူးတောင်လဲတော့မလို ဘေးကအစေခံယောကျာ်းလေးက‌တွဲထားပေးရတယ်

သူမ တကယ်သိချင်သွားမိတယ်

သူမရှေ့က အမျိုးသမီးလေးမှာ မိန်းမအချင်းချင်းသိတဲ့မနောစိတ်ကုန်ဆုံးသွားလို့များသူမကိုယောကျာ်းတစ်ယောက်လို့ထင်နေတာလားလို့ပေါ့

ရှေ့ကိုတလှမ်းလှမ်းကာ ထိုအမျိုးသမီးလေးနဲ့နီးကပ်စွာရပ်လိုက်ရင်း သူမမျက်နှာနဲ့နီးအောင် ကိုယ်ကိုအနဲငယ်ကိုင်းလိုက်တယ်

ပြီးနောက် ‌လက်ညိုးတချောင်းနဲ့သူမမေးကိုပင့်ကာ အကြည့်ချင်ဆုံစေရင်း

"မိန်းကလေး မင်းက ဖီးနစ်ကုန်းမြေသခင်မရဲ့ကိုယ်လုပ်တော် ဖီးနစ်ကုန်းမြေသခင်ရဲ့သူငယ်ချင်းဖြစ်တဲ့ ဒီသခင်လေးကို တကယ်ပဲတတ်နိုင်ရဲ့လား ဟမ် "

"..........."

သူမ ပြောပြီးနောက် ကိုယ်ကိုပြန်မတ်လိုက်ပြီး အဲ့အမျိုးသမီးလေးရဲ့အံဩဝမ်းနည်းသွားမူ့ကိုရှူ့စားလိုက်တယ်

သူမ ဆက်ပြောစရာမလိုတော့ဘူးလေ

ဘေးကဝိုင်းကြည့်နေကြတဲ့ သခင်လေး သခင်မလေးတွေအားလုံးက သူမစကားကြားပြီးတာနဲ့ ရှဲသွားကြကာ ပွစိပွစိနဲ့တိုးတိုးပြောနေကြလို့ပါပဲ

တချို့တွေကတော့ သူမရှေ့က အမျိုးသမီးလေးက ကံဆိုးပြီပဲလို့ပြောကြသလို

ကျူးလစ်လို နှစ်ယောက်မရှိအောင်ချောမောလှတဲ့သခင်လေးတစ်ယောက်က ဖီးနစ်ကုန်းမြေရဲ့ထိပ်ခေါင်နှစ်ယောက်ကိုကိုင်ထားလို့ ကြောက်စရာကောင်းတယ်လို့လဲပြောနေကြတယ်

သူမ နှာခေါင်းတချက်ရှူံ့လိုက်ကာ သူမကြည့်လက်စဆေးပင်ကိုပဲ လှည့်ကာဆက်ကြည့်‌နေလိုက်တော့တယ်

အဲ့အချိန်မှာ

"မိန်းကလေး မင်းက တကယ်ကိုအကောင်းကြိုက်တတ်တာပဲနော်"

အေးစက်တဲ့အသံနဲ့ထိတ်လန့်လောက်စရာအော်ရာကိုခံစားမိတာမို့အားလုံးလှည့်ကြည့်မိကြတော့

"ဟမ် !  တကယ်ကိုဖီးနစ်ကုန်းမြေအရှင်ပဲ"

........🧈🧂🍿🍩🍯🧃🍩🍿🧂🍿🧁🍿🧁🍿🍯🧃🍯🧈🧂🍿🧁🧁🧃🧂🧈🍩🧁🍯🍿🧂🧃🧁🍿🍿🧂🍿🍩🧁🍯

Alinkar nang






You are reading the story above: TeenFic.Net