79.zgi

Background color
Font
Font size
Line height

Lengends of spring goddness

အပိုင်း(79) ဖီးနစ်ကုန်းမြေသို့ခက်ခဲခြင်းများစွာဖြင့်

"မင်း အရမ်းဇွဲကောင်းတာပဲ ဒီဆယ်ရက်ကိုကောင်းကောင်းကျော်ဖြတ်နိုင်ခဲ့တာပဲ ကြည့်ရတာ ကိုယ့်ရဲ့စိုးရိမ်မူ့တွေက အလကားဖြစ်ခဲ့တာပဲ"

ဒီတယောက် သူမနားကို နေ့တိုင်းလိုလိုလာတတ်တယ်

လာတိုင်းလဲ စားပွဲခုံပေါ်မှာ ရေနွေးထိုင်သောက်ပြီး သူမနဲ့စကားတွေအကြာကြီးပြောတတ်တယ်

များသောအားဖြင့် သူမကနားထောင်သမားပေါ့

တခွန်းပြောရင်တောင်အားကုန်တာမို့ သူမစကားသိပ်မပြောဘူး

သူက သူမတို့ကိုကယ်တင်ပေးခဲ့တဲ့သူဆိုတာကိုသိတယ်

သူက ဖီးနစ်ငှက်လေးရဲ့အရှင်သခင်ဆိုတာကိုလဲသူမသိတယ်

ပြီးတော့ သူက သိပ်မရိုးရှင်းဘူးဆိုတာလဲသူမသိတယ်

"မင်း ကိုယ့်အပေါ်မှာ အကြွေးရှိတယ်နော် အသက် ခြောက်သက်စာ အတွက်ပေါ့ ကိုယ့်ကို အကြွေးဘယ်တော့ဆပ်မှာလဲ ဟမ်"

အသက်ခြောက်သက်စာလား သူမ သူ့ကိုဘာနဲ့ဆပ်ရမှာလဲ

သူမကိုယ်တိုင်တောင်သေမလိုဖြစ်နေတာကို

သူ့ကိုဘယ်လိုများ ဆပ်ရမှာတဲ့လဲ

သူမ တခုခုပြောလိုက်ချင်ပေမဲ့လဲ

တကယ်တမ်းကျ ကျေးဇူးတင်စကားလေးတောင်မပြောရသေးဘူးလေ

ဒါကြောင့်ရှိသမျှအားသုံးကာ

"ကျေးဇူးတင်ပါတယ်"

"မင်းက အမ်း လူစိတ်တော့ရှိသေးသားပဲ "

"............"

အဲ့ဒါကဘာစကားလဲ

လူစိတ်ရှိသေးတယ်ဆိုတော့ အစက သူမက သရဲဖြစ်နေလို့လား

"အဟားဟားးး စတာပါ ဘယ်လိုရုပ်လေးတောင်ဖြစ်သွားရတာလဲ ကဲပါ ကိုယ်ဆက်မနေတော့ဘူး ဪ ဒါနဲ့ မင်းရဲ့အဖွဲ့က မင်းကို ဖီးနစ်ကုန်းမြေဆီခေါ်သွားမလို့တဲ့ ကိုယ်နဲ့လိုက်ခဲ့တာပိုကောင်းမယ် ကိုယ့်ရဲ့ဇာတိမြေဆီ နတ်ဘုရားမလေးကို အလည်လာဖို့ဖိတ်ခေါ်ပါတယ် "

".........."

သူမ သတိအပြည့်ဖြစ်သွားပေမဲ့

ဟားဟား အရမ်းရယ်ရတာပဲ သူမက ကိုယ့်ဘာသာကိုယ်တောင် မထနိုင်တာကို သူသာတခုခုလုပ်ချင်လဲ ဘယ်လိုများကာကွယ်လို့ရမှာတဲ့လဲ

သူမ မျက်တောင်များပုတ်ခတ်ပုတ်ခတ်ဖြစ်သွားပေမဲ့ ဘာမှမပြောဖြစ်လိုက်ဘူး

ပုံမှန်အခြေအနေမှာဆိုရင်တော့ သူမသူ့ကို ရန်လိုနေလောက်တယ်

ဘာလို့လဲဆိုတော့ သူ့စကားထဲမှာ နတ်ဘုရားမလေးဆိုတဲ့စကားစုပါလာလို့ပါပဲ

သူမနဲ့နတ်ဘုရားမ ဘယ်လိာပတ်သတ်နေတာလဲဆိုတာရဲ့အကြောင်းအရင်းကို သူမကိုယ်တိုင်တောင်မသိသေးတာလေ

တခြားတစ်ယောက်ကိုမေးဖို့ဆိုတာက သေပြီးသားအကောင်ကို မင်းကိုဘယ်သူသတ်တာလဲသိလားလို့သွားမေးနေတာနဲ့အတူတူပဲ

နုံအလွန်းတယ်

ကြောင်တောင်တောင်နိုင်လွန်းတယ်

ဒါကြောင့် တိတ်ဆိတ်စွာနဲ့ပဲအရာအားလုံးကိုလက်ခံလိုက်တော့တယ်

"နောက်တနာရီဆို ကိုယ်တို့စထွက်မယ် နဲနဲလေးတော့သီးခံပေး နော် ကိုယ်အတတ်နိုင်ဆု့းညင်သာပါမယ် "

အဲ့ဒါက တုကူးရှန်း သူမကိုပြောတဲ့စကား

ကုတင်ဘေးမှာရပ်နေပြီး သူမဆီကို ပွတ်သပ်ကိုင်တွယ်ဖို့ လက်လှမ်းလိုက်ပေမဲ့လဲ ‌ဘယ်နေရာကိုပဲထိထိနာနေလောက်မှာမို့ သူ့လက်တို့လေထဲရပ်တန့်နေပြီးမှ လက်သီးဆုပ်အဖြစ်ပြောင်းသွားကာ လက်ချလိုက်တာကို သူမမြင်လိုက်ရတယ်

သူမပြုံးပြလိုက်တယ်

ပျက်ယွင်းနေတဲ့တုကူးရှန်းရဲ့မျက်နှာမှာ အားနာခြင်းတွေရောစွက်လို့ သူမကို ပြန်လည်ပြုံးပြလာတယ်

"ကိုယ်က ဘာမှ အသုံးမဝင်တဲ့သူပဲ ကျူးလေးကိုကာကွယ်မယ်ဆိုပြီးတော့ ကျူးလေးကပဲ ကိုယ့်ကိုပြန်ကာကွယ်ပေးသွားတယ် အခုလဲ ကိုယ့်ကြောင့်ဒီလိုဖြစ်နေရတယ် ကိုယ်လေ ကိုယ် တောင်းပန်ပါတယ် ကိုယ်အင်အားမကြီးခင် မင်းကိုလာမတွေ့လိုက်သင့်ဘူး"

သူမ ဘာပြန်ပြောရမှန်းမသိဖြစ်သွားခဲ့တယ်

သူသာ သူမနားရောက်မလာရင် သူမ သူ့ကိုချစ်နေတယ်ဆိုတာ ဘယ်သိနိုင်ပါ့မလဲ

သူမနဲ့မတူပဲ အခုလို ရူးမိုက်တဲ့လုပ်ရပ်တွေလုပ်မိနိုင်တာကိုလဲ သိဖို့အခွင့်အရေးဘယ်ရှိမှာလဲ

အဲ့လိုမဟုတ်ရင်တောင် သူမက သူမ‌လူတွေကို နာကျင်စေဖို့အခွင့်အရေးဘယ်ပေးနိုင်မှာလဲ အစွမ်းရှိသလောက်တော့ကာကွယ်ပေးမှာပဲလေ

တခုတော့ရှိတယ်

သူ့ဆိုရင်တော့ သူများနဲ့မတူတဲ့ဆုံးဖြတ်ချက်နဲ့

နဲနဲထူးခြားနိုင်တာပေါ့

အခုလိုပေါ့

အဲ့လိုနဲ့ သူမတို့ ဖီးနစ်ကုန်းမြေဆီကို လှည့်လာကြတယ်

သူမကိုတော့ သခင်လေးတစ်ယောက်လိုဆင်ယင်ပေးထားတယ်

ဘာလို့ဆို

ဖီးနစ်ကုန်းမြေက မသန်စွမ်းတဲ့မိန်းကလေးတွေကိုဝင်ခွင့်မပေးထားလို့ပါပဲ

ေ‌ယာကျာ်းလေးတွေဆိုရင်တော့ကိစ္စမရှိပါဘူးတဲ့

်ဘယ်လိုထူးခြားတဲ့စည်းကမ်းမျိုးလဲ

လူတွေအားလုံးက အဲ့ထူးခြားတဲ့စည်းမျဉ်းကိုလိုက်နာနိုင်ပြီး ဖီးနစ်ကုန်းမြေက အဆင့်သုံးကုန်းမြေဖြစ်နေတာက တကယ်ထူးဆန်းတယ်

အားလုံးက သူမ မနာအောင် အစွမ်းကုန်အားထုတ်ခဲ့ပေမဲ့လဲ သူမ သေလုမျောပါးနာနေဆဲပါပဲ

တလှိမ့်ချင်းလှိမ့်နေတဲ့ဘီးတွေကြောင့် နာကျင်နေရပြီး ရေချိုးထားသလိုချွေးတွေရွဲလို့နေပါတယ်

သူမရဲ့ကိုယ်ကအနာအများစုက တင်းရင်းတဲ့အဆင့်ပဲရှိသေးတော့

တချက်တချက် ကျောက်တုံးပေါ်တွေဆောင့်ချမိလိုက်ရင် တချို့နေရာတွေဆို ပြန်ပြဲသွားပြီးတော့ သွေးတွေပြန်ထွက်လာပါတယ်

သူမရဲ့ကျောပြင်ကအဆိုးဆုံးပဲ

လှည်းနံရံကိုကျောမှီထားရတော့ တချက်လောက်ယမ်းခါလိုက်ရင်ကို ဓားပေါင်းများစွာနဲ့အခွဲခံလိုက်ရသလိုခံစားလိုက်ရပါတယ်

သွေးတွေရွဲနေပေမဲ့လဲ သူမ လက်သီးတင်းတင်းဆုပ်ထားပြီး ဖြူဖျော့နေတာကလွဲလို့ ဘယ်သူ့ကိုမှမသိစေချင်ဘူးလေ

မျက်စိမှိတ်ထားပြီး အိပ်ဟန်ဆောင်နေပေမဲ့ အဲ့ဒါက သူမသတိလစ်သွားတာပါပဲ

သူမကျောပြင်နဲ့အဝတ်တွေဟာသွေးတွေနဲ့ကပ်နေပြီး ချပ်ခဲကြီးဖြစ်နေတာတောင် သူမက အသံတချက်မထွက်ခဲ့ပါဘူး စိတ်ထဲ အချိန်တွေရေတွက်ရင်း ကျင့်ကြံလိုက်ပါတယ်

အဲ့ဒီအခါ သူမပိုနာကျင်လာတယ်

ဒါပေမဲ့ သူမကိုယ်တိုင်က ခက်ခဲတဲ့လမ်းကိုေ‌ရွးထားပြီးပြီလေ ဘာများတတ်နိုင်မှာတဲ့လဲ

စိတ်ပိုင်းဖြတ်ထားတဲ့အရာကို မသေမချင်းကျင့်သုံးသွားရုံပဲရှိတော့တာပေါ့

။။။။။။။။။။။🧁🧃🧁🧃🧁🧃🧁🧁🧃🍮🧃🧃🍮🧃🍮🧃🍮🧃🧁🧃🍮

‌alinkar nang


You are reading the story above: TeenFic.Net