75.zgi

Background color
Font
Font size
Line height

Lengends of spring goddness

အပိုင်း(75) ကာကွယ်ခံလူတန်းစား(3)

"ဟန်ဆောင်မနေနဲ့ ဘယ်သူလဲပြော"

"ပြောလဲမထူးဘူး တုကူးရှန်း ဒီနေါစေရမယ်"

"အိမ်မက်ထဲ‌မှာတောင်မရစေရဘူး"

"ဘေးကိုဖယ် အမျိုးသမီးလေး "

"ဆုတောင်းလေ"

"ကောင်းပြီ မိန်းကလေးမို့မညှာဘူးလို့အပြစ်မတင်နဲ့"

"ရှင့်အမေ ကျွန်မက ကြောက်တတ်တယ်များထင်နေလား"

"ဟွန့်"

အဲ့လူက တုကူးရှန်းဘက်လိုက်သွားခဲ့တယ်

အာကာဓာတ်သုံးပြီး တည်နေရာရွေ့ပြောင်းသွားတာမို့ သူမမှာ အမြန်‌ဆုံးပျံသန်းသွားတာတောင်မမှီလိုက်ဘူး

သူမ ရောက်တော့ အားလုံးက မြေပြင်ပေါ်ပြိုလဲနေကြပြီ

ဟိုလူကတော့ တုကူးရှန်းကို ဓားနဲ့ တိုဖူးလှီးသလိုလှီးလိုက်တော့မလို့လက်တောင်မြောက်နေပြီ

"တုကူးးးး "

သူမ မျက်ဝန်းတို့ပြာဝေသွားခဲ့တယ်

ဘယ်အချိန်ထဲကလဲ မသိပေမဲ့ သူက သူမအတွက်တကယ်အရေးကြ်ီးတဲ့သူဖြစ်နေပြီးပြီ

"မလုပ်နဲ့"

"ဝေါင်းးးး"

သူမ နဂါးနက်ကိုလွှတ်လိုက်ပြီးတာနဲ့ တုကူးရှန်းဆီအမြန်ပြေးသွားခဲ့တယ်

"မလာနဲ့ ပြေးးးးး ‌သွားတော့ ကိုယ့်ကိုထားခဲ့ သူကကိုယ့်ကိုပဲလိုချင်တာသွားးးး ‌"

သွေးဝတ်ရုံဝတ်ထားတဲ့တုကူးရှန်းက သူမကိုလှမ်းတားတယ်

နဂါးနဲ့ဟိုလူချဲနေကြတာကိုအကြောင်းပြပြီး သူမ သူ့ကိုသွားထူတယ်

ရန်ကျင်းကိုလဲသွားထူတယဘယ်ရီကတော့ မေ့မျောနေဆဲဖြစ်တဲ့ရှောင်ရှောင်နဲ့သစ်ပင်အိုကြီးကို ‌လက်တဖက်စီပွေ့ထားလေတယ်

သူလဲအခြေအနေမဟန်ဘူး

အားလုံးက အလဲလဲအကွဲကွဲ နဲ့ အပြဲပြဲတွေချည်းပဲ

သူမ အရမ်းကိုတုန်လှုပ်နေမိတယ်

ဒါကြောင့် စိတ်ကိုစုစည်းပြီး ဒန်ထျန်ရေကန်ရှေ့ကသစ်ပင်ဆ်ီကိုသွားကာ

"ကူည်ီပေးပါဉီး ကျွန်မ တလလောက်အိပ်ပေး ဟင့်အင်း တနှစ်လောက်အိပ်ပေးဆိုလဲ အိပ်ပေးပါမယ် သူတို့ကို သူတို့ကိုကူညီပေးပါဦး "

သူမ တောင်းဆိုတာ အရမ်းများသွားလို့လားမသိ ဘာတုန့်ပြန်မူ့မှရမလာဘူး

ဒီလိုကူကယ်ရာမဲ့မူ့မျိုးက သူမကိုခြောက်ခြားစေတယ်

သူတို့အားလုံးကိုအဆုံးရှုံးခံလိုက်ရမှာလား

ဟင့်အင်း သူမကာကွယ်ပေးရမယ်

"မကူညီချင်လဲနေ ကျွန်မသေရင် ‌ရှင်လဲသေမှာပဲလေ ဘယ်အချိန်ထိ ‌တောင့်ခံနိုင်မလဲကြည့်နေမယ်"

သူမပြောပြီးတာနဲ့ အပြေးအလွားမျက်လုံးတွေပြန်ဖွင့်လိုက်တယ်

"ဂါးးးးးးးးးး"

"အုန်းးးးးး"

နဂါးကြီးရဲ့နာကျင်စွာညီးညူသံနဲ့အတူ သူမရင်ဘတ်ထဲ အရာတခုကခပ်ပြင်းပြင်းဝင်ဆောင့်သွားတယ်

"ဝေါ့"

သူမ နှုတ်ခမ်းကသွေးတို့ဟာ မြေပြင်ပေါ်အန်ထွက်ကုန်တယ်

သိသာစွာနဲ့ နဂါးနက်ခမျာ ဒဏ်ရာရသွားပြီး သူ့ရဲ့မူလပုံစံကိုတောင်ထိန်းမထားနိုင်တော့လို့ သစ်ပင်အောက်ကိုအပို့ခံလိုက်ရတယ်

သူမသွေးစက်ကျတဲ့
တလျောက် အပင်နုလေးတွေချက်ချင်းပေါက်လာပြီး သွေးနီရောင်ပန်းပွင့်လေးတွေအဖြစ် သင်းပျံ့တဲ့ရနံ့က လေထုထဲပျော်ဝင်သွားခဲ့တယ်

သူမပေါင်ပေါ်မှာတုကူးရှန်းနဲ့ရန်ကျင်း ခပ်ဝေးဝေးမှာက ရှောင်ရှောင်နဲ့သစ်ပင်အိုကြီးကိုတရွတ်တိုက်ဆွဲခေါ်သွားဖို့ကြိုးစားနေတဲ့ ဘယ်ရ်ီ

သူမ ဒီနေရာမှာပဲသေရတော့မှာလား

သူမ တုကူးရှန်းနဲ့ရန်ကျင်းကို အသာချလိုက်တယ်

ဖျော့တော့နေပေမဲ့ အသိရှိပုံ‌ရသေးတဲ့ တုကူးရှန်းရဲ့လက်တွေက သူမဝတ်ရုံကိုဆုပ်ကိုင်ထားတယ်

သူမငုံ့ကြည့်လိုက်တော့ သူက ဇွတ်မလုပ်နဲ့ ထွက်ပြေးလို့ပြောနေသလို အသနားခံတဲ့မျက်ဝန်းတို့နဲ့ကြည့်နေတာကိုမြင်လိုက်ရတာပေါ့

ဒါပေမဲ့လဲ သူ့စကားကိုသူမဘယ်လိုနားထောင်နိုင်မှာလဲ

ဘာမှမစဉ်းစားတတ်တော့ပဲ ရူးမိုက်တဲ့အတွေးတခုကသာသူမကိုနိုးဆော်နေတယ်

သူ့လက်ကိုဆွဲဖြုတ်လိုက်ပြီး မြေပြင်ပေါ်အသာချပေးလိုက်ပြီးတာနဲ့

သူမရဲ့အမြင်ရှေ့ကို အဲ့လူက ညင်သာစွာဝဲပျံကျလာပြန်တယ်

တလှမ်းချင်း တလှမ်းချင်း လျှောက်လှမ်းလာပုံက သူတို့အသက်ကိုလာနှုတ်ယူတဲ့သေမင်းနတ်ဘုရားပမာ

ကျူးလစ် နှုတ်ခမ်းကိုပေါက်ထွက်မတတ်ကိုက်ပြီး မတ်တပ်ထရပ်လိုက်ကာ တုကူးရှန်းရှေ့က ပိတ်ကွယ်လိုက်တယ်

သူမ ဒန်ထျန်ရေကန်ကိုအတင်းအကျပ်စုစည်းလိုက်တယ်

စိတ်ဝိဉာဉ်အဆင့်သလင်းကျောက်များကိုလဲ အတင်းအရည်ဖျော်ပစ်လိုက်တယ်

ပတ်ဝန်းကျင်က အေးခဲချီဓာတ်တို့ကိုအရူးအမူးဆွဲယူလိုက်ပြီး နောက်တဆင့်ကိုအတင်းအကျပ်တက်‌လိုက်တယ်

သူမက စိတ်ဝိဉာဉ်အစောပိုင်းအဆင့်ပဲရှိသေးတာလေ

ကြားထဲမှာ

စိတ်ဝိဉာဉ်အလယ်ပိုင်းအဆင့်

စိတ်ဝိဉာဉ်နောက်ဆုံးအဆင့်ဆိုပြီး အဆင့်ကြီး နှစ်ဆင့်နဲ့ အဆင့်သေး အဆင့်နှစ်ဆယ်လွတ်နေသေးတာ

(အဆင့်ကြီးတဆင့်မှာ အဆင့်သေးဆယ်ဆင့်ပါဝင်ပါတယ်)

သူမ အတင်းအကျပ်လုပ်လိုက်ရင် ကျိန်းသေပေါက်ကျရှူံးမှာပဲ

အဲ့ဒီအခါ အသုံးမကျတဲ့ကိုယ်ကိုပဲပိုင်ဆိုင်လိမ့်မယ်

ထပ်ပြ်ီး မကျင့်ကြံနိုင်တော့ဘူးပေါ့

"မင်း ဘာလုပ်ချင်နေတာလဲ"

ကောင်းကင်က မူမမှန်ဖြစ်လာတဲ့အခါ အဲ့လူက လန့်ဖြန့်သွားတယ်

ဟုတ်တယ်

ကျူးလစ်ရဲ့အကြံအစည်က အဲ့ဒါပါပဲ

သူမရဲ့နတ်ဒေဝါစမ်းသပ်ချက်ကိုသုံးပြီး အဲ့လူကိုသတ်ချင်တာ

သူမကျရှုံးသွားနိုင်ပေမဲ့ တဆက်ထဲမှာပဲဒီလူလဲသေရမှာပဲလေ

သူမ ရှေ့ကို တရှိန်ထိုးပျံသန်းလိုက်ကာ နွယ်တွေကိုအသုံးပြုပြီး သူမနဲ့အဲ့လူရဲ့ကိုယ်ကို အသေရစ်ချည်ပစ်လိုက်တယ်

အဲ့နောက်တော့ သူမတို့အပေါါကို နတ်ဒေဝါမိုးကြိုးစမ်းသပ်ချက်တွေကျရောက်လာတော့တာပဲ

"ဂျိန်းးးးးး"

"အားးးးးး"

"အားးးးး ငါ့ကိုလွှတ် ငါ့ကိုလွှတ်"

ပတ်ဝန်းကျင်က တဖျတ်ဖျတ်လက်နေပြီး မိုးကြိုးများက နေရာတိုင်းကို‌ကျရောက်နေလေတယ်

.......🧁🎂🍿🧁🍿🧃🍿🧁🍿🧃🍿🧃🍿🧃🍭🧃🍿🧃🍿🍿🧃🧁🍿🧃🍿🧃🍿🧃🍿🧃🍿

Alinkar nang


You are reading the story above: TeenFic.Net