81.zgi

Background color
Font
Font size
Line height

Lengends of spring goddness

အပိုင်း(81) မီးနတ်ဘုရားရဲ့ကိုယ်ပိုင်နိုင်ငံ‌တော်(2)

"ဘယ်သူလဲ "

"ဖုန့်ဟွမ်ရဲ့လက်ထောက်တွေပါ ဖီးနစ်ကုန်းမြေသခင်နဲ့တွေ့ဖို့လိုလို့ပါ"

တောက်လျှောက်မောင်းဝင်သွားပြီးတဲ့နောက် သူတို့အားလုံး ကြီးမားထည်ဝါပြီး ချော်ရည်ကျောက်များနဲ့‌ဆောက်လုပ်ထားတဲ့ ဖ်ီးနစ်နန်းတော်ရှေ့ကိုရောက်သွားကြတယ်

သူတို့နဲ့အတူမလိုက်လာပေမဲ့လဲ ဖုန့်ဟွမ်(မီးနတ်ဘုရား)က သူ့ရဲ့နာမည်ကိုထုတ်ပြောစေပြီး အထောက်အထားအဖြစ် ဖီးနစ်ငှက်ရဲ့‌အမွေးတပင်ကိုပေးလိုက်တယ်လေ

ဒါကြောင့် သူတို့လျှောလျှောရှူရှူနဲ့ ဖီးနစ်နန်းတော်ရှေ့ရောက်လာကြတော့တာ

"မင်းတို့သိရမှာက ငါ့နာမည်က ကုန်းမြေသခင်ရှေ့ရောက်အောင်ပို့ပေးနိုင်ပေမဲ့ သူမကို ကယ်တင်ဖို့ လက်ခံ မခံဆိုတာကတော့ သူသဘောပဲ ငါစွက်ဖက်လို့မရဘူး အဲ့တော့ ကျန်တာက မင်းတို့ရဲ့အစွမ်းအစနဲ့ပဲဆိုင်တာ" လို့ ဖုန့်ဟွမ်က အဲ့လို သတိပေးခဲ့သေးတယ်

သူတို့ စိတ်လောနေကြတယ်

ဟုတ်ပါတယ် ကျူးလစ်က သွေးအန်ပြီး သတိမေ့နေတာ ငါးရက်ရှိပြီ

ဖီးနစ်ကုန်းမြေကနယ်စပ်ကနေ ဖီးနစ်နန်းတော်အထိ အချိန်ငါးရက်ယူပြီး အသော့နှင်ခဲ့ရတာ

ကျူးလစ် ဒီထက်ပိုပြီးတောင့်ခံနိုင်ပါ့မလားဆိုတာ သူတို့လဲမသိဘူး

ဒါကြောင့် အချိန်အတော်ကြာတဲ့အထိ မစောင့်နိုင်ကြတော့ဘူး

အစောင့်တစ်ယောက်ရဲ့လမ်းပြမူ့အဆုံးမှာတော့ ဖီးနစ်ကုန်းမြေသခင်ရှေ့ရောက်လာကြတော့တယ်

ဖ်ီးနစ်ကုန်းမြေသခင် !

ယောကျာ်းလို့ထင်ခဲ့ကြပေမဲ့ မိန်းမကြီးဖြစ်နေတယ်တဲ့

သူတို့အားနဲ့မာန်နဲ့စည်းရုံးရေးဆင်းဖို့လုပ်လိုက်ပေမဲ့ မိန်းမလှလေးဖြစ်နေတဲ့အခါ အားလုံးက ကမောက်ကမတွေဖြစ်ကုန်တော့တယ်

"ဒုန်းးးးး သခင်မ ကျွန်တော်မျိုးတို့ရဲ့ သခင်လေးကိုကယ်တင်ပေးပါ"

".............."

ရန်ကျင်းက အရင်ဆုံးလှုပ်ရှားလိုက်တာဖြစ်တယ်

သူ့ဒူးထောက်လိုက်တာကျယ်လွန်းလို့ ဒူး‌တွေတောင်ကြေပြီလားလို့အားလုံးကထင်လိုက်ပေမဲ့ ရန်ကျင်းပထမဆုံးပြောတာက သူ့သခင်မကိုကယ်တင်ဖို့ပဲ

ဖီးနစ်ကုန်းမြေသခင်မကတော့ ရန်ကျင်းရဲ့အပြူအမူကိုပျင်းရိပျင်းတွဲနဲ့ မျက်ခုံးပင့်ပြီးကြည့်နေတယ်

"ဒုန်းးးးးးးးး"

နောက်တော့ တုကူရှန်းကလွဲပြီးအားလုံးဒူးထောက်လိုက်ကာ

"သခင်မ ကျွန်တော်တို့ရဲ့သခင်လေးကိုကယ်တင်ပေးပါ"

တညီတညွတ်ထဲတောင်းဆိုမူ့က နန်းတော်အတွင်းမှာ ဟိန်းထွက်သွားစေတယ်

ဖီးနစ်ကုန်းမြေသခင်မကတော့ သူတို့အားလုံးကိုကြည့်ရင်း မှင်သက်နေ‌တာပေါ့

သူတို့ဆီမှာက မိန်းမရှားတယ်

ယောကျာ်းများတယ်

အဲ့လိုရှားတဲ့မိန်းမတွေထဲမှာ ထက်မြက်တဲ့မိန်းမကပိုရှားတယ်

ထက်မြက်တဲ့မိန်းမတစ်ယောက်မှာ ယောကျာ်းတွေ ဆယ်ယောက်မကဘူးရှိကြတယ်

ဒါကလဲ မထူးဆန်းတဲ့အဖြစ်ပဲ

ဘယ်လောက်ပဲထက်မြက်တဲ့ယောကျာ်းဖြစ်ပါစေ ‌မိန်းမတစ်ယောက်အပြင်ပိုယူလို့မရနိုင်ဘူးဆိုတဲ့စည်းမျဉ်းကလဲရှိသေးတယ်

အဲ့တော့ အတိုချုပ်ပြောရရင် ဖီးနစ်ကုန်းမြေသခင်က မိန်းမတစ်ယောက်ဖြစ်ပြီး ယောကျာ်းများစွာလဲရှိတယ်ဆိုတဲ့သဘောပေါ့

အဲ့တော့ သူမအရှေ့ရောက်နေတဲ့အလှလေးတွေကိုစိတ်ဝင်စားသွားတာပေါ့လေ

အထူးသဖြင့် သူမကိုဒူးမထောက်တဲ့တစ်ယောက်ကိုပိုစိတ်ဝင်စားတာ

"ဟိုတစ်ယောက်ကို ငါ့မောင်းထီးဆောင်ထဲသွင်းမယ် လက်ခံရင်ကုပေး‌မယ် လက်မခံရင်တော့ နောက်ကြောင်းပြန့်လှည့်တော့"

"မဖြစ်နိုင်ဘူး"

အားလုံးက တညီတညာထဲ ‌ထအော်ကြပြန်တယ်

ဘာလို့ဆို တုကူးရှန်းက ကျုးလစ်ရဲ့မောင်းထီးဆောင်ထဲ အဲ ချစ်သူမို့လေ

သူတို့ဘဝတွေကိုစွန့်လွတ်ပစ်လို့ရတယ် တုကူးရှန်းဘဝကိုတော့ ဇောက်ထိုးဖြစ်အောင်လုပ်လို့မရဘူး

"အာ ကိုယ်တို့အားလုံးကိုယူလိုက် အဲ့တစ်ယောက်ကိုတော့လွတ်ပေးလိုက်လေ အဲ့လိုရလား"

ဘယ်ရီက မကြောက်မရွံ့ထရပ်ကာပြောလိုက်တယ်

အဆုံးသတ်ကတော့ အားလုံးဟာ ဖီးနစ်နန်းတော်သခင်ရဲ့ဧည့်သည်ဆောင်ထဲကနေ ကန်ထုတ်ခံလိုက်ရတာပါပဲ

"ငါလုပ်မယ်"

လက်သီးတင်းတင်းဆုပ်ထားတဲ့တုကူးရှန်းက ထအော်တယ်

သူ့ရဲ့အော်သံကြောင့် ဖီးနစ်သခင်မက ထွက်လာပါလေရော

"ဒါပေမဲ့ ကိုယ်တော်က ဘုရင်တပါးမို့ မိုးကြိုးလျှပ်စီးကုန်းမြေမှာပဲ မင်္ဂလာဆောင်လို့ရမယ် ဒါ့အပြင် မင်းရဲ့ယောကျာ်းများစွာကိုလဲ ကိုယ်‌တော်နဲ့ယူပြီးရင် စွန့်လွှတ်ပစ်လိုက်ရမယ် ဒီကုန်းမြေကိုစွန့်ပြီး မိုးကြိုးလျှပ်စီးကုန်းမြေမှာ မိဘုရားအဖြစ်ပဲနေလို့ရမယ် အဲ့အချက်တွေကိုလက်ခံနိုင်ရင် ကိုယ်တော်ကိုမင်းယူနိုင်တယ်"

"မရဘူး"

အသံနှစ်သံက တပြိုင်ထဲထွက်လာခဲ့တယ်

အသံတစ်သံက ဖီးနစ်ကုန်းမြေသခင်မဆီကဖြစ်ပြီး တစ်သံကတော့ကျူးလစ်ရဲ့အသံ

"ဟမ် အထဲက ယောကျာ်းလေးလား "

"ဟုတ်ပါတယ်"

ကျုးလစ်ရဲ့အသံကခြောက်သွေ့နေတာ
သူမရဲ့အသံအိုးကလဲပြောစရာမလိုအောင်ခြောက်ကပ်နေတယ်

အဲ့တော့ သူမရဲ့ချိုသာတဲ့အသံကို အလိုလိုဆုံးရှုံးထားပြီးသားဆိုတော့ ယောကျာ်းသံမိန်းမသံသိပ်မသဲကွဲဘူး

ဖီးနစ်ကုန်းမြေသခင်မရဲ့မျက်ဝန်းလှလှလေးတွေက တဖျတ်ဖျတ်တောက်ပလာတယ်

ပြီးတာနဲ့ ချက်ချင်းလိုလို အဲ့ရထားလုံးနားသွားပြီးလိုက်ကာစကိုဆွဲလှန်ပစ်ပါရော

"ဝိုးးးး အလှလေးပဲ"

အားလုံးရဲ့ရှေ့မှာပဲ ဖီးနစ်သခင်မက ကျုးလစ်ရဲ့ရုပ်ရည်ကိုချီးကျုးလိုက်တယ်

ယောကျာ်းလေးယောင်ဆောင်ထားတဲ့ကျုးလစ်က ဖြူဖျော့နေပေမဲ့ ပြောစရာမလိုအောင်မိန်းမချောချောတဲ့လုလင်ပျိုလို တင့်တယ်နေဆဲပဲ

ကျုးလစ်ရဲ့ယောကျာ်းလေးအသွင်က တုကူးရှန်းကို ဆယ်မိုင်အကွာမှာ ချန်ထားနိုင်တာလေ

အားလုံးထဲမှာ အချောဆုံးကိုဖြစ်နေတာ

အဲ့တော့ ဖီးနစ်သခင်မရဲ့မျက်ဝန်းတွေက ကိုယ်ကြိုက်တဲ့ရုပ်ရှင်သရုပ်ဆောင်ကိုတွေ့လိုက်ရတဲ့fangirlလေးအတိုင်းပဲ တဖျတ်ဖျတ်လတ်နေတာပဲ

ကျုးလစ်ခမျာမှာတော့ စိတ်တိုရလွန်းလို့နောက်တခါသွေးအန်ကာသတိလစ်သွားပြန်တော့တယ်

"သူပဲ သူ့ကိုပဲရွေးတယ် အားး သခင်လေးကချောလိုက်တာ လာကြစမ်း ဒီသခင်လေးကို ကုသပေးလိုက်ကြ ကျသမျှအကုန်ဘာမှပြန်တောင်းစရာမလိုဘူး"

အားလုံး။ ။ "............."

.......🎂🍯🎂🍯🎂🍯🍯🎂🍯🎂🍯🎂🍯🍯🎂🍯🎂🎂🍯🎂🍯🧁🍯🎂

Alinkar nang

ညကျ နောက်တပိုင်းလာပါမယ်🥰🥰🥰

အကြွေးဆပ်မို့လေ🥰🥰🥰🥰

စောင့်နေကြပါဦးလို့🥰🥰🥰🥰


You are reading the story above: TeenFic.Net