70.zgi

Background color
Font
Font size
Line height

Lengends of spring goddness

အပိုင်း(70) အသွင်ပြောင်းဆေးအောင်မြင်စွာဖော်စပ်

တုကူးရှန်းကို ခုရက်ပိုင်း သက်တံ့‌ရောင်ခြယ်စံအိမ်တော်ထဲကလူတွေအကုန်မျက်စိနောက်နေကြပါတယ်

ဘယ်ရီတောင်မှ တုကူးရှန်းဆိုတဲ့အသံကြားတာနဲ့ပြေးတတ်သလို ရှောင်ရှောင်ဆိုလဲ အနားကိုအကပ်မခံတာပါ

သစ်ပင်အိုကြီးကတော့ပြေးလို့မရသူမို့

နားငြီးခံရတော့တာပဲ

တုကူးရှန်းက ကျူးလစ်ကိုသူဘယ်လိုချစ်ကြောင်း အခုတော့ သူတို့နှစ်ယောက်ကတရားဝင်ချစ်သူတွေဖြစ်သွားပြီဆိုတဲ့အကြောင်း စီကာပတ်ကုံးပြောပါလိမ့်မယ်

အစကတော့ အားလုံးကစိတ်ဝင်စားကြပါတယ်

ပြောပါများလာတော့ ပြေးကြတော့တာပေါ့

ရန်ကျင်းတောင်မှ စကားနည်းပြီး ခပ်တည်တည်နဲ့သီးသန့်နေတတ်တဲ့သူတို့ရဲ့ဘုရင်ကြီးကိုယ်ထဲ လမ်းဘေးကပုံပြင်ပြောတဲ့သူများဝင်ပူးနေလားလို့တောင်တွေးမိကြပါတယ်

လေးရက်မြောက်လာတော့ သက်တံ့ရောင်ခြယ်စံအိမ်တော်တခုလုံးက ကျုးလစ်ကိုတကြပါပြီ

ကျုးလစ်သာ ဆေးဖော်တဲ့အခန်းထဲဝင်သွားလို့အရေးကြ်ီးနေတာသာမဟုတ်ရင် အားလုံးက အရဲစွန့်ကာ တံခါးလာခေါက်ကြတော့မှာပါ

အခုတော့ တုကူးရှန်းကိုဝေးဝေးရှောင်ကြရင်း စိတ်ပိန်နေကြပါတော့တယ်

အားလုံးနဲ့ဆန့်ကျင်စွာ ကျုးလစ်တစ်ယောက် လေးရက်လုံးမှာ  အသွင်ပြောင်းဆေးပင်ကို ထိုင်ကြည့်နေတာကလွဲရင်ဘာမှမလုပ်ပါဘူး

တကယ်တော့ သူမခူးလာတာ နဲနဲစောနေသေးတာဖြစ်လို့ ရင့်မှည့်လာအောင် သူမရဲ့ချီတို့နဲ့ပြုစုပေးနေရတာပဲဖြစ်ပါတယ်

"ကဲ ဆေးဖော်ချိန်ရောက်ပြီ"

အခန်းက ဧည့်ခန်းနီးပါးကျယ်ပါတယ်

အခန်းရဲ့အလည်မှာ မီးဖိုကြီးတလူံးရှိကာ ဖီးနစ်ငါးကောင်ကနေတဲ့သဏ္ဍန်ထုလုပ်ထားပါတယ်

အခန်းရဲ့ဘေးပတ်ပတ်လည်မှာတော့ ဆေးပင်တွေကိုစီပြီးသိမ်းထားတဲ့အကန့်လေးတွေပါတဲ့နရံကပ်ဗီဒို‌‌တွေရှိပြီး အဲ့ဒါက လေးဘက်လေးတန်လုံးအပြည့်ကာရံထားပါတယ်

ဒါကြောင့် တခြားလူဝင်လာချင်ရင် ပင်မတံခါးပေါက်ကဖြစ်ဖြစ် အမိုးကိုခွာပြီးဖြစ်ဖြစ် ဝင်လာမှပဲရမှာပါ

"ဖီးနစ်ပျံသန်းခြင်း"

ကျုးလစ်က သူမရဲ့လက်အစုံကို တွန်းလိုက်တဲ့အခါ လေထဲလွင့်မျောနေတဲ့အသွင်ပြောင်းဆေးပင်ဟာ မီးဖိုပေါ်မှာပျံသန်းနေပါတယ်

ဖီးနစ်ပျံသန်းခြင်းက သူမလေ့လာလိုက်စားနေတဲ့ဆေး
ပညာလက်ချောင်းပညာရပ်တွေထဲကတခုဖြစ်ပါတယ်

လိုချင်တဲ့ဆေးပင်ကို အောက်မကျရပဲ တိုက်ရိုက်အရည်ဖျော်ရတာ ဒါမှမဟုတ် အရည်စစ်ထုတ်တာ အမှုန့်လိုချင်တဲ့အခါမျိုးမှာ သင့်တော်တဲ့မီးအပူချိန်အကွာအဝေးကိုထိန်စထားနိုင်တဲ့ထူးခြားဆန်းကျယ်လက်ဟန်တခုဖြစ်ပါတယ်

အခုတော့ အသွင်ပြောင်းဆေးပင်ဟာ မီးဖိုပေါ်အပေါ်မှာပျံသန်းနေပြီး သူ့ရဲ့ကိုယ်ဟာ တဖြေးဖြေးပုံပျက်ရှုံတွလာလျှက်ရှိပါတယ်

သူမက ဘေးမှာလိုတဲ့ဆေးအမယ် ဆယ်မျိုးကိုလဲပြင်ဆင်ထားပြီးပါပြီ

သူမရဲ့ချီတို့လုံလောက်ပါ့မလားဆိုတာမသိပေမဲ့

ပထမဆုံးအနေနဲ့

သူမကျရှုံးလို့မရဘူးဆိုတာပါပဲ

ဘာဖြစ်လို့လဲဆိုတော့အသွင်ပြောင်းဆေးပင်ကို သူတို့အားလုံးမြေလှန်ရှာလာ‌တာတောင်မှ တပင်ထဲပဲတွေ့လာခဲ့လို့ပါပဲ

သူမ အာရုံစူးစိုက်လိုက်ပါတယ်

သူမရဲ့ချီများကို များပြားစွာပို့လွှတ်လိုက်ပြီး အသွင်ပြောင်းဆေးပင်ကို အရည်တစက်ထဲရတဲ့အချိန်အထိဖိအားပေးလိုက်ပါတယ်

နောက်တော့ သုံးမျိုးဂမုန်းကိုထည့်ကာ အရည်ညစ်ပြီးပေါင်းစည်းလိုက်ပြန်ပါတယ်

အဲလိုနဲ့ဆေးပင်ဆယ်ပင်လုံးအရည်ဖျော်ပြီးအသွင်ပြောင်းဆေးပင်ဆီမှာပေါင်းစပ်ပြီးသွားတော့ ကလေးလက်သီးဆုပ်လောက်ရှိတဲ့အရည်လုံးကြီးပဲကျန်ခဲ့ပါတော့တယ်

အခုတော့ သူမနောက်တဆင့်ကိုကူးရပါတော့မယ်

အဲ့ဒါကတော့ အရည်ကိုအစိုင်အခဲသဏ္ဍန်ပြောင်းရမှာဖြစ်ပြီး


နောက်ဆုံးအဆင့်ကတော့ဆေးလုံးပုံရအောင်ပုံဖော်ရမှာပဲဖြစ်ပါတယ်

သူမချီတွေကိုအဲ့ဒီအရည်လုံးဆီအလုံးအရင်းနဲ့ဖိအားပေးစေးကပ်စေပြီး တဖြေးဖြေးအခဲပုံပေါ်အောင်ပုံသွင်းလိုက်ပါတယ်

သူမ ချီတွေကို အဆက်မပြတ်ထုတ်ယူမူ့ကြောင့် အားအင်နည်းပါးလာပြီး ဖျော့တော့လာပါတယ်

နောက်ဆုံးအဆင့်ပဲ

ဆေးလုံပုံဖော်ခြင်း

လေထဲမှာရှိနေတဲ့အဲ့စေးကပ်တဲ့အခဲကို လက်နဲ့မထိစေရပဲ ချီတွေပဲသုံးကာ လုံးဝိုင်းစေရတဲ့ကိစ္စက ပြောတာထက်ခက် လုပ်တာထက်ပိုပြီးစဉ်းစားရပါတယ်

သူမကတော့ အတတ်နိုင်ဆူံးကြိုးစားနေဆဲပါပဲ

သူမချီတွေကိုအကုန်သွန်ထည့်ကာ ဆေးလုံးပုံဖော်တဲ့နေရာမှာအားစိုက်ထားပါတယ်

သူမရဲ့အားစိုက်မူ့ကြားမှာ အသွင်ပြောင်းဆေးလုံးဟာတဖြေးဖြေးချင်းပုံဖော်လာပါတော့တယ်

အားလုံးပြီး‌သွားတော့ လက်တဖက်က သူမရဲ့လက်ဟန်ကိုရပ်တန့်ထားလိုက်ကာ  လက်တဖက်က ဆေးပုလင်းယူပြီးအသွင်ပြောင်းဆေးပင်ကိုယူကာ သိမ်းဆည်းလိုက်ပါတော့တယ်

နောက်တော့သူမလဲမောပြီး ခုံပေါ်မှာတင်အိပ်ပျော်သွားတော့တာပဲ

အပြင်မှာတော့ အားလုံးက သူမကိုမျော်နေလေတယ်

သူမကတော့နှစ်ရက်လောက်ဆက်တိုက်အိပ်နေမိပြီး ဘာမှကိုမသိတော့တာပါ

အဲ့လိုနဲ့ ဝင်သွားလိုက်တဲ့အချိန်ကစပြီး တပတ်ကြာသွားတာတောင် ကျုးလစ်ကပြန်ထွက်မလာသေးပါဘူး
အားလုံးစိတ်ပူနေတဲပမနက်ခင်းတခုမှာ ကျူးလစ် တစ်‌
ယောက် လန်းဆန်စွာထွက်ပေါလာခဲ့ပါတော့တယ်

........🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷

Alinkar nang

နဲနဲတိုတယ် ငိုက်နေလို့ တိုတိုပဲတင်ပေးလိုက်ပါတယ်

မနက်ဖြန်မှရှည်ရှည်ဖတ်ကြတော့ ဒါဒါတို့ရေ


You are reading the story above: TeenFic.Net