87.zgi

Background color
Font
Font size
Line height

Lengends of spring goddness

အပိုင်း(87) သူမရဲ့သွေးများ(2)

"ချွီးးးးးးးး"

ဖုန့်ဟွမ်က လေချွန်ပြီး ဖီးနစ်ငှက်တကောင်ကိုခေါ်လိုက်တယ်

"ဂရားးးးးးး"

ဖီးနစ်ငှက်ဖိုတကောင်က သူ့ရဲ့နီရဲတဲ့အတောင်ပံများကိုဖြန့်တန်းကာ ဦးခေါင်းကိုညွတ်ပေးလိုက်တယ်

ဖုန့်ဟွမ်က သူမခါးကိုဖက်လိုက်ကာ အပေါ်ကို‌ပွေ့တင်လိုက်တယ်

"ဟမ် ! အိုးးး ကျူးလေး မင်းနောက်ကို ဖီးနစ်ငှက်ပေါက်လေးတကောင်က လိုက်ချင်လို့တဲ့ "

ဘယ်အရာမှ မမြင်တဲ့သူမကို သူက မျက်စိဖြစ်ပေးချင်ခဲ့တယ်

"အင်း ခေါ်လေ "

သူခေါင်းရမ်းလိုက်တယ်

မိန်းကလေးတွေရဲ့ချစ်စရာကောင်းတဲ့အကောင်တွေကိုချစ်တယ်ဆိုတဲ့စိတ်က မတားဆီးနိုင်ဘူး

ဒီနည်းလမ်းကအမြဲတမ်းအလုပ်ဖြစ်နေတုန်းပဲ

သူခေါင်းဆတ်ပြလိုက်တော့ ဖီးနစ်ငှက်ပေါက်လေးက ပျော်ပျော်ရွင်ရွင်နဲ့သူမရင်ခွင်ထဲဝင်သွားခဲ့တယ်

သူမကတော့ ဖီးနစ်ငှက်ပေါက်လေးရဲ့အမွှေးနုနုလေးတွေကို အသာပွတ်သပ်လိုက်ရင်း ရင်ခွင်ထဲပွေ့ထားလိုက်တယ်

ပြီးတော့ မမြင်နိုင်ပေမဲ့ အဝေးကိုမျှော်ကြည့်လိုက်ရင်း ဖီးနစ်ငှက်ပေါ်လိုက်ပါသွားတော့တယ်

သူမတို့လေးငါးရက်ကြာတဲ့ခရီးကို သူက နေ့တဝက်မကြာပဲ ရောက်လာခဲ့တယ်

နောက်ကျရင်တော့ သူမလဲ ဒီလိုပျံသန်းနိုင်တဲ့အ‌ကောင်တကောင်လောက်တော့ ရအောင်ယူဦးမယ်လို့တွေးလိုက်မိတာပေါ့

"ရောက်ပြီ "

ဖီးနစ်ငှက်က ရေကန်ပေါ်မှာပျဲဝဲလို့နေတယ်

"ရေကန်က အကျယ်ဘယ်လောက်ရှိလဲ "

"အမ် မြို့ငယ်တမြို့စာလောက်ပေါ့ "

"ဘေးမှာ သစ်ပင်တွေရှိလား"

"အင်း တော တခုရှိတော့ရှိတယ်"

"ကျေးဇူးပါပဲ"

သူမက ဖီးနစ်ငှက်ပေါက်လေးကိုဘေးချလိုက်ကာ ရေကန်ထဲခုန်ဆင်းသွားတော့တယ်

"ဗွမ်းးးးးးး"

"ဟမ် အဲ့အတိုင်းပဲခုန်ဆင်းသွားတာလား"

သူ အောက်ကိုငုံ့ကြည့်လိုက်တော့ သူမက  ရေတွေကြားထဲနစ်မြုတ်သွားပြီးပြီ

သူလဲအရှေ့ကိုနဲနဲသွားလိုက်ပြီး သူမကိုစောင့်ဖို့ပဲ‌လုပ်လိုက်တော့တယ်

ဖီးနစ်ငှက်ကိုတော့ လူမြင်များမှာစိုးလို့ သူ့နိုင်ငံထဲပြန်ထည့်လိုက်တယ်

ကျုးလစ်ကတော့ အဲ့အချိန် အသက်ရှုကျပ်နေခဲ့လေပြီ

အခုချိန်မှာသူမကသာမာန်လူပဲမို့ ရေမွန်းတဲ့ဒဏ်ကိုမခံနိုင်ဘူး

အဲ့လိုဆိုတော့ ကျိန်းသေပေါက် အသက်ရှူကျပ်လာခဲ့တာပေါ့

ဒါပေမဲ့ သူမမှာ ဒီအခွင့်အရေးကတခါပဲလာမယ်ဆိုတာသူမသိတယ် ဒီတခါမှ သတ္တိမရှိရင် ဘယ်တော့မှအောင်မြင်လာတော့မှာမဟုတ်ဘူး

အဲ့တော့ ရေမွန်းတဲ့ဒဏ်ကိုခံနေရင်း တဖြည်းဖြည်းနစ်မြုတ်သွားကိုပဲ လက်ခံနေလိုက်တော့တယ်

သူမ အောက်ကိုရောက်သွားတယ်

သူမရဲ့သေးငယ်တဲ့ကိုယ်လေးဟာ ရေထဲပြုတ်ကျသွားတဲ့‌‌ကျောက်ခဲတလုံးလို  ရေအောက်ကြမ်းပြင်ကိုပြုတ်ကျသွားတော့တယ်

သူမ အသက်ရှူရခက်လာတယ် ကြပ်လာတယ်

ရေပြင်ပေါ်ပြန်ကူးဖို့အချိန်မှီပါသေးတယ်

ဒါပေမဲ့ တခုတည်းေ‌သာအခွင့်အရေးက သေရင်ငရဲ ရှင်ရင်ကောင်းကင်ဘုံပဲ

ရုတ်တရက် ဒီနေရာထက် မော်ဒန်ခေတ်ကပိုပြီးနေရသက်သာတယ်ဆိုတာကိုတွေးလိုက်မိတယ်

ဘာလို့လဲလို့မေးရင်

ရှင်းပါတယ် ခေတ်နဲ့အညီတီထွင်ထားတဲ့ စက်ပစ္စည်းတွေက လူတွေကိုကူညီလာနိုင်တာနဲ့အမျှ လူတွေကလဲ ဒီလောက်ထိ ခက်ခက်ခဲခဲရုန်းကန်စရာမလိုတော့ဘူးလေ

ဒီဖက်မှာကတော့ အင်အားကသာအရာရာပဲမို့ အားနည်းတဲ့သူတွေကဝောာ့ရှုံးနိမ့်သွားကြရမှာပဲ

သူမကတော့ မရှုံးနိမ့်ချင်ဘူး

ဒါကြောင့် သူမရဲ့နှလုံးနှေးကွေးသွားသည့်တိုင် အရာအားလုံးမှုန်ဝါးသွားသည့်တိုင် သူမ လက်မလျော့ခဲ့ပါဘူး

ဒါကြောင့်ပဲ သူမရဲ့ကြိုးစားမူ့ကအရာထင်ခဲ့တာပေါ့

သူမရဲ့နောက်ဆုံးနှလုံးခုန်သံ နောက်ဆုံးထွက်မတိုင်မီမှာ ရေစွမ်းအင်ချီမျှင်တွေက သူမဒန်ထျန်ထဲတိုက်ရိုက်ဝင်လာခဲ့တော့တယ်

ရေအောက်ကသူမရဲ့ကိုယ်ကို ကုန်းပေါ်မှာရှိနေတဲ့ နွယ်ပင်များက ‌ရေအောက်ထဲဝင်ရောက်လျှောဆင်းလာကြပြီး ရစ်ပတ်ထားကြကာ သစ်သားစွမ်းအင်ချီမျှင်လေးများက သူမကိုယ်ကိုပြုပြင်ကုသပေးတယ်

သူမရဲ့ဒဏ်ရာအားလုံး သူမရဲ့အနာအားလုံးက ပန်းကန်ဆေးချလိုက်သလို ပျောက်ကွယ်သွားခဲ့တယ် သူမရဲ့ဆံနွယ်အရောင်ဟာငွေရောင်ဖြစ်နေ‌‌သေးပေမဲ့ သူမရဲ့မျက်လုံးများကတော့ သွေးရောင်ဖြစ်မနေတော့ပါဘူး

သူမရဲ့မျက်လုံးမှာလာစုနေတဲ့သွေးများအားလုံးက အပြင်ကိုစိမ့်ထွက်သွားကြပြီး သူမတကိုယ်လုံးကသွေးတွေကလဲ ရေပြင်ကိုရဲရဲနီဆွေးသွားစေတယ်

လေစွမ်းအင်ကဓားပါးလေးတွေနဲ့မွှန်းသလို သူမရဲ့ရှုပ်‌ထွေး‌နေတဲ့သွေးကြောတွေကို ဖြတ်ပစ်လိုက် ‌သစ်သားစွမ်းအင်ကသွေးကြောများကိုနေရာတကျပြန်စီစဉ်ပေးလိုက်နဲ့ သူမတကိုယ်လုံးဟာ သွေးတွေနဲ့နီရဲသွားတော့တယ်

ရေထဲက သတ္တဝါများက သူမကိုအမဲဖျက်ဖို့လာသော်လည်းပဲ သူမရဲ့ထူးဆန်းတဲ့အရှိန်အဝါကြောင့် နောက်ပြန်ဆုတ်သွားကြပြီး လုံးဝကပ်မလာရဲတော့ဘူး

ဖုန့်ဟွမ်ကတော့ သူ့ရဲ့နေ့ရက်တွေကိုကမ်းပေါ်မှာပဲ ငြီးငွေ့စွာကုန်ဆုံးနေရတယ်

သူ့မှာ နေထွက်တာကြည့်လိုက် နေဝင်တာကြည့်လိုက်နဲ့ပေါ့

သူနဲ့ဆန့်ကျင်စွာပဲ တုကူးရှန်းတို့တသိုက်ကတော့ ပျားကိုက်နေကြတဲ့အတိုင်းပဲ

ကျူးလစ်ပျောက်သွားတာ တလရှိနေပြီမို့

သူတို့ပျာယာခတ်ပြီးစိုးရိမ်‌နေကြတယ်

သူမချန်ခဲ့တဲ့စာတိုလေးကြောင့်သာမဟုတ်ရင် သူမကိုမြေလှန်ပြီးလိုက်ရှာကြရတော့မှာ

ကျူးလစ်ကတော့‌ရေထဲကိုဆင်းသွားပြီးထဲက မေ့မျောသွားလိုက်တာ အခုထိကိုနိုးမလာတော့တာပါပဲ

ဖြစ်နိုင်တာက ကုသဖို့အချိန်တော်တော်လိုနေသေးလို့လဲဖြစ်နိုင်ပါတယ်

သူမ‌ရဲ့ပြင်းထန်တဲ့စုပ်ယူမူ့ကြောင့် ရေတွေဟာပိုကြည်လင်လာသလို လေတွေကလဲ ပိုပြီးပါးလွှာလာတယ်

စိမ်းစိုနေတဲ့သစ်တောက ဝါထိန်လာပြီး အသက်ဓာတ်ကုန်ဆုံးလို့သွားပါတယ်

အဲ့ဒီတရားခံလက်သည်ကတော့ မေ့မျောနေဆဲပါပဲ

။။။။။။။။။။🧃🧁🍩🧁🍯🧃🍯🧁🍯🧁🍯🧁🍯🧁🍯🧁🍯🧁🍯🧁🍯🧁🍯🧁🍯🧁🍯🧁🍯🧁🍯

‌alinkar nang


You are reading the story above: TeenFic.Net