53.zgi

Background color
Font
Font size
Line height

🍷Lengends of spring goddness

အပိုင်း(53) နတ်လေးတပါးကနတ်သက်ကြွေကျမြေခလာခဲ့တယ်

ကျုးလစ်မျက်ခုံးကျုံ့လိုက်တယ်

သူမရဲ့ရင်ထဲ နေရထိုင်ရတာမသက်မသာဖြစ်နေတယ်

မနက်ထဲက အဆိပ်မိတာလဲမဟုတ် နေမကောင်းတာလဲမဟုတ်ပဲ ဒီအတိုင်း‌ တခုခုကိုမျှော်လင့်နေပြီးဖြစ်မလာမှာစိုးကြောက်နေတဲ့အတိုင်း

ဘာလို့လဲဆိုတာသူမ မသိ

သူမလိုချင်တာလဲ တခုမှရှိမနေပဲနဲ့

ဘာများဖြစ်နေပါလိမ့်

တုကူးရှန်းကလဲ နန်းတော်ကိုသွားတယ်

ဘယ်ရီတယောက်လဲပျောကါနေတာ ဆယ်ရက်လောက်ရှိပြီ

ရှောင်ရှောင်ကတော့ သူမဖြစ်နေတာကိုရိပ်မိနေပုံနဲ့ သူလဲဂနာမငြိမ် တညောင်ညောင်နဲ့
လည့်ပတ်သွားနေတယ်

သစ်ပင်အိုကြီးလဲအဲ့အတိုင်းပဲ သူမနည်းတူ သူ့အပင်ကအရွက်ကြီးတွေကလေမတိုက်ပဲယိမ်းထိုးနေတယ်

တခုခုတော့ဖြစ်တော့မှာပဲ

သူမပိုပြီးနေရတာမသက်သာလေ တခုခုကသူမဆီချဉ်းကပ်လာလေလို့ပိုခံစားရတယ်

သူမရှောင်ရှောင်လေးကိုကြည့်လိုက်တယ်

"ညောင်"

ရတက်မအေးတဲ့အသံမျိုးပဲ

သူမလဲ ရင်မောစွာသက်မချလိုက်မိတယ်

အလကားနေမဲ့အတူတူတော့ သူမကျင့်ကြံဦးမှပါ

အဲ့လိုတွေးလိုက်ပြီး သူမရဲ့စိတ်အစုံကိုထိန်းသိမ်းလိုက်ကာ သူမရဲ့ဒန်ထျန်ဆီအာရုံပို့လွတ်လိုက်တာနဲ့တွေ့လိုက်ရတဲ့မြင်ကွင်းကသူမကိုဆွံ့အစေတယ်

သူမ မသက်မသာဖြစ်နေရခြင်းရဲ့အကြောင်းအရင်းကိုလဲတန်းသိသွားတော့တာပဲ

သူမရဲ့ဒန်ထျန်ပေါ်ကသစ်ပင်ကြီးသာမက လေးသာမက နဂါးပါအငြိမ်မနေ ယိမ်းထိုးနေကြတာလေ

အဲ့လို ဗရမ်းဗတာဖြစ်နေကြမှတော့ သူမလဲဘယ်နေကောင်းတော့မလဲ

"ဘာဖြစ်နေကြတာလဲ "

သူမထုတ်မေးလိုက်ပေမဲ့ သူတို့အားလုံးဆီကပြန်စာမလာ

ဒါက?

အခု သူမကိုလျစ်လျှူရှူ့လိုက်ကြတာလား

အမ်?

သူမ အံဩနေတုန်း သူမရဲ့အာရုံက အပြင်ကိုပြန်ကန်ထွက်လာတယ်

"အမ်?"

သူတို့က သူမကိုအဖက်မလုပ်ရုံတင်မက သူမကိုပါကန်ထုတ်လိုက်သေးတယ်

သူမခေါင်းကိုက်သွားတယ်

သူမရဲ့ဒန်ထျန်ဟာ သူများတွေလို ရေကန်တခုထဲရှိနေတာမဟုတ်ပဲ

သူမ မလိုချင်တဲ့

သစ်ပင်လဲရှိနေတယ် နဂါးလဲရှိနေတယ်

လေးတော်ကလဲရှိနေလိုက်သေး

ပြိးတော့လဲ သူမထိန်းချုပ်လို့မရ

သူတို့မှာကိုယ်စီအသိဉာဏ်ရှိနေပြီးပြီ

နဂိုတုန်းကအေးဆေးနေနေကြပြီး အခုတော့ သူမကိုပါကန်ထုတ်တတ်လာပြီ

သူမ ကူကယ်ရာမဲ့စွာ ခေါင်းခါရမ်းလိုက်မိတယ်

ဘာတွေများဖြစ်နေပါလိမ့်

သူမရင်ဘတ်မှာ မသက်မသာဖြစ်မူ့က ပိုဆိုးလာတယ်

အထဲမှာ ဘယ်လောက်တောင်ယောက်ယက်ခတ်နေကြလို သူမခံစားရတာဒီလောက်ပြင်းလာပါလိမ့်

သူမကောင်းကင်ပေါ်ကိုမျော်ကြည့်လိုက်တယ်

နေရောင်မပေါ်ပဲ နှင်းတွေချည်းကျနေတဲ့ဒီလိုနေရာမှာ နေရောင်ခြည်သာရလိုက်ရင်

အဲ

နေရောင်ခြည်လား

နေလုံးကြီးလား

ဘာလို့တဖြေးဖြေးကြ်ီးလာတာလဲ

သူမကောင်းကင်ပေါ်မော့ကြည့်နေတုန်း မီးဆွဲလောင်နေတဲ့တစုံတခုက ပျံသန်းလာပြီး သူမဆီရောက်လာတော့မယ်

"လခွမ်း။"

ပါးစပ်ကနေဆဲတောင်ဆဲမိသွားတဲ့သူမက ရုတ်တရက်ကြီး လေပြင်းကိုခေါ်ယူလိုက်ကာ ခြံထဲမှာရှိသမျှနှင်းတွေအားလုံးသယ်လာပြီး နှင်းတောင်ကြီးလုပ်ပစ်လိုက်တယ်

မလုပ်လို့လဲမရ ဟိုက တည့်တည့်ကြီးကျလာနေပြီ

သူမသာဒီလိုမလုပ်ရင် တအိမ်လုံးပြာကျ‌သွားလောက်တယ်

-ဝှီးးးးးး

အရှိန်ပြင်းပြင်းနဲ့မီးစွဲလောင်နေတဲ့ဘောလုံးကြီးက သူမလုပ်ထားတဲ့နှင်းတောင်လိုအပဲုကြီးထဲခေါင်းစိုက်တိုးဝင်သွားခဲ့လေရဲ့

အဲ့ဒီအချိန် သူမရဲ့ရင်ထဲမှာလဲ နတ်ပုးသလို တဆတ်ဆတ်နဲ့တုန်ရီနေခဲ့တယ်

မဟုတ်သေးပါဘူး

အဲ့ဘောလုံးကဘာကြိးမို့လို့ သူမရဲ့ဘေးမှာရှိတဲ့သူအားလုံးက အရှက်မရှိပျာယာခတ်နေကြတာလဲ

"ရှဲ.......ပွက် ပွက် ပွက်"

သူမမျက်ခုံးတို့မြင့်တက်သွားတယ်

အဲ့ဘောလုံးက နှင်းတွေအားလုံးကိုအရည်ဖျော်လိုက်ပြီး ရေနွေးလိုပါ တပွက်ပွက်နဲ့ပွက်စေလိုက်သေးတယ်

ဘောလုံး?

မဟုတ်သေးဘူး

ဓားတလက် အဲ့ဒါက ဓားတလက်ပဲ

"အားးးး သေတော့မလို့ သေတော့မလို့ပဲ ငါတကယ်ကြီးသေတော့မလို့"

"............."

ပြီးတော့ အဲ့ဓားက

စကားပြောနေတယ်?

နှင်းပုံထဲက ဓားဟာ သူ့ဘာသာသူပြန်ထောင်မတ်လာပြီး သူမရှိရာတည့်တည့်ချိန်လာခဲ့တယ်

နပေါဦး

ဓားတလက်က ကောင်းကင်ကနေ နတ်သက်ကြွေလာပြီး အခုတော့ ကယ်ထားတဲ့သူမကိုပါသတ်တော့မယ်ပေါ့

သူမလှည့်ပြေးမလို့လုပ်လိုက်ပေမဲ့

"ဝှီးးးးးး စွပ် ဒုတ်"

အဲ့ဓားက သူမထက်ပိုမြန်တယ်

သူမရင်ဝတည့်တည့်ချိန်ရွယ်ဝင်ရောက်လာတော့တာပဲ

"............."

ငါသေသွားတာလား

ဘာနာကျင်မူ့မှလဲမခံစားရဘူး

အားလုံးဟာ အစထဲက သူမလိုချင်လို့ဖြစ်လာရတာမဟုတ်

သူမ ဒီကိုကူးပြောင်းလာပြီး ချွေအိမ်တော်အဆုံးသတ်သွားထဲက သူမဘဝကိုအေးဆေးကုန်ဆုံးဖို့ရည်ရွယ်ထားတာ

ဒါပေမဲ့ ဘာမှန်းမသိတဲ့ဝိဉာဉ်တခုရဲ့ပူးကပ်ခံရပြီး လေးတော်နဲ့နဂါးကိုရခဲ့တယ်

ကောင်းကင်က ဟိုအဘိုးကြီးဆိုနဲ့အစုတ်အပြက်ဘိုးတော်လိုက်သတ်တာလဲခံလိုက်ရသေး

သူမကိုစားရင် နတ်ပြည်တက်မယ်ဆိုလား နတ်ဖြစ်မယ်ဆိုလား အဲ့လို သတင်းတွေကြောင့် ကုန်းမြေတွေကလဲလှုတ်

ခတ်လာခဲ့ပြန်တယ်

နောက်တော့ သစ်ပင်‌တွေ

သစ်ပင်တွေနဲ့တောင်ဆက်သွယ်နိုင်လိုက်သေးတယ်

အခုတော့ကြည့်စမ်း

သူမ မလိုချင်တာလေးတခုနဲ့ သေရတော့မယ်တဲ့

ဒါပေမဲ့ နာလဲမနာသလိုပဲ

သူမထိတ်လန့်ပြီးမျက်စိမှိတ်ထားရာမှဖွင့်လိုက်တယ်

ပြီးတော့ ပတ်ဝန်းကျင်ကိုကြည့်တယ်

‌ဒိနေရာမှာပဲ

ဒီအတိုင်းလေးပဲလေ

ဒါဆို သူမ မသေသေးဘူးလို့သတ်မှတ်လို့ရလား

ကြောင်တောင်တောင်ဖြစ်နေတဲ့ကျူးလစ်

သူမရဲ့တည်ငြိမ်မူ့တွေတောင်ပျောက်ဆုံးသွားခဲ့တယ်

ကမန်းကတမ်း သူမရဲ့ဒန်ထျန်ထဲဝင်ကြည့်လိုက်တော့

"ထျန်းနာ( မြတ်စွာဘုရား) !!!!"

သူမရဲ့လေးတော်နဲ့ သူမကိုဖောက်ထွင်းသွားတဲ့ဓားက တခုနဲ့တခုရစ်ပတ်ပြိးတော့

ရန်ဖြစ်နေတာလား?

ဒီလိုတုန်ရီနေတဲ့ပုံက ဘာလားပဲ

အဲ

မဟုတ်သေးဘူး

ဒါက

အလွမ်းသယ်နေကြတာလား?

"..........."

ငါ့ကိုလန့်သေအောင်လုပ်ပြီး ဒင်းတို့က ဖက်ရက်နေကြတာပေါ့လေ

ဘယ်လိုတောင်လား

သူမစိတ်တိုသွားပြီးတော့ဟွန့်ခနဲလုပ်လိုက်တယ်

အဲ့ခနမှာပဲ

အဲ့လိုဖက်ရက်နေတဲ့လေးတော်နဲ့ဓားတော်က ပြင်ပလောကမှာပါထွက်ပေါ်လာခဲ့
တော့တယ်

ဘာလဲ

အခုတော့ နင်တို့စကားပြောချင်စိတ်ရှိလာပြီပေါ့လေ

လေးတော်နဲ့ဓားတော်က တခုနဲ့တခု ရစ်ရင်းပတ်ရင်းနဲ့ပဲ အလင်းတွေဖြာထွက်လာကာ အသွင်ပြောင်းသွားတော့တယ်

".........."

ဪ ?

ဒင်းတို့တွေက အသွင်လဲပြောင်းတတ်ကြသေးတယ်ပေါ့

သူမလက်ပိုက်ပြ်ီးမှင်သေသေနဲ့ကြည့်နေတုန်းမှာပဲ

လူနှစ်ယောက်အသွင်ဖြစ်ပေါ်လာတာတော့တယ်

တစ်ယောက်ကမိန်းကလေး
နဖူးမှာ လေးတော်တံဆိပ်နဲ့

ဒါက သူမနားရှိနေတဲ့တခုပေါ့

နောက်တယောက်ကတော့ ယောကျာ်းလေး အဲ့ကောင်လေးရဲ့နဖူးမှာဓားပုံလေးရှိနေတယ်

သံသယဝင်စရာမရှိဘူး

မိုးပေါ်ကကျလာတဲ့ကောင်ပဲ

ဒါဆို သူမဆီကို ဓားပျံရောက်လာတာမဟုတ်ပဲနဲ့

နတ်သားတပါးက နတ်သက်ကြွေကျမြေခလာတာပေါ့လေ

ဝေါင်းးးးးး
ဆောက်ဆန်းကြီး

...........🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷🍷

Alinkar nang


You are reading the story above: TeenFic.Net