97.zgi

Background color
Font
Font size
Line height

Lengends of spring goddness

အပိုင်း(97) သွေးနှင်းပန်း

သူမရဲ့ဒန်ထျန်ထဲကသစ်ပင်ဟာ အားလုံးကိုသန့်စင်ပေးနိုင်တယ်

စုပ်ယူနိုင်တယ်

သူမသုံးနိုင်အောင်ပြုလုပ်ပေးတယ်

အဲ့သစ်ပင်ကြောင့် သူမရဲ့နတ်ဒေဝါစမ်းသပ်ချက်ဟာပိုပြီးလွယ်ကူလာခဲ့သလို ပိုပြီး ပြုပြင်ပေးတယ်

သူမအတွက်အရမ်းအကျိုးရှိတယ်

တနာရီလောက်ကျတဲ့မိုးကြိုးတွေဟာကျူးလစ်ရဲ့စုပ်ယူမူ့ကြောင့်ပဲ အကုန်အစင်ပြောင်သွားခဲ့တယ်လေ

အားလုံးပြီးသွားတော့ သူမလျှသပ်လိုက်မိတယ်

တခုခုကိုစားလို့ဗိုက်ပြည့်သွားသလိုပဲခံစားချက်ကကြည်နူးဖို့ကောင်းတယ်

"ဝိုးးးး မင်းကတော့ တကယ်ပါပဲ အရာအားလုံးကိုပြောင်းပြန်လုပ်ပစ်လိုက်နိုင်တာပဲနော်"

ဖုန့်ဟွမ်က သူမကိုလက်ခုပ်တီးကာချီးမြောက်တယ်

ရှောင်ရှောင်ကတော့ သူမရဲ့ရင်ခွင်ထဲဝင်လာပြီးတော့ အော်ဟစ်ငိုယိုသောင်းကျန်းတော့တာပဲ

"ဝူးးး ဝူးး ကျူးကျူးကြောင့် လန့်သေတော့မလို့ ခနတိုင်းပျောက်နေတာ ဝူးး ဝူးးး လန့်လိုက်တာ လန့်လိုက်တာလို့ ဒီမှာကြည့် လန့်လွန်းလို့ အသဲနှလုံးတောင်မြေကြီးထဲရောက်နေပြီလို့ ဝူး ဝူးးး "

သူမရဲ့ရင်ခွင်ထဲက အကောင်ပေါက်လေးကိုအသာအယာပွတ်သပ်‌ပေးလိုက်ရင်း

"အခုပြန်လာပြီမဟုတ်လား တိတ်တော့ မဟုတ်ရင် သစ်ပင်ပေါ်မှာဇောက်ထိုးချိတ်ထားလိုက်မယ် "

"အို့"

ရှောင်ရှောင်ကမျက်နှာငယ်လေးနဲ့တိတ်သွားတော့ သစ်ပင်အိုကြီးက မဲ့ရွဲ့ကာပြောလေတယ်

"ဟွန့် ချက်ချင်းတိတ်သွားတော့တာပဲ"

"ဘာဖြစ်လဲ ဝေးဝေးသွားစမ်း အာရုံနောက်တယ် "

"ဘယ်သူ့ကိုပြောတာလဲ ဟမ် ဒီဖေဖေက တစစီလုပ်ပစ်လိုက်မယ်"

"ဗြဲ နင့်ကိုကြောက်တယ်များထင်နေလား ဗြဲ ဗြဲ ‌ဗြဲ"

".........."

ကျူးလစ်ခေါင်းကိုက်သွားတယ်

ရန်ကျင်းကိုကြည့်လိုက်ပြီး

"သူတို့က ဒီလိုပဲလား "

"ဟုတ်ပါတယ် သခင်မ"

သူမ ရန်ကျင်းကိုသေချာက်ညြ့်လိုက်တယ်

"မဆိုးဘူး မင်းလဲတိုးတက်လာတာပဲ "

"သခင်မကျေးဇူးကြောင့်ပါ"

"အဲ့လိုမပြောပါနဲ့ ငါက တချိန်လုံး တခုပြီးတခုဖြစ်နေတာ ငါ့နားမှာခေါ်ထားပြီး ဖြစ်ဖြစ်မြောက်မြောက်လဲတခုမှမလုပ်ပေးရသေးဘူး အခုချိန်ကစပြီး မင်းကိုသေချာကြည့်ပေးမယ် ဟုတ်ပြီလား"

"ကျေးဇူးတင်ပါတယ်သခင်မ"

သူမလက်ကာပြလိုက်တယ်

"နင်ရောဘယ်လိုလဲ နတ်ဒေဝါအဆင့်ကိုရောက်သွားတယ် လွန်ခဲ့တဲ့တနှစ်ကမှ သုံးစားမရတော့ဘူးဆို ပြီးတော့ ပြင်းပြင်းထန်ထန်လဲထိခိုက်မိထားသေးတာမဟုတ်လား နဲနဲလောက်ဖြစ်ဖြစ်မရှင်းပြချင်ဘူးလား သခင်မလေး ဟမ်?"

သခင်‌မလေး ?

ဘယ်ရီစိတ်ဆိုးနေပြီဆိုတာကိုသူသိလိုက်တယ်

ဒါကြောင့် ပခုံးအသာတွန့်လိုက်တော့တာပေါ့

လိုက်သတ်ရန်ဖြစ်နေကြတဲ့နှစ်ယောက်ကလဲ ဘယ်ရီပြောတာကိုကြားတော့ နားစွင့်လာခဲ့တယ်

ဖုန့်ဟွမ်ကလဲ စိတ်ဝင်စားပုံပဲ

ကြည့်ရတာ ဒီနေ့ပြေးလိုက်မိရင်တော့ အပြစ်ပြုမိသွားတဲ့သူတွေတော်တော်များမှာပဲ

သူမ တုကူးရှန်းရှိနေသေးတဲ့ ရေခဲဥကြီးကိုကြည့်လိုက်ပြီးမှ သက်ပြင်းအသာချလိုက်ကာ

"ကောင်းပြီလေ ပြောပြမယ် ဒါပေမဲ့ ငါ့ကိုအရင်ပေးမထိုင်ကြဘူးလား"

"လာ လာ "

ကြာသင်းရနံ့စံအိမ်တော်ကို ဖုန့်ဟွမ်က ခေါ်ဆောင်သွားတယ်

အခုချိန်ထိ သူမက ယောကျာ်းလေးပုံစံ‌ပဲဝတ်ဆင်ထားသေးတာမို့ ဖီးနစ်ကုန်းမြေသခင်မက သူမကိုမကြာခနချောင်းကြည့်လို့နေတယ်

စောနက ဘယ်ရီပြောတဲ့ သခင်မလေးဆိုတာရဲ့အဓိပ္ပာယ်ကိုများသေချာမသိတာလား မသေချာဘူး

ကောင်းပြီလေ

သူမလဲရှင်းပြဖို့စိတ်ကူးတော့ရှိမနေပါဘူး

သူမ အားလုံးကိုပြောပြပြီး မေးခွန်းမှန်သမျှအားလုံးဖြေပြီးသွားတော့ ညနေစောင်းနေပြီ

အားလုံးကိုယ့်နေရာကိုယ်ပြန်ပြီး အိပ်စက်အနားယူကြပေမဲ့ ကျူးလစ်ရဲ့အခန်းက လူဝင်လူထွက်မပြတ်ဘူး

ပထမ ရန်ကျင်းလာတယ်

သူမ မရှိတဲ့ရက်တွေအတွင်းဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ပြောပြတယ်

နောက်တစ်ယောက်ကတော့ ဘယ်ရီ

သူက ဖီးနစ်ကုန်းမြေသခင်မက သူတို့ကာကွယ်ရင်း သေတော့မလိုဖြစ်တာကိုလာပြောပြတာ

ပြီးတော့ပြောလိုက်သေး

ဘာတဲ့ "နင်ကိုယ်စားငါကအနစ်နာခံပြီးယူပေးမလို့ပဲ ဒါပေမဲ့ သူမက နင်မှနင်ပဲဖြစ်နေတယ် မော်ဒန်ခေတ်မှာဆို နင့်ဟာကို ခွဲစိတ်လိုက်ရင်ပြီးပြီ ဒါပေမဲ့ ကျွတ် ကျွတ် အလှလေးက အဆီတုန်းလေးနဲ့လွှဲတော့မယ်"တဲ့

သူမက သူ့ကျောကုန်းကို လေးငါးချက်ထုလိုက်ပြီး "နင်ပဲအဆီတုန်းကြိုက်တာ ငါက အသားပဲကြိုက်တာ "

သူက တဟားဟားအော်ရယ်ရင်းမှ

"ဘာလဲ အသားတုံးလေးနှစ်တုံးလား"

"ဘယ်က တစ်တုံးကပိုလာတာလဲ"

"ဖုန့်ဟွမ်လေ "

"အိုးးးး ဝေးဝေးသွားစမ်းပါ"

သူမ ဘယ်ရီကိုအခန်းထဲကကန်ထုတ်လိုက်ပြီးတော့ ရေချိုးကာ အိပ်စက်ဖို့လုပ်လိုက်ပေမဲ့

"ဘာလဲ ကိုယ်က အသားတုံးမဟုတ်ဘူးလား"

"အမလေး လန့်လိုက်တာ ဖုန့်ဟွန် ? ဘယ်လိုဝင်လာတာလံ ရှင်က သူခိုးလား"

"အိုး အသားတုံးကနေ သူခိုးဖြစ်သွားရပြန်ပြီလား "

"ဖုန့်ဟွမ် ! ရှင်! ရူးနေလား "

ဒီလူက စတွေ့ချိန်က အေးစက်စက်နဲ့

အခုကျတော့လဲ ပြောင်စပ်စပ်နဲ့

သူမကိုလာစနေတယ်

"ဟွန့်"

သူမပြောတာကိုသူက‌နှာခေါင်းရှုံ့တယ် ပြီးတော့ အနားကပ်လာကာ သူမရဲ့ရေစိုနေတဲ့ဆံနွယ်တွေကိုအသာကိုင်‌ရင်းမှ

"ကျုးလေး မင်းအဲ့ထဲဝင်သွားပြီးတော့ တခြားတယောက်အဖြစ်နဲ့ပြန်ထွက်လာမှာကိုအရမ်းစိုးရိမ်ခဲ့ရတာ တော်သေးတယ် မင်းက မင်းပဲဖြစ်နေလို့ "

"ကျွန်မကဘာဖြစ်ရမှာလဲ "

သူဘာပြောချင်လဲသူမသိတယ်

ဒါပေမဲ့ မသိချင်ယောင်ပဲဆောင်လိုက်တယ် အတိတ်ကသူမတို့ဟာ ရေစက်ဆိုးတွေပဲမဟုတ်လား

ဖုန့်ဟွမ်ပြန်သွားတော့မှ သူမမှာ အိပ်ရာပေါ်တက်ရတော့တယ်

သူမ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတယ်

အဲ့လိုအိပ်ပျော်မူ့ကြောင့် သူမရဲ့ဖွင့်ထားတဲ့ပြတင်းပေါက်က ပန်းနီလေးဟာတိတ်တဆိတ်ဝင်လာပြီး သူမနဖူးထဲတိုးဝင်ပျောက်ကွယ်သွားတာကိုမသိလိုက်ဘူး

အဲ့ပန်းလေးပုံလေးက သူမနဖူးပေါ်ပုံပေါ်လာပြီးခနပဲပြန်ပျောက်ကွယ်သွားတယ်

အဲ့အချိန် သူမရဲ့ မျက်ဆံ သူမရဲ့ဆံနွယ်တို့ဟာ အနီရောင်ပြောင်းသွားပြီး အဲ့လိုပုံဟာ အာရုဏ်တက်ချိန်ရောက်မှ‌ပဲ‌နဂိုအခြေအနေကိုပြန်ရောက်လာတော့တယ်

........🍯🧁🧈🍯🧈🍯🍩🧁🍩🧁🧈🧁🧁🧈🧁🍩🧁🍩🧁🧈🧁🧈🧁🍿🍯🍿🍯🧈🍩🍯🍩🧁🧈🧁🍿🧁🍿🧁🍯🧈🍩🧁🧈🧁🧈🧁

Alinkar nang


You are reading the story above: TeenFic.Net