Lengends of spring goddness
အပိုင်း(85) အထက်ဘုံနှင့်ပတ်သတ်သောသဲလွန်စ
"ရပြီ ကျေးဇူးပဲ"
"အိုးးးး နှမြောစရာပဲ"
သူမငြင်းဆန်သံက သူ့အတွက်သိပ်ပြီးမထူးဆန်းသလိုပဲလို့သူမခံစားလိုက်ရတယ်
ကြည့်ရတာအကြိမ်အရေတော်တော်များများအငြင်းခံထားရဖူးလို့လားမသိဘူး
အဲ့အတွေ့အကြုံက ထုတ်ကြွားစရာမဟုတ်ပေမဲ့လဲ သူကတော့ သတိထားမိဟန်မပေါ်ဘူး
ကျူးလစ်ရင်ခွင်ထဲက ဖီးနစ်ငှက်ပေါက်လေးတွေကတော့ သူမရဲ့ပွတ်သပ်မူ့ကိုခံစားနေရင်းနဲ့ အိပ်ပျော်သွားပြီလားတောင်မသိ ငြိမ်သက်သွားကြတယ်
သူမကိုယ်ထဲက မီးစွမ်းအင်ချီမျှင်စုလေးတွေကလဲ သူ့အလုပ်သူလုပ်နေလေတယ်
သူမ မသိသေး မစစ်ဆေးနိုင်သေးတဲ့ ချွေချွန်းဟွားရဲ့ဝိဉာဉ်အပိုင်းအစလေးကလဲ ဒန်ထျန်ဘက်လှည့်လာခဲ့တယ်
ကြည့်ရတာတော့ သူမရဲ့ဒန်ထျန်ကိုကုစားပေးမဲ့ပုံပါပဲ
ဒန်ထျန်ကိုဖြေးဖြေးချင်းအားဖြည့်ပေးနေရင်းနဲ့ သူမရဲ့အတွင်းအားချီတွေဟာပြန်ပြီးအသက်ဝင်လာသလိုပဲ
ဒီလိုကောင်းတဲ့အခွင့်အရေးကို သူမ မဖြုန်းတီးလိုက်ချင်ဘူး
သူမ အလိုသာဆိုရင် ချက်ချင်းကိုကျင့်ကြံပစ်လိုက်ချင်တာ
ဒါပေမဲ့ ပိုင်ရှင်ရဲ့ခွင့်ပြုချက်မရှိပဲ သူမ ပေါ်တင်ကြီးလဲ မလုပ်ချင်ဘူး
ဒီကနေလဲ မထွက်ချင်သေးဘူး သူမရဲ့အခြေအနေက တော်တော်အရေးကြီးနေတာကိုး
အဲ့တော့ရှာကြံပြီးပဲ စကားပြောရတာပေါ့
"ဒါနဲ့ရှင်က ကုန်းမြေပေါ်က မဟုတ်လောက်ဘူး "
"ဟုတ်တယ် အထက်ဘုံက"
"ဟမ် တကယ်ကြီးလား"
"ကိုယ့်လေသံကညာနေတာနဲ့တူလို့လား"
"............"
ညာနေတယ်လို့မထင်ရပေမဲ့ တကယ်ပြောနေတယ်လို့လဲမထင်ရဘူး
ဘာဖြစ်လို့လဲဆိုတော့ သူပြောတာက အရမ်းပေါ့ပါးနေလို့
အထက်ဘုံကသာကန်ထုတ်ခံထားရတယ်ဆို နာကြည်းနေတာမျိုးတို့ လက်စားချေချင်နေတာမျိုးတို့ တခုခုရှိနေရမှာမဟုတ်ဘူးလား
"မယုံတဲ့ပုံပဲ "
သူမရဲ့နားမှာရှိတဲ့ဆံနွယ်စလေးတွေကိုကိုင်ရင်း သူကခပ်တိုးတိုးဆိုတယ်
"ဟုတ်တယ် တကယ်ကိုကန်ထုတ်ခံထားရတာပါ အဲ့ဒါကလဲ ကိုယ်အရမ်းမြတ်နိုးတဲ့သူတစ်ယောက်ကကန်ထုတ်ခဲ့တာ "
"အို့........"
"ဘာလဲ ဒီမျက်နှာပေးက သနားသွားတာလား အဟားဟား မသနားပါနဲ့ အစတုန်းကတော့ လက်စားချေဖို့ထက်သန်နေခဲ့တာလေ ဒါပေမဲ့ သူမကိုပြန်တွေ့တော့ သူမက ကိုယ့်ထက်အဖြစ်ဆိုးနေတာကိုတွေ့လိုက်ရတယ် အဲ့ဒါနဲ့တင် တန်တယ်လို့ကိုယ်ထင်နေပါပြီ ဒါကြောင့် ကိုယ်လွတ်လပ်သွားပြီလေ ဘာကိုစိုးရိမ်စရာလိုတော့လို့တုန်း"
"အထက်ဘုံကိုပြန်မသွားချင်တော့ဘူးလား"
"ဒီမှာအဆင်ပြေနေသားပဲ ကိုယ်ပြန်ပြီးဘာပြန်လုပ်ရမှာလဲ "
"..........."
"ဒါနဲ့ မင်းကလဲ ဒီကမှမဟုတ်တာကို မင်းနေရာကို ပြန်မသွားချင်ဘူးလား"
"အိုးးး အဲ့နေရာကို ပြန်သွားလို့မရတော့ဘူး"
"ဘဝတူတွေပဲ"
သူမ မျက်စိကန်းနေတာသိပေမဲ့လဲ အဝေးကိုတော့လှမ်းကြည့်လိုက်သေးတယ်
မော်ဒန်ခေတ် ....
သူမ ပြန်မသွားနိုင်တော့ဘူးလေ
အဲ့တော့ ရောက်ရာနေရာမှာပဲ ပျော်ပျော်ကြီးနေရတော့တာပေါ့
အမှန်အတိုင်းပြောရရင် သူမပြန်လဲ တွယ်တာစရာဘာမှမရှိတော့ပါဘူး
ဒါကြောင့် ပြန်သွားလဲ ဘာမှမထူးတော့ဘူး
သူမလက်တို့ရုတ်တရက်နွေးထွေးသွားတယ်
သူအုပ်ကိုင်လိုက်တဲ့လက်အစုံက နွေးထွေးမူ့တို့ဟာ သူမလက်ထဲကတဆင့် ဒန်ထျန်ဆီကိုတိုးဝင်လာခဲ့တယ်
သူမ ထိတ်လန့်သွားခဲ့တယ်
"ဘာလုပ်တာလဲ"
သူမလက်ကိုရုန်းထွက်လိုက်ပေမဲ့လဲ သူက လွတ်မပေးခဲ့ဘူး
"နေပါဦး ကိုယ်ဒီလိုလုပ်ပေးမှ မင်းဒီအထဲမှာနေလို့ရမှာလေ ပြီးတော့ ဖီးနစ်ငှက်ပေါက်လေးတွေကိုလာတွေ့လို့ရတာပေါ့"
သူ အဲ့လိုပြောလိုက်မှ
သူမ စိတ်လျှော့လိုက်တယ်
သူမရဲ့လက်ထဲကရေနွေးစီးကြောင်းက သူမရဲ့ဒန်ထျန်တဝိုက်ကိုစိုပြေနေရုံသာမက သူမရဲ့နဖူးပေါ်မှာလဲ မီးနတ်ဘုရားရဲ့ကြင်ယာတော်မှာသာရှိရမဲ့ဖီးနစ်ငှက်ပုံအမှတ်အသားကပေါ်လာခဲ့တယ်
သူမကတော့ မသိဘူးပေါ့ သူမနဖူးပေါ်မှာ ပူခနဲဖြစ်သွားတာပဲသိလိုက်တယ်
သူမ စိတ်လဲ အတန်ငယ်လျှော့ကျသွားပြီး ချီမျှင်စုတွေကိုသက်တောင့်သက်သာအခြေအနေနဲ့လက်ခံလိုက်တော့တယ်
သူမ မငြင်းဆန်တာသိမှ သူလဲ တိတ်တခိုးသက်ပြင်းချလိုက်တော့တာပဲ
သူမကို ဘာလို့ဒီလိုကူညီပေးချင်လဲမသိတဲ့သူ့ကိုယ်သူလဲအံဩတယ်
ဖြစ်နိုင်တာက သူမဟာ သူ့ထက်ပိုပြီးသနားစရာကောင်းနေလို့များလား
ဒါမှမဟုတ် သူ့ရဲ့......
အာ......
မဟုတ်လောက်ပါဘူးလေ
"ဒါနဲ့ အခု အထက်ဘုံမှာ ဘယ်သူအုပ်စိုးနေတာလဲ"
"နွေနှောင်းနတ်ဘုရားလေ...အဟွန်း လူဆိုးတစ်ယောက်အုပ်ချုပ်နေတယ်ဆိုတော့ အထက်ဘုံက ပြောင်းပြန်လှန်နေလောက်ပါပြီ "
"အိုးးး"
အဲ့ဒါက ရှန်ကွမ်းချိုးယွဲ့ပဲ
ဒါဆို တုကူရှန်းကို ရှင်းဖို့လာတဲ့ နတ်ဒေဝါအဆင့်ကိုလဲ အဲ့လူကပဲ လွှတ်တာဖြစ်မယ်
အခု သူမတို့ဖီးနစ်ကုန်းမြေပေါ်ရောက်နေပေမဲ့လဲ အသက်အန္တရာယ်မရှိတော့ဘူးလို့မဆိုလိုဘူး
အချိန်မရွေးတွေ့ရှိသွားနိုင်တဲ့တည်ရှိမူ့မျိုးနဲ့သူတို့အားလုံးပြေးနေကြရတာ
"ကောင်းပြီ ကိုယ်အထဲခနသွားလိုက်ဦးမယ် မင်းဒီမှာကျင့်ကြံနေလိုက်ပေါ့ ဝင်ချင်ထွက်ချင်ရင်စိတ်ကူးလိုက်ရုံနဲ့တင်ရပြီ"
"ကျေးဇူးတင်ပါတယ်"
"ရပါတယ် အကြွေးမှတ်ထားလိုက်ပါ အချိန်ကျရင်သာ ပြန်ပေးဆပ်ဖို့မတွန့်ပါနဲ့"
"ရပါတယ် ကျွန်မလုပ်နိုင်စွမ်းရှိတဲ့ဘောင်အတွင်းကဆိုရင်အချိန်မရွေးပါပဲ"
"အိုး မင်းကသဘောကောင်းလိုက်တာ"
"ရှင်ကပိုကောင်းပါတယ်"
"မင်းကဟိုတယောက်နဲ့လုံးဝကိုမတူတာပဲ ပိုချစ်ဖို့ကောင်းတယ် ပိုရိုးသားတယ် "
သူကနောက်ဆုံးစာကြောင်းကို
ခပ်ဖိဖိနဲ့တိမ်တိမ်လေးပြောသွားခဲ့တယ်
သူမနားမလည်ခဲ့ဘူး
"ဟမ်"
"ဘာမှမဟုတ်ပါဘူး ကောင်းကောင်းလေ့ကျင့်တော့ ကိုယ်အထဲသွားတော့မယ် မင်းကိုမနှောင့်ယှက်တော့ဘူး "
"ဟေး ရှင်စကားကိုအဲ့လိုပြောမသွားနဲ့လေ"
"ဟားဟား ခွင့်လွှတ်ပါမိန်းကလေး ကိုယ်မရည်ရွယ်ပါဘူး"
သူ့အသံက ဝေးဝေးသွားလို့ သူထွက်သွားပြီဆိုတာကိုသိလိုက်တယ်
အဲ့ဒါကြောင့်သူမလဲ ဘာမှမတွေးတော့ပဲ ကျင့်ကြံတဲ့နေရာမှာပဲအာရုံစိုက်ထားလိုက်တော့တယ်
.......🍯🧃🧃🍯🧃🧁🧃🍯🧃🍯🍯🧃🍯🧃🍯🧃🍯🧃🍯🧃🍯🧃🍯🧃🧁🧃🧁🧃🧁🧃🧁🧃
Alinkar nang
You are reading the story above: TeenFic.Net