Lengends of spring goddness
အပိုင်း(83)မီးနတ်ဘုရားရဲ့ကိုယ်ပိုင်နိုင်ငံ(4)
ကျုးလစ်ကူကယ်ရာမဲ့နေရတယ်
သူမ မိန်းမတစ်ယောက်ရဲ့နောက်ပိုးခြင်းခံရမယ်လို့တခါမှမတွေးဖူးဘူး
"အလှလေး ဒီသခင်မက အလှလေးကိုချစ်မြတ်နိုးနေမိတယ် အလှလေးသာလက်ခံမယ်ဆို မင်္ဂလာပွဲကိုချက်ချင်းတောင်လုပ်ပစ်လိုက်ဦးမှာ"
"................."
ကျူးလစ်ခေါင်းကိုက်သွားတယ်
ဒီမိန်းမကဘယ်လိုတုန်း
သူမ မျက်လုံးကန်းပြီး တခေါင်းလုံးဖြူဖွေးနေတာကို မမြင်တာလား
ဘယ်ရီကို လက်ဟန်တချို့နဲ့ သတိပေးလိုက်တာနဲ့ သူကရှေ့ထွက်လာပြီး ပွားနေတဲ့အဘွားအိုလေးကိုဆွဲခေါ်သွားတော့တာပဲ
အဲ့လိုဆွဲခေါ်သွားခံရတာတောင်မှပဲ အဲ့အဘွားအိုလေးက ပွားနေတုန်းပဲ
တနေ့ထက်တနေ့ သက်သာလာပါရဲ့
အဲ့အထဲမှာ နားတော့မပါဘူး
မနက်မိုးလင်းတာနဲ့ရောက်လာတတ်တဲ့ ဒီကူးနိုင်နိုင်း(အဘွားအိုလေး)ကို တစ်ယောက်ယောက်သာရှင်းထုတ်ပေးနိုင်ရင် သူမ သိပ်ကျေးဇူးတင်မိမှာ
ပြီးတော့ ချိုအီတဲ့စကားပေါင်းများစွာကို ကြားနေရလွန်းလို့ သူမနားတောင်ကြာရင်ကိုယ်ဝန်ရသွားနိုင်တယ်
သူမရဲ့အခြေအနေကလဲ သိပ်အကောင်းကြီးမဟုတ်တော့ ပုံမှန်စိတ်အခြေအနေနဲ့တောင်သီးမခံနိုင်တဲ့ကိစ္စကို အခုချိန်မှာတော့ မျက်နှာတချက်မပျက်ပဲနားထောင်နေရတာကလဲ ဒုက္ခတမျိုးပဲ
သူမသာ အကူအညီလိုနေလို့သာမဟုတ်ရင် ဒီသခင်မသာမကဘူး ဖီးနစ်ကုန်းမြေတခုလုံးပါ မြေလှန်သွားလောက်ပြီ
အခေါက်ပေါင်းများစွာလာနေတဲ့ဖီးနစ်ကုန်းမြေသခင်မက တုကူးရှန်းသူမကိုပိုးတုန်းကထက်တောင်ပိုဝီရိယရှိနေလိုက်သေးတယ်
အဲ့အကြောင်းတုကူးရှန်းကိုပြောပြဖြစ်တော့ သူက နှုတ်ခမ်းဆူတယ်
မျက်နှာငယ်လေးနဲ့သူမနားတိုးကပ်လာကာ အနမ်းတောင်းတယ်
ကျုးလစ်ပိုပြီးစိတ်ဖိစီးသွားလေတော့တယ်
ခုတလော မူယာမာယာအရမ်းများတဲ့သူတွေပဲအနေများလာလို့လားမသိ ဟင်းတပွဲအီသွားသလိုမျိုး တခါချဉ်းကပ်ခံရတိုင်း အရိုးအကြောအရွှတ်နဲ့ဆဲလ်အားလုံးကပါကြက်သီးတွေထကုန်ကြတယ်
သူမရဲ့ပြင်ပဒဏ်ရာတွေသက်သာလာတာနဲ့အမျှ ကျူစလစ်သူမရဲ့ကျင့်ကြံခြင်းတွေကိုပြန်စတယ်
သူမရဲ့ဒန်ထျန်ကခြောက်ကပ်နေဆဲပါပဲ
ဒါပေမဲ့ သူမကျင့်ကြံတဲ့အခါ အတားအဆီးမရှိတော့ဘူးလို့ခံစားရတယ်
ဒါကြောင့်နေ့နေ့ညည သူမကျင့်ကြံတယ် ကျင့်ကြံပြီးရင်းကျင့်ကြံတယ်
သူမ မသိနိုင်တဲ့မမြင်ရတဲ့ချွေချွန်းဟွားရဲ့ဝိဉာဉ်ကလဲ သူမရဲ့အသစ်လိုဖြစ်နေတဲ့ဆဲလ်တွေအကြောတွေအရိုးတွေကြားလျှောက်ပတ်သွားရင်း သူမရဲ့အတွင်းထဲမှာ တဖြေးဖြေစိမ့်ဝင်လာတယ်
သူမရဲ့အရိုးတွေ အကြောတွေ ရိုးတွင်းခြင်ဆီတွေဟာ မကြုံစဖူးသန်မာလာခဲ့လေရဲ့
တည သူမအိပ်ပျော်နေတဲ့အချိန် သူမအခန်းထဲကို လူတစ်ယောက်ဝင်လာခဲ့တယ်
သူမက မော်ဒန်ခေတ်မှာ ဘယ်လိုအတွင်းအားမျိုး ဘယ်လိုသိုင်းကျမ်းမျိုးမရှိတာတောင်မှပဲ နားအလွန်ပါးပြိး သတိကြီးတတ်သူတယောက်ပါ
အခု သူမရဲ့အားတစက်မှမရှိလဲ နှစ်ပေါင်းများစွာ လေ့ကျင့်လာတဲ့အကျိုးက သူမကို စိတ်မပျက်စေခဲ့ဘူး
"ဘယ်သူလဲ "
"ကိုယ်ပါ "
သူမ မျက်ဝန်းတွေက အနီရောင်ဖြစ်နေဆဲပါပဲ သူမရဲ့ဆံနွယ်တွေကလဲ ဖြူနေဆဲပဲ
သူမ ကန်းနေသေးသလို သူမဆီမှာကျင့်ကြံအားတခုမှရှိမနေတာတောင်မှ သူမ သတိတချက်မလွတ်ခဲ့ဘူး
"ဖုန့်ဟွမ် ! "
"မင်းကိုတနေရာခေါ်သွားမလို့လိုက်ရဲလား"
ကျုးလစ်ပြုံးလိုက်တယ်
"အသုံးမဝင်တော့တဲ့သူတယောက်ကိုရှင်ကလဲတိတ်တခိုး
သတ်ဖို့စိတ်ဝင်စားနေတယ်လို့လဲကျွန်မ မထင်ပါဘူး"
"ဒါဆိုလာ ကိုယ်ခေါ်သွားပေးမယ် ကိုယ့်လက်ကိုင်ထား"
ခနချင်းမှာပဲ သူမရဲ့အေးစက်တဲ့လက်ကိုနွေးထွေးတဲ့လက်တစုံကလာရောက်ရစ်ပတ်သွားခဲ့တယ်
ပြီးတာနဲ့ သူမလဲ ပူပြင်းလှတဲ့သဲကန္တာရထဲရောက်သွားတဲ့ခံစားချက်ကိုရလိုက်တော့တာပဲ
နွေးထွေးပေမဲ့ပူလောင်တယ်
ပူလောင်ပေမဲ့ခြောက်သွေ့တယ်
ပြိးတော့ သူမကိုသက်တောင့်သက်သာဖြစ်စေတယ်
သူမ အသက်ကိုပြင်းပြင်းရှူလိုက်တယ်
သူမရှုရှိုက်လိုက်တဲ့အခါ မီးစွမ်းအင်ချီမျှင်စုလေးက သူမနှာခေါင်းထဲမှတဆင့် သွေးကြောများဆီ အဆင့်ဆင့်ဖြတ်သန်းစီးဝင်သွားပြီး အားဖြည့်ပေးကာ ဒန်ထျန်နားရောက်တော့မှပျောက်ကွယ်သွားခဲ့တယ်
သူမ မျက်မှောင်ကြုတ်မိလိုက်တယ်
ရင်တွေလဲ တဒိုင်းဒိုင်းနဲ့ခုန်သွားလေရဲ့
ဟုတ်တယ်လေ သူမရဲ့ကျင့်ကြံခြင်းကိုဒီနေရာမှာသာလုပ်လိုက်ရင် သူမပြန်ကောင်းသွားလားတောင်မသိနိုင်ဘူးလေ
ဖီးနစ်ကုန်းမြေကမီးချီမျှင်စုတွေက အရည်အသွေးနိမ့်လွန်းတယ်
သူမကျင့်ကြံလိုက်တိုင်းမှာ အသွေးအသားတွေထဲပဲပျော်ဝင်ပျောက်ကွယ်သွားခဲ့တာချည်းပဲ
ဒန်ထျန်ဆီဘယ်တော့မှရောက်မလာခဲ့ဘူးလေ
အခုတော့ သူမဆီမှာမျှော်လင့်ချက်ရှိလာလေပြီ
ဒီလောက်အရည်အသွေးမြင့်ပြီး သိပ်သည်းလှတဲ့ချီမျှင်စုတွေဟာ တနေရာထဲမှာပဲ ရှိနေတတ်ကြတာ
"ကိုယ်ပိုင်နိုင်ငံ ! "
"ဟားဟား မင်းကိုဘယ်သူကအထင်သေးရဲမှာလဲ မျက်လုံးမကောင်းတာက နှာခေါင်းနဲ့ခေါင်းမကောင်းတာမှမဟုတ်တာ အခုကြည့် အသက်ရှူလိုက်တာနဲ့တင် မင်းက ကိုယ့်နိုင်ငံထဲမှာရှိတယ်ဆိုတာကို တချက်ထဲသိသွားပြီလေ "
သူမရဲ့ဆံနွယ်တို့ပေါ်နွေးထွေးတြဲလက်တဖက်ကျရောက်လာပြီးပွတ်သတ်သွားတယ်
သူမသာမျက်လုံးမြင်နေရင်တော့ရှောင်ဖြစ်မှာ အခုတော့ သူမကိုယ့်ဘာသာကိုယ်ခုခံနိုင်စွမ်းမရှိဘူးလေ
"မင်းဒီမှာကျင့်ကြံကြည့်လိုက် အဆင်ပြေရင် ကိုယ်နေ့တိုင်းခေါ်လာပေးမယ် "
"အဲ့တော့ ပြန်ပေးရမှာကဘာလဲ"
"မင်းကိုယ်မင်း"
"..............."
.........🧂🧂🎂🧃🎂😭🎂🎂😉😭🎂😭🎂😭🎂😉😁🧂😁😉🍯🧂🍯😉😭🍯🧂🍯🥰🧁🍿😁😁🍯🧃😁
Alinkar nang
You are reading the story above: TeenFic.Net