Lengends of spring goddness
အပိုင်း(76) ကာကွယ်ခံလူတန်းစား(4)
"အရူးမ ဖယ်စမ်းးးး အားးးးး "
အချိန်အတော်ကြာပစ်ချနေတဲ့မိုးကြိုးစမ်းသပ်ချက်ဟာ သူမကိုကော အဲ့လူကိုပါနာကျင်စေတယ်
သူမ ဝိဉာဉ်တွေစုတ်ပြဲပြီး ဒန်ထျန်ကလဲခြောက်ခမ်းသွားတယ်
သူမသိတာဆိုလို့ ဒီလူကိုလက်လွတ်လိုက်လို့မရဘူးလို့
မဲတူးနေအောင်ပစ်ချခံထားကြရပေမဲ့လဲ ကောင်းကင်က သိပ်ကျေနပ်ဟန်မတူ
သူမထပ်ပြီးမတောင့်ခံနိုင်တော့ဘူး
သူမထပ်ပြီး မလှုပ်ရှားနိုင်တော့ဘူး
သူမရဲ့ကိုယ်တခုလုံးကအသားစိုင်တွေဟာကွဲပြဲနေတယ်
စုတ်ပြဲနေတဲ့နေရာကသွေးတွေစီးကျနေပြီး သူမကိုသေမတတ်နာကျင်ခံစားရစေတယ်
"ဂျိန်းးးးးးး"
ထပ်ပြီးပစ်ချလာပြန်တဲ့ မိုးကြိုးတွေကိုသူမကြောက်တယ်
ဒီလောက်ထိနာကျင်မယ်လို့မထင်ခဲ့ဘူး
သူမရဲ့ကျောပြင်ဟာ ဟက်တက်ကွဲနေပြီး သွေးတွေကအဆုံးမရှိထွက်လာနေတယ်
မိုးကြိုးပစ်ခြင်းခံရတဲ့ကွင်းပြင်ဟာလဲ နှင်းထုတွေပျောက်ဆုံးသွားပြီး မဲတူးနေတဲ့မြေပြင်ဟာပေါ်လာခဲ့တယ်
အဲ့မြေပြင်မှာတော့ သွေးရောင်ပန်းပွင့်တွေဟာ ရင်သပ်ရှူမောစရာကောင်းလောက်အောင်ပွင့်လန်းနေကြတာပေါ့
ဟုတ်တာပေါ့ အဲ့ပန်းတွေက ကျူးလစ်ရဲ့သွေးကတဆင့်ဖြစ်လာတာဆိုတော့ အပွင့်တွေကလဲ သွေးရောင်တောက်နေတာဟာ လှပသလောက်ကြောက်ဖို့လဲကောင်းတယ်
ထူးရှားတာကတော့ အဲ့ပန်းတွေပွင့်လာပြီး မိုးကြိုးတွေပစ်ချခံရတာတောင် အဲ့နေရာဟာ လုံးဝမဲတူးမသွားဘူး
ပန်းတွေအပေါ်မိုးကြိုးမသက်ရောက်သလိုပဲ
တနာရီခန့် မိုးကြိုးပစ်ချခံရပြီးနောက်မှာ နတ်ဒေဝါစမ်းသပ်ချက်မိုးကြိုးဟာ ပြိုကွဲသွားတော့တယ်
ကျုးလစ်ကတော့ ချွင်းချက်မရှိကျရှုံးတာပေါ့
သူမရဲ့ဒန်ထျန်ဟာ သေဆုံးသွားပြီး နဂါး လေးတော် ဓားတော်နဲ့ ဝိဉာဉ်နှစ်ခု ဟာ ချိတ်ပိတ်ခံလိုက်ရတယ်
ကျုးလစ်လဲ ချီတမျှင်လေးတောင်မရှိတော့တဲ့ သာမန်လူဖြစ်သွားခဲ့ပြီ
ကျိုးပဲ့နေတဲ့သူမက ပန်းခင်းထဲကို ဘုတ်ခနဲပြုတ်ကျသွားတယ်
ဘယ်ကလာပြီး ဘယ်သူလွတ်လိုက်မှန်းမသိရတဲ့အဲ့လူကတော့ ဒယီးဒယိုင်နဲ့ ထလာကာ တုကူးရှန်းဆီကိုလျှောက်သွားခဲ့တယ်
"အဟွတ် အဟွတ် "
ကျုးလစ် စကားပြောဖို့ပါးစပ်ဟလိုက်ပေမဲ့ သူမပါးစပ်ထဲကသွေးတွေပဲထွက်ကျလာတယ်
ပန်းတွေပဲထပ်ပွင့်လာတာပေါ့
သူမလက်ကိုမြောက်မလို့လုပ်လိုက်ပေမဲ့ သနားစရာကောင်းတာက ချီတစက်မှမရှိတော့လို့ လက်ကအသေလိုပဲ နေရာကတောင်မရွေ့နိုင်ဘူး
သူမ မျက်ဝန်းတွေက တုကူးရှန်းကိုပဲကြည့်နေတယ် သူမပြုံးပြလိုက်မိပေမဲ့ မဲ့ပြုံးများဖြစ်နေမလားပဲ
မလုပ်ပါနဲ့
သူမ ထပ်မကာကွယ်နိုင်တော့ဘူး
သူမ မလှုပ်နိုင်တော့ဘူး
သူမစိုးရိမ်နေတဲ့အချိန် တုကူးရှန်းက သူမကိုအဆင်ပြေတယ်ဆိုတဲ့အပြုံးလေးပြုံးပြတယ်
ကျုးလစ် တုကူးရှန်းရဲ့အပြုံးကိုမြင်လိုက်တော့ အကြောင်းပြချက်မရှိဝမ်းနည်းလာတယ်
ရင်ထဲမှာ စိုးထိတ်စိတ်က သူမကိုငိုအောင်လုပ်နေတာပဲ
ကျုးလစ် အားတင်းထားတုန်းပဲ
သူမရဲ့အမြင်တွေဇောက်ထိုးဖြစ်နေပေမဲ့လဲ သူ့ကိုတော့ ကောင်းကောင်းမြင်နိုင်ပါသေးတယ်
အဲ့လူက သူ့လက်ကိုမြောက်လိုက်တယ်
သူမ မျက်ဝန်းတို့မှိတ်လိုက်တယ်
မျက်ရည်များက ဘေးကိုစီးသွားပြီး ပွင့်နေတဲ့သွေးနီရောင်ပန်းပွင့်ပေါ်ကျသွားတဲ့အခါ အဖြူရောင်ပြောင်းသွားခဲ့တယ်
အဲ့နောက်တော့ အဲ့ပန်းပွင့်ဟာကြွေလွင့်သွားကာ အမှုန့်အဖြစ်နဲ့သူမမျက်ဝန်းတို့ဆီပြန်လည်စိမ့်ဝင်သွားခဲ့တာပေါ့
ရုတ်တရက်ကြီး သူမကမ္ဘာကြီးမှောင်မဲသွားလေရဲ့
သူမမျက်ဝန်းတို့အဖွင့်အပိတ်လုပ်လိုက်ပေမဲ့လဲ သူမ အမြင်မှာ အမဲရောင်ကမ္ဘာကြီးအဖြစ်သာ ကျန်ရှိနေတော့တယ်
"ရှ်ီးးးးးးးး"
လေချွန်သံလို အသံတသံကြားလိုက်ပြီးနောက်
"အုန်းးးးးးး"
ဘာကပြုတ်ကျသွားပြီးဘာတွေဖြစ်နေလဲဆိုတာမသိလိုက်ရပေမဲ့ သူမဆီကိုအပူရှိန်လာဟပ်တာကိုတောင်ခံစားလိုက်ရတယ်
"ဟေ့ "
အသံ
ဒီအသံကို သူမရင်းနှီးတယ်
အသံရှိရာဘက်ကိုသူမလှည့်လိုက်ပေမဲ့ သူမမျက်ဆံတွေကတော့ အဖြူရောင်အဖြစ်ပြောင်းလဲသွားခဲ့တာကြောင့် ဘယ်အရာမှမမြင်ရတော့ဘူးလေ
ဆံနွယ်တွေအားလုံးကလဲ အဖြူရောင်အဖြစ်ပြောင်းလဲနေပြီ
ကျူးလစ်ကတော့မမြင်ရတော့ဘူးပေါ့
ဘာလို့ဆိုတော့ သူမက ဘယ်အရာကိုမှမမြင်ရတော့ဘူးလေ
"ကျူးလေး ! ! ! ! "
".........."
ရုတ်တရက် သူမဟာ ကျောတောင့်တင်းတဲ့ရင်ခွင်ထဲရောက်သွားခဲ့တယ်
ဒါပေမဲ့ သူမသိတယ် ဒါက တုကူးရှန်းမဟုတ်ဘူးဆိုတာကိုပေါ့
"ဘယ်သူလဲ လွှတ် လွှတ်ပေး"
သူမအော်သာအော်နေတာ အသံကသိပ်မထွက်ပါဘူး
ဖျော့တော့ပြီးအသက်ရှူလိုက်တိုင်းမှာ နာကျင်နေလို့ တကိုယ်လုံးကလဲ အဝတ်လေးတထည်လိုပျော့ပြောင်းနေခဲ့တယ်
" တုကူးးးး တုကူးးးး ရှင်ဘယ်မှာလဲ "
"ကိုယ်ဒီမှာ "
သူမကိုပွေ့သွားပေမဲ့ တနေရာမှာ နူးနူးညံ့ညံ့ပြန်ချပေးလိုက်တာကိုသိလိုက်ရတယ်
"သူမ ကိုယ်တွင်းသွေးယိုစိမ့်မူ့ဖြစ်နေတယ် နံရိုးတွေလဲကျိုးသွားတယ် လက်တွေရော ပြီးတော့ သူမ ဆက်ပြီးမကျင့်ကြံနိုင်တော့ဘူး သူမရဲ့သွေးကြောတွေအားလုံးပျက်စီးသွားခဲ့တယ် အခုကြည့်ရတာ သူမက အမြင်လဲကွယ်သွားတဲ့ပုံပဲ "
ဘယ်သူလဲမသိပေမဲ့ ရန်လိုတဲ့အသံတော့မဟုတ်ဘူး
"ကျေးဇူးတင်ပါတယ်"
သူမကို တစုံတယောက်က ဖက်လိုက်တာကိုခံစားလိုက်ရတယ်
သင့်ပျံ့တဲ့ကြာပန်းရနံ့ကြောင့် အဲ့ဒါက တုကူးရှန်းဆိုတာသိလိုက်ရတယ်လေ
သူက သူမကိုအသာအယာပွေ့ဖက်ထားတယ် ဒါပေမဲ့ သူမက အဲ့လိုနူးညံ့တဲ့ပွေ့ဖက်မူ့ကိုတောင်မခံနိုင်တဲ့သူဖြစ်နေပြီလေ
ဒါပေမဲ့ သူမအသံတချက်မထွက်ခဲ့ မညီးညူခဲ့ဘူး
"ကျူးကျုး"
"အရှင်မ"
"အရှင်မ"
အသံသုံးသံက တနေရာထဲကထွက်လာခဲ့တယ်
အဲ့ဒါက ဘယ်ရီ ရှောင်ရှောင်နဲ့ သစ်ပင်အိုကြီးပဲ
သူမပြုံးလိုက်တယ်
"ကျွန်မကာကွယ်ပေးနိုင်ခဲ့တယ် ရှင်တို့အားလုံးကိုကျွန်မကာကွယ်ပေးနိုင်ခဲ့တယ် "
ခေတ်သစ်က သူမမိဘတွေကို မကယ်တင်နိုင်ခဲ့သလိုမျိုး သူမ သူတို့ကို မကယ်တင်နိုင်မှာအရမ်းစိုးခဲ့တာ
အခုတော့
သူမကာကွယ်နိုင်ခဲ့ပါပြီ
"ဟုတ်တယ် ကျုးလေး မင်းကိုယ်တို့အားလုံးကိုကာကွယ်နိုင်ခဲ့ပါတယ်"
သူမသာ မြင်နိုင်တယ်ဆို အားလုံးငိုနေတာကိုတွေ့ရမှာပါ
အခုသူမ မမြင်နိုင်တော့ အားလုံးက ငိုနေတာကို အတတ်နိုင်ဆုံးထိန်းချုပ်ထားကြလို့ သူမ မသိရတော့ပါဘူး
၊။။။။။။။။။။။🧃🍿🧃🍿🍿🧁🎂🍭🍿🧁🍿🧁🍿🧁🍿🧃🧣🍿🧃🍿🧁🎂🧁🍿🧁🧃🍿🍿🧃🍿🧁🍿🧁🍿🎂
alinkar nang
You are reading the story above: TeenFic.Net