Lengends of spring goddness
အပိုင်း(78) ဆယ်ရက်တာကာလ
အရင်က သူမရဲ့နေ့ရက်များက ကုန်လွယ်တယ်
မလုံလောက်ဘူးလို့တောင်ခံစားရတာ
အခုတော့ အချိန်တိုင်းဟာ သူမအတွက်ခက်ခဲနေပြီး တရက်ကိုဆယ်ကမ္ဘာမကထင်ရတယ်
လုံးဝအသုံးမကျတော့တဲ့သူမက အခုတော့ လူအားလုံးအတွက်ဝန်ထုတ်ဝန်ပိုးဖြစ်နေခဲ့ပြီ
ဘဝကအဓိပ္ပာယ်မဲ့နေပြီး သူမဘာကိုမှမစွမ်းဆောင်နိုင်တော့ဘူးလို့တောင်တွေးမိတယ်
သူမရဲ့အတွင်းဒန်ထျန်ဟာ ရေခမ်းသွားတဲ့ပင်လယ်ကြီးလိုပဲ ပက်ကြားတောင်အက်လို့ရရင်အက်လိုက်ဦးမဲ့အနေအထား
သစ်ပင်ကြီးကလဲ ညိုးရော်နေပြီး သစ်ပင်အောက်ကအရာအားလုံးဟာလဲ အိပ်ပျော်ကာပိတ်မိနေကြတယ်
သွေးကြောများကအပိုင်းပိုင်းပျက်စီးနေပြီး ဆဲလ်တွေရဲ့တလက်မချင်းစီကတောင်ပြန်လည်မွေးဖွားလာဖို့မဖြစ်နိုင်တော့ဘူး
အရိုးများကကျိုးကြေနေကြပြီး ခြင်ဆီများကလဲ အပြင်ကိုယိုထွက်လို့သွားတယ်
ဗရမ်းဗတာဖြစ်နေတဲ့အခြေအနေကိုဆက်တိုက်ပြုပြင်နေရလို့ စီးဆင်းနေတဲ့သွေးများကလဲ ခမ်းခြောက်လာခဲ့တယ်
သူမတကိုယ်လုံးမှာကောင်းနေတာဆိုလို့ ဦးခေါင်းတခုပဲရှိတော့တာ
တုကူးရှန်းကသူမအနားအမြဲရှိနေပေမဲ့လဲ သူမကသူ့ကိုအပြင်ကန်ထုတ်ထားခဲ့တယ်
ဘယ်မိန်းကလေးမှာ ကိုယ့်ရဲ့ရုပ်အဆိုးဆုံးအချိန်ကိုချစ်ရတဲ့သူမမြင်စေချင်ပါဘူး
လှပကျော့ရှင်းတဲ့အသွင်ကိုပြပြချင်ကြတာ မိန်းကလေးတိုင်းရဲ့ရောဂါပါပဲ
အဲ့လိုမိန်းကလေးတွေထဲက တစ်ယောက်ဖြစ်တဲ့ကျုးလစ်ကလဲ သူမကိုအနီးကပ်ပြုစုပေးတဲ့တစ်ယောက်ကလွဲရင်အားလုံးကိုကန်ထုတ်ထားလိုက်တော့တယ်
ရှောင်ရှောင်က သူမနား ကြောင်အသွင်ပြောင်းပြီးရှိနေပေးလို့သာမဟုတ်ရင် သူမအစောထဲကသေနေလောက်ပါပြီ
ရှောင်ရှောင်ကတော့ အထဲမှာ ကြောင်အသွင်နဲ့နေပြီး အပြင်ရောက်ရင်တော့ သူ့ဆီဝိုင်းလာကြတဲ့ခေါင်းလေးငါးလုံးလောက်ကိုကျုးလစ်အကြောင်းပြောပေးရပြီး အတောမသတ်နိုင်တဲ့မေးခွန်းများကို နေ့တဝက်နီးပါးဖြေပေးရလေတယ်
သုံးရက်မြောက်
ကျုးလစ် ကောင်းကင်ကြီးကို အဓိပ္ပာယ်မဲ့ကြည့်မိရင်း သေသွားရင်လဲသေသွားလိုက်ပါတော့လားလို့တွေးမိတယ်
ဒါပေမဲ့ အဲ့အချိန်မှာပဲ မဖြစ်နိုင်တဲ့အတွေးတခုကလဲ သူမခေါင်းထဲဝင်လာခဲ့လေရဲ့
အဲ့ဒါကတော့ နာကျင်နေပေမဲ့အားယားနေတဲ့သူမက ဘာကြောင့်များကျင့်ကြံမနေရတာလဲပေါ့
သူမသာကျင့်ကြံနေရင် မပျင်းရတော့သလို အဆိုးဆုံးရလာဒ်အနေနဲ့ သေရင်မြေကြီး ရှင်ရင်ရွှေထီးပေါ့
အဲ့လိုအတွေးတွေးမိတာနဲ့ သူမလဲ စတင်ပြီးကျင့်ကြံတော့တယ်
"ဟူးးးးး"
နာကျင်လွန်းမက နာကျင်ပေမဲ့ သူမဘာကိုမှအာရုံမခံမိဘူး
သူမရဲ့အသက်ရှူထုတ်ခြင်းလုပ်ငန်းစဉ်ကတောင် ခက်ခဲနေတာကို ချက်ချင်းကြီးတော့ ပြန်ပြီးကျင့်ကြံလို့ရပါ့ဦးမလား
ဒါပေမဲ့ သူမ မသိလိုက်တာက သူမရဲ့ရှူသွင်းရှူထုတ်လုပ်ငန်းစဉ်စတင်လိုက်ချိန်မှာပဲ သူမကိုယ်တွင်းကအိပ်ပျော်နေတဲ့ချွေချွန်းဟွားရဲ့ဝိဉာဉ်အပိုင်းအစလေးကိုနိုးထစေလိုက်မိတယ်ဆိုတာပါပဲ
အဲ့လိုအသိစိတ်မရှိတဲ့ဝိဉာဉ်အပိုင်းအစလေးက သူမရဲ့နှလုံးသားရှိနေရာကိုဖြေညင်းစွာသွားနေခဲ့ပါတယ်
အဲ့လိုသွားနေတာ ငါးရက်ကြာမြင့်သွားခဲ့ပါတယ်
အပြင်ကလူတွေအားလုံးကတော့ သူမကိုစိုးရိမ်နေကြတာကို ကျုးလစ်သိပေမဲ့လဲ
သူမ ဘာပြောနိုင်မှာလဲ
သူမ မသေအောင်ကြိုးစားနေတယ်လို့လား
ဒါမှမဟုတ် သူမ အားမလျှော့ပါဘူးလို့လား
ဒါမှမဟုတ် သူမ သေရင်အရိုးပြာကို မြစ်ထဲမှာကျဲပေးပါလို့လား
ဟားဟားဟား
အကုန်လုံးက အလိမ်အညာတွေချည်းပဲလေ
သူမ သေချင်နေတာပဲ
သူမအားလျှော့နေတာပဲ
ပြီးတော့
အရိုးပြာကိုမြစ်ထဲကျဲချရအောင်လို့လဲ သူမက မသေချင်သေးဘူးလေ
ကိုယ့်ဘာသာကိုယ်ပိတ်လှောင်ရင်း သူမ နာကျင်နေတာအားလုံးကိုဖုံးကွယ်ထားခဲ့တယ်
လှုပ်လိုက်တာနဲ့နာကျင်မူ့တွေက သူမဦးခေါင်းကနေ ခြေဖျားအထိ စီဆင်းသွားပြီး သူမက အဲ့နာကျင်မူ့ထဲ အကြိမ်ပေါင်းများစွာကျဆုံးနေခဲ့တာ
သူမရဲ့အရေပြားတလက်မချင်းစီမှာ မနာကျင်ရတဲ့နေရာမရှိဘူး
သူမလူးလွန့်လိုက်တိုင်း ဒါမှမဟုတ် သူမကိုလာထိလိုက်တိုင်း နာကျင်လွန်းမက နာကျင်လွန်းလာတဲ့အခါမှာတောင် သူမမှာ မလှုပ်ရှားနိုင်ခဲ့ပါဘူး
မအော်နိုင်ခဲ့ဘူး
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်းနဲ့ လည်ချောင်းထဲပြည့်တက်လာတဲ့အော်သံကို လည်ချောင်းထဲကိုပဲပြန်မျိုချလိုက်ရတော့တာပဲ
ချွေးစေးတွေထွက်လာပေမဲ့ သူမလူသေလိုလှဲနေရတာညောင်းလွန်းလို့ လှည့်လိုက်ရင်တောင် သတိလွတ်လုနီးပါးနာကျင်နေရတာမို့ ဘယ်သူ့ကိုမှ သူမရဲ့အခြေအနေအမှန်ကိုမသိစေချင်ခဲ့ပါဘူး
ပြောမပြချင်ခဲ့ပါဘူး
ခုနှစ်ရက် လွန်လာတာတောင် သူမ နာကျင်သမျှ သီးခံခဲ့သမျှက အားလုံးအလကားပဲ
သူမဆီမှာ ချီမျှင်တစက်လေးတောင်မစုဆောင်းမိပဲ သူမကသာပိုလို့နာကျင်လာရတယ်
သူမမြင်နေရတဲ့ပြတင်းပေါက်က ကောင်းကင်ကြီးက ပြာသွားလိုက် မဲသွားလိုက်
နေမင်းကြီးက ထွက်လာလိုက် ကြယ်လေးတွေက ပေါ်လာလိုက်နဲ့
နေ့ရက်တွေသာပြောင်းလဲသွားခဲ့တယ်
သူမကတော့ အဲ့ဒီလိုလှပတဲ့မြင်ကွင်းကို ဘောင်လေးထဲကပဲကြည့်နေရတော့တာပေါ့
အရင်ကနေ့ရက်တွေကိုသူမအရမ်းလွမ်းမိတာပဲ
အခုလိုပုံစံက ခေတ်သစ်မှာ သူမကို လှောင်ထားပြီး လေ့ကျင့်ပေးနေခဲ့တဲ့အချိန်ကိုတောင်သတိရမိတယ်
သူမနေရာမှာ သူများဆိုရင် နာကျင်လွန်းလို့ သေသွားမှာဖြစ်သော်လည်းပဲ သူမကတော့ ခေတ်သစ်မှာ ပင်ပန်းစွာလေ့ကျင့်ခဲ့တဲ့အကျိုးကျေးဇူးကြောင့် နာကျင်မူ့ကိုခံနိုင်ရည်ရှိနေခဲ့တာကပဲ သူမအတွက်ကံကောင်းမူ့တရပ်လို့ပဲပြောရတော့မယ်
၊၊။။။။။။။။။။။🧃🎂🧃🍿🧃🍿🍿🧃🧃🎂🎂🧃🎂🧃🎂🧃🎂🧁🎂🧁🎂🧃🍿🧃🍿🧃🎂
Alinkar nang
You are reading the story above: TeenFic.Net