86.zgi

Background color
Font
Font size
Line height

Lengends of spring goddness

အပိုင်း(86) သူမရဲ့သွေးများ

သူမ မျက်စိမှိတ်ထားလိုက်တယ်

ဪ...မေ့သွားလို့ သူမမှမျက်လဲုးမမြင်တော့တာကိုး

မှိတ်တာ မမှိတ်တာ ဘာများထူးနေလို့လဲလေ

သူမ အာရုံစုစည်းကာ မီးအစု‌အဝေးခ်ျီမျှင်စု‌တွေကသူမအသက်ရှူလိုက်တိုင်းဒန်ထျန်ထဲဝင်သွားကြပြီး သူမရဲ့အသွေးအသားတိုင်းကိုအားဖြည့်ပေးနေကြတယ်

သူမရဲ့ခန်းခြောက်စပြုနေတဲ့ဒန်ထျန်ကလဲ ပြန်လည်စိုပြေလာတော့တယ်

သူမသာမာန်လူဖြစ်သွားတာ

သူမကျင့်ကြံလို့မရတော့တာ

သူမ အသုံးတော့တာထက်

သူမအောက်ဆုံးအဆင့်ကနေပြန်စရလဲကိစ္စမရှိဘူးလို့တော့ သဘောထားလိုက်လို့ရပါတယ်

တခုပဲ သူမပြန်ကျင်ကြံလို့ရပါ့မလားလို့ပေါ့

သူမအာရုံစိုက်လိုက်တာနဲ့ သူမဒန်ထျန်ထဲစိမ့်ဝင်နေတဲ့ချွေချွန်းဟွားရဲ့ဝိဉာဉ်ကလဲ အပြီးသတ်ပျောက်ကွယ်သွားခဲ့တယ်

ရုတ်တရက် သူမ ခေါင်းတွေအရမ်းကိုက်လာခဲ့တယ်

လူးလှိမ့်နေအောင်ကိုက်လာတယ်

သူမ မခံနိုင်အောင်ကိုက်တယ်

သူမ ရုတ်တရက်လဲကျသွားခဲ့တယ်

ပြီးတာနဲ့ မြေပြင်ပေါ်မှာလူးလှိမ့်နေတော့တာပဲ

အဲ့တော့ နဂိုက သူမရဲ့အပေါ်မှာငြိမ်းချမ်းစွာအိပ်စက်နေကြတဲ့ဖီးနစ်ငှက်ပေါက်လေးတွေလဲလန့်ဖြန့်သွားကြပြီး အဝေးကိုထွက်ပြေးသွားကြတော့တယ်

ဒီနိုင်ငံရဲ့ပိုင်ရှင်ဖြစ်တဲ့ ဖုန့်ဟွမ်ကလဲ တခုခုမှားတာသတိထားမိလိုက်တာနဲ့ အပြေးရောက်လာခဲ့ပေမဲ့ သူ့ရှေ့ကမြင်ကွင်းကိုမြင်လိုက်ရတော့ ဆွံ့အသွားခဲ့တယ်

သူမ နာကျင်လွန်းလို့လူးလှိမ့်နေပေမဲ့ သူမရဲ့ပတ်ဝန်းကျင်မှာ ရှိနေကြတဲ့ မီးချီမျှင်စုလေးတွေက သူမကို အရမ်းချစ်နေကြသလိုမျိုး အတင်းတိုးဝင်နေကြတာဟာ သံလိုက်တစ်ချောင်းကိုအလယ်မှာချထားလို့ သံမှုန်လေးတွေစုစည်းပေါင်းစပ်နေကြတဲ့အတိုင်းပဲ အရမ်းလှတယ် အန္တရာယ်လဲအရမ်းများတယ်

သူဘာမှလုပ်မပေးနိုင်ဘူး ထိုင်ကြည့်နေရုံပဲတတ်နိုင်တယ်

သူမကိုသွားနှောင့်ယှက်ရင် နေရာမှာတင် သူမသေသွားနိုင်သလိုပဲ သူမကို သွားမကယ်တင်ရင်လဲ မီးစွမ်းအင်ကြောင့် သူမသေသွားနိုင်တယ်

ဘာလုပ်ရမှန်းမသိပဲ သူ ထိတ်လန့်နေမိတယ်

ဘာလို့ထိတ်လန့်နေတာလဲ

ဘာလို့စိတ်ပူနေတာလဲ

ဘာလို့ သူမကို ဂရုစိုက်မိနေတာလဲ

သူ မ‌တွေးချင် မသိချင်တော့ပါဘူး

လောလောဆယ် သူမဘေးကင်းဖို့ကိုပဲဆုတောင်းနေမိပါတယ်

"အားးးးး"

သူမ မီးစွမ်းအင်ချီမျှင်စုတွေကို စုဆောင်းတာ လက်လွန်သွားခဲ့တယ်

သူမ အရမ်းဆွဲဆောင်မိသွားတာလားမသိ သူမဆ်ီအဆက်မပြတ်တိုးဝင်နေတဲ့မီးချီမျှင်စုတွေကြောင့် သူမဝတ်ရုံတွေလဲလောင်ကျွမ်းကုန်ပြီး သူမရဲ့မိုးကြိုးအပစ်ခံထားရလို့ မဲနက်နေတဲ့ နေရာကအသားအရေတွေကလဲ နဂိုဖြူဝင်းတဲ့အသားပြန်ပေါ်လာခဲ့သလို ဖြူတဲ့နေရာတွေကတော့နီကုန်ပြီ

"အားးးးးးး"

သူမ အော်နေရင်းနဲ့ တချက် တချက်သက်သာလာတဲ့အချိန်တွေရှိတယ်

အဲ့အချိန်ဆို သူမ သတိထားမိတယ် သူမဒန်ထျန်ဘေးက သစ်ပင်ဟာ မီးချီမျှင်စုတွေကိုလက်ခံပြီး သန့်စင်ပေးကာ ဒန်ထျန်ကိုကုသပေးနေတယ်

ဒါပေမဲ့ အဲ့ဖြစ်စဉ်ဟာ သုံးရက်သုံးညလောက်ကြမယ်လို့မထင်ထားခဲ့ဘူး

နောက်ဆုံးတော့ သူမရဲ့ဒန်ထျန်ဟာ ပြန်လည်ရှင်သန်လာပြီး အနီရောင်သလင်းကျောက်လေးတခုကလဲ လှပစွာပေါ်ထွက်လာတော့တယ်

"ဟမ် "

ဖုန့်ဟွမ် မသေမချာ မရေမရာဖြစ်သွားတယ်

သူမဆီက ဘာကြောင့် ထူးဆန်းပြီး ခန့်မှန်းမရတဲ့အငွေ့အသက်တွေရနေရတာလဲ

ပြီးတော့ အဲ့အငွေ့အသက်က သူမနဲ့အရမ်းရင်းနှီးတယ်

အဲ့အငွေ့အသက်က သူ့လိုပဲ နွေးထွေးနေပြီး အရာအားလုံးကိုလောင်မြိုက်သွားနိုင်တယ်

သူမရဲ့အသွေးအသားတွေက မီးစွမ်းအား အတွင်းအားချီတွေနဲ့ပြည့်နေပြီ

ဒါပေမဲ့ သူမ ထုတ်သုံးလို့မရပဲ ခနတွင်းမှာ  ဘာမှမကျန်အောင်ပြန်လည်ပျောက်ကွယ်သွားတော့တယ်

သူမလဲ နာကျင်တာတွေပျောက်ကွယ်ကုန်မှ ဘယ်လောက်ဖရိုဖရဲဖြစ်နေတယ်ဆိုတာကိုသိလိုက်ရတော့တယ်

ကံကောင်းစွာနဲ့ သူမရဲ့သိုလှောင်လက်ကောက်ကိုတော့သုံးလို့ရသွားလို့ပဲ

သူမ အဝတ်တွေအားလုံးလဲလှယ်ဝတ်ဆင်သွားပြီးနောက်မှ သေသေချာချာစဉ်းစားမိကာအတွေးနက်သွားတော့တယ်

သူမ စတင်ကျင့်ကြံသူဖြစ်လာရင် ချီစွမ်းအင်တွေက အငွေ့အဖြစ်ပဲ ရှိနေရဦးမှာ

ပြီးမှ အရည်  အခဲ  သလင်းကျောက်ဆိုပြီး အဆင့်ဆင့်ကိုဖြတ်သန်းရမှာ

အခုတော့ အဲ့တာတွေအကုန်ကျော်ခွသွားပြီး

မီးသလင်းကျောက်ကိုရသွားတယ်

ဒါပေမဲ့အကျိုးမထူးဘူး

ထုတ်သုံးလို့မရဘူး

ဒါဆို နဂိုက သူမရှိနေတဲ့ သလင်းကျောက်တွေအကုန်ပြန်ဖြစ်‌လာတော့မှ နဂိုအဆင့်လဲပြန်ရောက်မယ် သူမအတွင်းအားတွေကိုလဲထုတ်သုံးလို့ရမယ်လို့ဆိုလိုတာလား

သေစမ်း အရမ်းခက်တာပဲ

အဲ့အစားသူမ အခြေခိုင်မာတည်ဆောက်ခြင်းအဆင့်ကိုပဲပြန်သွားလိုက်ချင်တော့တယ်

အဲ့လိုဆို တခုတည်းသောစွမ်းရည်ကိုပဲပြုစုပျိုးထောင်မှီခိုလို့ရဦးမယ်

အခုတော့

သူမ သေချင်စိတ်ပေါက်သွားတယ်

ရေ လေ စွမ်း်အင်က ကိစ္စမရှိဘူး

သစ်သားစွမ်းအင်နဲ့ နှင်းစွမ်းအင်တွေကျ သူမဘယ်လိုပြန်စုရမှာလဲ သေရောပဲ

ဒါပေမဲ့ အဆိုးထဲက အကောင်းပြောရရင်တော့ သူမ ဒီထက်ပိုပြီး အသူံးမကျတဲ့သူဖြစ်တော့မှာမဟုတ်ပါဘူး

ပြီးတော့ သူမပြန်ကျင့်ကြံလို့ရတော့မယ်

ကျုးလစ်ပြန်လာဖို့အခွင့်အရေးရပြီ

သူမ‌ဘေးမှာရှိတဲ့သူအားလုံးကာကွယ်နိုင်တဲ့အစွမ်းပြန်ရှိလာအောင်လုပ်မယ်

သူမအားလုံးကိုပြန်ကာကွယ်ပေးနိုင်တော့မယ်‌

အဲ့ဒါက သူမကို သက်သာရာရစေပြီး ပို့လို့‌နေကောင်းလာစေတယ်

သူမထလိုက်တယ်

"ဖုန့်ဟွမ် ကျွန်မကို ပင်လယ်လိုက်ပို့ပေး "

"ဟမ်"

သူမအားနည်းနေပေမဲ့လဲ အရင်ကလိုသေမလိုဖြစ်နေ‌တာ‌မဟုတ်တော့ပါဘူး

"ကျွန်မ ရေစွမ်းအင်သွားစုမလို့ အဖော်လိုက်ခဲ့ပေးပါလား"

"အင်း ကိုယ်လိုက်ခဲ့မယ်"

........🍯🧁🍯🧁🍯🧁🧁🍯🧁🍯🧁🍯🍯🧁🧁🍯🧁🍯🧁🍯🍯🧁🍯🧁🍯🧁🍯🧁🍯

Alinkar nang


You are reading the story above: TeenFic.Net