44.zgi

Background color
Font
Font size
Line height

🌴Lengends of spring goddness

အပိုင်း(44) တစ်ယောက်လာရင်တ‌ယောက်သေမယ် တပြုံလုံးလာရင် တပြုံလုံးသေမယ်

"တစ်ယောက်လာရင် တယောက်သတ် တပြုံလုံးလာရင် တပြုံလုံးသတ် ဘယ်သူ့ကိုမှငဲ့ညှာစရာမလိုဘူး "

ဒါက ကျုးလစ်မပျောက်ကွယ်သွားခင်မှာ ရှောင်ရှောင်ကိုပြောခဲ့တဲ့စကား

ရှောင်ရှောင်က လူအသေကောင်ကိုစားသောက်ပြီးနောက် သစ်ပင်အိုကြီးရဲ့ခြေရင်းမှာပဲ ပုံထားလိုက်တယ်

‌အသွေးတွေနဲ့အရိုးတွေဆီက ကျန်ခဲ့တဲ့အားအင်တွေကိုတော့သစ်ပင်အိုကြီးက ခပ်ဖြေးဖြေးစုပ်ယူနေလေရဲ့

ဒီလိုနဲ့ပဲ အဲ့အရိုးတွေဟာ တဖြေးဖြေးနဲ့ဆွေးမြေ့သွားပြီးကျန်
ရစ်ခဲ့တဲ့ပြာမှုန်လေးကတောင်သစ်ပင်အိုကြီးအတွက်အာဟာရတွေဖြစ်လာမှာပါ

ဘာလို့လဲဆိုတော့ ဒီလူဝကြီးဟာမသေဆုံးခင်ကာလမှာ ကျင့်ကြံအားထုတ်သူဖြစ်နေလို့ပါပဲ

ရှောင်ရှောင်လေးက လူတွေလိုကျင့်ကြံအားထုတ်နေစရာမလိုပါဘူး ဒီအတိုင်းကျင့်ကြံသူတွေကိုစားရုံနဲ့တင် အဆင့်မြင့်လာမှာဖြစ်ပါတယ်

နောက်တော့လု့အသွင်ယူလာနိုင်မှာပေါ့

သစ်ပင်အိုကြီးကလဲထိုနည်းလည်းကောင်းပါပဲ

မရွေ့ရှားနိုင်တဲ့အတွက် ကျင့်ကြံနှုန်းကြာရှည်နိုင်သော်လည်းပဲ ဘာအရေးလဲ သူကလူသားတွေထက်ဆယ်ဆအသက်ပိုရှည်တယ်လေ

သူတို့အသက်တရာမှာမှ တနှစ်လို့ယူဆလို့ရတာကိုး

အဲ့တော့ကျင့်ကြံဖို့ကတော့လောမနေတော့ပါဘူး

အချိန်တန်ဖြစ်သွားမှာဖြစ်လို့ထွေထွေထူးထူးလဲကျင့်ကြံမနေတော့ဘူး

ဒါပေမဲ့ သူ့မှာပိုင်ရှင်အသစ်ရသွားပြီးတာနဲ့ အဲ့ပိုင်ရှင်ရဲ့တိုက်တွန်းချက်ကြောင့် သူ့မှာအလောတကြီးကျင့်ကြံရတော့တယ်

အမှန်ဆို ဒီသက်တံ့ရောင်ခြယ်စံအိမ်တော်တခုလုံးဟာ တက်ကြွတဲ့ကျင့်ကြံသူတွေစုဝေးနေကြတာချည်းပဲ

အခုလဲ သခင်မက သူတို့အားလုံးကိုအပြစ်ပေးတဲ့အနေနဲ့ကျင့်ကြံခိုင်းလိုက်ပြန်ပြီ

"ဒုန်းးးးး ဒုန်းးးး ဒုန်းးးးး"

အရင်ကတော့ လူတွေလာရင် သစ်ပင်အိုကြီးကစိတ်အ‌နှောင့်အယှက်သိပ်‌ဖြစ်ရတယ်

အခုတော့ သူစားရဝါးရမှန်းသိတော့ လာပါစေလို့တောင်ဆုတောင်းနေရတာ

ကြည့်ရတာဆန္ဒပြည့်သွားတဲ့ပုံပါပဲ

ရှောင်ရှောင်က အပျင်းဆန့်လိုက်ကာ အပြင်ခုန်ထွက်သွားတယ်

ပါးစပ်ထဲမှာတော့အလောင်းသုံးလောင်းကိုက်ချီလာလေရဲ့

တယောက်ကနေ သုံးယောက် ‌?

နောက်တခါဆို ခြောက်ယောက်ပို့လာတော့မှာများလား

သစ်ပင်အိုကြီးက ပျော်ရွင်စွာအကိုင်းအခက်တွေခါရမ်းလိုက်ရင်း သူ့ရဲ့စုပ်ယူနှုန်းကိုမြင့်တင်လိုက်တော့တယ်

ရှောင်ရှောင်ကတော့ ပျင်းရီစွာနဲ့ဆွဲဖြဲသောက်စားနေလေရဲ့

ဝိဉာဉ်လွင့်လောက်တဲ့မြင်ကွင်းကြီးကို အစက အားလုံးထိတ်လန့်ခဲ့ကြပေမဲ့ အခုတော့ အသားကျသွားပြီ

တခါတလေ စပ်စုကြတဲ့အိမ်စေတွေက ရှောင်ရှောင်စားနေတဲ့ပုံကိုလာကြည့်ကြတယ်

ဒါပေမဲ့ ရှောင်ရှောင်သာတချက်မာန်ဖီလိုက်ကြည့်ပါလား အားလုံးပြေးကုန်တာ ကြက်ပျောက်ငှက်ပျောက်ပဲ

သူကကျင့်ကြံတဲ့သူတွေကိုပဲစားလို့ရတာ အဲ့လိုသွားကြားမညှပ်တဲ့သာမာန်လူတွေကိုတော့စိတ်ကိုမဝင်စားတာ

ဒီလိုနဲ့ ရှောင်ရှောင်တယောက်အလုပ်ရနေလေတယ်

အခုထိတော့ သူမနိုင်တဲ့လူ‌တွေမလာသေးဘူး

တနေ့ကိုသုံးခေါက်လောက်ကတော့ သူခုန်ထွက်သွားရတာပါပဲ

လာအစားခံတဲ့လူတွေကလဲ တဖြေးဖြေးပိုများလာတယ်

ဒါပေမဲ့ သူတချက်ခုန်အုပ်လိုက်တာနဲ့ ပြားခနဲ ကားခနဲ ကြွသွားကြတာပဲ

ဒါကြောင့် သက်တံ့‌ရောင်ခြယ်စံအိမ်က အေးအေးဆေးဆေးပဲဖြစ်နေတယ်

သစ်ပင်အိုရဲ့ခြေရင်းကအရိုးပုံကြီးကလဲ နေ့ရက်တွေတိုင်းမှာများပြားလာလိုက်တာ ရှောင်ရှောင်တောင်မှ သစ်ပင်ပေါ်မှာနေရတော့တယ်

ဒါပေမဲ့ ဟိုဖက်အဖွဲ့က ထိပ်သီးတွေကိုလွတ်လိုက်တယ်

ဒီတခါတော့ သတ်ဖို့မဟုတ်ပဲ ဖမ်းဖို့တဲ့

ရှောင်ရှောင်ကိုမျက်စိကျသွားတဲ့နှင်းပွင့်ဂိုဏ်းကမင်းသမီးငယ်လေးအတွက် ထိုးစစ်ဘက်ကနေခံစစ်ဘက်ကိုပြောင်းသွားကြတယ်

ရုတ်တရက်ကြီးဖြစ်သွားတဲ့အခြေအနေကို ရှောင်ရှောင်ကလဲဒေါကန်နေပြီ

ထွက်ပြေးလိုက် ပြန်ချဉ်းကပ်လာကြလိုက်

သူအိပ်မယ်ဆို တခါလာပြန်ပြီ

ဟော

သူလဲမျက်စိ‌မှိတ်ရော ဖမ်းဖို့ကြိုးစားကြတော့တာပဲ

အဲ့မြင်ကွင်းကိုကြည့်ပြီးသစ်ပင်အိုကြီးကတဟားဟားရယ်လေ့ရှိတယ်

ဒီလိုနဲ့တနေ့မှာတော့ ရှောင်ရှောင်လဲမနိုင် သစ်ပင်အိုကြီးကိုလဲထိတ်လန့်စေတဲ့ နှင်းပွင့်ဂိုဏ်းကအကြီးအကဲတစ်ယောက်ပေါ်ထွက်လာခဲ့တယ်

သူကတော့ရိုးရှင်းတယ်

ရှောင်ရှောင်ကိုမေ့မျောအောင်ရိုက်ပြီး သိုလှောင်လက်စွပ်ထဲထည့်သိမ်းသွားချင်တာ

စလာထဲက စကေးအကြမ်းကြီးတွေနဲ့ရောက်လာပြီး ရှောင်ရှောင်ခမျာအလူးအလိမ့်ခံရတော့တာပဲ

"ခွီးးးးး သခင်မ ညောင် ကျွန်တော်မနိုင်တော့ဘူး ‌ညောင် လာကယ်လှည့်ပါဦး"

ရှောင်ရှောင်ရဲ့အကူအညီတောင်းသံကိုကြားတော့ ကျူးလစ်တယောက် မေးထောက်ပြီးစဉ်းစားခန်းဖွင့်နေတာ

အော်သံကိုကြားလိုက်တာနဲ့ သူမဟိုးအဝေးရှောင်ရှောင်ရှိနေတဲ့နေရာကိုလှမ်းကြည့်လိုက်ပြီး ‌ခြေတလှမ်းမှာပျောက်ကွယ်သွားတော့တာပဲ

"ဘန်းးးးးး"

ရှောင်ရှောင်ဟာကိုင်ပေါက်ခံလိုက်ရပြီး အဝေးကြီးကိုလွင့်စဉ်သွားတယ်

"ရှောင်လေး! "

"ညောင်"

သစ်ပင်အိုကြီးစိတ်ဆိုးစွာနဲ့အဲ့လူကိုလှမ်းရိုက်တယ်

"ဗြောင်းးးးး"

အငိုက်မိသွားတဲ့အဲ့လူက အဝေးကြီးလွင့်သွားပေမဲ့ သူ့မျက်ဝန်းတွေကပိုလို့တောက်ပလာတယ်

ဒီနေရာက မထင်မှတ်ထားလောက်အောင် ထူးဆန်းတာပဲ

အစိမ်းရောင်သားရဲဘုရင်တကောင်ရှိနေရုံမကဘူး အစိမ်းရောင်အပြည့်ဖြစ်နေတဲ့အပင်ကြီးကလဲလှုပ်ရှားတတ်သေးတယ်

သူ့ကိုတောင်တိုက်ခိုက်လိုက်သေး

"အိုးးဟိုးးးဟိုးးး ဒီကလေးမက သောင်းကျန်း‌ရဲတာလဲမပြောနဲ့ တောဘုရင်နဲ့တောင်တန်းဘုရင်တို့ကဒီမှာရှိနေတာပဲ ငါတော့ကံအရမ်းကောင်းနေတယ်ဆိုတာကိုယုံလိုက်ပြီ"

နာနေမှန်းလုံးဝမသိပဲ သစ်ပင်ကြီးနားကိုပြန်ကပ်လာတယ်

သစ်ပင်ကြီးကသူ့ကိုရိုက်လေ သူ့မှာအူပိုရွှင်လာလေပဲ

ကန့်သတ်ချက်မရှိတဲ့တောင်တန်းဘုရင်သစ်ကျားမင်းသစ်ပင်

သူတင်မကဘူး တလောကလုံးကလူတွေက ဒီသစ်ပင်အိုကြီးကို မက်မောကြမှာပဲ

ဘာလို့ဆို ရှားမှရှားတဲ့ သစ်မင်းသစ်ပင်ကြီးဖြစ်နေတာကို

ဆေးဖော်မလား

ကျင့်ကြံမလား

ဒိုင်မေးရှင်းကိုဖြတ်သန်းတဲ့ယာဉ်ပျံကိုလုပ်မလား

ရတနာဓားအသုံးအဆောင်တွေရဲ့လက်ကိုင်ပဲလုပ်မလား

လုံးဝကိုပြီးပြည့်စုံနေတာ

ပြီးတော့ ဒီလိုတိုက်ခိုက်တတ်သေးတယ်ဆိုရင်

ပြောရင်းနဲ့‌သရေကျလာတဲ့လူဟာ ထိန်းမရသိမ်းမရတော့ပဲ အံဩနေလွန်းလို့ သူရှေ့ကပျံ့လွင့်လာတဲ့ သစ်ရွက်လေးတွေကိုတောင်မမြင်လိုက်တော့ဘူး

"စွပ်.....စွပ်"

"အားးးးးးး"

နုညံ့လှတဲ့သစ်ရွက်လေးဟာချီစွမ်းအင်ကြောင့်ဓားပျံတလက်ထက်ပိုကြောက်ဖို့ကောင်းနေတယ်

အဲ့ဒီသစ်ရွက်ဟာ လေထုထဲကိုညင်သာစွာထိုးခွဲလာပြီး အဲ့လူရဲ့မျက်စိထဲစိုက်ဝင်သွားတော့တယ်

သွေးရူးသွေးတန်း‌နဲ့အော်ဟစ်နေတဲ့ဂိုဏ်းဆရာကြီးဟာ ချိုမြိန်တဲ့အသံလေးကိုကြားလိုက်ရတယ်

"တမင်လာအသေခံနေကြတာပဲ ကျွန်မက တစ်ယောက်လာရင်တစ်‌ယောက်သတ်လိုက်တယ် တပြုံလုံးလာရင်လဲ တပြုံလုံးသတ်ပစ်လိုက်မယ် "

အသံကချိုသာတယ်

ဒါပေမဲ့အေးစက်နေတာပဲ

်ကြောက်လန့်စရာအရှိန်အဝါတွေနဲ့ သူမကတော့ာခပ်လှလှ‌လေးပြုံးလိုက်ပြီး

"ဒါ‌ပေါ့ ကျိန်းသေပေါက် ရှင်လဲသေရမယ်"

.........🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴

Alinkar nang


You are reading the story above: TeenFic.Net