57.zgi

Background color
Font
Font size
Line height

Lengends of spring goddness

အပိုင်း(57)သူမကဘယ်သူလဲ(3)

"ဝုန်းးးးးး"

ကြီးမားတဲ့အစိမ်းရောင်ကြောင်ပုံစံနဲ့ဆင်တဲ့ စိတ်ဝဉာဉ်သားရဲကြီးဟာ နှင်းပွင့်စံအိမ်တော်ရဲ့ဂိတ်တံခါးတွေကိုအကုန်ဖျက်ဆီးကာ လူနှစ်ရာကျော်လောက်ကိုနင်းသတ်ဖိသတ်ဝါးစားပစ်ခဲ့ပါတယ်

ဘယ်လောက်‌တောင်ပွဲဆူသွားလဲဆိုရင် ‌ပြည်သူပြည်သားတွေကပါထွက်ကြည့်ကြတဲ့အထိပါပဲ

နှင်းပွင့်စံအိမ်တော်ကဘယ်လိုလဲ

ဘုရင့်နန်းတော်ကပါမနိုင်လို့လွှတ်ထားပြီးစောင့်ကြည့်တာသာလုပ်နိုင်တဲ့အဖွဲ့အစည်းမျိုးပါ

အခုတော့ နှစ်ပေါင်းများစွာအထိမခံခဲ့ရတဲ့အိမ်တော်ထဲကို သားရဲတစ်ကောင် မိန်းကလေးတစ်ယောက်ယောကျာ်းလေးသုံးယောက်က အတင့်ရဲစွာဝင်လာခဲ့လေရဲ့

ပြီးတော့လဲ ရောက်ရောက်ချင်းဆောက်နဲ့ထွင်းဆိုသလို သွေးတွေရဲနေအောင်ကို သောင်းကျန်းပစ်လိုက်သေးတာလေ

"အဲ့ဒါ သက်တံ့ဆိုင်ပိုင်ရှင်မဟုတ်ဘူးလား"

သက်တံ့ဆိုင်ဟာ ကျူးလစ်ဖွင့်ထားတဲ့အထည်ဆိုင်တွေပါ

အထည်ဆိုင်ရဲ့ပိုင်ရှင်ကအရမ်းငယ်ပြိးကျော်ကြားလွန်းတာမို့သူတို့မမေ့ခဲ့ကြတာ

သူမရဲ့ရုပ်သွင်ကလဲ သူတို့လိုဖြူဖတ်ဖတ်ကြီးမဟုတ်ပဲ စိုပြေတဲ့ဖြူစွတ်စွတ်ပုံမို့ မေ့မရခဲ့ကြတာ

"အဲ့မိန်းမငယ်လေးကဒီကိုဘာလာလုပ်တာလဲ ဘာလို့သူမကနှင်းပွင့်စံအိမ်ကိုပြသနာရှာနေရတာလဲ"

"ငါတို့ပွဲတက်ရင်သူမဆီကိုပဲသွားပြီးဝယ်နေရတာ သူမသာတခုခုဖြစ်သွားရင်ငါတို့တော့ထပ်ပြီးစိတ်ပျက်စရာအဖြူရောင်တွေကိုပဲထပ်ဝတ်နေရတော့မှာမဟုတ်ဘူးလား"

"အိုး မဖြစ်သေးဘူး"

ပြည်သူတွေကပိုပြီးစိတ်လှုပ်ရှားလာကြတယ်

ပိုပြီးများပြားလာကြတယ်

ပိုပြိးစိုးရိမ်လာကြတယ်

အားလုံးနဲ့ဆန့်ကျင်စွာ ကျုးလစ်ကတော့ ရဲရင့်စွာတောက်ပနေတော့တာပဲ

"တားတဲ့သူအားလုံးကိုသတ်"

တုကူးရှန်းကလဲဓားတလက်နဲ့ လူသတ်လက်နက်လိုသတ်ဖြတ်နေခဲ့တယ်

သူဝတ်ထားတဲ့အစိမ်းရောင်ဝတ်ရုံပေါ်မှာစွန်းထင်းလာတဲ့‌အနီရောင်သွေးတွေဟာ ပန်းပွင့်တွေလိုလှပစွာစွန်းထင်းလို့လာတယ်

သူ့ရဲ့မျက်နှာပေါ်တင်လာတဲ့သွေးတွေက သူ့ကိုပိုလို့သာလှပလာစေတော့တာပဲ

ပိုင်ချင်းလဲအဖြူဝတ်ရုံမှာ‌သွေး‌တွေစွန်းထင်း‌နေတာအပြိုင်ပါပဲ

တုကူးရှန်းလောက်နီးပါးမလှရင်တောင် သူကလဲနှင်းပွင့်ကုန်းမြေမှာ ပျိုတိုင်းကြိုက်တဲ့နှင်းဆ်ီခိုင်ကြီးပဲမို့ တော်ဝင်ဆန်စွာလှပနေလျှက်ပါပဲ

ရန်ကျင်းကလဲ တတပ်တအားပါဝင်ပေးနေပါတယ် အဆင့်တူရာရွေးတိုက်နေရင်း ‌တနေရာမှတနေရာကို သရဲတကောင်လိုပြေးလွှားနေလျှက်ပေါ့

သူတို့နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ကျုးလစ်ကတော့ ဘာသွေးမှစွန်းမနေဘူး

သူမရဲ့လက်များကိုကခုန်‌နေသလိုလှုပ်ရှားလိုက်တိုင်း နှင်းထုတို့အက်ကွဲလာပြီး မြေကြီးထဲကအစိမ်းရောင်နွယ်ပင်တွေဟာလူအများကိုရစ်ပတ်ညှစ်သတ်စုပ်ယူပစ်လိုက်ကြတာ ကြာရှည်စွာဆေးရည်စိမ်ထားသလိုမျိုးခြောက်ကပ်သွားကြတော့တယ်

သူမကိုသယ်ဆောင်ထားတဲ့ရှောင်ရှောင်ဟာလဲ  တချက်လှမ်းလိုက်တိုင်းလေးငါးယောက်လောက်ကတော့သေသွားကြတာချည်းပဲ

ကျုးလစ်နဲ့ရှောင်ရှောင်တို့က ရှေ့တန်းမှာအတွဲညီစွာလှုပ်ရှားနေကြသလိုမျိုး

ဘယ်တောင်ပံမှာ ပိုင်ချင်း

ညာတောင်ပံမှာ တုကူးရှန်း

အနောက်အမြှီးမှာတော့ ရန်ကျင်းကကျွမ်းကျင်စွာကာကွယ်ပေးလို့နေတယ်

အဓိက,ကတော့ ကျုးလစ်ရဲ့နွယ်ပင်တွေပါပဲ

သူမကအရေးကြီးတဲ့လှုပ်ရှားသူဖြစ်ပြီး သူမကပဲအသတ်ဖြတ်နိုင်ဆုံးဖြစ်တယ်

စကားတခွန်းမစမခံပဲ နှင်းပွင့်အိမ်တော်ရဲ့အခြေခံအုတ်မြစ်ပြိုလဲအောင်လုပ်ဆောင်နေပါတယ်

ဒီရက်မတိုင်ခင်က ဘယ်ရီနဲ့သူမမှာ သဘောတူညီချက်အချို့ရှိခဲ့တယ်

ဘယ်ရီကသူမကိုတောင်းဆိုခဲ့တယ်

သူမကိုသာ တခုခုကြံစည်ခံရပြီဆိုရင် နှင်းပွင့်စံအိမ်ကိုအမြစ်ကနေလှန်ပစ်ဖို့ပြောခဲ့တယ်

အခုတော့ သူမပေးထားတဲ့ကျောက်စိမ်းပြားကလဲအချိုးခံလိုက်ရပြီမို့

ကျူးလစ် နှင်းပွင့်စံအိမ်တော်ကိုကျုးကျော်ဖို့အခွင့်အရေးရသွားတော့တယ်

ခဲတခုနဲ့ငှက်နှစ်ကောင်ကိုပစ်လိုက်တာပါပဲ

ဒီအဝောာအတွင်းကျူးလစ်က နှင်းပွင့်စံအိမ်တော်ကိုကျုးကျော်ဖို့အကြောင်းပေါင်းစုံရှာနေတာပါ

အစကတော့ သက်တံ့ရောင်ခြယ်စံအိမ်တော်ကိုကျုးကျော်လာလို့ပြန်ကျုးကျော်တယ်ဆိုပြီးအကြောင်းပြချက်ရှာလိုက်သေးတယ်

ဒါပေမဲ့တကယ်တော့အဲ့ဒါက ကလေးဆန်‌လွန်းနေတာမို့သူမတွန့်ဆုတ်နေခဲ့တာပါ

အခုတော့ ဘယ်ရီလဲအာဏာပြန်ရအောင် သူမဘုရင်ကို‌ပေးထားတဲ့ဂတိအောင်မြင်အောင်လဲလုပ်နိုင်ပြီပေါ့

အဲ့တော့ ဘာကိုများသူမစောင့်ဆိုင်းနေရဦးမှာတဲ့လဲ

သူမလုပ်ရမှာက သတ်နိုင်သလောက်သတ်ဖို့ပါပဲ

ကျူးလစ်က မောဒန်ခေတ်ကလာတဲ့အပြင် သူမက စပိုင်တစ်ယောက်လဲဖြစ်တာမို့ သူမလက်ဟာ‌သွေးစွန်းပြိးသား

တောင်လိုပုံနေတဲ့အလောင်းတွေပေါ်မှာထိုင်လာဖူးပြီးသားပါ

အခုလဲကြမ်းတမ်းတဲ့လောကမှာပြန်ဝင်စားလာရတာမို့

သူမမှာသတ်ရုံအပြင် ရွေးချယ်စရာလမ်းလဲမရှိခဲ့ပါဘူး

‌တော်သေးတာက သူမရဲ့သတ်ဖြတ်လိုတဲ့စရိုက်ကိုဟန်ဆောင်ဖုံးကွယ်နေစရာမလိုတဲ့အပြင် သူမကိုယ်သူမလဲဖုံးကွယ်စရာလဲမလိုတော့ဘူးပေါ့

အဲ့အချိန် ထိုက်ယန်ကွမ်းတို့ဇနီးမောင်နှံကတော့မျက်စိလှုပ်နေခဲ့ပါပြီ

ဘယ်အချိန်ထုတ်သုံးမယ်မှန်းမသိရပဲ စောင့်နေရတာတကမ္ဘာကြာသလိုပါပဲ

ဒီလိုသွေးသံတရဲရဲမြင်ကွင်းမျိုးမြင်ရတာဟာ သူတို့ကျော်ကြားခဲ့တဲ့အချိန်တွေတောင်သတိရမိပြီး ကြက်သွေးထိုးခံလိုက်ရပါတော့တယ်

အဲ့လိုနဲ့နှင်းပွင့်စံအိမ်အတွင်းကိုရောက်လာလေ ထွက်လာတဲ့မျိုးဆက်သစ်လူငယ်တွေကပိုများလာလေပါပဲ

"ကျူးလေး ရန်ကျင်းထိသွားပြီ "

ကျူးလစ်နောက်လှည့်ကြည့်လိုက်တော့ ရန်ကျင်းကသူ့ရဲ့ဓားကိုင်တဲ့လက်ကိုထိထားပြီးတော့ တခြားတစ်ယောက်ကသူ့ကိုရှင်းလင်းပစ်ဖို့လုပ်နေတယ်

ကျုးလစ် သူမရဲ့လက်တို့ကိုထပ်မံ‌ကခုန်စေလိုက်တော့ နွယ်ပင်နှစ်ပင်ကမြေကြီးထဲကတိုးထွက်လာပြီး ရန်ကျင်းကိုသူမဆီခေါ်ဆောင်လာပြီး

အဲ့တစ်ယောက်ကိုတော့ခြောက်ကပ်သွားအောင်စုပ်ယူပစ်လိုက်တော့တယ်

"ထိုက်ယန်ကွမ်း!"

ကျုးလစ်က လက်နက်တွေသုံးခဲပါတယ်

များသောအားဖြင့်လက်နဲ့ပြီးသွားကြတာချည်းပဲ

ဒါပေမဲ့အခုတော့ပုရွက်ဆိတ်အိမ်လိုများပြားလှတဲ့လူငယ်တွေကြားထဲ သူကအချီခံအသယ်ခံသွားရတဲ့ဘောက်ဖတ်ကြီးတော့မဖြစ်ချင်ပါဘူးလေ

အဲ့ဒါကြောင့်ပဲ ထိုက်ယန်ကွမ်းတို့ကိုထုတ်သုံးဖို့လုပ်ရတော့တယ်

ထိုက်ထိုက်ကတော့ အထင်သေးတဲ့မျက်နှာနဲ့ထွက်လာပေမဲ့ ယန်ယန်ကတော့နဲနဲရိုသေတတ်တဲ့ပုံပါပဲ

ဒါပေမဲ့ ထိုက်ထိုက်ဘာမှမလုပ်ရသေးခင်မှာပဲ
ကျူးလစ်က ‌နွယ်ကြိုးနှစ်ခုကိုဆွဲကာအောက်ကိုခုန်ချသွားခဲ့ပါပြီ

သူမရဲ့ဘယ်ညာလက်နှစ်ဖက်ကလေးတော်ကိုဆွဲကိုင်ပြီးတိုက်ခိုက်ကာ ထိုက်ထိုက်ကိုတော့စိတ်နဲ့ထိန်းချုပ်ကာလွဲရမ်းသတ်ဖြတ်ပါတော့တယ်

"ဝိုး သူမကဘယ်သူလဲ "

‌နွေဉီးနတ်ဘုရားမလိုမျိုးပဲ ထိုက်ယန်ကွမ်းတို့ဇနီးမောင်နှံကိုအတားအဆီးမရှိပဲ အသုံးပြုနိုင်တယ်

ထိုက်ထိုက်ရဲ့ချီးမွမ်းမူ့ကို ကျူးလစ်အပြည့်အဝရရှိသွားပါပြီ

သူတို့မသိတာက ကျူးလစ်ဟာ လက်နက်ပေါင်းများစွာကိုတချိန်ထဲမှာအမိန့်ပေးပြီးအသုံးပြုနိုင်တယ်ဆိုတာကိုပါ

အဲ့လိုသာသိသွားကြည့်ပါလား

သူတို့ရဲ့အောက်နှုတ်ခမ်းဟာယမမင်းဆီကိုရောက်သွားမှာအမှန်ပါပဲ

အဲ့နေ့ရောက်လာဖို့ မစောင့်နိုင်ဖြစ်ရတဲ့သူကတော့တစ်ယောက်ရှိပါတယ်

အဲ့ဒါကတော့ ကျူးလစ်ဘေးနားအမြဲရှိတဲ့

သူပါပဲ

........🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷

Alinkar nang


You are reading the story above: TeenFic.Net