66.zgi

Background color
Font
Font size
Line height

Lengends of spring goddness

အပိုင်း(66)သတင်းများစတင်ထွက်ပေါ်လာခြင်း

"ဒီလိုဆို သူမက ဘယ်သူလဲ"

"အဲ့တာတော့ငါလဲမသိဘူး
ကုန်းမြေငါးခုကမဟုတ်တာတော့သေချာတယ် "

"ဟမ် "

သစ်ပက်အိုကြ်ီးရဲ့စကားကြောင့်

တုကူးရှန်းရှုပ်ထွေးသွားတယ်

"ဒါဆို သူမက အထက်ဘုံကလား အောက်ဘုံကလား ကျူးလစ်သူမတခုခုဖြစ်သွားမှာလား "

"ငါ အရင်က သူမနဲ့ပတ်သတ်ပြီး ဆက်နွယ်မူ့ရေးရေးလေးပဲရတယ် အခု သူမနဲ့ဆက်နွယ်မူ့အရမ်းခိုင်မာနေတယ် ငါကို့သာ သူမတခုခုလုပ်ချင်ရင် အတွေးနဲ့တင် ပြာဖြစ်သွားမှာပဲ"

"အဲ့လောက်တောင်စွမ်းတာလား"

"အဲ့ဒါထက်ပိုတယ် ငါတို့ဒီတခေါက်တော့တိုင်ပတ်ပြီပဲ ဘယ်လောက်တောင်စွမ်းအားရှိတဲ့မကောင်းဆိုးဝါးကိုရန်စမိပါလိမ့်"

အဲ့စကားကိုကြားတော့ ကျူးလစ်ကပြုံးတယ်

သူမကအကုန်ကြားနေရတာကို မသိတဲ့သူတွေကတော့ သူမကိုဘယ်လိုနှင်ထုတ်ရင်ကောင်းမလဲလို့တွေးနေကြတယ်

သူတို့မသိတာက

သူမဟာလဲ ကျူးလစ်ပဲ ကျုးလစ်ဟာလဲ ချွန်းဟွားပဲဖြစ်တယ်

ဒီလိုဆိုမှတော့ ချွန်းဟွားဟာလဲ ရှန့်ကွမ်းချွန်းဟွား(နွေဦးနတ်ဘုရားမ)ပဲပေါ့

သူမ ဝိဉာဉ်ဟာ သုံးစကွဲထွက်သွားပြီး တနေရာစီကိုလွင့်စင်သွားခဲ့တယ်

တစ်‌ခုက ကျုးလစ်ဖြစ်လာပြီး မခံစားတတ်ဘူး

တစ်ခုက ချွေချွန်းဟွားဖြစ်လာပြီး ဉာဏ်မရှိဘူး

အခု သူမကလဲ သနားငဲ့ညှာမူ့မရှိဘူး

တခုချင်းစီချို့ယွင်းနေတဲ့သူမတို့သုံးယောက်ဟာ ခန္ဒာကိုယ်တခုထဲမှာပြန်ဆုံစည်းခဲ့ကြပေမဲ့ ပေါင်းစပ်လို့်မရဘူး

ချွေချွန်းဟွားရဲ့ဝိဉာဉ်ကို ကျုးလစ်ယူသွားနိုင်ပေမဲ့ ပေါင်းစည်းမူ့ကျရှူံးခဲ့တယ် အခု ကျူးလစ်က နွေဦးနတ်ဘုရားမရဲ့ဝိဉာဉ်ကိုမတော်တဆနိုးဆွမိပြန်တော့လဲ အောင်မြင်စွာမပေါင်းစည်းနိုင်ခဲ့ပြန်ဘူး

ဒါကြောင့် အခု ဒီကိုယ်ဟာ ‌ကျူးလစ်လဲဖြစ်သလို နွေဦးနတ်ဘုရားမလဲဖြစ်တယ်

ကျုးလစ်က နွေဦးနတ်ဘုရားမရဲ့စွမ်းရည်တွေကိုသုံးနိုင်ပေမဲ့ သူမ မခံစားတတ်သရွေ့ သူမဟာ ကျူးလစ်ပဲဖြစ်နေဦးမှာ

တုကူးရှန်းဘေးနားမှာအကြာကြီးရှိလာ‌တာတောင် သူမက အချစ်စိတ်နိုးထမလာဘူး

အဲ့တော့ သူမက ကြားထဲက ကူညီပေးရမယ်လေ

အဟွန်း

တုကူးရှန်းက စောစောစီးစီးမိသွားမယ်လို့ဘယ်ထင်ပ့ါမလဲ

ဟိုကြောင်စုတ်နဲ့သစ်ပင်စုတ်ရော အယုတ်ဆွဆုံး ကိုယ်ရံတော်ဆိုတဲ့သူတောင် ရှောင်နေကြတယ်လေ

သူမရဲ့အစီအစဉ်က ပုံမှန်အတိုင်းလို့မရတော့ အရံအစီအစဉ်ကိုပဲ အကောင်အထည်ဖော်ရတော့မှာပေါ့

သူမကျူးလစ်ရဲ့ဝိဉာဉ်နဲ့ ချွန်းဟွားရဲ့ဝိဉာဉ်

နှစ်ခုလုံးကိုမျိုချပစ်မယ်

ပြီးရင် သူမရဲ့ကိုယ်ကိုအကောင်းဆုံးပြန်လာအောင်ပြန်ပြီးတည်ဆောက်မယ်

ဒါဆိုရင် တုကူးရှန်းရဲ့ခန္ဒာကိုယ်ထဲက အတားအဆီးတွေကျိန်စာတွေကိုဖယ်ပြီးတော့ အထက်ကိုတက်ကာ ချိုးယွဲ့

ကောကို  နန်းသွားချလို့ရပြီပေါ့

ပြီးရင်တော့ တုကူးရှန်းကိုနန်းတင်ကာ သူမကတော့ ကောင်းကင်ဘုရင်မအဖြစ်အေးဆေးနေသွားတော့မယ်လေ

ကျူးလစ်ရဲ့နှုတ်ခမ်း အနာစွန်းဟာတွန့်သွားခဲ့တယ်

သူမရဲ့သောက်လက်စရေနွေးကိုအသာချလိုက်တယ်

လောလောဆယ်တော့ ဟိုပန်းပွင့်အောင်စောင့်ရဉီးမှာပဲ
အဲ့ပန်းပွင့်ရင် သူမ ကျုးလစ်နဲ့ချွန်းဟွားနှစ်ယောက်လုံးကိုဝါးမျိုလို့ရပြီ

သူမအစီအစဉ်နဲ့သူမကတော့ ဟုတ်နေတာပဲ

သူမလုပ်ရမှာက ပြသနာမရှာပဲငြိမ်ငြိမ်လေးထိုင်ပြီး တုကူးရှန်းတို့တသိုက်ရဲ့ဖျော်ဖြေရေးတွေကိုကြည့်နေရုံပဲ

သူမအလေးထားတဲ့သူတွေကိုတခုခုလုပ်လိုက်ရင် ချက်ချင်းနိုးထလာမှာဖြစ်တဲ့ကျုးလစ်ကြောင့်သာမဟုတ်ရင် သူမ(နွေဦးနတ်ဘုရားမ)က တုကူးရှန်းကလွဲပြီးအကုန်ဆွဲဖြဲပစ်ချင်တာ

ဒါပေမဲ့ တုကုးရှန်းတစ်ယောက်ထဲဖြစ်နေတာထက်စာရင် အဖော်ရှိနေတော့ သိပ်မပျင်းရတော့ဘူးပေါ့

နောက်နေ့တွေမှာ ချွန်းဟွားက တကယ်ကြီး ပြဇတ်လိုလုပ်ရပ်တွေကိုတွေ့ရတယ်

သူမကို ဆားနဲ့လာပက်တာမျိုး

ဟားဟား

တကယ်ရယ်ရတယ်

ကလေးအတွေးတွေပဲ

သူမက သရဲဝင်ပူးနေတာလဲမဟုတ်

နောက်တခုကတော့ သူမစားတဲ့ဟင်းတိုင်း ကြက်သွန်ဖြူတွေအများကြီးထည့်ချက်ထားတာပဲ

ပူစပ်ပြီးဗိုက်နာကြမှမှတ်ကြမဲ့အဖွဲ့တွေ

သူမကတော့ပြုံးနေမိပြီလေ

တနေ့ တနေ့ တကယ်မရိုးရဘူးပဲ

သူမကတော့ အစပ်ကြိုက်တဲ့သူမို့ ဘယ်ဟာဖြစ်ဖြစ်စားနိုင်တယ်

မစားရင်တောင်ရပေမဲ့ သူတို့အလိုလိုက်ပြီး

သူမတပန်းကန်လောက်တော့စားပေးတယ်

ဒါကလဲ သူတို့လုပ်ကြံရကျိုးနပ်အောင်လို့ပါ

သူမအလိုဆိုရင်တော့ နေရောင်ခြည်အောက်မှာပဲ စာဖတ်ရင်းနေချင်တာ

ဘေးနားမှာချစ်သူရှိရင်‌ပိုကောင်းတယ်ဆိုပေမဲ့လဲ

သူက သူမနဲ့အတိတ်ကိုမှ သတိမရနိုင်သေးတော့ သူမအဝေးကပဲကြည့်ရုံအပြင် ညာမှမတတ်နိုင်ပဲကိုး

လူတွေက အေးဆေးနေတော့မယ်ဆိုမှ သူမကိုလာအလုပ်ပေးကြလေတယ်

မိုးကြိုးလျှပ်စီးကုန်းမြေမှာထဲက ပျံ့နှံ့နေတဲ့သတင်းတွေဟာ အစောပိုင်းထဲက နှင်းပွင့်ကုန်းမြေမှာလဲ လျို့ဝှက်ချက်တော့မဟုတ်ခဲ့ပါဘူး

ဒါပေမဲ့ သူမရဲ့သက်တံ့ရောင်ခြယ်စံအိမ်တော်ရဲ့ပြောင်းလဲမူ့က လူအားလုံးအံဩသင့်စေခဲ့တယ်လေ

ကံကဆိုးချင်တော့ ဒီအိမ်တော်ထဲမှာ နွေဦးလိုပဲနွေးထွေးပြီး‌ အေးစက်မနေဘူးဆိုတာသိရတဲ့လူ‌တွေအဖို့ သူမကိုစတင်ပြသနာရှာကြတော့တာပဲ

အဲ့လိုနဲ့ တဆင့်စကား တဆင့်နားထဲရောက်သွားရင်း ချဲ့ကားသွားလိုက်တာ

နှင်းပွင့်ကုန်းမြေမှာ နွေဦးနတ်ဘုရားမပြန်လည်ဝင်စားလာတယ် သူမရဲ့အသွေးအသားက အရသာရှိပြီး အထက်ကောင်းကင်ဘုံကိုတန်းပြီးတက်လှမ်းနိုင်တယ်တဲ့

"ဘန်းးးးး !!! အဓိပ္ပာယ်မရှိလိုက်တာ ! !  သစ်သားစွမ်းအားရှင်တွေကိုမမြင်ဖူးကြတော့တာနဲ့ပဲ ကျူးလစ်က နွေဦးနတ်ဘုရားမဖြစ်ရောလား "

တုကူးရှန်းရဲ့ဒေါသထွက်နေတဲ့သွင်ပြင်ကိုကြည့်ရင်း

သူမပြုံးမိတယ်

သူက အမြဲတမ်းအဲ့လိုပဲ သူမကသူ့ထက်အင်အားကြီးတာတောင် အမြဲကာကွယ်ပေးတယ် သူမအတွက်တိုက်ခိုက်ပေးတယ်

သူမအနားအမြဲရှိပေးတယ်

ဒီအကျင့်ကအခုထိလဲမပြောင်းလဲသေးပါ့ကိုး

"မဖြစ်သေးဘူး ဒီလိုထားလိုက်ရင် သက်တံ့စံအိမ်တော်က ပြောင်းပြန်ဖြစ်သွားမှာပဲ
ကျူးလစ်နိုးလာရင် သူမအချိန်ပေးပြီးတည်ဆောက်ထားတဲ့အရာက သူစိမ်းလက်ထဲမှာပျက်စီးသွားတာမြင်ရင်‌ကျိန်းသေဝမ်းနည်းပြီးဒေါသထွက်လိမ့်မယ် ငါကာကွယ်ပေးရမယ် "

သူစိမ်းတဲ့လား

သူမရဲ့ ပြုံးနေတဲ့နှုတ်ခန်းတို့မဲ့ကျသွားတယ်

သူ့အမြင်မှာ သူမက ကျုးလစ်နဲ့သူ့ကြား ဝင်နှောင့်ယှက်နေတဲ့ ဗီလိန်သာသာဆိုတာ တခါမှမ‌တွေးမိခဲ့တာ

အခုတော့......

"ရန်ကျင်း မြို့တော်က ကလေးတွေကိုမုန့်ဖိုးပေးပြီး ကျုးလစ်က သစ်သား လေ နဲ့ရေစွမ်းအင်မို့ ဒီလိုမြင်ကွင်းမျိုးဖန်တီးလို့ရတာလို့ သတင်းဖြန့်ခိုင်းလိုက် ပြီးတော့ ဒီကောလဟာလကဘယ်ကယိုလာတာလဲဆိုတာပါသေချာစုံစမ်းလာခဲ့"

"ကောင်းပါပြီ"

ရန်ကျင်းက သူမကိုစူးစူးစိုက်စိုက်ကြည့်ကာ လှည့်ထွက်သွားတယ်

သူမကတော့ လက်ဖြန့်ပြကာ ပခုံးပဲတွန့်ပြလိုက်တယ်လေ

ကျူးလစ်အိပ်နေပြီးတော့ သူမနိုးလာတာ သူမအပြစ်မှ မဟုတ်တာ

ကျုးလစ်ကိုယ်တိုင်က လိုလိုလားလားအိပ်စက်ပေးဖို့ဆန္ဒရှိခဲ့တာလေ

၊။။။။။။။။။။🍷🍷🍷🥰🥰🥰🥰🥰🥰🥰🧃🧃🧃🧃🧃

Alinkar nang


You are reading the story above: TeenFic.Net