Lengends of spring goddness
အပိုင်း(71) အသွင်ပြောင်းဆေးပင်ကိုတောင်းတဲ့ကိုလူစိမ်းနဲ့ညအသွင်ပြောင်းသွားကြသော သူမ၏ကိုယ်ရံတော်များ
ဆေးလုံးက အစိမ်းရောင်ဖျော့ဖျော့လေးသန်းနေပြီး စိတ်ရွှင်လန်းစေတဲ့ရနံ့ကိုထုတ်လွှတ်ပေးနေတယ်
လက်မလောက်ရှိတဲ့ဆေးလုံးကို သူမက ချီပြန်သွင်းပြီး ငါးလုံးစာခွဲထားတာမို့ ပုလင်းထဲမှာ ဆေးကငါးလုံးအတိရှိတယ်
သူမ အိပ်ပျော်နေရာမှနိုးလာတော့ အကြောဆန့်ပြီး အပြင်ကိုပြန်ထွက်လာခဲ့တာပေါ့
ဒါပေမဲ့လဲ သူမ ခြေလှမ်းလှမ်းလိုက်တုန်းမှာပဲ
"ဟေ့ ကိုယ့်ကိုအဲ့ဆေးပေးပါလား "
"ဟမ် "
သူမ လှည့်ကြည့်လိုက်တော့ သူမအိပ်စက်ခဲ့တဲ့နေရာမှာထိုင်နေတဲ့လူစိမ်းတယောက်ကိုတွေ့လိုက်တယ်
ဆံပင်အန်ီရောင် ဝတ်ရုံအနီရောင်နဲ့ ကိုလူချောတယောက်
သူမ မျက်ခုံးပင့်ကြည့်လိုက်ပေမဲ့ ဒီလူကိုတခါမှမမြင်ဖူးဘူး
ပြီးတော့ သူမနဲ့လဲမရင်းနှီးဘူး
ရန်သူဖြစ်ဖို့ဆိုတာတော့ ဝေးလာဝေးပဲ
အဲ့လူဆ်ီက အန္တရာယ်အငွေ့အသက်လဲမထွက် သူမကလဲ နှစ်လုံးပဲလိုတာ
ရှေ့လျောက်သုံးဖို့ နှစ်လုံးလောက်သိမ်းထားရင်တောင် တစ်လုံးပိုနေသေးတာလေ
အဲ့တော့ ဘာလို့အကျိုးအမြတ်ရှိရှိအလဲအလှယ်မလုပ်ရမှာလဲ
"တစ်လုံးပဲရမယ် ဘာနဲ့လဲမလဲပြော စိတ်ဝင်စားရင်လဲပေးမယ် ဈေးပေါ်မူတည်တယ်"
သူမပြောပြီးသွားတာနဲ့ ဟိုလူဆီက ဖူးခနဲအသံကြားလိုက်ရတယ်
ဟန်မဆောင်နိုင်ပဲရယ်မိတာမျိုးပေါ့
"ဘာလဲ ကျွန်မဆေးကိုအတုထင်လို့လား ထွက်သွားစမ်း"
သူမစိတ်အနှောင့်အယှက်ဖြစ်သွားတာနဲ့ အော်ပစ်လိုက်ပါလေရော
အဲ့တော့ အဲ့လူက လက်ခါပြကာ သူမကိုဖြေရှင်းပေးလာတယ်
"မဟုတ်ပါဘူး မင်းအမူအယာက ကိုယ်သိတဲ့တစ်ယောက်နဲ့ တော်တော်ကွဲပြားနေလို့ အဲ့တယောက်က မာနခေါင်ခိုက်ပြီးတွေ့တာနဲ့ချနေတတ်တာလေ မင်းကတော့ ......အမ်းးးးး ဘယ်လိုပြောပြရမလဲ ချိုမြိန်တယ် သူမနဲ့တခြားစီပဲ "
ဘာလဲ သူမက အခုမှစတွေ့တဲ့သူရဲ့အီစီပလီထုတာကိုခံလိုက်ရတာလား
သူမစိတ်အနှောင့်အယှက်ဖြစ်သွားတယ်
သူမ ဒေါသထွက်လာပြီး ပေါက်ကွဲလုဆဲဆဲမှာပဲ
အဲ့လူက ကပျာကယာတားလာခဲ့တယ်
"ရပြ ရပြီ ကိုယ်က စကားအဖြစ်ပဲပြောတာပါ အဲ့လောက်စိတ်လှုပ်ရှားစရာမလိုပါဘူး ရတယ် တလုံးဆိုလုံလောက်ပြီ ကိုယ့်မှာကတော့ ဒါအကုန်ပဲကြိုက်တာသာယူသွားအကုန်လိုချင်ရင်အကုန်ယူသွား"
ပြောပြီးတာနဲ့ ထုတ်လာခဲ့တဲ့အဲ့လူရဲ့ပစ္စည်းတွေက တောင်ကမူတခုစာလောက်ရှိတယ် ဘာတွေမှန်းမသိပေမဲ့ ဈေးမပေါဘူးဆိုတာကတော့အသေအချာပဲ
ကျူးလစ်အံဩသွားတယ်
ပြီးတာနဲ့ သူ့ပစ္စည်းတွေအကုန်လုံးကိုအားမနာပဲသိမ်းပစ်လိုက်တော့တာပဲ
ပြီးတာနဲ့ ဆေးတလုံးကိုလဲ သူ့ကိုပစ်ပေးလိုက်တယ်
"အို့ ......မင်းကလောဘကြီးတဲ့မိန်းကလေးပဲ....ကြိုက်သွားပြီ"
ဆေးကိုဖမ်းရင်းမှ သူက သူမကိုပြီတီတ်ီပြောလာပြန်တယ်
ဒီတယောက်ကဘာဖြစ်နေတာလဲ
သူမကိုလာကြောင်ရဲရအောင်
ကြက်သွေးတွေထိုးလာတာလား
သူမ စူးရဲစွာစိုက်ကြည့်လိုက်ပြီးမှ
"အခုမထွက်သွားရင် အလောင်းပဲထွက်သွားလို့ရတော့မှာ ဘယ်လိုလဲ ဆန္ဒရှိရဲ့လား"
"ဟုတ်ပါပြီ ဟုတ်ပါပြီ ကိုယ်ထွက်သွားပါ့မယ် ဟားဟား"
ဖျတ်ခနဲပျောက်သွားတဲ့သူရဲ့လေသံက လေထုထဲမှာပဲ့တင်ကျန်နေခဲ့တယ်
"ကံမကုန်ရင်ပြန်ဆုံကြတာပေါ့မိန်းကလေး "
"ဟမ် နတ်ဒေဝါအဆင့်လား "
သူမ အတော်ကြာအတွေးနက်နေပြီးမှ သူထွက်သွားတုန်းကသူမကိုပြောခဲ့စကားဆ်ီရောက်လာတော့တယ်
အရူးးး
သူမက သူ့ကိုဘာလို့ပြန်တွေ့ရမှာလဲ
သူမနှာမှုတ်ကာ လှည့်ထွက်လာခဲ့တယ်
"ကျူးလေး "
"ညောင်"
"သခင်"
"အရှင်"
"ကျူးကျူး"
အကုန်ဝိုင်းပြီးခေါ်ကြတာနဲ့ သူမခေါင်းတောင်ကိုက်သွားတော့ာမယ်
သူမဆီမှာ နာမည်ပေါင်းစုံရှိမှန်းအခုမှပဲသိတော့တယ်
တုကူးရှန်းကတော့ သူမဆီအရင်ရောက်လာကာ သူမကိုပွေ့လိုက်တယ် ပြီးတာနဲ့ စားပွဲဆီခေါ်သွားပေးတာပေါ့
လူတွေအားလုံးကလဲ အဲ့မှာပဲထိုင်နေကြတာကိုး
သူမကတော့ ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့မျက်နှာကို ဘယ်သူမှ မစနိုင်အောင်တည်တင်းထားလိုက်တယ်
မသိမသာ ရွေ့ချင်နေတဲ့သူမကို တုကူးရှန်းက ပေါင်ပေါ်တင်ထားရင်း သူ့ရဲ့သန်မာကျစ်လစ်တဲ့လက်များကတော့သူမခါးကိုမြွေတကောင်သဖွယ်ရစ်ပတ်ထားလေတယ်
"အဟမ်းးး "
သူမအရှက်ပြေချောင်းဟန်ပြီး တည်ငြိမ်အောင်လုပ်လိုက်ပေမဲ့ တုကူးရှန်းပြောတဲ့စကားကြောင့် နီဆွေးသွားရပြန်တယ်
"အားး ဆေးအနံ့လေး ကျူးလေးရဲ့ကိုယ်သင်းနံ့ကအရမ်းမွှေးတာပဲ "
သူမ ရုတ်တရက်ကြီးတောင့်တင်းအေးခဲသွားခဲ့တယ်
ဒီလူဘာမှားနေတာလဲ
သူများကိုလဲပေါင်ပေါ်တင်ထားသေးတယ်
ပြီးတော့ ခွေးတကောင်လိုအနံ့ကလဲခံလိုက်သေးတယ်
တော်သေးတာက သူမရဲ့မျက်နှာဟာ တောင့်တင်းနေတာမို့သိပ်ပြီးထူးခြားမသွားဘူး
ဒါပေမဲ့ သူမလည်ပင်းလောက်ထိကိုပူတက်နေပြီ
အားလုံးကလဲ သူမကိုစိုက်ကြည့်နေကြတဲ့အချိန်မှာ ပထမဆုံးအကြိမ်အဖြစ် သူမ ဖိအားတွေခံစားရပြီး ချွေးတွေတောင်ထွက်လာရတယ်
"အဟမ်း အသွင်ပြောင်းဆေးရလာပြီ ရှောင်ရှောင်အရင်စမ်းကြည့်ချင်လား"
သူမပြောလိုက်မှပဲ အားလုံးဟာ နောက်ထပ်ခေါင်းစဉ်တခုကိုရောက်သွားကြတော့တယ်
လူလေးယောက်နဲ့ သားရဲတစ်ကောင် သစ်ပင်တပင်ဆိုပေမဲ့ သူမနဲ့အရင်းနှီးဆုံးသူတွေမို့ သူမကတော့ မသက်မသာခံစားရတယ် ရှက်တယ်
အဲ့တော့ ခပ်တည်တည်နဲ့ပဲ တခြားဘက်ဘောလုံးကန်ပစ်လိုက်တော့တာပေါ့
ရှောင်ရှောင်က အမြီး အမွေးဖွားဖွားလေးတွေကိုအသာရမ်းခါကာ သူမရှေ့ရောက်လာခဲ့တယ်
သစ်ပင်အိုကြီးကလဲ သူ့ရဲ့အမြစ်တွေကို သယ်ကာ သူမရဲ့ဆေးကိုတောင်းခံလာကြတယ်
"ဟမ် နှစ်ယောက်လုံးတပြိုင်လုံးလား"
"ညောင်"
"အင်း"
"ကောင်းပြီ ပြီးမှနောင်တမရကြနဲ့"
သူမကတော့ ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်ကာ သူတို့လက်ထဲဆေးတလုံးစီထည့်ပေးလိုက်တယ်
သူမတို့မသိတာက သူမဆေးဖော်တဲ့အဆောင်ရဲ့အပေါ်မှာ
သူမကိုဆေးတောင်းခဲ့တဲ့လူစိမ်းကလဲ ခြေတဖက်ချကာ သူတို့အဖြစ်ကိုသေချာကြည့်တယ်
ဆေးကတော့ စစ်မှန်တယ်
သူတို့ကလဲသောက်လိုက်ပြီးပြီ
ဒါပေမဲ့ တုန့်ပြန်မူ့ကတော့ သူမထင်တာထက်ပိုပြင်းထန်တယ်
ရှောင်ရှောင်က ပါးစပ်မှာအမြုတ်တစီစီထွက်လာပြီးတော့လျောက်ပြေးနေတာ မခံနိုင်တဲ့အဆုံးမှာတော့ ရေကန်ထဲခုန်ချသွားလေတယ်
"..........."
သူမ သိတာကတော့ ကြောင်တွေက ရေကြောက်တာလားလို့
အခုကျတော့ ခုန်ဆင်းသွားတယ်
"သူသေတော့သွားမှမဟုတ်ဘူးမလား"
သူမ သိပ်မသေချာဘူး
တုကူးရှန်းရဲ့အမေးကို ဘယ်ရီက ထဖြေတယ်
"ဘာဖြစ်လဲ အသွင်ပြောင်းတာအဲ့လောက်လွယ်နေရင် ကုန်းမြေရဲ့သားရဲရှစ်ဆယ်ရာခိုင်းနှုန်းကလူတွေပဲဖြစ်ကုန်တော့မှာပေါ့ "
"အဲ့တာလဲဟုတ်တာပဲ"
သူမကတော့ ဘယ်ရီကိုလက်မပဲထောင်ပြလိုက်တော့တယ်
သစ်ပင်အိုကြီးလဲထိုနည်းလည်းကောင်းပါပဲ
သူလဲ ရုန်းရင်းကန်ရင်းနဲ့ အမြစ်တွေအကုန်ကျွတ်ထွက်လာကာ ရေထဲပဲခုန်ဆင်းသွားပြန်တယ်
"........."
သူတို့ရေငတ်နေကြတာလား ဘာလို့အဲ့ထဲပဲ ဆင်းသွားကြတာလဲ
.............🍿🍭🍿🍭🍿🍭🍿🧁🍭🧁🍭🍿🍭🍿🍭🧁🍭🧁🍭🧁🍭
Alinkar nang
You are reading the story above: TeenFic.Net