82.zgi

Background color
Font
Font size
Line height

Lengends of spring goddness

အပိုင်း(82)

"သူပဲ သေချာတယ် သူမှသူပဲ အရမ်းချောလိုက်တာ အရမ်းခန့်လိုက်တာ သူ့အတွက်သာဆိုရင် ဒီဖီးနစ်ကုန်းမြေတခုလုံးကိုဇောက်ထိုးလုပ်လိုက်ရလဲကျေနပ်တယ် သူတစ်ယောက်ကိုပဲယောကျာ်းအဖြစ်သတ်သတ်မှတ်မှတ်ပေါင်းပါဆိုလဲပေါင်းပါ့မယ် အရမ်းကိုထိသွားပြီ နှလုံးသားတခုလုံးနဲ့ရင်းပြီးချစ်မိသွားပြီ အာယိုးးး "
".............."

တုကူးရှန်းက သူ့ဘဝသူရေစုန်မျောပစ်ဖို့စိတ်ကူးလိုက်ပြီးခါမှ အခြေအနေတွေကဇောက်ထိုးပြန်ဖြစ်သွားလေတော့ တော်တော်ကိုထိတ်လန့်သွားခဲ့တယ်

ကျန်တဲ့သူတွေလဲ ဘာထူးလဲ အားလုံးပါးစပ်ဟနေကြတာ ယင်ကောင်တောင်အကောင်နှစ်ဆယ်လောက်ဝင်သွားလောက်ပြီ

အခုချိန်မှာလဲ ကျူးလစ်က ယောကျာ်းလေးထပြောရင် ဖီးနစ်ကုန်းမြေကတောင်ကန်ထုတ်ခံရဖို့ရှိတယ်လေ

ပြီးတော့ ကျူးလစ်ရဲ့ကုသရေးကအရေးအကြီးဆုံးပဲ

ကျန်တာတွေဘေးချိတ်ထားလိုက်ကြတာပေါ့

ကျုးလစ်ဆေးကုသ‌ဆောင်ထဲဝင်သွားတာနဲ့ အားလုံးကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာအချက်ပြလိုက်ကြတယ်

အဲ့တော့ စကားသွက်တဲ့ဘယ်ရီက ကျူးလစ်ရဲ့အကျင့်အကြိုက်တွေကိုပြောပြမယ်ဆိုပြီး ဖီးနစ်ကုန်းမြေသခင်မကိုခေါ်ထုတ်သွားပါလေရော

နောက်တော့ သူတို့အားလုံး ဆေးကုသခန်းကို အုပ်စုလိုက်ကြီးချီတက်သွားကြတယ်

"အာ ဒီလူက ..........အု အု "

ကုသရေးသမားတော်ခမျာ စကားတောင်ဆုံးအောင်မပြောလိုက်ရဘူး တုကူးရှန်းကပါးစပ်လှမ်းပိတ်လိုက်ပြီး ခါးကိုဓားနဲ့ထောက်ထားတာကြောင့် ချက်ချင်းတိတ်ဆိတ်သွားတယ်

ငယ်ငယ်ရွယ်ရွယ်ချောချောမောမောလေးဖြစ်တဲ့သမားတော်ခမျာ အခုတော့ မျက်နှာတခုလုံးဖြူစုတ်လို့

သူ့ရှေ့ကလေးယောက်သားဟာသူ့ကိုမိုက်ကန်းကန်းနဲ့ကြည့်နေကြလို့သမားတော်ခမျာ ဂတိတလုံးကိုအသက်တချောင်းနဲ့အလဲအထပ်ပြုလုပ်လိုက်ရတော့တာပဲ

ကျေနပ်သွားကြတဲ့လေးယောက်သားက ခေါင်းတငြိမ့်ငြိမ့်လုပ်ကာ ပြန်ထွက်သွားမှ သမားတော်ခမျာ အသက်ခိုးရှူလိုက်ရတော့တယ်

သူကဆေးပညာလိုက်စားလာတာ လေးနှစ်သားထဲက

သူ့ပညာရပ်ကအစွမ်းထက်လွန်းပေမဲ့ သူက ဖီးနစ်ကုန်းမြေသခင်မရဲ့မောင်းထီးဆောင်ထဲကယောကျာ်း‌တစ်ယောက်ဖြစ်လေတော့ သူ့ရဲ့ကျော်ကြားမူ့တွေအားလုံးကို ဖီးနစ်ကုန်းမြေသခင်မက ယူဆောင်သွားခဲ့တယ်

ဒါကြောင့် ‌ဖီးနစ်ကုန်းမြေသခင်မဆီကိုလာကုသကြတဲ့လူတွေအားလုံးက သူ့ကိုမြင်တော့ တမျိုးတိတ်ဆိတ်သွားကြပြီး နောက်တွန့်သွား သနားသွားကြတာချည်းပဲ

ဒီအုပ်စုကတော့ပိုဆိုးသွားပြီး သူ့ကိုဓားနဲ့ပါခြိမ်းခြောက်လိုက်ကြသေးတယ်

အောက်ကအမျိုးသမီးလေးကိုဖီးနစ်ကုန်းမြေသခင်မကယောကျာ်းလေးလို့ထင်နေတော့လဲ သူရဲ့လက်စားချေခြင်းကိုဒီမိန်းကလေးဆီအပြီးသတ်အပ်နှံ့ထားလိုက်တော့မယ်

သူချစ်မိတဲ့လူက‌မိန်းကလေး‌တယောက်ဆိုတာဖီးနစ်ကုန်းမြေသခင်မသိသွားရင်သူတို့ကိုစာနာနိုင်ကာလွတ်ပေးတန်ကောင်းပါရဲ့ဆိုတဲ့အတွေးသေးသေးလေးနဲ့ ကျူးလစ်ဟာ ကယ်တင်ခြင်းကိုခံလိုက်ရတော့တယ်

"အားးးးးးးးး"

"အဲ့ကောင် ငါတို့ကိုစိတ်ဆိုးတာကို သခင်မဆီလက်စွမ်းပြလိုက်တာလား ငါသူ့ကိုသွားသတ်ပစ်မယ်"

ဒါက ကျုးလစ်တခါအော်တိုင်း ရှောင်ရှောင်ပြောတတ်တဲ့စကားပဲ

"အားးးးးးးး"

"နေပါဦးကွာ အခြေအနေစောင့်ကြည့်ကြတာပေါ့ မင်းကရော မိန်းကလေးဖြစ်နေလို့လား တချိန်လုံးအသုံးမဝင်တာပဲလုပ်နေတယ် "

ဒီလိုမျိုးပြောတာကတော့ သစ်ပင်အိုကြီးပဲပေါ့

ပြီးရင်တော့ သစ်ပင်အိုကြီးနဲ့ရှောင်ရှောင် နဘမ်းထလုံးကြပါလိမ့်မယ်

ရှောင်ရှောင်ကိုတသက်လုံးမနိုင်တဲ့သစ်ပင်အိုကြီးကလဲ ရှောင်ရှောင်ရဲ့အထုအနှက်ခံပြီးတော့ကို ပြောတုန်းဆိုတုန်းပဲ

အားလုံးက အသံတခါကြားလိုက်ရင်း စိတ်ပူလိုက်ကြရင်းနဲ့ မနက်မိုးလင်းကနေ မိုးချုပ်လာလိုက်တာ ခုပဲည‌သန်းခေါင်ရောက်နေပြီ

သမားတော်လေးကတော့ မနက်မိုးလင်းခါနီးမှ ချွေးတချွဲချွဲနဲ့ထွက်လာတယ်

"ပြင်ပဒဏ်ရာတွေကုသပြီးပြီ အတွင်းဒဏ်ရာတွေကိုတော့ နောက်တပတ်မှပဲစကုရမယ် အခုကုလိုက်ရင် မခံနိုင်မှာစိုးလို့ ဒီအတောအတွင်း ကျန်းမာအားရှိစေတဲ့အစားအစာတွေကိုပဲကျွေးပါဦး "

"ကျေးဇူးတင်ပါတယ်"

တုကူးရှန်းးမျက်နှာကို သမားတော်က ငေးပြီးနောက် တခွန်းပြောလာတယ်

"ခင်ဗျားကတော့လူစိတ်ရှိသေးသားပဲ အားလုံးက တောကောင်တွေကနေအသွင်ပြောင်းထားတယ်ပဲထင်ထားတာ အရမ်းရိုင်းကြလို့"

"..........."

ပြောပြီးတာနဲ့ တချိုးထဲလစ်သွားတဲ့သမားတော်ရဲ့နောက်ကွယ်မှာ သူတို့လေးယောက်ကတော့ ဒေါသပုန်ထပြီးကျန်ရစ်ခဲ့တယ်

တချိန်ထဲမှာ စိတ်လဲသက်သာသွားကြလေရဲ့

အနည်းဆုံးတော့ ကျုးလစ်ရဲ့အသက်အန္တရာယ်မရှိတော့ဘူးလေ

‌တညထဲနဲ့ ကျုးလစ်သက်သာလာတယ်

တုကူးရှန်းတို့ရဲ့ရှင်းပြသံကြားမှာ ကျူးလစ် သူ့နဖူးသူမရိုက်ရုံတမယ်ပဲ

"အဲ့ဒါကြောင့် ဖီးနစ်ကုန်းမြေသခင်မဘာကြောင့်အပြုအမူတွေကလက်နေပါလိမ့်လို့တွေးနေတာ လတ်စသတ်တော့ဒ်ီလိုကိုး"

"ဟုတ်တယ် သူက သခင်မကို ဒေါက် အားး ဘာလို့ထုတာလဲ "

ရှောင်ရှောင်တစ်ယောက်ပြောမပြီးသေးဘူး သစ်ပင်အိုကြီးရဲ့လက်က သူ့ခေါင်းပေါ်ရောက်လာတာကြောင့် ရှောင်ရှောင်မျက်ရည်ဝဲသွားလေတယ်

"သခင်လေးလို့ခေါ် မမှားစေနဲ့ နင်မှားတာနဲ့ငါတို့အားလုံးသေပြီပဲ အဲ့ဒါလေးတောင်မသိဘူးလား ငတုံးမ"

"နင် ! အားး သခင်မ...အဲ သခင်လေး အဲ့ခွေး ရှောင်ရှောင့်ကိုအနိုင်‌ကျင့်တယ်"

ကျုးလစ် စိတ်လေသွားတယ်

ရန်ကျင်းကိုကြည့်လိုက်ပြီး

"သူတို့နှစ်ယောက်ကဘယ်လိုဖြစ်တာလဲ "

"ဒါကဒီလိုပါ အစတုန်းက ရှောင်ရှောင်ကိုယောကျာ်းလေးလို့သစ်ပင်အိုကြီးကထင်တယ်တဲ့ဒါပေမဲ့သူကမိန်းကလေးဖြစ်လာတယ်လေအဲ့ဒါကြောင့် သူတို့မတည့်ကြတော့တာ"

"........."

ဟိုနှစ်ယောက်ကတော့ နဘမ်းလုံးဖို့ရာ အပြင်ထွက်သွားကြပါပြီ

"အဲ့တော့ ဖီးနစ်ကုန်းမြေသခင်မကိစ္စကဘယ်လိုလုပ်ကြမလဲ သခင်လေး"

ရန်ကျင်းရဲ့အမေးမှာအားလုံးတိတ်ဆိတ်သွားပြီးကျုးလစ်ကိုပဲဝိုင်းကြည့်လိုက်ကြတယ်

"မီးစင်ကပဲကြည့်ကကြတာပေါ့ တခြားဘာလုပ်နိုင်ဦးမှာတဲ့လဲ သူမကိုနည်းနည်းလှည့်စားထားပြီးတော့ နေကောင်းတာနဲ့အမြန်ဆုံးထွက်ခွာနိုင်ဖို့ပြင်ဆင်ရမယ်"

................🧂🎂🧂🎂🧂🧂🧂🎂🧂🎂🎂🧂🎂🧂🎂🧂🎂🎂🧂🎂🧂🎂🧂🎂🧂🎂🧂🎂🧂🎂🧂🎂🧂🎂🎂

Alinkar nang


You are reading the story above: TeenFic.Net