54.zgi

Background color
Font
Font size
Line height

🍷Lengends of spring goddness

အပိုင်း(54)  သဘောတူညီမူ့

"ထွက်သွား ! "

ကျုးလစ်ရဲ့အသံက ဟိန်းထွက်လာတယ်

လေးတော်နဲ့‌ဓားတော်တို့ကနေဖြစ်‌လာတဲ့ ဝိဉာဉ်မှန်းမသိ လူမှန်းမသိတဲ့ နတ်မှန်းမသိတဲ့ စုံတွဲမှန်း မသိရတဲ့လူတွေနဲ့ ဘာဆက်ဆံရေးမှန်းမသိတဲ့အဖြစ်မျိုး သူမရပ်လိုက်ချင်နေပြီ

"အရှင်မ .....!."

တုန်ခါနေတဲ့အသံလေးက လေးတော်ဝိဉာဉ်ဆီကထွက်လာတယ်

သူမအသံကတိုးတိုးလေး

‌အဲ့အသံကိုကြားရင် ဘယ်သူမဆို ‌နှလုံးသားကိုကြောင်ကုတ်လိုက်တယ်လို့ခံစားရစေနိုင်တယ်

အဲ့အကွက်ကတခြားသူအတွက်သာအသုံးဝင်လိမ့်မယ်

ဒေါသထွက်နေတဲ့ကျူးလစ်အတွက်တော့ မဟုတ်ခဲ့ဘူး

သူမက ‌ကူးပြောင်းမလာခင်မော်ဒန်ခေတ်မှာထဲက သူများလက်အောက်မှာနေခဲ့ရတာ

အခုလွပ်လပ်တော့မယ်ဆိုမှ ထပ်ပြီးရှုပ်လာမှာကိုမလိုလားဘူး

သူမစိတ်တိုင်းကျ သူမဘဝကိုခြယ်လှယ်ချင်တယ်

သူမစိတ်တိုင်းကျနေချင်တယ်

အခုတော့ ဒီလိုပါလေရာငါးပိချက်‌တွေကြောင့်

သူမရဲ့အိမ်မက်တွေကိုလက်လျော့လိုက်ရမှာလား

ကျုးလစ် စိတ်အခြေအနေမကောင်းတော့ဘူး

တွေးလေဒေါသထွက်လာလေပဲ

သူမရဲ့‌အေးစက်မူ့အရှိန်အဝါကလဲတိုးမြင့်လာတယ်

သူမစရိုက်က တည်ငြိမ်တယ်

ဒါပေမဲ့ ဒေါသထွက်ရင်လဲ ကြောက်ဖို့ကောင်းတယ်

အဲ့လိုကြောက်စရာကောင်းတဲ့အချက်ကို အခုမှနဖူးတွေ့ဒူးတွေ့ကြုံလိုက်ရတဲ့သူတွေဆိုရင်တော့ နားမလည်နိုင်စရာပဲပေါ့

ကောင်းကင်က ဓားတလက်ကျဆင်းလာပြီး သူမကိုအသိပေးခြင်းမရှိ ဒန်ထျန်ထဲတန်းဝင်သွားတယ်

ကောင်းမှန်းမသိဆိုးမှန်းမသိနဲ့

အခုလဲ ဘာမှမပြောပဲ ထွက်လာကြပြန်တယ်

မသိရင် သူမဒျန်ထျန်က ဝင်လွယ်ထွက်လွယ်အမြဲတမ်းဖွင့်ထားတဲ့တံခါးကြီးကျလို့

"ထွက် ! သွား !"

သူမတွေးလေဒေါသထွက်လေ

ဒိလိုသာဆို သူမအိပ်နေတုန်း တံခါးလိုပဲ အလွယ်တကူဝင်ထွက်သွားလာနေကြမှာမဟုတ်ဘူးလား

ဒါဆို သူမကဘာကြီးဖြစ်သွားပြီလဲ

တွေးလေခေါင်းကိုက်လေပဲ

"အရှင်မ ! ဒီလိုလုပ်လို့မရပါဘူး "

ခေါင်းကိုက်လို့မှေးမှိတ်ထားတဲ့ ကျူးလစ်ရဲ့မျက်ဝန်းတို့မှေးမှိတ်ထားရာမှ ဖွင့်လိုက်တယ်

"အို ! အဲ့လိုလား "

သူမ အသံကရေခဲတွင်းထဲကတက်လာတဲ့အတိုင်းပဲ အေးစက်ကာခြောက်ခြားစရာကောင်းလှတယ်

ဒီလောက်စိတ်ဆိုးနေတဲ့ ကျုးလစ်ကိုဘယ်သူမှမမြင်ဖူးဘူး ရှောင်ရှောင်တောင်မှ ပထမအကြိမ် မြင်ဖူးတာဖြစ်တယ်

မသိမသာတုန်ရင်သွားရင်း သူမပေါင်ပေါ်မှာ ပွဲဆက်ကြည့်ဖို့မှေးနေခဲ့တာပေါ့

"ကျွန်တော်မျိုးတို့က ကောင်းကင်အရှင်ရဲ့ညီမတော်နွေဦးနတ်ဘုရားမရဲ့အသုံးတော်ခံလက်စွဲလေးတော်နဲ့ဓားတော်ပါ အရှင်မရဲ့ဒန်ထျန်ထဲမှာကျွန်တော်မျိုးတို့ကိုသိမ်းထားခွင့်ရတာ ကြီးကျယ်တဲ့အလုပ်တခုပါ အခုနေ ကျွန်တော်တို့ကိုကာကွယ်ထားပေးမယ်ဆိုရင် နတ်ဘုရားမနိုးလာတဲ့အခါ ကြိုက်ရာတောင်းဆိုနိုင်တဲ့အခွင့်အရေးရမှာပါ ဒါကိုဘာလို့သဘောမတူတာလဲ "

ကျူလစ် နားထင်ကိုလက်တဖက်နဲ့ထောက်ထားပြီး နောက်လက်တဖက်က စားပွဒခုံကို တဒေါက်ဒေါက်နဲ့ဖြေးညှင်းစွာခေါက်နေခဲ့တယ်

သူမစိတ်ထဲတွက်ချက်နေတယ်လို့ထင်ရပေမဲ့ တကယ်တော့ ဒင်းတို့ကိုဘယ်လိုပညာပေးရမလဲဆိုတာကိုပဲစဉ်းစားနေတာဖြစ်တယ်

‌ဓားဝိဉာဉ်ရဲ့စကားပြီးဆုံးသွားတော့ ကျုးလစ်ရဲ့နှုတ်ခမ်းထောင့်များမသိမသာမြင့်တက်သွားရင်း

"ဟုတ်လား ဒီကနိမ့်ကျတဲ့မိန်းငယ်လေးက ကျင့်ကြံခြင်းတွေအားလဲုးဖျက်ဆီးလိုက်ပြီးအစကပြန်စရင်တောင် ဒီအဆင့်ကိုရောက်ဖို့သိပ်ကြာမှာမဟုတ်ဘူး ဒါပေမဲ့ အဲ့ဒီဖက်ကမြင့်မြတ်တဲ့ ကိုယ်တော်လေးတို့ကရော သွားစရာနေရာရှိလားလို့သိပါရစေ"

လေးတော်နဲ့ဓားတော်တို့ရဲ့ဝိဉာဉ်များဟာ သိသိသာသာဖြူ‌ဖျော့သွားကြတယ်

သူတို့ရဲ့အပြင်ပိုင်းကိုယ်ထည်တွေကို သူမ မငြင်းနိုင်ဘူးအမှတ်နဲ့ သူမရဲ့ဒန်ထျန်ထဲမှာထားရစ်ခဲ့ကြတာ

အခုကျတော့ သူမကဒီလိုပြောလာပြီ

တကယ်အဲ့လိုသာလုပ်ရင် သူတို့နှစ်ယောက်လုံးကတကယ့်ကိုသေဆုံးသွားကြရမှာ

အဲ့တော့ သူမ တကယ်လုပ်လိုက်လို့မဖြစ်ဘူး

ဓားကိုယ်တော်လေးခမျာတကယ်စိတ်ညစ်နေရရှာတယ်

သူဝင်သွားပြီးမှသိတာ သူမလေးရဲ့အကာအရံကတကယ်လုံခြုံတယ်

ဲပြန်ထွက်လို့မရဘူး

သူမလေးခေါ်မှ အသုံးလိုမှထွက်လို့ရမှာ

ဒါပေမဲ့လဲ သူမလေးက သူတို့ကိုအသာတကြည်နဲ့ပေးမဝင်ချင်ဘူးလေ

အဲ့တော့ သူတို့အခုပြသနာမအကြီးကြီးတက်ပြီပဲ

ကောင်းကင်ဘုရင်ကိုတောင် နင်ပဲငစပြောတတ်တဲ့လူကအခုလိုမိန်းကလေးတစ်ယောက်ရဲ့လှည့်ကွက်ထဲကျသွားမယ်လို့တကယ်မထင်ခဲ့ဘူး

"အဲ့တော့ ဘယ်လိုလုပ်ပေးစေချင်တာလဲ "

အောင့်သက်သက်နဲ့ပဲ ဓားတော်လေးရဲ့ဝိဉာဉ်က စကားစလာတယ်

သဘောကဘာလိုချင်တာလဲပေါ့

"လိုချင်တာက နင်တို့ရဲ့အစုတ်ပလုတ်တွေကိုယူသွားပြီးထွက်သွား "

ဟုတ်တယ်လေ

လေးတော်ကိုလဲသူမလိုချင်တာမဟုတ်ဘူး

ဟိုနတ်ဘုရားမဆိုတဲ့ဟာက အဲ့လေးတော်ကိုသွားယူထားတာလေ

အဲ့သစ်ပင်ကလဲ သူ့အလိုလိုပေါ်လာတာလေ

သူမခေါင်းပေါ်မှာနှစ်ဆယ့်‌လေးရာသီပတ်လုံးပွင့်နေတဲ့ပန်းတွေကိုတောင်သူမလိုချင်ခဲ့တာမှမဟုတ်တာ

အဲ့နဂါးကလဲသူ့ကိုယ်သူလိုက်လာတာ

အခုလဲကြည့်

သူမဒန်ထျန်မှာလက်မခံချင်တဲ့ဧည့်သည်တွေတော်တော်များနေတာပဲ

အကုန်ကန်ထုတ်ပစ်လိုက်ချင်တယ်

"တကယ်လား ကျွန်တော်မျိုးတို့ကအသုံးဝင်တယ်ဆိုရင်တောင်ထွက်သွားခိုင်းမှာလား"

"ဟုတ်တယ်"

"........."

အနဲဆုံးတော့သူမစိတ်ဝင်စားလာမယ်လို့ထင်ထားတာလေ

အခုလို‌မျက်နှာသေကြီးနဲ့ဖြေလာမယ်လို့ သူမထင်လိုက်မိဘူး

ခုမှ တကယ်ပျာယာခတ်ရပြီ

သူမသာပေးမဝင်ရင် သူတို့တော့ တကယ်ပြသနာတက်မှာ

ဘာလို့ဆို အသုံးအဆောင်တွေနဲ့ဝိဉာဉ်တွေကတရက်ထက်ပိုကြာကြာခွဲနေလို့မရလို့ပဲ

ဆက်သွယ်မူ့ပြတ်သွားပြီး သူတို့သေဆုံးသွားနိုင်တယ်

နောက်ဆုံးတော့ အန္တရာယ်ကိုရိပ်စားမိလာတဲ့ဓားဝိဉာဉ်က

သူ့အသံကိုနဲနဲ‌နိမ့်ချလိုက်ပြီး

"အရှင်မ ဘာဖြစ်စေချင်နေတာလဲ ပြောပါ ဆန္ဒရှိတာကို ဖြည့်စည်းပေးပါ့မယ်"

"ငါ့လက်ဖြစ်လာပေး နှစ်ယောက်လုံး င့ါလက်နှစ်ဖက်ဖြစ်လာတဲ့အခါ နင်တို့ကိုငါ့ဒန်ထျန်ထဲမှာနေခွင့်ပေးမယ်"

ဒိအမျိုးသမီးက တကယ့်လူလည်ပဲ

သူကိုတောင် အသုံးချချင်သေးတယ်

သူမက နွေဦးနတ်ဘုရားမသုံးသလို သူတို့ကိုဘယ်ညာကိုင်စွဲပြီးကျော်ကြားချင်နေတာလား

ရူးနေတာပဲဖြစ်ရမယ်

ရုတ်တရက်ဓား‌တော်လေးရဲ့နှုတ်ခမ်းမှာ လှောင်ပြုံးအချို့ကပ်ညှိလာတယ်

"ကောင်းပြီလေ"

သူကတော့ သူမကို ကိုယ်ဖော်တဲ့ဆေးကို ကိုယ်ပြန်စားရင်း မသေပါစေနဲ့လို့ပဲဆုတောင်းထားလိုက်မယ်

ကိုင်ချင်သပဆိုလဲကိုင်ကြည့်ပေါ့

တခုခုဖြစ်ရင် သူသတိမပေးလို့အပြစ်လာမတင်နဲ့

ဒါကသူ့အပြစ်မဟုတ်ဘူး

သူမရဲ့လောဘကြီးတဲ့အပြစ်ပဲ

၊။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Alinkar nang


You are reading the story above: TeenFic.Net