Lengends of spring goddness
အပိုင်း(52) ယုန်ငတုံးလေး
"ပြောပါဦး လျှပ်စီးကုန်းမြေကိုသူလျိုလွတ်ပြီး ငါ့ကိုသတ်ခိုင်းတဲ့ကိစ္စက ဘယ်လိုဖြစ်တာလဲ"
"အဲ့ဒါက ငါတကယ်မသိတာဟ ငါနိုးလာတာသိပ်မကြာသေးဘူး"
ဘယ်ရီရဲ့စိတ်ထဲ တိတ်တိတ်လေးလက်မထောင်လိုက်တယ်
သူသိရင်တောင်မပြောရဲပါဘူးနော်
သေပြီးနောက်တခါရလာလို့စိတ်ကျေနပ်နေတဲ့သူ့ဘဝနောက်တခါထပ်မသေစေချင်ဘူး
ကျူးလစ်သူ့ကိုအတော်ကြာစိုက်ကြည့်နေတယ်
သူလဲအသက်အောင့်ထားမိတယ်
ပြီးတော့ မျက်ဝန်းချင်းမလွဲဖယ်ပဲ ပြန်စိုက်ကြည့်ပေးလိုက်တယ်
"ဟူတ်ပြီ နင်မလိမ်ဘူးဆိုတာငါယုံပြီ"
"ဟူးးးးးးး"
ဘယ်ရီလဲ သက်ပြင်းကိုတိတ်တိတ်လေးခိုးချလိုက်တယ်
ဒါပေမဲ့
"နင်အခုသက်ပြင်းချလိုက်တာဆိုတော့ ငါ့ကိုကြောက်နေတယ်လို့ဆိုလိုတာပဲ နင်တခုခုတော့သိထားတယ်မဟုတ်လား ပြောစမ်း အဲ့ဒါဘာလဲ"
"အာာာ........"
သူတိုးတိုးလေးချတာတောင်သူမကြားတယ်လား
ပြသနာပဲ
"ပြော .......လေ......."
တလုံးချင်းအံကြိတ်ပြီးပြောလာတဲ့ကျူးလစ်ကြောင့် ဘယ်ရီခမျာ ဒူးတွေတဆတ်ဆတ်တုန်လာရပြီ
"အမ်း တကယ်တော့ ငါသိထားတာ တခုရှိတယ် အဲ့တာက ဒီကိုယ်ပိုင်ရှင်က နင့်အဒေါ်နဲ့ညှိနေတာပဲ အဲ့တော့ နင့်အဒေါ်ကိုကုတင်ပေါ်တင်ပြီး သူကတော့နင့်ကိုရှင်းပေးဖို့လုပ်ခဲ့တာ "
"ဒါဆို ဘုရင်ကိုအဆိပ်ခတ်တဲ့ကိစ္စကရော ဘယ်လိုဖြစ်တာလဲ "
"အဲ့ဒါက ငါ့ညီ အဲ ဒီကိုယ်ပိုင်ရှင်ရဲ့ညီလက်ချက်ပါ ငါကစံအိမ်သခင်ဆိုပေမဲ့ အတွင်းမှာတော့ အဲ့ခွေးပဲစီမံခန့်ခွဲနေတာလေ အရင်ကိုယ်ပိုင်ရှင်ကအရမ်းအလိုလိုက်ခဲ့တော့ ဖြစ်ချင်တိုင်းဖြစ်နေတာလေ အခုလဲဘုရင်နေရာကိုကစားဖို့လိုချင်ပြန်ပြီထင်တယ်"
ကျုးလစ်အတွေးနက်သွားတယ်
"အဲ့တော့ ဒီနေရာကိုဘာလာလုပ်တာလဲ "
"ဘုရင်နဲ့လျို့ဝှက်ဆွေးနွေးချင်လို့"
"ဘာအကြောင်းလဲ "
"နင်လဲသိတာပဲ ငါသူများလက်အောက်မှာနေရတာ သဘောမကျဘူးဆိုတာလေ အဲ့တော့ ငါ့ညီကိုသူ့နေရာသူသိအောင်သင်ပေးမလို့"
ကျုးလစ်တုကူးရှန်းကိုလွှတ်လိုက်ရင်းမှ
"ဒါဆို အစီအစဉ်ကဘယ်လိုလဲ နင်ကသူလျိုလုပ်ပေးမလို့လား"
"အင်း"
"ဘယ်ရီ! "
"အမ်?"
"တကယ်လို့ငါအဲအဖွဲ့အစည်းတခုလုံးကိုလက်စဖျောက်လိုက်ရင် နင်စိတ်ဆိုးမှာလား"
ဘယ်ရီကချက်ချင်းပဲသူမခါးကိုဖက်လိုက်ကာ
"နင်ငါ့ကိုတသက်လုံးတင်ကျွေးထားချင်ရင် လုပ်လိုက်လေအချစ်လေး ငါကတော့ ဘယ်ဟာကိုမှ မနှမြောဘူး"
"ပြီးရော"
တကယ်တော့ ဒီအဖြေကို သူမမျော်လင့်ပြီးသားပါ
ဘာလို့လဲဆိုတော့ သူမတို့မော်ဒန်ခေတ်မှာထဲက သူ့အကျင့်ကိုယ့်အကျင့်အကုန်သိပြီးသားဖြစ်လို့ပါပဲ
"ကောင်းပြီ နင့်နောက်မှာငါရှိမယ် "
အဲ့လိုနဲ့ စံအိမ်သခင်နေရာကိုရောက်နေတဲ့ဘယ်ရီတယောက် သူ့ရဲ့မျက်နှာကိုမျက်နှာသေအဖြစ်ပြန်ပြောင်းလဲလိုက်ပြီးနောက်ထွက်ခွာသွားတော့တယ်
အဲ့အချိန်အထိ သူမရဲ့အာရုံကတုကူးရှန်းအပေါ်ရောက်မလာသေး
အချိန်အားသွားလို့ ခေါင်းမော့ကြည့်လိုက်မှာ ထောင့်တထောင့်မှာ မှီကာလက်ပိုက်နေတဲ့သူ့ကိုတွေ့လိုက်ရတော့တယ်
သူ့ပုံစံကဝမ်းနည်းနေသလိုနဲ့
ညိုးငယ်လို့နေတယ်
သူမက ယောကျာ်းတယောက်ရဲ့စိတ်နေစိတ်ထားသဘောတရားကိုမသိလို့ သူဘာဖြစ်နေလဲမသိပေမဲ့
ဒီတခါတော့ သူမတောင်းပန်ရမယ်လို့ မသိစိတ်ကပြောနေတယ်
အဲ့ဒါကြောင့် သူမကိုလျစ်လျုရှူ့ထားတဲ့သူ့အနားတိုးသွားကာ သူ့ရဲ့ဝတ်ရုံအစလေးကိုဆွဲကိုင်လိုက်ကာ
"ရှန်းရှန်းးး "
"........"
သူ့ကိုယ်ကတောင့်တင်းသွားတာကိုသူခံစားလိုက်ရတယ်
"ဘာလဲ အဲ့လိုခေါ်လို့မရဘူးလား"
သူမ သူ့ဝတ်ရုံကိုဆွဲခါရမ်းနေရင်း အသံသေးသေးနဲ့စူပုတ်ပုတ်ပြောမိတယ်
တုကူးရှန်း သူမရဲ့ရှားပါးလှတဲ့ချစ်စဖွယ်အမူအယာလေးတွေကိုတခုမကျန်သေချာစိုက်ကြည့်နေမိတာ
သူမဆီမှာလဲ ဒီလိုလူသားဆန်တဲ့အမူအယာလေးတွေတော့ရှိသေးသား
တော်သေးတာပေါ့
သူ့အတွက်နေရာက သူမရင်ထဲမှာရှိနေလို့ပဲ
သေးသေးလေးဆိုပေမဲ့လဲ သူလဲပဲခပ်ဖြေးဖြေးချင်းပဲချဲ့ထွင်ချင်တာ
အခု သူမလေးက သူစိတ်ဆိုးနေမှန်းသိလို့ မထိတထိလေးလာချော့တယ်
သူမသူ့ဆီလျောက်လှမ်းလာထဲက သူအရည်ပျော်သွားပါပြီ
အခုတော့ သူမလေးကို အရမ်းအသဲယားနေတဲ့ပုံမပေါ်ရလေအောင်ကြိုးစားနေတာမို့ သူမှာမျက်နှာကြောကတောင့်တင်းနေလေတယ်
"ရှန်းရှန်း.......လို့"
နောက်ဆုံးတော့လဲ အဲ့ဒီရဲ့ရှန်းရှန်းလို့ခေါ်လိုက်ပြီး' လို့'ဆိုတာလေးကို ရှည်လျားစွာခေါ်လိုက်ပုံက
သူ့ရဲ့လက်ကျန်မာနလေးကိုအသာအယာလေးပဲတောက်ထုတ်လိုက်နိုင်ခဲ့တယ်
သူမခါးကိုပင့်လိုက်ကာ သူ့ခါးဆီရစ်တွယ်စေလိုက်ပြီး တပတ်လည်ကာ သူမလေးရဲ့ကျောပြင်ကိုတံခါးဆီမှီစေလိုက်တယ်
ပြီးတော့ သူမလေးရဲ့နှုတ်ခမ်းတို့ကိုစုပ်ယူနမ်းရှိုက်လိုက်တော့တာပဲ
ဒီလောက်ထိ သူ့ကိုပြုစားနိုင်တဲ့မိန်းမဆိုးလေးကိုနဲနဲပါးပါးကြောက်တတ်အောင်လုပ်ပေးရမယ်
မဟုတ်ရင်တော့ သူမလေးကဘယ်အချိန်ထွက်ပြေးသွားမယ်မှန်းပြောမရဘူးလေ
သူ့မှာ
သူမလေးနားရှိချင်လွန်းလို့ ဘုရင်နေရာကိုတောင်စွန့်ပြိး အပြေးလာခဲ့ရတာ
သူမလေးကိုမှသူမပိုင်ရရင် သူ့ဘဝမှာဘာပဲကျန်ရစ်တော့မှာတဲ့လဲ
ဟင့်အင်း သူကတော့ သူမလေးကိုလွမ်းနေရင်းနဲ့တသက်လုံးလူပျိုကြီးလုပ်ပြီး မနေထိုင်သွားနိုင်ပါဘူးနော်
အဲ့ဒါကြောင့် သူမလေးကိုအရယူရမယ်
သူ့ရဲ့အရည်အချင်းအားလုံးထုတ်သုံးပြီးတော့
သူမလေးကိုသူ့အပိုင်ဖြစ်အောင်လုပ်ရမယ်
"ရှန်း....ရှန်း "
သူမလေးအသက်ရှူမဝတော့လို့ သူ့ရင်ဘတ်ကိုအသာအယာထုပြီး သတိပေးလာတော့မှ သူလွတ်ပေးလိုက်ပြီး
"ရှန်းရှန်းလို့ခေါ်နိုင်တာ မင်းလေးတစ်ယောက်ထဲပဲ သိလား အသဲနှလုံးမရှိတဲ့မိန်းမဆိုးလေး"
"..........."
အသည်းနှလုံးမရှိတဲ့မိန်းမဆိုးလေးတဲ့လား
သူမကိုဆူနေတယ်လို့မခံစားရပဲ ဆွဲဆောင်နေသလိုပဲ
ဒါပေမဲ့
"ဒါပေမဲ့ ဟိုမိဘုရားကလဲ ရှန်းရှန်းလို့ခေါ်ခဲ့တာပဲလေ "
သူမ သူ့ကိုမျက်စောင်းထိုးပြီး မကျေမနပ်ရေရွတ်မိတော့
သူ့တကိုယ်လုံး ဒုတိယအကြိမ်ထပ်ပြီးတောင့်တင်းသွားခဲ့ပြန်တယ်
ဟားဟား
မိပြီလေ
"အာ အဲ့ဒါကလေ "
"ဘာဖြစ်လဲ "
သူမမျက်ခုံးပင့်လိုက်ကာ သူပြောတာကို ထောက်ခံလိုက်တယ်
အခုထိ သူမကသူ့ခါးမှာခွရက်အနေအထားနဲ့တံခါးနားမှာကပ်နေဆဲ
ကိုယ့်အန္တရာယ်ကိုယ်မသိတဲ့ ယုန်ငတုံးလေးလိုသူမက သူ့ကိုစိန်ခေါ်တပ်လှန့်လိုက်မိလေရဲ့
"အဲ့ဒါကို ရှင်းပြဖို့အချိန်လိုတယ် အဲ့တော့လေ ကျုးလေး ကိုယ်နဲနဲကြောက်နေလို့အားလေးနဲနဲလောက်ပေးပါလား"
".........."
အစကတော့ သူဘာပြောနေမှန်းကိုမသိတာ
သူမရဲ့နှုတ်ခမ်းတခုလုံးပူထူသွားခါမှပဲ သူမကိုယ့်အပြစ်ကိုယ်သိသွားတော့တယ်
ဒီလိုရိုးသားချင်ယောင်ဆောင်ထားတဲ့သူနဲ့ပတ်သတ်ရတာ သိပ်တော့မလွယ်ဘူး
သူမဘဝကြီးကခက်ခဲလိုက်တာ!
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Alinkar nang
You are reading the story above: TeenFic.Net