59.zgi

Background color
Font
Font size
Line height

Lengends of spring goddness

အပိုင်း(59)သူမရဲ့အစွမ်းအစ(2)

"ငါတို့မင်းကိုဘယ်လိုယုံရမလဲ "

"ဟုတ်တယ် တခုခုတော့သက်သေပြမှရမယ်"

"ဟုတ်တယ်"

"မဟုတ်ရင်ငါတို့မယုံနိုင်ဘူး"

ဒီလေးယောက်ကိုသူအရမ်းစိတ်ပျက်လို့နေပြီ

တစ်ယောက်ပြောနေတာများ တကယ်ကိုခေါင်းကိုက်ဖွယ်ရာပဲ

သူမဆီမှာသာအချိန်ဆွဲဖို့တာဝန်ရှိမနေဘူးဆိုရင် သူမသူတို့နဲ့တိုက်ခိုက်လိုက်ပြီးပြီ

"ရှင်တို့အတွက်‌ကတော့ ဘာမှအကျိုးမယုတ်ပါဘူး ဒါပေမဲ့ သဘောတူည်ီချက်တခုတော့ရှိတယ်"

"ဘာလဲ"

လေးယောက်သားကခုချိန်မှာတော့ညီပါ့

"သက်တံ့ရောင်ခြယ်စံအိမ်တော်ကိုဝင်ရမယ် ပြီးတော့ လာသမျှရန်သူတွေကိုအကုန်တားဆီးပေးရမယ် ရှင်တို့နောက်တဆင့် နတ်ဒေဝါအဆင့်ကိုရောက်တာနဲ့ ကျွန်မစံအိမ်ကိုကာကွယ်ပေးရမှာက အရမ်းတန်တဲ့အပေးအယူပဲမဟုတ်ဘူးလား ဒါ့အပြင် သက်တံ့ရောင်ခြယ်စံအိမ်က ရှင်တို့လိုအပ်တဲ့ဆေးလုံးတွေကိုလိုချင်‌သလောက်ထောက်ပံ့ပေးနိုင်တယ် "

"ဘာ"

"ဆေးလုံးလို့ပြောတာလား"

"လိုသလောက်"

"ထောက်ပံ့ပေးမယ်တဲ့လား"

ကျုးလစ်ခေါင်းအသာညိတ်လိုက်ပြီး

"ဟုတ်တယ် ဒါ့အပြင် ရှင်တို့ရဲ့သားသမီးမြေးမြစ်တွေအထိပါထောက်ပံ့ပေးဦးမှာ သူတို့သာ သက်တံ့ရောင်ခြယ်စံအိမ်တော်အတွက်သစ္စာရှိရှိအလုပ်လုပ်ပေးရင်ပေါ့"

လေးယောက်လုံးစဉ်းစားသွားကြတယ်

"သက်သေအရင်ပြပါမိန်းကလေး"

‌"ကောင်းပြီလေ"

သူမ သိုလှောင်လက်ကောက်ထဲက ပိုင်ချင်း ဘယ်ရီ နဲ့ တုကူးရှန်း ရန်ကျင်းတို့အတွက် ဖော်ထားတဲ့ အအေးဆိပ်ဖြေဆေးလုံး ဆေးပုလင်းအနဲငယ်ကို သူတို့လေးယောက်ဆီပစ်ပေးလိုက်တယ်

မယုံသင်္ကာမျက်နှာပေးတွေနဲ့ လေးယောက်သားက သတိရှိရှိနဲ့ဆေးပုလင်းအဖုံးကိုဖွင့်လိုက်တယ်

အဆိပ်နဲ့လုပ်ကြံမှာကိုစိုးလို့ သတိထားနေကြတာ

ကျုးလစ်ကတော့ဘာမှမပြောပဲ ဒီအတိုင်းရပ်နေလိုက်တာပဲ

ဆေးပုလင်းထဲက အမွှေးရနံ့ထွက်လာခဲ့တယ်

အဲ့ရနံ့နဲ့တင် သူတို့ရဲ့စိတ်တင်းကြပ်နေတာကိုပြေလျော့စေတယ်

သူတို့မျက်ခုံးပင့်သွားကာ ဆေးလုံးကိုသူများလုသွားမှာစိုးတဲ့အလား အလောတကြီးမျိုချလိုက်ကြတယ်

သူတို့ရဲ့လက်တွေမှာထနေတဲ့အမဲစက်တွေဟာ ခပ်ဖွဖွလွင့်ပျယ်သွားခဲ့တယ်

"ဝိုးးးးး"

"အံ့ဩစရာပဲ "

"အလုပ်ဖြစ်တယ်ဟ"

"ငါအသက်ရှူရမကြပ်တော့ဘူး"

လေးယောက်လုံးဟာ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ပြောနေရင်းမှ သူမကိုရှားပါးတဲ့ရတနာတွေ့လိုက်သလိုကြည့်လိုက်ကြတယ်

ကြည့်ရတာ ခြေသလုံးကိုလာဖက်ချင်နေကြတဲ့ရုပ်နဲ့

လေးယောက်သားခေါင်းချင်းဆိုင်ကြလေပြီ

ဒီမှာနေ‌တာက သူတို့အတွက် ဆေးလုံးအကန့်အသတ်နဲ့ပဲရတယ်

သူတို့ရဲ့မျိုးဆက်တောင်နဲနဲပဲရတာ

အဆိပ်ကလဲ တဖြေးဖြေးသူတို့ကိုယ်ကိုတိုက်စားလာပြီ

ဘယ်အချိန်မှ နတ်ဒေဝါအဆင့်ကိုရောက်မယ်မသိဘူး

အခူတော့မျော်လင့်ချက်ရှိလာပြီလေ

"ဒါဆို ငါတို့သူငယ်ချင်းတွေကိုပါခေါ်လာလို့ရလား"

တစ်ယောက်ကဖြတ်ပြောတယ်

"ရှင်တို့ဆန္ဒရှိသရွေ့ပေါ့ အခုတော့ ကျွန်မကိုကူတိုက်ပေးပါဦး"

"ကောင်းပြီ သခင်မလေးအမိန့်အတိုင်းပါ"

လေးယောက်သားဟာလေးနေရာခွဲသွားကြပြီး သူတို့ရဲ့မျိုးဆက်တွေကိုတိုက်ပွဲကနေလက်ရှောင်ခိုင်းလိုက်တယ်

ဘယ်ရီရဲ့သစ္စာခံတွေကိုတော့ ဘယ်ရီကသိမ်းထားပြီးသား

"ကျူးမိန်းက‌လေး စစ်ကူရောက်လာပြီ "

"မလိုတော့ဘူး ကျေးဇူးပဲ"

သွေးသံတရဲရဲနဲ့ပိုင်ချင်းက ကျူးလစ်ဆီအလောတကြီးသတင်းပို့လာတယ်

သူတို့နန်းတော်ဘက်ကစစ်ကူတွေရောက်လာပြီလို့

ဒါပေမဲ့ ကျူးလစ်ကသူ့ရှေ့မှာချက်ချင်းပေါ်လာပြီး ဒီစကားပြောလာလိမ့်မယ်လို့တော့မမျော်လင့်ခဲ့မိဘူးပေါ့

တုကူးရှန်းကလဲ ကျုးလစ်ကိုအကောင်းအတိုင်းတွေ့မှ သက်ပြင်းချနိုင်တယ်

ရှောင်ရှောင်ကတော့ သူမကိုကိုက်ချီပစ်မြောက်ပြီး သူ့ကျောကုန်းပေါ်အမြန်ပစ်တင်ထားလိုက်တော့တယ်

သူဘယ်လောက်စိတ်ဒုက္ခရောက်နေလဲဆိုတာသူမသိတာမို့ ရှောင်ရှောင်ရဲ့ကျောကုန်းကိုအသာပွတ်သပ်ပေးလိုက်တော့

"ညောင်"

အဲ့လိုအသံတချက်နဲ့သူစိတ်ချ‌ပြီလို့ပြောလိုက်သလိုပါပဲ

အဲ့နောက်တော့ သူမရဲ့အစွမ်းအစ နန်းတော်ကစစ်ကူတွေရဲ့အကူအညီနဲ့ နှင်းပွင့်စံအိမ်တော်ကိုတိုက်ခိုက်ခဲ့တယ်

သုံးရက်သုံးညကြာခဲ့တယ်

အဲ့ရက်ေ‌တွအတွင်း သူမဆီကို ဟို‌လေးယောက်က သူတို့သူငယ်ချင်းတွေ ခေါ်ဆောင်လာကာ ဆေးပုလင်းတွေကုန်လုနီးပါးဖြစ်အောင် လာစမ်းသပ်ကြတော့တယ်

နောက်တော့ သူမဘက်မှာလူတဖြေးဖြေးများလာတော့တာပဲ

သူတို့က နှင်းပွင့်စံအိမ်ကိုတိုက်ရိုက်ကြီးကျေးဇူးမကန်းပေမဲ့ တိုက်ပွဲထဲဝင်မပါပဲ လက်ရှောင်ပေးနေတာနဲ့တင် သူမအတွက်တော်တော်အကူအညီရနေပြီ

နောက်ထပ်ငါးရက်ကြာတဲ့အခါမှာတော့ သူမတို့ပထမဆုံးနိုင်ပွဲရရှိခဲ့တယ်

တိုက်ပွဲကပြင်းထန်တယ်

ဟိုဖက်သည်ဘက်သေကြကြေကြ လူတွေအများကြီးပဲ
ဆုံးရှုံးသွားကြတယ်

ပိုင်ချင်းနဲ့တုကူးရှန်းလဲဒဏ်ရာဒဏ်ချက်ပေါင်းများစွာနဲ့

ရန်ကျင်းကိုလဲဆေးကုထားပေးပြီး စံအိမ်တော်ပြန်ခိုင်းလိုက်ပြီ

ဆယ်ရက်ကြာပြီးတဲ့နောက်မှာတော့ သူမတို့တိုက်ပွဲကိုခတ္တရပ်ဆိုင်းလိုက်တယ်

သက်တံ့ရောင်ခြယ်စံအိမ်တော်ရောက်တော့ အားလုံးပက်လက်ပဲ

သူမတင်မက ထိုက်ယန်ကွမ်းတို့လဲသူမကိုတောင်မဆက်သွယ်နိုင်ပဲ အရောင်မှိန်မှိန်လေးနဲ့ ဒန်ထျန်ထဲတန်းဝင်သွားကြတော့တယ်

သူမကတော့မနားနိုင်သေးဘူး

တုကူးရှန်းနဲ့ရန်ကျင်းကိုဆေးဆက်ကုပေးရတယ်

နန်းတော်ကိုပြန်လိုက်သွားတြဲပိုင်ချင်းအတွက်ဆေးကိုတော့ လမ်းကြုံတယောက်ကိုပဲပို့ခိုင်းရတော့တာပေါ့

ဘယ်ရီကိုလဲကယ်လာပြီ

ဟိုလေးယောက်နဲ့အဆက်အသွယ်တွေကလဲရုတ်တရက်သက်တံ့ရောင်ခြယ်စံအိမ်တော်ကိုရောက်ချလာကြပြီ

ရုတ်တရက်ကြ်ီး ကျယ်ဝန်းတဲ့နေရာဟာ လူတွေပြည့်သွားပြီးကြပ်ညှပ်သပ်သွားတော့တယ်

အဲ့တော့ ကျုးလစ်တယောက်ဒေါင်းတောက်အောင်အလုပါများတော့တယ်

အနှိပ်စက်ခံထားရတဲ့ဘယ်ရ်ီကလဲ အနားယူနေတာမို့ သူမကိစ္စတွေမှာမကူညီနိုင်လေတော့

သူမတစ်ယောက်ထဲပဲ

အဆောင်တွေတိုးချဲ့ ပြင်ဆင်

လူတွေကိုနေရာချ

ဆေးဖော်

တနေကုန်မအားလပ်တော့ဘူး

နန်းတော်ဘက်ကလဲ အင်အားလျော့ကျသွားတဲ့ နှင်းပွင့်စံအိမ်တော်ကို ထပ်မံနှိမ်နင်းနေတာနဲ့ပဲ ပိုင်ချင်းကသူမဆီရောက်မလာအားဘူး

အဲ့လိုနဲ့ သူမရဲ့နောက်ခံအင်အားဟာ တလအတွင်းတောင့်တင်းသွားပြိး အရာအားလုံးနေရာကျသွားတော့တယ်

မိုးကြိုးလျှပ်စီးကုန်းမြေမှာတည်ဆောက်ခဲ့တဲ့သက်တံ့ရောင်ခြယ်စံအိမ်တော်ကတော့ဖျက်ဆီးခံခဲ့ရတယ်

ဒါပေမဲ့ သူမဒီနှင်းပွင့်ကုန်းမြေမှာတည်ဆောက်ထားတဲ့သက်တံ့ရောင်ခြယ်စံအိမ်တော်ကိုတော့တည်မြဲ‌စေချင်တယ်

အဲ့ဒါကြောင့် ကာကွယ်ရေးအပိုင်းတွေကိုအရင်ထက်ပိုတင်းကျပ်ပြီး အဆောင်များကိုလဲ ကျစ်လစ်စွာတည်ဆောက်စေတယ်

နောက်ဆုံးတော့ အသက်ဆယ့်ရှစ်နှစ်သာရှိသေးတဲ့မိန်းမငယ်လေးဟာ သက်တံ့ရောင်ခြယ်စံအိမ်တော်ရဲ့သခင်မအဖြစ်လူသိများထင်ရှားလာတော့တယ်

သူမရဲ့အထည်ဆိုင်များကိုလဲပိုလို့တိုးချဲ့စေခဲ့တာပေါ့

ဒါပေမဲ့လဲ မထင်မှတ်တဲ့အလှည့်အပြောင်းကို ကျူးလစ်ထပ်ကြုံရပြန်တယ်

အဲ့ဒါကတော့ နန်းတော်က သူမကိုပစ်မှတ်ထားလာခြင်းပါပဲ

သူတို့က သူမကိုနောက်ထပ်နှင်းပွင့်စံအိမ်တခုထပ်ဖြစ်လာမှာစိုးတာကိုး

"ပိုင်ချင်းနဲ့လက်ဆက်စေချင်တယ် "

အဲ့ဒါ ဘုရင်ကြီးရဲ့ နှုတ်ထွက်စကားပဲ

သူမငြင်းလို့မရဘူး

ဘာလို့တုန်းဆိုတော့ သူမသာငြင်းရင် သက်တံ့ရောင်ခြယ်စံအိမ်တော်တခုလုံးကို နန်းတော်ကပစ်မှတ်ထားသုတ်သင်ပစ်မှာကိုသိလို့ပါပဲ

တုကူးရှန်းကတော့စိတ်တိုနေလေတယ်

သူ့ရဲ့မိုးကြိုးလျှပ်စီးကုန်းမြေနဲ့နှင်းပွင့်ကုန်းမြေကိုစစ်ချီမယ်ချည်းပဲလုပ်နေလေရဲ့

........🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷

Alinkar nang


You are reading the story above: TeenFic.Net